Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

aung myint tun

aung myint tun
MITR New User



McWill ဖုန်းနဲ့ CDMA 800 ဖုန်းဘယ်ပာာပိုကောင်းလဲ....
ဘယ်ပာာသုံးရတာပိုအဆင်ပြေလဲ.......
လိုင်းကကောဘယ်ပာာပိုကောင်းလဲ.....
ဝယ်မယ်ဆိုရင် ဘယ်ပာာဝယ်သင့်လဲ.....

bluehack

bluehack
Moderator



Moderator
အမှန်ကတော့ သူ့ဟာနဲ့သူအားသာချက်တွေရှိနေတယ်ဗျ။
MC Will ဖုန်းလို့ခေါ်တဲ့ ဖုန်းစနစ်က 3.5G လို့ပြောထားပါတယ်။
ဖုန်းလိုင်းတွေရဲ့ Carrier Wave ပေါ်မူတည်ပြီးညွှန်းဆိုထားကြ
သလို မျိုးဆက်လို့လဲပြောလို့ရပါတယ်။
3G,3.5G,4G ဆိုပြီးပြောထားကြပါတယ်။

တောင်ကိုရီးယားနိုင်ငံဆိုရင် CDMA ကိုတစ်နိုင်ငံလုံးမှာသုံးပါတယ်။
ကိုယ်နိုင်ငံမှာသုံးတဲ့စနစ်ပေါ်မှာမူတည်ပြီး လိုင်းအခြေအနေအပြောင်း
အလဲဖြစ်နိုင်ပါသေးတယ်။ အဲ အခုလောလောဆယ်တော့ MC Will အား
သာချက်ကတော့ Internet ကို 1M အထိသုံးစွဲခွင့်ရတာပါပဲ။
အရင်တုန်းကတော့ GSM တွေမှာ internet သုံးစွဲခွင့်ပေးခဲ့ပေမယ့်
လူသိနည်းခဲ့ပါတယ်။ အခုတော့ ဒီစနစ်ဟာ လူသိများတဲ့စနစ်တစ်ခု
ဖြစ်သွားပါပြီ။ နောက်ထပ်လဲ ဒီ့ထက်ကောင်းတဲ့ Service တွေကို
ရတနာပုံတယ်လီပို့ကပေးနိုင်လိမ့်မယ်လိုဲ့ထင်မိပါတယ်။ အာရှနိုင်ငံတွေ
ထဲမှာတောင် ရှားရှားပါးပါးရှိနေသေးတဲ့ NGN(New Generation Network)
ကိုသုံးစွဲပြီးပေးမယ့်စနစ်ဖြစ်နေလို့ပါပဲ။

Zer0

Zer0
MITR New User



CDMA ကတော့ phone connection နေရာမှာ McWill ထက်သာလိမ့်မယ်ထင်တယ်။
CDMA က 450 Mhz & 800 Mhz ဆိုပြီးနှစ်မျိုးရှိပါတယ်။
ဒါပေမဲ့ McWill က 400 Mhz ပါ။
Internet သုံးချင်တယ်ဆိုရင်တော့ McWill ကိုဝယ်ပေါ့ဗျာ ဟုတ်ဘူးလား။
အစ်ကို မန္တလေးကဆိုရင်တော့ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ cyber city မှာပြပွဲရှိပါတယ်။

http://www.myanmarlinks.net

U Tun

U Tun
MITR New User



CDMA800က ခုဆိုမန်းတလေးနဲ့ရန်ကုန်မှာအင်တာနက်သုံးလို့ရပါပြီးလို့ပြောတယ် တစ်မိနစ်ကို4ကျပ် တနာရီဆို240ကျတယ်လို့သိရတယ် CDMA450 ကတော့နောက်မှရမယ်လို့်ကုမုဒြာ မှာဖတ်ရတယ်

sHa92

sHa92
Founder



Founder
speed အနေနဲ့ကတော့ ဘတစ်ပြန် ၊ ကျားတစ်ပြန် ပါဘဲ... တကယ်မြန်တဲ့အခါမှာတော့ 800 က ပိုမြန်ပါလိမ့်မယ်...
ဖုန်း + internet သုံးမယ့်သူဆိုရင်တော့ 800 ရွေးပေါ့..

