Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
EvDO အား Ubuntu ပေါ်တွင် အသုံးပြုခြင်း

Android Phone (C-8500, 8900) ပိုင်ရှင်တွေအနေနဲ့ wireless tethering နည်းနဲ့ Ubuntu ပေါ်ကနေ EvDO သုံးနိုင်လို့ အဆန်းမဟုတ်လောက်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်လို C-5900 ကိုင်တဲ့ သူတွေအတွက်ကတော့ Ubuntu က Phone ကို modem အနေနဲ့မသိတဲ့အတွက် စွပ်ပြီးဆော့ဖို့ အခက်အခဲရှိပါတယ်။ Very Happy အခုတော့ အဲဒီ့အခက်အခဲတွေကို အဆင့်အနည်းငယ်နဲ့ အဆင်ပြေသွားပါပြီ။ 11.04 တွေမှာဆိုရင် Command တစ်ကြောင်းထဲနဲ့ ချိတ်လို့ရပါမယ်။ (တကယ်ဆို ကျွန်တော်လည်း လွန်ခဲ့တဲ့ ၂ လလောက်တည်းက ဒီနည်းနဲ့ အဆင်ပြေရမှာကို၊ Package တစ်ခုလိုနေတာ မသိတာနဲ့ အဆင်မပြေခဲ့တာ၊ ဒီနေ့မှ အဲဒီ့ Package ကို သူငယ်ချင်း 2 ယောက်ကျေးဇူးနဲ့သွင်းပြီး အဆင်ပြေသွားတာပါ။)

အပေါ်မှာ ပြောခဲ့သလို Android Phone ပိုင်ရှင်တွေအနေနဲ့ wireless နဲ့ အဆင်ပြေနေသော်လည်း၊ အကြောင်းအမျိုးမျိုး (ပါဝါစားခြင်း၊ WEP/WPA password များ crack ခံရနိုင်ခြင်း) ကြောင့် wireless နဲ့ သုံးရတာ မကြိုက်တဲ့သူတွေရှိပါတယ်။ အဲဒီ့အတွက် USB cable ကတဆင့် သုံးချင်တဲ့ Android သမားတွေအတွက်ပါ ထည့်ရေးပေးပါမယ်။

Android Phone (C-8500) ဖြင့်ချိတ်ဆက်ခြင်း

1. ဖုန်းနှင့် PC အား USB ဖြင့်ချိတ်ပါ။ (SD Card Mode မဟုတ်။ Modem Mode ဖြင့်ချိတ်ပါ။)

2. Terminal အားဖွင့်ပြီး အောက်ပါ command ရိုက်ပါ။
Code:
lsusb
List တစ်ခုရလာမည်။ သင့် phone id ကိုရှာပါ... အောက်ကနံပါတ်မျိုးနှင့် ခပ်ဆင်ဆင်ရှိပါလိမ့်မည်။
Code:
Bus 005 Device 005: ID 12d1:xxxx Huawei Technologies Co., Ltd.
အကယ်လို့ SD Card Mode တွင်ရှိနေပါက၊ Product ID ပြောင်းနေပါလိမ့်မည်။ Modem Mode တွင်ရှိနေသည်မှာ သေချာပါစေ။ Smile

3. အောက်ပါ command ကို ထပ်ရိုက်ပါ။ Password တောင်းပါလိမ့်မယ်။ မိမိ Password ရိုက်ပါ။
Code:
sudo modprobe usbserial vendor=0x12d1 product=0xN
product=0xN တွင် N နေရာတွင် သင့်ဖုန်းရဲ့ Product ID ကို ထည့်ရမှာဖြစ်ပါတယ်။ (C-8500 ရဲ့ Product ID ကို မေ့သွားလို့ တစ်ခါထဲမထည့်ရေးပေးလိုက်တာပါ။)
Vendor ID ကတော့ Huawei တွေက 12d1 ဆိုတော့ တစ်ခါထဲထည့်ရေးပေးလိုက်တာပါ။ အကယ်လို့ သင့်ဖုန်းက Samsung ဒါမှမဟုတ် အခြားတစ်ခုခုဆိုရင် အဲဒီ့နံပါတ်လဲ လွဲနေပါလိမ့်မယ်။

4. Network Connection ("nm-connection-editor") ကိုဖွင့်ပြီး MobileBroadBand အသစ် Create လုပ်ပြီး သုံးလို့ရပါပြီ။ Smile

လွယ်လွယ်လေးပါနော့်။ Smile ကျွန်တော့်သူငယ်ချင်းတွေထဲမှာ C-8500 ဘဲရှိတဲ့အတွက် ဒီနည်းက C-8900 နဲ့ အဆင်ပြေလား မစမ်းရသေးပါဘူး။ ဒါပေမယ့် အဆင်ပြေမယ်လို့ထင်ပါတယ်။ စမ်းကြည့်လို့ အဆင်ပြေရင် တခြားသူတွေအတွက် Reply ပြန်ပေးပါဦး... Smile
အကယ်လို့သင့်ရဲ့ဖုန်းက Android 2.2 ကို upgrade လုပ်ထားပြီးသားဆိုရင်တော့ ဘာမှလုပ်စရာမလိုဘဲ စွပ်ပြီးဆော့ရုံဘဲလို့သိရပါတယ်။ စမ်းကြည့်ကြပါကုန်....

