Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

shimmin

shimmin
MITR New User



Vital Information Resources Under Siege <VIRUS>?????

ကျွန်တော်ပထမဦးဆုံးတင်တဲ့ Post လေးပါ။ အမှားတွေပါသွားရင်တော့ တောင်းပန်ပါတယ်။ ကျွန်တော်မှားနေတာရှိရင်လည်း သူငယ်ချင်းတို့ ပြန်သင်ပေးကြပါလို့လည်း ဖိတ်ခေါ်ပါတယ်။ အခုပြောပြမယ့်အကြောင်းလေးကတော့ Computer Users တွေကိုအမြဲလိုလိုဒုက္ခပေးတတ်တဲ့ Programs တွေအဖြစ်လူသိများကြတဲ့ Virus လေးတွေရဲ့အကြောင်းပါ။ ဗဟုသုတအနေနဲ့ အားလုံးကိုဖတ်ကြည့်စေချင်ပါတယ်။

Virus ???
Virus ဆိုတာကတော့ Vital Information Resources Under Siege လို့အဓိပ္ပါယ်ရပါတယ်။ Vital Information Resources Under Siege ဆိုတဲ့စကား ရဲ့ရှေ့ဆုံးစကားလုံးလေးတွေကိုစုစည်းပြီး VIRUS လို့အမည်တွင်တာပါ။ သူက Computer Program လေးပါပဲ ဘယ်လိုprogram လည်းဆိုတော့ သူ့မှာ computer user တွေ့ရဲ့ခွင့်ပြုချက်တွေကို တောင်းခံစရာမလိုဘဲ၊ computer OS ကတောင်မသိလိုက်ရဘဲ ကိုယ့်ဘာသာကို copy ကူးနိုင်တဲ့စွမ်းအင်နဲ့ computer ထဲကိုဝင်ရောက်ပြီး သူငယ်ချင်းတို့သုံးနေတဲ့ Computer ရဲ့ Performance တွေကျသွားအောင်၊ computer နှေးသွားအောင် ပြုလုပ်နိုင်တဲ့ program လေးပါ။

Virus တွေဘယ်လိုကူးစက်ပျံ့နှံ့ကြသလဲ???
Virus ကူးစက်ပုံကတော့ရှင်းပါတယ်။ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သန်းပေါင်းများစွာသော Virus တွေက အခုကျွန်တော်တို့သုံးနေကြတဲ့ world wide web (www)လို့ခေါ်တဲ့ Internet ပေါ်မှာ ရှိနေကြပါတယ်။ Internet ပေါ်က file တွေကို download လုပ် memory stick (pen drive) နဲ့သယ် အဲလိုနဲ့ပဲ file တွေနဲ့အတူVirus တွေကပ်ပြီး ပါလာတတ်ကြပါတယ်။ Virus ကူးစက်ပုံကအများကြီးရှိပါတယ်။ အများစုကတော့ကျွန်တော်ပြောသလိုပါပဲ။

Virus အမျိုးအစားများ
ကျွန်တော်သိတာတော့ ၁၀ မျိုးရှိပါတယ်။ အဲဒါတွေကတော့ …….

1- Boot Sector Viruses
ဒီVirus လေးကတော့ Boot Sector ကိုhidden လုပ်တဲ့ကောင်လေးပါ။ Boot မတက်အောင်လုပ်တဲ့ ကောင်လေးလို့သိထားရင်ရပါတယ်။ window boot မတက်အောင်လုပ်တဲ့ ကောင်လေးဆိုတော့ အန္တရာယ်ကောင်လေးလို့ ခေါ်လို့လည်းရပါတယ်။ Boot Sector Virus တွေက floppy disk တွေသုံးကြတဲ့ အရင်ခေတ်တုန်းကနမယ်ကြီးခဲ့တဲ့ Virus ပေါ့။

2- Companion Viruses
သူကတော့ file တွေကိုအလိုလို copy ပွားပေးတဲ့ကောင်လေး...။ ဥပမာပြောပြရမယ်ဆိုရင်တော့ directory တခုထဲကို ဒီကောင်လေးပါတဲ့ file ကို copy ကူးလိုက်မိပြီဆိုပါတော့။ ကူးထည့်လိုက်တဲ့ directory ထဲမှာရှိတဲ့ folder တိုင်းကိုအဲဒီ file အတိုင်း file တွေကို auto ကူးထည့်ပေးလိုက်ရော။ အန္တရာယ်တော့သိပ်မရှိပေမယ့် hard disk နေရာတွေ waste ဖြစ်တာပေါ့ဗျာ။

3- Encrypted Viruses
သူကတော့ encrypted ဆိုတဲ့အတိုင်း file တွေကို user တွေမသိအောင် လိုက်ပြီးရုပ်ဖျက်တဲ့ကောင်လေးတွေပါ။ သူမှာ encryphtion code တွေနဲ့ decryption code တွေပါတယ်ဗျ။ သူ့ကိုသူလည်း antivirus program တွေမသိအောင် ရုပ်ဖျက်ထားတတ်တယ်။ သူ့ကိုသူ့ decrypted လုပ်လိုက်မှ antivirus program တွေကသိတာ။ အဲဒါကြောင့်မို့လို့ ဒီကောင်လေးတွေ စက်ထဲဝင်လာရင် clear လုပ်ဖို့ခက်တယ်။

