Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကျွန်တော်တို့ Forum ရဲ့ Template ကို အထူးကြိုးစားပြီးပြင်နေပါတယ်။

အဲလိုပြင်လာခဲ့တာ အခုချိန်မှာဆို ဖတ်လို့ရတဲ့အဆင့်၊ သုံးလို့ရတဲ့အဆင့်တော့ ရောက်ခဲ့ပြီလို့ ပြောလို့ရမယ်ထင်ပါတယ်။

ဒါပေမယ့် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ လိုအပ်ချက်တွေထဲမှာ ကျွန်တော်တို့ သိတာတွေ (ဥပမာ။ Banner and Navigation) လည်းရှိသလို၊ မသိလိုက်တာ၊ သတိမထားမိတာတွေလည်းရှိနေနိုင်ပါတယ်။

Member တွေအနေနဲ့ ကျွန်တော်တို့ သတိမထားမိတာလေးတွေကို သတိထားမိ၊ အဆင်မပြေတာလေးတွေတွေ့မိပြီး၊ ဒီ topic လေးကနေ အကြံပြုခဲ့မယ်ဆိုရင်၊ ကျေးဇူးတင်မိမှာ အမှန်ပါဘဲခင်ဗျာ။

လေးစားစွာဖြင့်
sHa92



Last edited by sHa92 on 1st August 2011, 11:19 pm; edited 1 time in total

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အကြံလည်း မပြုကြဘူး။ လုပ်နေရတဲ့သူ စိတ်ဓါတ်ကျတယ်ဂျာ။ (Unicode နဲ့ ရေးထားလို့ မဖတ်ကြတာလားမသိဘူး)

လုပ်ကြပါဦး၊ ကျွန်တော်တို့ Template ကြီးက Perfect မဖြစ်သေးပါဘူး။ အစ်ကိုတို့ရဲ့ feedback တွေပါလာမှ ကျွန်တော်တို့လည်း လုပ်ပေးရတာ အားရှိတာပေါ့။

နောက်ပီး Log-in ဘယ်လိုဝင်နေကြလဲတော့မသိ။ Guest အနေနဲ့ဆိုရင် Navigation နဲ့ Google Ads နဲ့က ထပ်ပီးတော့ Log in button တို့၊ register button တို့ ပျောက်သွားကော။ Portal ကနေ၊ Forum Page ကနေ Log in box လေးတွေက ဝင်ရင်တော့ရပေမယ့်၊ Navigation ကို နှိပ်ချင်တဲ့သူကျတော့ နှိပ်မရဖြစ်နေကော။ ကျွန်တော်က Remember Password လုပ်ထားတော့ site ခေါ်လိုက်တာနဲ့ Log in ဝင်ပြီးသား​ဖြစ်နေလို့ အဲဒီ့ error ကို မသိဘူးဖြစ်နေတာ။ အဲဒါလေးကို ဘယ်သူမှလည်း မပြောကျဘူး။ တစ်ယောက်မှအဲ ဒါမျိုးမဖြစ်ကြဘူးထင်တယ်။
နောက်ပီး တခြား bug လေးတွေလည်း ရှာတွေ့ရင် ပြောကြပါဦးဗျာ။

(ကဲ၊ ဇော်ဂျီနဲ့ ရေးပေးထားတယ်ဗျာ။)

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
No feedback again! sigh...

http://www.myanmaritresource.info

ⓃⓖⒶ ⓢⒶ ⓛⓊ

ⓃⓖⒶ ⓢⒶ ⓛⓊ
MITR Beginner



MITR Beginner
right sHa92..း) may be font prob: that's why i think i will use E for a little bit.

i can't read posts clearly even i change font type from unicode to zawgyi converter but readable. Smile is it only me or ?????
with this
[You must be registered and logged in to see this link.]