C-5900 ဖြင့် ချိတ်ဆက်ခြင်း

သူလည်း တကယ်လွယ်ပါတယ်။ အပေါ်ကနဲ့ အကုန်တူတူပါဘဲ။ 11.04 မဟုတ်သေးတဲ့သူတွေအနေနဲ့ Package တစ်ခုထပ်သွင်းဖို့လိုပြီးတော့ setting နည်းနည်းပြင်ဖို့ဘဲလိုတာပါ။ (အကယ်လို့ သင်ဟာ 11.04 သုံးနေတာဆိုရင်တော့ အပေါ်က Android Phone တွေအတွက် နည်းအတိုင်းလုပ်ပါ။ ကောင်းကောင်းကြီး အဆင်ပြေပါတယ်။ Smile

ကျန်တဲ့ version တွေအတွက်ကတော့ လိုအပ်တာက wvdial ပါ...

wvdial ကို သွင်းလိုက်ပါ.. သင့်စက်က internet access ရှိနေတယ်ဆိုရင်တော့ apt-get install wvdial နဲ့သွင်းလိုက်ပါ။ မရှိရင်တော့ Offline Package ရှာသွင်းလိုက်ပါ... (size သေးသေးလေး 4 file ဒေါင်းရပါလိမ့်မယ်။)

wvdial သွင်းပြီးပြီဆိုရင်တော့ အပေါ်က Android အတွက်ပြောသွားတဲ့ အဆင့် ၃ အထိလုပ်ပါလေ။
ကျွန်တော်တို့ဖုန်းတွေမှာ Modem Mode ဆိုတာကတော့ USB Plug ထိုးထားပြီး Phone Mode Active မလုပ်ထားတဲ့အခြေအနေပါ။ တနည်းဆိုရရင် SD Card တက်မလာတဲ့အခြေအနေပေါ့။ (USB စတပ်တပ်လိုက်ခြင်းမှာ Active USB Disc ဆိုတာကို No ပေးလိုက်ရင်ရပါတယ်။)
အကယ်လို့ USB Mode ဆိုရင် lsusb ရိုက်လိုက်ရင် 12d1:1000 ဆိုပြီးတွေ့နေရပါလိမ့်မယ်။ Modem Mode ဆိုရင်တော့ 12d1:1802 ဆိုပြီးတွေ့ရမှာပါ။ အဲဒီ့တော့ product id နေရာမှာ product=0x1802 ဆိုပြီးထည့်ရပါမယ်။

ခုဆိုရင် သင်တို့ရဲ့ ဖုန်းလေးကို Modem အနေနဲ့ သိသွားပါပြီ။ သေချာသွားအောင် နောက်တစ်ဆင့်အနေနဲ့ Terminal ထဲမှာ အောက်က Command လေးရိုက်ကြည့်ပါ...

Code:
sudo wvdialconf

list တစ်ခုဖြည်းဖြည်းစီထွက်လာပါမယ်။ နောက်ဆုံးမှာတော့ အောက်ကလို ၃ ကြောင်းနဲ့ အဆုံးသတ်နိုင်ပါတယ်။

Code:
Found a modem on /dev/ttyUSB0.
Modem configuration written to /etc/wvdial.conf.
ttyUSB0: Speed 9600; init "ATQ0 V1 E1 S0=0 &C1 &D2 +FCLASS=0"

Found a modem မဟုတ်ရင်တော့ အပေါ်ကအဆင့်တွေပြန်လုပ်ကြည့်ပါ။ တစ်နေရာရာလွဲသွားလို့ ဖြစ်နိုင်ပါတယ်။
အကယ်လို့ modem အနေနဲ့ သိပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ အောက်က command ရိုက်လိုက်ပါ..

Code:
sudo gedit /etc/wvdial.conf

ပွင့်လာတဲ့ file ထဲက စာတွေကို အောက်က code တွေနဲ့ လဲလိုက်ပါ။

Code:
[Dialer Defaults]
Modem = /dev/ttyUSB0
Init1 = ATZ
Init2 = ATQ0 V1 E1 S0=0 &C1 &D2 +FCLASS=0
Stupid Mode = 1
Modem Type = Analog Modem
Phone = #777
New PPPD = yes
ISDN = 0
Username = *your_user_name*
Password = *your_password*
Baud = 9600

Username နဲ့ Password ပြင်ပြီးတော့ ဖိုင်ကို save လုပ်ပြီး၊ ပြန်ပိတ်လိုက်ပါ။
ပြီးရင်တော့ အပေါ်က Android Phone တွေရဲ့ နံပါတ် ၄ အဆင့်ကိုလုပ်လို့ရပါပြီ။ (Mobile Broadband အသစ်လုပ်ပြီးသုံးလို့ရပါပြီ)

အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။ အဆင်မပြေတာရှိလည်း ဆက်ဆွေးနွေးကြတာပေါ့။ နောက်ထပ် နည်းလမ်းတွေရှိပါသေးတယ်။ Smile

sHa92

http://www.myanmaritresource.info

Fox

Fox
MITR Reader



MITR Reader
froyo 2.2.1 ဆိုရင်တော့ usb debugging mode ကို enable လုပ်ပေးဖို့လိုပါတယ်...

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com