4- Logic Bomb Viruses
သူ့ကိုတော့ Time Bomb လို့လည်းခေါ်သေးတယ်။ ဘာလို့လဲဆိုတော့ သူက အချိန်နဲ့ ကိုက်ပြီး application တွေနဲ့ window file တွေကို attack လုပ်ကြလို့ပါ။ နားလည်အောင်ဘယ်လိုပြောရမလဲဆိုရင် ဒီကောင်လေး စက်ထဲရောက်နေရင် အစတော့ ဘာမှမဖြစ်သေးဘူး ဒါပေမယ့် သူ့ကိုရေးတဲ့ programmer က timming ပေးထားတဲ့ အချိန်ရောက်လာရင်တော့ သောင်းကျန်းပြီပဲ။ နဲနဲတော့အန္တရာယ်ရှိတာပေါ့ဗျာ။

5- Macro Viruses
သူကိုတော့ macro ဆိုတဲ့ language နဲ့ရေးထားလို့ပါ။ သူ attack လုပ်တဲ့ဟာကတော့ application တွေများတယ်။ microsoft word တို့ Exel တို့လို application တွေကိုပါ။ application ဖွင့်လိုက်တာနဲ့ သူက autoထပြီးအလုပ်လုပ်ပါတယ်။ ဒီကောင်လေးစက်ထဲမှာ ရှိနေရင်တော့ သူငယ်ချင်းတို့ နားမလည်တဲ့ စာ တွေနဲ့ ကုဒ် တွေပေါ်ပေါ်လာတတ်ပါတယ်။

6- Multipartite Viruses
ဒီကောင်လေးကတော့ Boot Sector Virus လိုပါပဲ။ သူကပိုပြီးတော့တောင်စွမ်းပါသေးတယ်။ ဘာလို့လဲဆိုတော့ သူက boot sector အပြင် excutable files တွေနဲ့ Program တွေကိုပါဒုက္ခပေးတတ်ပါတယ်။ ဒီကောင်လေးစက်ထဲ ရောက်နေပြီဆိုရင်တော့ application program တွေဘုရားတရားသာတပေတော့။

7- Nonresident Viruses
သူကတော့ memory run လို့မရအောင်လုပ်တယ်ဆိုပဲ။ သူရဲ့အလုပ်လုပ်ပုံက ကူးစက်ခံနေရတဲ့ file တွေရဲ့ module တစ်ခုချင်းစီကို လိုက်ရှာပြီးတွေ့တာနဲ့ memory ပေါ်ကိုတင် execute လုပ်ပစ်ပါတယ်။ executed modules တွေများလာတော့ memory ပြည့်ပြီးစက်ကအလုပ်မလုပ်တော့ဘဲ့ ဟန်းတယ်ဆိုလား) အဲလို့မျိုးဖြစ်တတ်ပါတယ်။

8- Polymorphic Viruses
သူကတော့ encrypted virus တွေနဲ့အမျိုးအစားတူပါတယ်။ antivirus program အများစု detect လုပ်ဖို့လည်းအရမ်းခက်ခဲပါတယ်။ encrypted virus တွေထက်ပိုပြီးကြောက်စရာကောင်းလာအောင် programmer တွေလက်ဆော့ထားတာပေါ့။

9- Resident Viruses
သူ့ကိုတော့ Memory Resident Virus လို့လည်းခေါ်ကြပါတယ် သူ့အလုပ်လုပ်တဲ့ပုံကတော့ memory modules တွေထဲကို စက်နားမလည်တဲ့ code တွေရေးထည့်ပြီး memory ကို အမြဲတမ်း busy နေအောင် PC ရဲ့ performance နှေးအောင်လုပ်ပါတယ်။ သူလည်းအန္တရာယ်ကောင်လေးပါပဲ။

10- Stealth Viruses
ဒီကောင်လေးရဲ့အလုပ်လုပ်ပုံကကျတော့ တမျိုးဗျ။ သူက crack file တို့ keygen file တို့ကို virus ဆိုပြီးပြတတ်တယ်။ သူကိုယ့်သူကျတော့ hidden လုပ်ထားတာဗျ။ သူ့ကိုလည်း antivirus program တွေ ခြေရာခံဖို့ ခက်ခဲပါတယ်။

ကဲ ကျွန်တော်သိထားတဲ့ virus အကြောင်းကတော့ ဒီလောက်ပါပဲ။ ထပ်လေ့လာပြီးရင်တော့ သူငယ်ချင်းတို့ကိုပြောပြဦးမယ်ဗျို့။
ကျွန်တော် Post ကို စိတ်ဝင်တစားဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။
အားလုံး Virus ရန်ကင်းဝေးပြီးစိတ်ချမ်းသာပါစေ။..........


C0D3R

C0D3R
MITR Master



MITR Master
မသိသေးတာတွေသိလိုက်တယ်ဗျာ

ကျေးဇူးပဲ့

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com