Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Ko Phyo Gyi

Ko Phyo Gyi
MITR New User



ကျွန်တော့်မှာ External Hardisk တစ်လုံးရှိပါတယ်။ အရေးကြီးသော ဖိုင်များ နှင့် ကိုယ်ရေးကိုယ်တာ ဖိုင်များကို မည်သူမျှဖွင့်ကြည့်လို့မရစေရန် Password နဲ့လော့ခ်ချခြင်ပါတယ်။ ဘယ်လိုဆော့ဖ်ဝဲလ်မျိုးနဲ့့ဘယ်လိုလုပ်ရမယ်ဆိုတာ သိသောသူများ ဖြေကြားပေးစေချင်ပါတယ် Idea

နေဦးသစ်

နေဦးသစ်
MITR Reader



MITR Reader
အကိုရေ....
EASEUS Partition Master 6.1.1 Professional Edition နဲ့ လုပ်လို့ ရပါတယ် ဆိုတာလေးကို အသိပေးလိုက်ပါတယ်
ကျတော် ညကျရေးပေးပါ့မယ် ဗျာ... partition ပိုင်းနည်းကိုလည်း ကျတော် ဖိုရမ်ရဲ့ ဒီလင့်မှာရေးပေးထားပါတယ်
Code:
http://www.myanmaritresource.info/hardware-problems-f208/window-partition-tips-tricks-ebook-t3826.htm

'ဒီကောင်လေး နဲ့ ပဲ့ partition ပိုင်းတဲ့ အပိုင်းလေးပါဗျာ...

Htet Naing

Htet Naing
Moderator



Moderator
Ko Phyo Gyi wrote:ကျွန်တော့်မှာ External Hardisk တစ်လုံးရှိပါတယ်။ အရေးကြီးသော ဖိုင်များ နှင့် ကိုယ်ရေးကိုယ်တာ ဖိုင်များကို မည်သူမျှဖွင့်ကြည့်လို့မရစေရန် Password နဲ့လော့ခ်ချခြင်ပါတယ်။ ဘယ်လိုဆော့ဖ်ဝဲလ်မျိုးနဲ့့ဘယ်လိုလုပ်ရမယ်ဆိုတာ သိသောသူများ ဖြေကြားပေးစေချင်ပါတယ်။ Idea
Windows 7 မှာတော့ BitLocker ဆိုတာပါပြီးသားပါ။ Windows 7 သုံးတာဆိုရင်တော့ သီးခြား software မလိုပါဘူး။ ဒါပေမယ့် BitLocker သုံးလိုက်ရင် Windows 7 တင်ထားတဲ့ စက်တွေမှာသာ သုံးလို ့ပါမှာပါ။ XP လိုတခြား OS မှာ ဖွင့်ကြည့်လို ့မရပါဘူး။

Hero.K

Hero.K
MITR New User



True Crypt ဆိုတဲ့ encryption software ကိုသုံးကြည့်ပါလား
window / mac / linux အကုန်လုံးရတယ်
သုံးရတာလည်းလွယ်တယ်
ပြီးတော့ open source
Code:
http://www.truecrypt.org/

Tayzakoko

Tayzakoko
MITR New User



ေနဦးသစ္ wrote:အကိုရေ....
EASEUS Partition Master 6.1.1 Professional Edition နဲ့ လုပ်လို့ ရပါတယ် ဆိုတာလေးကို အသိပေးလိုက်ပါတယ်
ကျတော် ညကျရေးပေးပါ့မယ် ဗျာ... partition ပိုင်းနည်းကိုလည်း ကျတော် ဖိုရမ်ရဲ့ ဒီလင့်မှာရေးပေးထားပါတယ်
Code:
http://www.myanmaritresource.info/hardware-problems-f208/window-partition-tips-tricks-ebook-t3826.htm

'ဒီကောင်လေး နဲ့ ပဲ့ partition ပိုင်းတဲ့ အပိုင်းလေးပါဗျာ...

ကျနော်လဲ အစ်ကိုလို အခက်အခဲရှိခဲ့ဖူးပါတယ်။
ကျနော်လဲ Extra Hardisk ဂစ် 500 တစ်လုံးဝယ်ပြီး။
ကိုယ့် data တွေကို သူများစက်တွေမှာပါ ဖွင့်လို့မရအောင် ဘရ်လို စော့လ်ဝဲတွေ သုံးရမလဲ ဆိုတာ ရှာကြည့်ဖူးပါတယ်။
မိမိစက်အတွင်းမှာပဲဆိုရင်တော့ extra hardisk ကို partition လိုက် lock ချဖို့ စော့လ်ဝဲတွေ အများကြီးပါပဲ။
ဒါပေမဲ့ သူများစက်မှာ သွားတတ်လိုက်ရင် အဲ့ဒီ password က အလုပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံး စော့လ်ဝဲလေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
ဒါကတော့ lockngo ပါ။ ဒီကောင်က ဖိုင်ဆိုဒ်လေးလဲ သေးသေးလေးပါ။
ဒီကောင်အသုံးပြုပုံကတော့ မိမိလော့ချချင်တဲ့ extra hardisk ကို ကွန်ပျူတာမှာတပ် ပြီးရင် lockngo စော့လ်ဝဲလေးကို မိမိ lock ချချင်တဲ့ extra hardisk ရဲ့ partition ထဲကို ထည့် run ရပါတယ်။
run ပြီးသွားရင်တော့ ဒီကောင်လေးကို D_Click ပေးလိုက်တာနဲ့ user name နဲ့ password မိမိနှစ်သတ်ရာ ပေးလိုက်ပြီး အိုကေ ပေးလိုက်ရင်တော့ partition ထဲက data အားလုံး ပျောက်သွားပြီး lockngo ဖိုင်လေးတစ်ခုပဲ partiition ထဲမှာ ရှိတော့မှာပါ။
ဒါဆိုရင် ဘယ်စက်မှာပဲ ကျနော်တို့ Extra hardisk ကိုဖွင့်ဖွင့် ကျနော်တို့ lock ချခဲ့တဲ့ partition ကိုဖွင့်ချင်ရင် ကျနော်တို့ ပေးခဲ့ password နဲ့ user name သိမှ သုံးလို့ရပါလိမ့်မယ်။
user name , password မှန်သွားရင်တော့ ကျနော်တို့ lock ချတဲ့ data တွေကို ပြန်ဖြည်ထုတ်ပြီ သုံးလို့ရပါပြီ။

