Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

william016

william016
MITR New User



MITR သယ်ယင်းအားလုံး ကောင်းသောနေ့ပါ။

ဒီတစ်ခါ တော့ ကျွန်တော်သိထားတဲ့ E-mail အတု သို့ Forward mail အကြောင်းကို ပြောပြချင်တာပါ။
Forward Mail ဆိုတော့ G-mail အကောင့်ရှိသူတိုင်း Forward Mail လုပ်လို့ ရပါတယ်။ဒါပေမဲ့ ကျွန်တော်က G-mail ကို မသုံးပဲအဆင်ပြေစေချင်တာပါ။
ကျွန်တော်တို့ user များက Internet တစ်ခွင် လှည့်လည်သွားလာကြတဲ့အခါ e-mail လိပ်စာတစ်ခုရှိမှ အဆင်ပြေမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ web side တော်တော်များမှာ မိမိ၏ mail ပေးပြီး Sign up (or ) Register လုပ်မှ ကိုယ်လိုချင်တဲ့ အရာများကို (ဖတ်၊ကြည့်၊ ဒေါင်းလုပ်) လုပ်လို့ရမှာပါ။
ဒါပေမဲ့ တစ်ချို့ ဆိုဒ်တွေ က သံသယ၀င် စရာကောင်းယင် မိမိ၏ အမြဲတမ်းသုံးနေတဲ့မေးလ် ကို မပေးချင်ဘူးလေ။ အင်တာနက်လောကမှာ ယုံလို့ ကိုမရတာ။ ယုံမိလို့ ပုံအပ်မိယင်တော့ အကုန်ပါသွားမှာ။ အမြဲတမ်းသတိထားနေမှ တော်ကာကြမှာ။ ဒါတောင် ကိုယ်မသိဘဲ နဲ့ မိမိ၏ password, Data , အခြား လျှို့ ၀ှက်ချက်တွေ ပါသွားတာ ရှိဖူးမှာပါ။
အဲ့ဒီလို မဖြစ်ရအောင် ပိုပြီးလုံခြုံ စိတ်ချရအောင်နည်းလမ်းပေါင်းစုံသုံးပြီး ကာကွယ်နေကြရတာပါ။
အဲဒီထဲက တစ်ခု က အခု ကျွန်တော် ပေးထားတဲ့ ခေါင်းစဉ်ထဲ ကအတိုင်း E-mail အတု သို့ Forward mail ပြုလုပ်ပုံကို ပြောပြချင်တာပါ။ ကျွန်တော်လည်းအခု သုံးနေတယ်လေ။ အတော်လေးကိုအဆင်ပြေပါတယ်။ ယုံရမည်လို့ ထင်တာပဲ။ ဟဲဟဲ ဟဲ----- နိဒါန်းပျိုးနေတာနှင့် စာက တော်တော်ရှည်သွားပြီး။

သူက ------
Code:
http://notsharingmy.info/
ပါ။

တခြားဘာမှကို ဖြည့်စရာမလိုပါဘူး။ E-mail လိပ်စာတစ်ခုရှိယင် ရပါပြီး။ ပေးထားတဲ့ လင့်ကို သွားပါ။
Your regular email: ဆိုတဲ့ အကွက်မှာ မိမိ forward mail လုပ်ချင်တဲ့ မေးလ်ကို ဖြည့်လိုက်ပါ။
Get an obscure email ကိုနှိပ်လိုက်ပါ။

မိမိပေးလိုက်တဲ့ မေးလ်ကို ဖွင့် လိုက်ပါ။ သူ့ဆီ က နေ့  လိပ်စာတု သို့ forward mail တစ်ခု ပို့လာလိမ့်မယ်။ ဒါဆိုယင် သုံးလို့ ရပါပြီး။

###မှက်ချက်။ ။ ပေးထားတဲ့ လင့် ကို တိုက်ရိုက်သွားလို့ မရယင် web proxy တစ်ခုခုသုံးပြီးကျော်ခွသွားပါ။
Web proxy link:
Code:
http://plastictrap.com
PHproxy (fastest) : box မှာhttp://notsharingmy.info/ ရိုက် ပြီး enter ခေါက်လိုက်ပါ။

သယ်ယင်းအားလုံးအဆင်ပြေပါစေဗျာ။
William016

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com