Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်လဲလေ့လာရင်းနဲ့ ရေးတာဖြစ်ပါတယ်။ တခြားသိတဲ့ member များကိုလဲ topic မှာပါ၀င်ဆွေးနွေးပေးစေချင်ပါတယ်။
VB.NET ၏သမိုင်းကြောင်း
VB.NET ဆိုတာကတော့ Microsoft က develop လုပ်ပြီး Microsoft ကပိုင်ဆိုင်တဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ Visual Basic(VB) ဆိုတာ Microsoft ကနေ Windows OS အတွက် program တွေကို လွယ်လွယ်ကူကူရေးနိုင်အောင် ဖန်တီးပေးထားတာပါ။ VB ကို .NET Framework ပေါ်မှာ run နိုင်အောင် စီစဉ်ထားလို့ VB.NET လို့ဖြစ်လာတာပါ။ (http://en.wikipedia.org/wiki/VB.NET)။ VB.NET လဲ C# လိုမျိုး object oriented ဖြစ်တယ်ဗျ။ လောလောဆယ်တော့ Microsoft က Latest အနေနဲ့ Visual Studio 2010 (commercial software), Visual Basic Express Edition 2010 (free of charge) ဆိုပြီး နှစ်မျိုးထုတ်ထားတယ်။

Visual Basic ကို install လုပ်ဖို့လိုအပ်ချက်လေးတွေပါ။ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ အခွေ၀ယ်ပြီး install လုပ်လို့ရပါပြီ။

Software Requirements (http://en.wikipedia.org/wiki/VB.NET)
Visual Studio 2010 can be installed on the following operating systems:
• Windows XP (x86) with Service Pack 3 - all editions except Starter Edition
• Windows Vista (x86 & x64) with Service Pack 2 - all editions except Starter Edition
• Windows 7 (x86 & x64)
• Windows Server 2003 (x86 & x64) with Service Pack 2
• Windows Server 2003 R2 (x86 & x64)
• Windows Server 2008 (x86 & x64) with Service Pack 2
• Windows Server 2008 R2 (x64)

Supported Architectures: (http://en.wikipedia.org/wiki/VB.NET)
• 32-Bit (x86)
• 64-Bit (x64)


Hardware Requirements (http://en.wikipedia.org/wiki/VB.NET)
• Computer that has a 1.6GHz or faster processor
• 1 GB (32 Bit) or 2 GB (64 Bit) RAM (Add 512 MB if running in a virtual machine)
• 3GB of available hard disk space
• DirectX 9 capable video card running at 1024 x 768 or higher-resolution display
• DVD-ROM Drive

Htet Naing

Htet Naing
Moderator



Moderator
ရေးရတဲ့နေရာမှာတော့ VB ကပိုလွယ်ပြီး ပိုလဲသက်သာတယ်။ နမူနာပေးရမယ်ဆိုရင်တော့ VB မှာ integer variable ထဲက တန်ဖိုးကို text box ထဲကိုထည့်ချင်ရင်
Code:

Dim a As Integer     
TextBox1.Text=a
အဲ့လိုမျိုးတန်းထည့်လို့ရပေမယ့် C# မှာကြတော့ မရဘူးဗျ။ error တက်တယ်။ integer ကို string ပြန်ပြောင်းပေးရတယ်။ Data Type တူအောင်လုပ်ပေးရတယ်လေ။ ဒီလိုမျိုးလေးပေါ့ဗျာ……
Code:

int a;
TextBox1.Text=a.ToString();
.ToString() ဆိုတာလေးနဲ့ပြောင်းပေးရတယ်။ ပြီးတော့ “;” လေးကလဲ မကျန်ခဲ့ဖို့ သတိထားရတယ်ဗျ။ “;” ရဲ့ကောင်းတဲ့အချက်ကတော့ Line တစ်ကြောင်းထဲမှာ ဆက်ရေးလို့ရတာပဲ။ VB မှာက အဲ့လိုမရပြန်ဘူးလေ။ နမူနာအနေနဲ့ string variable, integer variable တို့ကို C# နဲ့ VB မှာ ကြေငြာပြပါမယ်။

VB
Code:

Dim s As String
Dim i As Integer

C#
Code:

string s; int i;
တခြားဟာတွေလဲ ရှိတော့ရှိသေးတယ်။ VB ရဲ့C# အပေါ် အားသာချက်တွေကို သိချင်ရင်တော့ ဒီလင့်ခ်မှာပဲသွားကြည့်ပါ။
Code:
 http://www.vbrad.com/article.aspx?id=65





VB.NET အကြောင်းကို အသေးစိတ်ပိုသိချင်သေးတယ်ဆိုရင်တော့………
Code:

http://visualbasic.about.com/od/applications/a/whatisvb.htm
http://en.wikipedia.org/wiki/VB.NET

သင်ခန်းစာများကိုတော့ နဲနဲလောက်စောင့်ပေးကြပါ....

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com