ဒါပေမဲ့ ကျနော် သုံးတုန်းက trial version ပဲ ရှာတွေ့ပါတယ်။ ငါ့အစ်ကို ရှာတတ်တယ် ဆိုရင်တော့ အဲ့ဒီ lockngo စော့်လ်ဝဲလေးက တော်တော်ကို ကောင်းပါတယ်လို့ .......

http://shwekyintharpoem.blogspot.com

နေဦးသစ်

နေဦးသစ်
MITR Reader



MITR Reader
Tayzakoko အကိုရေ.. ကျွန်တော့် ကိုပြောတာလား မသိဘူး ကျွန်တော်ကိုပြောတာမဟုတ်ဘူး မှားနေတယ်ဆိုရင် ရည်ညွန်းတဲ့နေရာလေးမှာ ပြင်ပေးပါဦး အကိုရေ...

Tayzakoko

Tayzakoko
MITR New User



ဟုတ်ပါတယ် အစ်ကို့ကို ပြောတာပါပဲ။ အစ်ကိုက ပို့စ်တွေလဲ တင်တာများတယ်။ လေ့လာမှုလဲ ရှိတော့ ကျွန်တော်ပြောတဲ့ စော့လ်ဝဲလေးကို ရှာတတ်မယ် ထင်လို့ပါ။ အခက်အခဲဖြစ်နေတဲ့လူလဲ အဆင်ပြေသွားအောင်လေ။
ကျွန်တော်လဲ full version လေးကို လိုချင်လို့ပါ။ ဒါကြောင့်ပါ။ ငါ့အစ်ကို အဆင်ပြေ ချောမွေ့ပါစေ။

http://shwekyintharpoem.blogspot.com

နေဦးသစ်

နေဦးသစ်
MITR Reader



MITR Reader
အော် အကို Tayzakoko
Sorry ပါဗျာ ကျွန်တော့ကို ပြောတယ် မထင်လိုပါ့ ကျွန်တော် ရှာကြည့်ပေးပါ့မယ် အကို

Ko Phyo Gyi

Ko Phyo Gyi
MITR New User



Windows 7 မှာတော့ BitLocker ဆိုတာပါပြီးသားပါ။ Windows 7 သုံးတာဆိုရင်တော့ သီးခြား software မလိုပါဘူး။ ဒါပေမယ့် BitLocker သုံးလိုက်ရင် Windows 7 တင်ထားတဲ့ စက်တွေမှာသာ သုံးလို ့ပါမှာပါ။ XP လိုတခြား OS မှာ ဖွင့်ကြည့်လို ့မရပါဘူး။
ကိုထက်နိုင်ရေ.......
အဲဒါကို ကျွန်တော်ရဲ့ Memory Stick ထဲမှာ စမ်းကြည့်ပြီးပါပြီ။ လုံးဝအဆင်မပြေဘူးဗျ။ ဒီပြင်စက်ပြောင်းသုံးလိုက်တာနဲ့ ဘာမှဖွင့်ရတော့ဘူး။ အဲလိုဖြစ်ရင် ကျန်တဲ့သူတွေက ဘာဖိုင်တွေမှန်းမသိဘူး Virus ဆိုပြီး Format ချလိုက်ကျတယ်..။ ကုန်ရောဗျာ...။ အဲလိုပဲ နောက်တစ်ခုရှိသေးတယ် Partition ခွဲပြီးတော့ ကုဒ်နဲ့ လော့ချတာ အဲဒါလဲ အဲလိုပဲ ဘာမှန်းမသိဘူးဆိုပြီး Delete လုပ်လိုက်တော့ ကုန်ရော....။ ကဲ.......... ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာမသိတော့ပါဘူးဗျာ...။ နောက်ဆုံးစဉ်းစားမိတာတော့ Locker အသေးတစ်လုံးဝယ်ပြီးတော့ သော့သာ ခတ်ထားတာအကောင်းဆုံးဖြစ်မယ်လို့ထင်တယ်.............။ (စဉ်းစားမိတာပါ)
အကြံတွေဝိုင်းပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.................
ကိုတေဇကိုကိုပြောတာလေးလဲ ကျွန်တော်ကျိုးစားရှာနေပါတယ်ဗျာ.....။
ဒါပေမယ့် အခုထိတော့ မတွေ့သေးပါဘူး.......................Sad(

အားလုံးကိုကျေးဇူးတင်လျက် scratch

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com