Fox

Fox
MITR Reader



MITR Reader
why don't u use bookmarklet from saturngod?
that's nice tools... Very Happy

solakoko

solakoko
Moderator



Moderator
တော်သေး..
မောင်ငစလူကယ်ပေလို့ 

အုတ်ခဲရောင်ဖြစ်နေတဲ့ စာလုံးအရောင်ကို
အပြာရင့်ရောင် လေးနဲ့  ပြောင်းလိုက်ရင် ဖတ်ရတာအဆင်ပြေမလားလို့ 

Htet Naing

Htet Naing
Moderator



Moderator
I can't read mm fonts on MITR during these days. Is it uniconde or zawgyi?

sHa92

sHa92
Founder



Founder
Wait a minute. You guys start using Unicode or what?
First, I wrote this post with Unicode. Then, I got no response. So, I changed it to Zawgyi Version. Then, I got no response again.

I think Fox is changing some posts to unicode. I don't know which categories he is changing.

But this post surely is Zawgyi. Isn't it? What I want is the users' feedback in forum related posts not in the others posts.

And I consider you guys as a core-member of this forum and I need feedback from you guys than others.

If everyone who faced with fonts problems, u can use the tool below.
Just Drag and Drop it to the Bookmark Menu.

Code:
http://dl.dropbox.com/u/283860/host/bookmarklet/index.html

http://www.myanmaritresource.info

Fox

Fox
MITR Reader



MITR Reader
i'm changing some posts from "unknown discussion"
because that's not much active categories and can't effect use base that much than other categories.. Smile
i guess i said this in another post either Very Happy
and my two cent,
that problem would be like that
sHa92 changed css font family to unicode
so if u have both unicode and zawgyi, every post including written in zawgyi
will also show in unicode..
that means.. not readable format Very Happy
don't worry this stage will pass within 1 week



Last edited by Fox on 4th August 2011, 12:05 am; edited 1 time in total

sHa92

sHa92
Founder



Founder
sHa92 changed css font family to unicode
What? I didn't declare myanmar3 as default font-family. "ZawgyiOne" is default font-family bro.

http://www.myanmaritresource.info

Fox

Fox
MITR Reader



MITR Reader
ah then i take back my words Very Happy
done changing unicode in "temporary zone"
now moving to "help zone"

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော် log in ၀င်လိုက်တော့ Myanmar IT Resource ဆိုတာက ပျောက်သလောက်ကို မှိန်နေတယ်။ မနဲကြည့်ယူရတယ်။ ကျန်တာတွေတော့ ကောင်းပါတယ်။ ကျွန်တော်ကတော့ portal ကနေပဲ login ၀င်ပါတယ်။

ET

ET
Moderator



Moderator
Founder(ညီလေး) ရေ
Portal မှာတော့ Myanmar IT Resource Forum ဆိုတာက ထင်ထင်ရှားရှားမြင်ရပါတယ်။
New topic, Reply ပြန်တဲ့အခါမှာကျတော့ MITR ဆိုတဲ့ ခေါင်းစဉ်ကို မှိန်မှိန်လေးပဲမြင်ရတယ်
ခေါင်းစဉ်ခွဲတွေရဲ့ အရောင်က အုတ်ခဲရောင်ဖြစ်နေတော့ ကြည့်ရတာလည်း အမြင်စူးနေသလိုဖြစ်တယ်။ ပြီးတော့ Template က နည်းနည်းရိုးနေသလားလို့ပါ။
ကျန်တဲ့ စာသားတွေနဲ့အရောင်တွေကတော့ အားလုံးအဆင်ပြေပါတယ်
ပြီးတော့ Chat Box ပြန်ထည့်ဦးမလားမသိဘူး

ET

http://alinkarnya.blogspot.com/

Fox

Fox
MITR Reader



MITR Reader
အရိုးဆုံးအလှဟာ အလှဆုံးပဲတဲ့ ကို ET ရ
အုတ်ခဲရောင်လို့ပြောကြတဲ့ ကြက်သွေးရောင်ကို အဲ့လောက်လူပြောများနေရင် ပြောင်းပေးပါ့မယ်
ခရမ်းရင့်ရောင်လေးနဲ့...
ဘာလို့လဲဆိုတော့...ခုတလော ဒီဆိုဒ်လေးနှစ်ခုကို တအားသဘောကျလို့ပါ
Code:
http://www.askubuntu.com
http://www.omgubuntu.co.uk/
နောက်တစ်ချက် chat box ကသုံးမယ့်လူကောရှိလို့လားဗျ ??

solakoko

solakoko
Moderator



Moderator
Chat Box သုံးမဲ့လူမရှိပါ

Htet Naing

Htet Naing
Moderator



Moderator
This is the screen shot of my browser. What should I do? I have some difficulties with fonts.

