Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
MSI ရဲ့နောက်ဆုံးထွက် အင်အားကြီး MSI P67A-GD65 motherboard
MSI ရဲ့နောက်ဆုံးထွက် အင်အားကြီး MSI P67A-GD65 motherboard [Global News] MSI-P67A-GD65
အားသာချက်
ဂိမ်းသမားတွေအဖို့ အထူးသဘောကျစေမှာတော့ ဘယ် Graphic Card နဲ့မဆို SLI
နည်းပညာသုံးကာ Card ၂ ခု စိုက်ပြီး အသုံးပြုလို့ရသွားနိုင်ခြင်းပါပဲ။
ပြီးနောက် THX studio PRO ကိုသုံးထားတဲ့အတွက် အသံစနစ်ဟာလည်း
အရမ်းကောင်းမွန်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

အားနည်းချက်
ပါဝင်တဲ့ နည်းပညာတွေဟာ နောက်ဆုံးပေါ်များဖြစ်သော်လည်း အဓိကအားဖြင့် Cooling System မှာတော့ အားနည်းချက်ရှိနေပါတယ်။


သုံးသပ်ချက်
အမြင့်ဆုံး Processor တွေဖြစ်တဲ့ Intel Core i3၊ i5၊ i7 တို့ကို
အထောက်အပံ့ပေးနိုင်တဲ့ ဒီ MSI P67A-GD65 motherboard မှာ DDR 3 memory
ကိုအသုံးပြုသွားနိုင်မှာဖြစ်သလို Over Clocking သမားများအဖို့ကတော့ DDR3
2133MHz အထိအသုံးပြုခွင့်ပေးထားပါတယ်။ Memory Channel တွေဟာလည်း dual
channel ဖြစ်ပြီး အမြင့်ဆုံး 32GB အထိ အထောက်အပံ့ပေးထားနိုင်တာဟာလည်း
Memory အင်အားကြီးကြီး အသုံးပြုချင်သူများအဖို့တော့ အံကိုက်ပဲဖြစ်ပါတယ်။

Graphic Card မြင့်မြင့်အသုံးပြုချင်သူများအဖို့ကတော့ Nvidia သာမက ATI
ကိုပါ အထောက်အပံ့ပေးထားပြီး SLI နည်းပညာကိုလည်း အသုံးပြုနိုင်တဲ့အတွက်
Graphic Memory များများအသုံးပြုနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ Motherboard
အတွင်း IDE slot ပါဝင်မှာမဟုတ်သော်လည်း SATA II နှင့် SATA III အပေါက် ၎
ပေါက်စီပါဝင်မှာ ဖြစ်တဲ့အတွက် ပူစရာမလိုပါဘူး။

USB 2.0 ၈ ပေါက်အထိပါဝင်လာမှာဖြစ်ပြီး USB 3.0 ၂ ပေါက်ပါဝင်လာမှာဖြစ်ပြီး
အသံအတွက် အထောက်အပံ့ပေးထားမှုမှာလည်း port ၆ ပေါက် ပါဝင်မှုဟာလည်း
အဆင့်မြင့်အသံအရည်အသွေးကို ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြနေပါတယ်။

ခြုံငုံသုံးသပ်ချက်

ဒီ MSI motherboard က ဂိမ်းမြင့်မြင့်ကစားလိုသူတွေ၊ ဒီဇိုင်နာတွေအတွက်တော့
အကောင်းဆုံးအသုံးပြုနိုင်ပေမယ့် စက်ရဲ့ အပူချိန်ပြဿနာကိုတော့ ကိုယ့်ဟာကိုယ်
ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ ထူးခြားတဲ့ Cooler နည်းပညာတွေမပါဝင်ပေမယ့်လည်း
MSI ရဲ့ပါဝင်နေကျဖြစ်တဲ့ Dr.Mos နည်းပညာပါဝင်တဲ့အတွက် အရမ်းကြီးတော့
စိတ်ပူစရာလိုမှာမဟုတ်ပါဘူး။ သို့အတွက် MSI P67A-GD65 motherboard
ကိုစိတ်ဝင်စားပြီး မေးမြန်းဝယ်ယူချင်တယ်ဆိုရင်တော့ MSI ထုတ်ကုန်များကို
ကိုယ်စားလှယ်ရယူထားသော Royal Smart Co.,Ltd
Code:
http://www.myanmarict.com/directory/royal-smart-co-ltd/ 
တွင်ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အပြည့်အစုံ မြန်မာအိုင်စီတီ
Code:

http://www.myanmarict.com/reviews/msi-p67a-gd65-motherboard-review/
မှဖြစ်ပါတယ်။ထုံစံအတိုင်း ဇော်ဂျီသို့ လဲ ပြန်ပြောင်းထားပါတယ်။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting | ©phpBB | Free forum support | Report an abuse | Forumotion.com