Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

bluehack

bluehack
Moderator



Moderator
ကျွန်တော်တို့ ဖိုရမ်မှ MOD တစ်ဦးဖြစ်သူ ကိုရှင်းသန့်၏ သမီးငယ် မရွှေပန်းချီ
အသက် (၁)နှစ်(၉)လအတွက် အရေးပေါ်သွေးလိုအပ်လျှက်ရှိနေပါသည်။
ကလေးငယ်မှာ သွေးလွန်တုပ်ကွေးဝေဒနာဖြင့် ရန်ကုန်ကလေးဆေးရုံကြီး
သွေးလွန်တုပ်ကွေး အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ဆေးကုသမှု
ခံယူလျှက်ရှိနေပါသည်။ကလေးငယ်အတွက် လိုအပ်နေသောသွေးအမျိုးအစားမှာ
အလွန်မှ ရှားပါးလှသည့် AB Negative ဖြစ်နေပါသည်။
မိမိတို့လက်လှမ်းမီသ၍ လိုအပ်သော သွေးလှူရှင်ရရှိနိုင်အောင်ဆောင်ရွက်ပေးကြ
စေလိုပါသည်။ ယခု Post ရေးသားပြီးချိန်အထိ ကလေးငယ်အား သွေး(၄)ပုလင်း
သွင်းကုသပေးခဲ့ရပါသည်။ 25.1.2011 နေ့လည်ခန့် အချိန်တွင်လည်း အရေးပေါ်
အခြေအနေအထိဖြစ်သွားခဲ့သည်ဟုလည်းသိရပါသည်။ ယခုအချိန်တွင်ကလေးငယ်
အား ဆရာဝန်တစ်ဦးမှ အမြဲမပြတ်စောင့်ကြပ် ကြည့်ရှုကုသပေးနေရကြောင်းကိုလည်း
စိတ်မကောင်းစွာဖြင့်ကြားသိရပါသည်။
ကလေးငယ်အား အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေကြောင်းနှင့် လိုအပ်လျှက်
ရှိသည့် သွေးအမျိုးအစားအားလည်းအမြန်ဆုံးရရှိနိုင်ပါစေကြာင်းဆုတောင်းရင်း
သွေးအလှူရှင်များကို ဖိတ်ကြားအပ်ပါသည်........
သွေးလှူနိုင်ရန်အတွက် ဆက်သွယ်ရမည့် ဖုန်း - 01-73136948

solakoko

solakoko
Moderator



Moderator
စိတ်မကောင်းစရာပါလား
ကျနော်က ဘီ သွေး..
တခြားညီကိုတွေတော့ မပြောတတ်

bluehack

bluehack
Moderator



Moderator
အသဲကွဲလူသား wrote:ကျွန်တော်တို့ ဖိုရမ်မှ MOD တစ်ဦးဖြစ်သူ ကိုရှင်းသန့်၏ သမီးငယ် မရွှေပန်းချီ
အသက် (၁)နှစ်(၉)လအတွက် အရေးပေါ်သွေးလိုအပ်လျှက်ရှိနေပါသည်။
ကလေးငယ်မှာ သွေးလွန်တုပ်ကွေးဝေဒနာဖြင့် ရန်ကုန်ကလေးဆေးရုံကြီး
သွေးလွန်တုပ်ကွေး အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ဆေးကုသမှု
ခံယူလျှက်ရှိနေပါသည်။ကလေးငယ်အတွက် လိုအပ်နေသောသွေးအမျိုးအစားမှာ
အလွန်မှ ရှားပါးလှသည့် AB Negative ဖြစ်နေပါသည်။
မိမိတို့လက်လှမ်းမီသ၍ လိုအပ်သော သွေးလှူရှင်ရရှိနိုင်အောင်ဆောင်ရွက်ပေးကြ
စေလိုပါသည်။ ယခု Post ရေးသားပြီးချိန်အထိ ကလေးငယ်အား သွေး(၄)ပုလင်း
သွင်းကုသပေးခဲ့ရပါသည်။ 25.1.2011 နေ့လည်ခန့် အချိန်တွင်လည်း အရေးပေါ်
အခြေအနေအထိဖြစ်သွားခဲ့သည်ဟုလည်းသိရပါသည်။ ယခုအချိန်တွင်ကလေးငယ်
အား ဆရာဝန်တစ်ဦးမှ အမြဲမပြတ်စောင့်ကြပ် ကြည့်ရှုကုသပေးနေရကြောင်းကိုလည်း
စိတ်မကောင်းစွာဖြင့်ကြားသိရပါသည်။
ကလေးငယ်အား အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေကြောင်းနှင့် လိုအပ်လျှက်
ရှိသည့် သွေးအမျိုးအစားအားလည်းအမြန်ဆုံးရရှိနိုင်ပါစေကြာင်းဆုတောင်းရင်း
သွေးအလှူရှင်များကို ဖိတ်ကြားအပ်ပါသည်........
သွေးလှူနိုင်ရန်အတွက် ဆက်သွယ်ရမည့် ဖုန်း - 01-73136948


သွေးအလှူခံထားခဲ့သော ကိုရှင်းသန့်၏ ချစ်လှစွာသော ရင်သွေးငယ် မရွှေပန်းချီသည်
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၅)ရက်၊ အင်္ဂါနေ့ ညနေ (၆)နာရီ၊ (၂၀)မိနစ်တွင် ရန်ကုန်မြို့
အလုံမြို့နယ်ရှိ ကလေးအထူးကုဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ပါသည်.............