[You must be registered and logged in to see this image.]

ET

ET
Moderator



Moderator
Fox wrote:အရိုးဆုံးအလှဟာ အလှဆုံးပဲတဲ့ ကို ET ရ
အုတ်ခဲရောင်လို့ပြောကြတဲ့ ကြက်သွေးရောင်ကို အဲ့လောက်လူပြောများနေရင် ပြောင်းပေးပါ့မယ်
ခရမ်းရင့်ရောင်လေးနဲ့...
ဘာလို့လဲဆိုတော့...ခုတလော ဒီဆိုဒ်လေးနှစ်ခုကို တအားသဘောကျလို့ပါ
Code:
http://www.askubuntu.com
http://www.omgubuntu.co.uk/
နောက်တစ်ချက် chat box ကသုံးမယ့်လူကောရှိလို့လားဗျ ??

ကျနော်သွားကြည့်ပြိးပြီးကောင်းပါတယ်
Chat Box က ကျနော်တို့ကိုယ်တိုင်လည်း သုံးကောသုံးကြရဲ့လား?
ပြီးတော့ Member တွေကကော Chat box ရှိတယ်ဆိုတာ မသိကြလို့လား

http://alinkarnya.blogspot.com/

Fox

Fox
MITR Reader



MITR Reader
ကိုထက်နိုင် အဲ့ဒီပိုစ့်တွေအားလုံးက ဇော်ဂျီတွေပါပဲ...
ကိုထက်နိုင်က ဒီ topic ကို zawgyi to unicode bookmarklet ကိုမှားနှိပ်မိပုံရပါတယ်
အောက်ကပုံ ၂ ပုံကိုကြည့်လိုက်ပါ။
[You must be registered and logged in to see this image.]
ဒီပုံကိုကြည့်ပါ ကျွန်တော့်စက်မှာ ဒီပို့စ်ကိုမြင်ရတဲ့ပုံပါ ။ ယူနီကုဒ်ပဲသွင်းထားရင် ဒီပို့စ်ကို ဒီလိုမြင်ရပါတယ်။
ကိုထက်နိုင်ရဲ့ ပုံနဲ့ကြည့်ကြည့်လိုက်ရင် ကိုထက်နိုင် unicode သွင်းထားတယ်ထင်တယ် Very Happy
ဒါမှမဟုတ်ရင် converter မှားသုံးမိလို့ဖြစ်ပါလိမ့်မယ်။

