Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Unicode ပြောင်းလဲရန်?

Why Zawgyi? Vote_lcap0%Why Zawgyi? Vote_rcap 0% [ 0 ]
Why Zawgyi? Vote_lcap100%Why Zawgyi? Vote_rcap 100% [ 4 ]
Why Zawgyi? Vote_lcap0%Why Zawgyi? Vote_rcap 0% [ 0 ]
Total Votes : 4


View previous topic View next topic Go down  Message [Page 1 of 1]

1Why Zawgyi? Empty Why Zawgyi? 6th March 2011, 10:43 pm

sHa92

sHa92
Founder



Founder
ရေးမယ်ရေးမယ်နဲ့ မေ့နေတာတွေထဲက တစ်ခုပါ... ဒီနေ့မှ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း Why not Unicode? and Why Zawgyi? ဆိုတဲ့ မေးခွန်းလေးတွေမေးမိလို့ အမှတ်ရလာတာနဲ့ ရေးလိုက်တာပါ....

ရှည်ရှည်ဝေးဝေးမရေးတော့ပါဘူး... ရှင်းရှင်းလင်းလင်း အချက်လေးတွေနဲ့ ရေးလိုက်ပါတယ်..

Why not Unicode? and Why Zawgyi?

-Unicode ကို Technically အရ လက်ခံပါတယ်။
-ဒါပေမယ့် Unicode ကို ၉၅% သော Internet အသုံးပြုသူများ အသုံးမပြုသေးသည်ကိုလည်း လက်ခံရပါမယ်။
-ဇော်ဂျီလောက်ကြည့်ကောင်းတဲ့ Font မတွေ့သေးပါ။
-ဖိုရမ်ရဲ့ ရည်ရွယ်ချက်က ပညာမျှဝေဖို့ဖြစ်ပါတယ်။ အဆင်အပြေဆုံးနဲ့ မျှဝေရ အလွယ်ကူဆုံးဖြစ်ရင်ရပါပြီ။ ဘယ် Font သုံးသုံးကိစ္စမရှိဘူးလို့ မြင်ပါတယ်။
-အဓိကအခက်အခဲတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ Forum Service Provider က ဖောင့်ပြောင်းလဲရန် မကူညီပေးပါ။

အဲဒီ့တော့ ကျွန်တော်တို့ကတော့ ဇော်ဂျီနှင့်သာ ရှေ့ဆက်ပါမည်။ ဆက်လို့ရသလောက်တော့ ဆက်နေဦးမှာဖြစ်ပါသည်။ ၈၀% သော Internet အသုံးပြုသူများ Unicode ပြောင်းပြီဆိုလျှင် လိုက်ပြောင်းပေးပါမည်။
Member တို့ရဲ့ အမြင်တွေကော ဘယ်လိုရှိလဲမသိဘူး...

http://www.myanmaritresource.info

2Why Zawgyi? Empty Re: Why Zawgyi? 7th March 2011, 7:37 am

z3r0c00l

z3r0c00l
Administrator



Administrator
မပြောင်းသင့်သေးပါဘူး။ ဘာလို့လဲဆိုတော့ Unicode ကိုသိပ်မကြိုက်လို့။
$ƴǩǾ ပြောသလိုပဲ Internet အသုံးပြုသူ 95% အသုံးမပြုသေးပါဘူး။ ကျွန်တော်ဝင်ဖြစ်တဲ့ Myanmar Forum တွေထဲမှာဆိုရင်လဲ ကိုနေစေး တို့ဆိုက် (mmitd) တစ်ခုတည်းသာ Unicode သုံးနေပါတယ်။ Unicode သုံးလိုက်တဲ့ ကျွန်တော်လဲမ၀င်ဖြစ်တော့ပါဘူး။ ဘာပို့စ်မှဖတ်လို့မရတော့ပါဘူး။ ဖောင့်မှမရှိတာ။ ဖောင့်ထည့်လိုက်ရင်လည်း Post တင်ရတာ လက်ကွက်တွေမတူတဲ့အတွက် ဘာပို့စ်မှလည်းမတင်ဖြစ်ပါဘူး။ ပြန်လည်ဆွေးနွေးပေးချင်တာတွေရှိပေမယ့်လည်း Font အခက်အခဲကြောင့် ဘာမှမဆွေးနွေးဖြစ်ပါဘူး။ ဒါကြောင့် MITR ကိုလည်း လောလောဆယ် Zawgyi နဲ့ပဲ စခန်းသွားပါလို့ အကြံပြုပါတယ်။

3Why Zawgyi? Empty Re: Why Zawgyi? 7th March 2011, 9:28 am

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်လည်းဇော်ဂျီပဲဆက်သုံးချင်ပါတယ်။
အပေါ်က Admin တွေပြောသလိုပါပဲ။

4Why Zawgyi? Empty Re: Why Zawgyi? 7th March 2011, 10:12 am

rat

rat
MITR Reader



MITR Reader
အဲလိုမျိုးဆွေးနွေးတာလေးက တော်တော်ကောင်းပါတယ် ကျွန်တော်လဲ တခုလောက်အကြံဝင်ပေးပရစေ z3r0c00l ပြောသလိုပါဘဲ သုံးတဲ့သူတွေအတွက်အခက်အခဲ ဖြစ်နေရင်ဘယ်သူမှမသုံးပါဘူး တချို့ဆိုဒ်တွေ ယူနီကုဒ်ပြောင်းသုံးတယ် အဲဒီတော့ဖတ်လို့မရဘူး ဖတ်လို့မရတော့ မဖတ်ဘူး မဖတ်တော့ ပိုစ်တင်ဖို့ပိုတောင်ဝေးသေး အများနဲ့ကျတော့ မလွယ်သေးဘူုးလေ တကယ်ကတော့ ယူနီကုဒ်က ကောင်းပါတယ် မကောင်းဘူးမပြောပါဘူး အားလုံး စံ ထားပြီး အကုန်ပြောင်းလိုက်တယ်ဆိုရင်တော့ တမျိုးပေါ့ ခုလဲ ယူနီကုဒ်သုံးတာ အနဲအကျင်းပါ ဒါကြောင့် ဇော်ဂျီလေး နဲ့ အဆင်ပြေနေတဲ့အတွက် မပြောင်းပါနဲ့လို့ ပြောပရစေ အများပြောင်းတော့မှဘဲ လိုက်ပြောင်းပါလို့....

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com