Htet Naing

Htet Naing
Moderator



Moderator
ကြားရတာ အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်ဗျာ။
ကိုရှင်းသန့် နဲ့ ထပ်တူထပ်မျှလဲ ၀မ်းနည်းမိပါတယ်။
Sad Sad Sad

rat

rat
MITR Reader



MITR Reader
မရွှေပချီ လေးအတွက် ၀မ်းနည်းပါတယ်ဗျာ ကို ရှင်းသန့်တို့မိသားစုနှင့်အတူ ၀မ်းနည်းမိပါတယ်ဗျာ ကျွန်တော်က အိုသွေးပါ လက်လှမ်းမှီသလောက်မေးကြည့်ပါသေးတယ် ကြားလိုက်ရတဲ့သတင်းအတွက် စိတ်မကောင်းပါဘူးဗျာ

eliza

eliza
MITR New User



မရွှေပန်းချီ၏ အသုဘရှု၊ ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ

[မရွှေပန်းချီ အသက် (၁) နှစ် (၉) လ]

၂၅ ရက် ဇန်န၀ါရီလ ၂၀၁၁ ခုနှစ် (အင်္ဂါနေ့) ညနေ ၆ နာရီ ၁၅ မိနစ်တွင် ၉၆ပါးသောရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ရှိသွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ် ကို ၂၇ ရက် ၊ ဇန်န၀ါရီလ ၂၀၁၁ ခုနှစ် (ကြာသပတေးနေ့) နံနက် ၁၁ နာရီ အချိန်တွင် ရေဝေးအအေးတိုက်မှ ရေဝေးသုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။

ကွယ်လွန်သူအား ရည်စူး၍ ဘုရားအမှုးရှိသော ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ဒါတပ္ဗ၀တ္တု အစုစုတို့ကို ဆပ်ကပ်လှူဒါန်း ရေစက်ချ၊ အမျှပေးဝေမည်ဖြစ်ပါ၍ ၃၁ ရက်၊ ဇန်န၀ါရီလ၂၀၁၁ ခုနှစ် (တနင်္လာနေ့) နံနက် (၇)နာရီ မှ (၁၁) နာရီ အထိ၊ အိမ်အမှတ် (၂၁၆)၊ မြင်တော်သာလမ်း၊ ၆ အနောက်ရပ်ကွက်၊ သာကေတမြို့နယ်။ သာကေတ ရုပ်ရှင်ရုံ နှင့် ကျန်းမာရေးမှတ်တိုင်ကြား ( Royal Golden Farmer Internet ) သို့တရားတော်နာ ကြွရောက်ပါရန် ညိုးငယ်သောစိတ်ထားဖြင့် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

မှတ်ချက်

စတင်ထွက်ခွာမည့်နေရာ ။ ။ အိမ်အမှတ် ၂၁၆။ မြင်တော်သာလမ်း၊ ၆ အနောက်ရပ်ကွက်၊ သာကေတမြို့နယ်။ သာကေတ ရုပ်ရှင်ရုံ နှင့် ကျန်းမာရေးမှတ်တိုင်ကြား (Royal Golden Farmer Internet)
စတင်ထွက်ခွာမည့်အချိန် ။ ။ နေအိမ် မှ ကားများ နံနက် ၁၀ နာရီ တွင် စတင်ထွက်ခွာပါမည်။
ဘတ်စ်ကားလမ်းညွန် ။ ။ လိုင်းကားများ ၃၄၊ ၃၅၊ ၄၉၊ ၆၂၊ ၇၃၊ ၁၀၅၊ ၁၀၆၊ ကားများစီးပြီး သာကေတ ရုပ်ရှင်ရုံ မှတ်တိုင် ဆင်းပါ။

bluehack

bluehack
Moderator



Moderator
ရန်ကုန်မှ Member များသွားကြစေလိုပါသည်ခင်ဗျား.....................
Admin မှ လူများကတော့ မဖြစ်မနေသွားကြစေလိုပါသည်...............