ဒီပုံကတော့ ဒီပို့စ်ကိုပဲ ယူနီကုဒ်နဲ့ကြည့်လို့​ရအောင် converter နဲ့ပြောင်းလိုက်တာပါ
[You must be registered and logged in to see this image.]
ခုလက်တလော ကျွန်တော် ဖိုရမ်ကပို့စ်တွေကို ယူနီကုဒ်ပြောင်းနေပါတယ်
နောက်တစ်ပတ်လောက်နေရင်ပြီးပါမယ်။
ဒီလောက်ကြာအောင် အချိန်ယူရတဲ့အတွက် member တွေကိုတောင်းပန်ပါတယ်
ဒီဖိုရမ်ရဲ့အပြောင်းအလဲကာလ ဖောင့်အခက်အခဲဖြစ်နေတဲ့အချိန်မှာတောင် လာရောက်ပေးကြတဲ့ member တွေကိုလည်းကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ဖိုရမ်ရဲ့ hosting ဘက်က တခြား ဖိုရမ်တွေလို database ထုတ်မပေးတဲ့အတွက်
ယူနီကုဒ်ပြောင်းရာမှာ သူများတွေလို command ၃ ၊ ၄ ကြောင်းလောက်နဲ့ပြောင်းလို့မရလို့ပါ
ပို့စ်တစ်ခုချင်းစီကို လူကိုယ်တိုင်လိုက်ပြီး edit လုပ်နေရတဲ့အတွက်ကြောင့်ပါ။
ဒီလောက်ခက်ခဲနေရင်လည်း ဘာလို့ ယူနီကုဒ်ပြောင်းနေဦးမလဲ လို့မေးရင်တော့....
ခုဆို အွန်လိုင်းမှာ ယူနီကုဒ်ကတဖြည်းဖြည်းနေရာယူလာပါပြီ
အခုဆို chatting ထိုင်ကြတဲ့ လူတွေကလွဲရင် technician ပိုင်းတွေအကုန်လုံးနီးပါး ယူနီကုဒ်ကိုပြောင်းသုံးလာကြပြီ
mac,နဲ့ linux မှာလည်း မြန်မာယူနီကုဒ်ကို support လုပ်လာကြပါပြီ
windows က support လုပ်ဖို့ဆိုတာ အချိန်ပိုင်းပဲလို​ပါတော့တယ်
ဒီလိုအချိန်မျိုးမှာ နည်းပညာဖိုရမ်တစ်ခုအနေနဲ့ စွန့်ဦးပြောင်းလဲမှု့မလုပ်ရင်တောင်မှ
ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေပြောင်းလဲနိုင်ရပါမယ်
ခုချိန်ပြောင်းမယ်ဆိုရင်တောင် ပို့စ်ထောင်ချီနေတဲ့အတွက် ဒီလောက်အချိန်ကြာနေတာ
ယူနီကုဒ်ကို မဖြစ်မနေမှပြောင်းမယ်ဆိုရင် သေချာပါတယ်
ဒီဖိုရမ်ကို ယူနီကုဒ်ပြောင်းဖို့ဆိုတာ မလွယ်တော့ပါဘူး
အဲ့ဒီအခါကျရင် ဒီဖိုရမ် ဆက်လက်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခဲယဉ်းသွားပါပြီ

ⓃⓖⒶ ⓢⒶ ⓛⓊ

ⓃⓖⒶ ⓢⒶ ⓛⓊ
MITR Beginner



MITR Beginner
ကျွန်တော်လည်း unicode ပြောင်းမယ်ပြောင်းမယ်နဲ့ ခုထိပြောင်းဖို့  အခွင့်မသာသေးပါဘူး.. ။
ကျနော့် pc ကို အစ်ကိုကလည်းသုံးတော့ unicode ပြောင်းလို့ မဖြစ်သေးဘူဗျ .. သူ့ မှာက ဇော်ဂျီ typing တောင်ဂဂျိုးဂဂျောင်ဖြစ်နေတာ... ပြီးတော့ ဖေ့စ်ဘွတ်(ခ်) တို့  chatting တို့ လည်းသုံးတော့ မဖြစ်သေးဘူးဗျ ပြောင်းလို့  ဒါကြောင့် Sad
ကျနော်ဆိုရှင်းရော gtalk တောင်မဝင်ဘူး.. chatting ဆိုမုန်းလို့ Smile
လောလောဆယ်တော့ ဒါလေးသုံးရတာတအားလွယ်လို့ 

ခုလို ပို့ စ်တွေဆို copy/paste လုပ်လိုက်ယုံပဲ convert စရာမလိုဘူး Smile အောက်က box ထဲထည့်လိုက်ယုံပဲ Smile
[You must be registered and logged in to see this link.]