Internet ချည်းသုံးချင်တာဆိုရင်တော့ ဖိုင်ဘာ စောင့်လိုက်စေချင်ပါတယ်... (ဖုန်းအသစ်ဝယ်ရမယ့်သူဆိုရင် ၊ ဘယ်လောက်မှ မကွာတော့ပါဘူး)
တကယ်တော့ တစ်မိနစ် ၄ ကျပ်ဆိုတာ ၊ ဆိုင်မှာ သွားသုံးတာထက် ပိုကုန်တာ သိလာပါလိ့မ်မယ်.. Internet ကို ကျွန်တော့်လို တစ်နေကုန်သုံးမယ်ဆိုရင်ပေါ့... ၂ ပတ်တည်းနဲ့ ၂ သောင်းခွဲ ထွက်ပါတယ်... အခု ကတ်အသစ်ကလည်း ၁ ပတ်အကုန်မှာ ၁ သောင်းခွဲ နီးနီးရှိနေပါပီ... ဆိုင်မှာသုံးတုန်းကတောင် ဒီလောက် မကုန်ဘူး.. ရေတံခွန်က ရေလို ၊ ပိုက်ဆံအိတ်ထဲက ခြင်္သေ့လေးတွေ ခုန်ထွက်လာပါလိမ့်မယ်... Razz
အဲဒီ့တော့ လပေးနဲ့ သုံးရတဲ့ဟာကိုသာ သုံးပါလို့ တိုက်တွန်းပါတယ်... Very Happy

http://www.myanmaritresource.info

nGr69

nGr69
MITR Reader



MITR Reader
ဖိုင်ဘာက ရန်ကုန်မှာ ဘယ်တော့လောက် ရမယ်လို့ ကြားထားလဲမသိဘူး
ကျွန်တော်လည်းဖိုင်ဘာကိုစောင့်နေတာ Sleep
လာမယ်လာမယ်ဆိုပြီး ပေါ်မလာသေးဘူးဗျာ

Htet Naing

Htet Naing
Moderator



Moderator
nGr69 wrote:ဖိုင်ဘာက ရန်ကုန်မှာ ဘယ်တော့လောက် ရမယ်လို့ ကြားထားလဲမသိဘူး
ကျွန်တော်လည်းဖိုင်ဘာကိုစောင့်နေတာ Sleep
လာမယ်လာမယ်ဆိုပြီး ပေါ်မလာသေးဘူးဗျာ
အကိုက ဘယ်မှာနေတာလဲဗျ။ ကျွန်တော်ကတော့ သင်္ကန်းကျွန်းဆိုတော့ Fiber နဲ့ တော်တော်ကိုလိုသေးတယ်။
SkyNet ရဲ့ MPS ကော စိတ်မ၀င်စားဘူးလားဗျ။ ကျွန်တော်တော့ MPS ကိုစဉ်းစားနေတယ်။

nGr69

nGr69
MITR Reader



MITR Reader
ကျွန်တော်က ဗဟန်းမှာနေတာပါ
skynet ကိုစိတ်ဝင်စားပါတယ် ဒါပေမယ့် fiber ကပိုကောင်းမလားလို့ ပါ
skynet က 512 ကိုတစ်လ 5သောင်းဆိုတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်
(သုံးလစာ ကြိုသွင်းရတာကတော့ Crying or Very sad )

မနေ့ က skynet ရုံးမှာသွားမေးကြည့်တာ
ကွန်ကောင်းနေတဲ့ အချိန်ဆိုရင်တော့ 512 ကို 50 ကျော်လောက်ရပါတယ်လို့ ပြောပါတယ်
စမ်းဖို့ ချထားပေးတဲ့  စက်မှာ ဒေါင်းလုတ်ဆွဲကြည့်တာလဲ တကယ် 53/54 လောက်တက်ပါတယ်
ဒါတောင် IDM နဲ့ မဟုတ်သေးဘူးနော် Wink
(ကွန်မကောင်းတဲ့ အချိန်တော့မပြောတတ်ဘူး Rolling Eyes သူတို့ ကလည်းပြောပါတယ် ကွန်ကတော့
ကောင်းလိုက်မကောင်းလိုက်ဖြစ်တတ်ပါသတဲ့ ဗျာ Razz )

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com