Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Zer0

Zer0
MITR New User



ကျွန်တော် စိတ်ထဲမှာဇြစ်လာတဲ့ဟာကို ပြောကြည့်တာပါ။
ဒီ site ရဲ့ Design နဲ့ Color တွေကိုပြောင်းသင့်ပြီလို့ထင်ပါတယ်။
ဒီလို Black စတိုင်ကို မကြိုက်လို့လဲမဟုတ်ပါဘူး။
ဒါပေမဲ့ အမြဲတမ်းကြီးတော့မကောင်းဘူးထင်တာပဲ။
Sleep
[You must be registered and logged in to see this link.] လိုမျိုး ဖြစ်ဖြစ်ပေါ့။
အခုနောက်ပိုင်း အရင်ကလောက် post တင်တဲ့လူတွေ၊ ဆွေးနွှေးတဲ့သူတွေ နည်းသွားတယ်။
Site ရဲ့ Design ကြောင့်လို့ထင်ပါတယ်။
ဒီ site ကိုစ ၀င်ကတည်းက ကျွန်တော့အတွက် ပညာတွေ အများကြိး ရခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော် ဖတ်ခဲ့ဖူးသမျှ စာအုပ်တွေနဲ့ လေ့လာခဲ့ဖူးတဲ့ အတွေအကြုံတွေအရတော့ UI ဆိုတာလည်း အလွန်အရေးကြီးတဲ့ အခန်းကနေပါနေပါတယ်။
ဒါကြောင့် Site ရဲ့ Design ကိုပြောင်းသင့်ပြီလို့ ထင်ပါတယ်။
Admin များ မသင့်တော်တဲ့ post လို့ထင်ရင် ပယ်ပစ်လို့ရပါတယ်။
Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep Sleep

http://www.myanmarlinks.net

solakoko

solakoko
Moderator



Moderator
သင့်တော်တဲ့ ပို့ စ် ပါဗျ
ထောက်ခံပါဒယ်..ကျေးဇူးလဲတင်တယ်
ကျနော်လဲ ဒီဇိုင်းအလန်းလေးနဲ့ မြင်ချင်ပါတယ်

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဒီ ဟာလေးကိုပိုကြိုက်ပါတယ်..... အပြောင်းအလဲကိုမကြိုက်တာမဟုတ်ပါဘူး ဒါလေးကိုကြိုက်တာပါ။ ဒါဆိုလဲ ဒီမိုက
ရေစီဆန်ဆန် မဲလေးတောင်းပြီးလုပ်ပေါ့ လုပ်မယ်ဆိုရင်လဲ။ ပိုစ့်တင်နဲတာကတော့ တခြားအကြောင်းရှိမှာပါ

Fox

Fox
MITR Reader



MITR Reader
ဒီဇိုင်းလန်းပြီး ကော်နက်ရှင် လေးသွားဦးမယ် ... Razz gmail လို load basic html လေးထည့်ပေးမယ်ဆိုရင် ဆိုးဘူး Razz

bluehack

bluehack
Moderator



Moderator
အခုလို အကြံပေးတာကျေးဇူးတင်ပါတယ်။ Smile
ကျွန်တော်တို့တွေ Design ပြောင်းဖို့တိုင်ပင်ကြည့်
ပါအုံးမယ်။

sHa92

sHa92
Founder



Founder
Design ပြောင်းရန်လိုအပ်ချက်များ

၁- လူ

ကျွန်တော် Designer မဟုတ်ပါ။ ထို့အတွက် Designer လိုပါသည်။

၂- ငွေ

Interface တစ်ခုကို အသေးစိတ်ကျကျ Free ဆွဲပေးမည့် Designer မရှိပါ။ ထို့အတွက် ငွေ လိုပြန်ပါသည်။
Coding အတွက် ကျွန်တော်ကိုယ်တိုင် ရေးနိုင်သဖြင့် Coder ဖိုးမပါသေး။