sHa92

sHa92
Founder



Founder
ကို ငစလူ၊ အစ်ကို့ရဲ့ အစ်ကိုက ခုထိ ဇော်ဂျီတောင် ဂဂျိုးဂဂျောင်ဖြစ်နေသေးရင်၊ အစ်ကိုက ​ယူနီကုဒ် ပြောင်းပြီးတော့၊ သူ့ကို ယူနီကုဒ်လက်ကွက် ပေးရိုက်လိုက်ပါ။
အရမ်းကို မြန်ဆန်၊ လွယ်ကူပါတယ်။ ဇော်ဂျီလို ရရစ် ၃၊ ၄ မျိုး မှတ်ရတာတို့၊ဘာတို့ မရှိတော့ပါဘူး။
ပြောင်းကြည့်လိုက်ပါ။

http://www.myanmaritresource.info

Fox

Fox
MITR Reader



MITR Reader
ဇော်ဂျီက အလွယ်ဆုံးပဲ တို့
ယူနီကုဒ်က ​ပြောင်းရခက်တယ်တို့ဘာတို့
အဲ့ဒီအသံတွေကြားတိုင်း ကျွန်တော်ရယ်လည်းရယ်ချင်သလို စိတ်လည်းတိုမိတယ် Very Happy
လုပ်ကြည့်ပါ စမ်းကြည့်ပါ
ဇော်ဂျီစသွင်းတုန်းက ဒီ့ထက်တောင်ပိုခက်ခဲကြသေးတာပဲ
ဇော်ဂျီလက်ကွက်ကျင့်တော့လည်း ဘယ်လောက်ကြာအောင်ကျင့်ခဲ့ရလဲ မေ့သွားကြပြီလား
ပြောင်းကြည့်ပါဦး ရိုက်ကြည့်ပါဦး
ပိုမပြောဘူးဗျာ
၁ ရက်လောက်​ရိုက်ကြည့်စမ်းပါ
ဇော်ဂျီရိုက်တုန်းကထက် typing speed ပိုမြန်လာစေရမယ် အာမခံတယ်ဗျာ
ခုမှသင်မယ့်လူတွေဆို ၃ ရက်လောက်နဲ့ရိုက်တတ်စေရမယ်
ပြီးတော့
အင်တာနက်ဆိုင်တွေက ယူနီကုဒ်သွင်းမထားဘူးဆိုတဲ့ကိစ္စ
ဘာမှမလိုပါဘူးဗျာ...တကယ်ပါ
ယူနီကုဒ် ဖောင့်လေးတစ်ခုနဲ့ portable keyboard လေး စတစ်ထဲထည့်သွား
ဆိုင်ရောက်မှ run လိုက်အဆင်ပြေပါတယ်ဗျာ
ဘာတွေများ ဒီလောက်တောင် ပြောင်းလဲရမှာကိုကြောက်နေကြတာလဲ
ကျွန်တော် ညတိုင်းအိပ်ရေးပျက်ခံ မနက် လေးနာရီ ငါးနာရီထိ ပို့စ်တွေထိုင်ပြောင်းပေးနေရတာ
user တွေအတွက် အဆင့်အတန်းရှိတဲ့ ဖောင့်လေးသုံးလာအောင် သုံးဖြစ်လာအောင် ကောင်းကျိုးတွေသိ​လာအောင်ပါ
ခုချိန်ထိ user တွေဘက်က ယူနီကုဒ်နဲ့ရေးထားတဲ့ပို့စ်လေးတစ်ခု တောင်တက်မလာသေးတော့
အားမရဘူးဗျာ မချင့်မရဲဖြစ်မိတယ်။
ဘာလို့များ မကောင်းတဲ့အရာကို ဖက်တွယ်ထားမှာလဲ
ပိုကောင်းတဲ့အရာကရှေ့မှာလည်းရောက်နေပြီ
ကိုယ့်ရှေ့မှာ ကိုယ်က ဖမ်းဆွဲလိုက်ရုံပဲ
အားလုံးအသင့်လုပ်ပြီးသား အဆင့်သင့်ခူးပြီးခပ်ပြီးသား
chatting, facebook လို အရည်မရအဖတ်မရ
ကိုယ့်ရည်းစားနဲ့ပြောတာ လတ်​တလောအစဉ်ပြေဖို့လောက်နဲ့