(တိုက်တွန်းတာပါနော်......)

eliza

eliza
MITR New User



မနက်ဖန် ဈာပနကိစ္စအ၀၀တွင် ကျွန်တော်နှင့် ကိုဆာမူရိုင်း ၊ Myanmar Cyber မှ မန်ဘာများ၊ ရတနာပုံဖန်မှ မန်ဘာများသည် ကိုရှင်းသန့်နေအိမ်တွင် လိုက်ပါပို့ဆောင်ရန်အတွက် အဆင်သင့်ရှိနေမည်ဖြစ်ပါသည် ။
ဆက်သွယ်မေးမြန်းလိုပါက [You must be registered and logged in to see this link.] (eliza) ကို မေးမြန်းနိုင်ပါသည်ခင်ဗျာ ။ လိုင်းပေါ်တွင် အသင့်ရှိနေပေးပါမည်။

မိသားစုနှင့် ထပ်တူ ကြေကွဲရပါကြောင်း ...........။
Eliza @ John

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်တော့ ဒီညနေပဲ ကျောင်းကအပြန် ၀င်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ ကျောင်းစာမေးပွဲဖြေစရာရှိလို့ ကြာသပတေးနေ့ ကို လိုက်ပို့ ချင်ပေမယ့် မပို့ နိုင်တာကို တောင်းပန်ပါတယ်။

ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့ Forum အနေနဲ့ တစ်ခုခုကို စုပြီးစီစဉ်ရင်ကောင်းမလားလို့ ပါ။
ကျန်တဲ့ member တွေကောဘယ်လိုသဘောရပါသလဲ။

z3r0c00l

z3r0c00l
Administrator



Administrator
ရွှေပန်းချီ ကွယ်လွန်သွားတဲ့အတွက် ကိုရှင်းသန့်နှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲမိပါတယ်။ ကျွန်တော် ဒီနေ့ ငပလီ ကိုအလုပ်ကိစ္စနဲ့သွားရပါမယ်။ ဈာပနကိုတော့ မမှီတော့ပါဘူး။ ရက်လည်ကိုတော့ လာနိုင်အောင်ကြိုးစားပါ့မယ်။
ကိုရှင်းသန့်ရေ..........ဈာပနလိုက်မပို့နိုင်တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ။

bluehack

bluehack
Moderator



Moderator
ထက်နိုင် wrote:
ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့ Forum အနေနဲ့ တစ်ခုခုကို စုပြီးစီစဉ်ရင်ကောင်းမလားလို့ ပါ။
ကျန်တဲ့ member တွေကောဘယ်လိုသဘောရပါသလဲ။

ကျွန်တော့်အနေနဲ့တော့ လုပ်သင့်တယ်လို့ထင်ပါတယ်...
တစ်ခုခုပေါ့ဗျာ.... ကိုရှင်းသန့်ကိုအားပေးကူညီရာလဲ..
ရောက်အောင်တော့ တစ်ခုခုပေါ့...........
ဟား........................စိတ်မကောင်းဘူးဗျာ....
ကျွန်တော်

sHa92

sHa92
Founder



Founder
စာမေးပွဲနဲ့ တိုက်နေလို့ ဈာပနာတော့ လိုက်မပို့ပေးလိုက်နိုင်ဘူး...
ရက်လည်ကိုတော့ လာဖြစ်အောင် လာခဲ့ပါမယ်...

ကျွန်တော်လည်း ကို ရှင်းသန့် နဲ့ အတူထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်....
သမီးလေး မရွှေပန်းချီ ကောင်းရာသုဂတိလားပါစေ...

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
ရက်လည်ကို alt.332, sHa92, zeroc00l တို့ က လာမယ့်တင်္နလာနေ့ (၃၁.၁.၂၀၁၁)မှာ ကုန်သည်လမ်းရှိ
Mr Brown (ယခင် KMD ရုံးချုပ်အနီး၊ Technoland အနီး) မှာ မနက် ၇ နာရီ လူစုပြီးသွားမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ သင်္ဃန်းကျွန်းကနေပြီးတော့ သွားမှာဇြစ်ပါတယ်။ အကြောင်းတစ်ခုခုရှိရင် အောက်ပါနံပါတ်များသို့ ခေါ်ဆိုနိုင်ပါတယ်။ ကိုဆိုလာကော လိုက်မလားမသိဘူး။

ထက်နိုင် (၀၉ - ၅၁၀ ၇၁ ၃၇)
သီဟ (၀၉ - ၅၄၀ ၈၂ ၁၉)

ဒီလောက်ပဲသိလို့ ဒီလောက်ပဲရေးပေးထားပါတယ်။

solakoko

solakoko
Moderator



Moderator
ကိုရှင်းသန့် ရေ... အဲလောက် မထင်ခဲ့ဘူး
ကလေး ကောင်းရာသုဂတိလားပါစေဗျာ

ရက်လည်ကို လာနိုင်အောင် ကြိုးစားပါ့မယ်ဗျာ

Soro

Soro
MITR New User



I am really sorry, Ko Shin Thant and all member becourse my blood type is AB although I don't know negative or not. I haven't logged on MITR these days. I apologize you, Ko Shin Thant. I feel guilty. I am really sorry.

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com