ကျေးဇူးပြုပြီး မြန်မာစာကို (ဗမာစာမဟုတ်ဘူးနော်) ဟိုးဝေးလံခေါင်သီတဲ့ကျွန်းနိုင်ငံသေးသေးလေးတွေရဲ့ စာလောက်တောင် မဖွံ့ဖြိုးအောင်မလုပ်ကြပါနဲ့
ဘာမှမဆိုင်ဘူးမပြောပါနဲ့...
ဆိုင်ပါတယ်
ခုခေတ်က it ခေတ်ပါ။
ကျွန်တော်တို့ရဲ့ နောင်လာနောင်သားတွေ မြင်ရတွေ့ရသင်ကြားရမယ့် စာတွေက digital screen ပေါ်ရောက်သွားပါပြီ
ခုချိန်ထိ မြန်မာစာ digital ပစ္စည်းတွေမှာ default မပါလာနိုင်သေးတာ အားမငယ်ကြဘူးလား
ခမာ(ကျွန်တော်တို့ကို နှစ်တိုင်း ပဏ္ဏာဆက်ခဲ့တဲ့နိုင်ငံငယ်လေး) ၊
ထိုင်း (ကျွန်တော်တို့အမြဲနှိမ့်ချပြောနေတဲ့ယိုးဒယား) စာတွေတောင် ပါနေပါပြီဗျာ
ကျွန်တော်တို့ရဲ့ ကြွယ်ဝခံ့ညားလှပါတယ် ဆိုတဲ့ မြန်မာစာကို
ရည်းစားနဲ့စကားပြောရမလွယ်မှာစိုးလို့ သူငယ်ချင်းနဲ့ chat လို့ရမှာမဟုတ်ဘူးဆိုပြီး
တားဆီးပိတ်ပင်နေတာ ဖြစ်သင့်ရဲ့လား
ကိုယ့်ရည်းစား ၊ သူငယ်ချင်းနဲ့ ပြောဖို့အဆင်မပြေမှာကြောက်ရင်
သူတို့ကို ယူနီကုဒ်သုံးအောင်ပြောပါ
မိတ်ဆွေတို့ကို တကယ်ခင် ၊ တကယ်ချစ်ရင် သူတို့လည်းလိုက်ပြောင်းပါလိမ့်မယ်
ဒီလောက်လွယ်ကူတာလေးကိုတောင် မိတ်ဆွေအတွက်မလုပ်ပေးနိုင်ဘူးဆိုရင် မိတ်ဆွေကို တကယ်မခင်၊မချစ်လို့ပဲပေါ့
အဲ့လိုလူတွေအတွက်တော့ ကိုယ့် မြန်မာစာကို အောက်တန်းကျအောင်မလုပ်သင့်ပါဘူး
ကျွန်တော်ပြောတာ ရိုင်းကောင်းရိုင်းမယ်
စကားပြောမတတ်လို့ မျက်စိလည်ချင်လည်နေမယ်
မပြောပဲမနေနိုင်လို့ ရင်ဖွင့်မိတာပါ
ဇော်ဂျီပဲ ဆက်လက်ဖက်တွယ်ထားတဲ့လူတွေကို မြင်တိုင်း ကျွန်တော်ရင်လေးမိတယ်
ကျွန်တော် ပို့စ်တွေကို ဇော်ဂျီပြောင်းပေးတာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါလိမ့်မယ်
နောက်ဆို ယူနီကုဒ်နဲ့ပဲရေးတော့မယ်
ကျေးဇူးပြုပြီး နောက်ဆုံးအကြိမ်အဖြစ်တောင်းဆိုပါတယ်
ယူနီကုဒ်ပြောင်းပေးကြပါ
ဖိုင် ၂ ခုပဲလိုပါတယ်
ယူနီကုဒ်နဲ့ပက်သက်ပြီး သိလိုတာ ပြဿနာတက်တာ အားလုံးကို ကျွန်တော့်ဆီ မေးလ်ပို့ပြီးဆက်သွယ်မေးမြန်းနိုင်ပါတယ်
ဒါကျွန်တော့်မေးလ်ပါ
[You must be registered and logged in to see this link.]

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forums hosting | ©phpBB | Free forum support | Report an abuse | Forumotion.com