၃- အချိန်

Designer ရလာ၍ Design တစ်ခု PSD ဖြင့်ထွက်လာသောအခါ Coding ရေးရပါမည်။ သာမာန် HTML/CSS ရေးပုံမျိုး နှင့်မတူဘဲ System နှင့် ကိုက်ညီသော ဘောင်ထဲမှ ရေးရမည့်အတွက် အချိန်လိုပါသည်။ ကျွန်တော် အရင်လောက် အချိန်အများကြီး မပေးနိုင်တော့ပါ။ သို့သော် ယခုရက်ပိုင်းတွင် တစ်ရက် ၄ နာရီခန့် ပြန်ဝင်နေဆဲဖြစ်ပါသည်။

ယခုရရှိထားသော Interface သည် ရက်ပေါင်းများစွာအတွင်းမှာ ၊ လူ ၁၀ ယောက်ခန့် မရရသည့် Forum ရဲ့ ဘောင်ကို ကျော်ခွပြီးလုပ်ထားခြင်းဖြစ်ပါသည်။ ပြန်ပြင်မည်ဆိုပါက ထိုထက်မကသော အချိန် နှင့် လူအင်အား လိုအပ်ပါမည်။

အခြား မမြင်နိုင်တဲ့ လိုအပ်ချက်များ ကျန်ပါသေးတယ်.

----------------
UI သည် အရေးကြီးပါသည်။ မှန်ပါသည်။ MMTuts တွင် မကြာခဏ ပိုစ့်များတွင် ပါလေ့ရှိပါသည်။ သို့ပေမယ့် တစ်ဖက်တွင်လည်း Content is the King ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင် ဒီထဲကို မလာတာ ၄ လခွဲခန့်ရှိပါပြီ... အဓိကကတော့ နံပါတ် ၁ လိုအပ်ချက် "လူ" ကြောင့်ပါ.
ဒီ Forum မှာ Article တွေ ဒိုင်ခံဆွေးနွေးနိုင်တာ ဘယ်သူမှမရှိပါ။ ကျွန်တော်လည်း မပါပါ။ MMTuts မှာလို ကိုသီဟ လို Tech Writer တစ်ယောက်လောက် ဒီကို မျက်စိလည်ရောက်လာဦးတော့ ၊ Article တွေရေးနေဦးတော့ ၊ ကြာကြာခံမည်မဟုတ်ပါ။ အပြန်အလှန် ဆက်နွယ်မှု မရှိလို့ဖြစ်ပါတယ်။

ရေးတဲ့သူကရေး ၊ နောက်က ကျေးဇူးတင်တာလောက် တက်လာ။ တစ်ခါတစ်လေဆို ဘာမှကိုတက်မလာတာမျိုး။ နောက်ပြီး သင်ခန်းစာတွေရေးပေးရင် ၊ တကယ်လည်း လိုက်လုပ်ကြည့်ကြတာမဟုတ် ၊ ကျေးဇူးတင်တယ်ဆိုတဲ့ spam ပိုစ့်လောက်နဲ့တင် ပြီးပြီးသွားပြီး ၊ မရဘူးဆိုပြီး ပြန်မေးတဲ့ မေးခွန်းမျိုး လုံးဝ မရှိပါဘူး။ စာရေးပေးလိုက်တဲ့ လူတွေလိုချင်တာ ၊ သင်ခန်းစာလုပ်လိုက်လို့ တက်လာမယ့် Error လေးတွေကို ပြန်မေးတာမျိုးလောက်လိုချင်ကြတာပါ။

အဲဒီ့လို ပြန်လည် နွေးနွေးမှုမရှိဆိုရင် ရေးတဲ့သူအတွက် အားမဖြစ်စေပါဘူး။ သေချာသတိထားကြည့်မယ်ဆိုရင် MMTuts ရဲ့ အဓိက Quality က Comments တွေထဲမှာ ရှိနေတာပါ။

နောက်ပြီး Template ဆွဲပြီ။ ပြီးပြီ ဆိုပါတော့။ အထဲက တကယ့်အနှစ်ဖြစ်တဲ့ Content များကို ဖြည့်ပေးရန် မည်သူ အာမခံပါမည်နည်း... အနည်းဆုံး ၂ ယောက် အာမခံရင် ကျွန်တော် စဆွဲပါမယ်။ Forum ၂ နှစ်ပြည့်မှာ အမှတ်တရ အပြီးထုတ်ပေးပါမယ်။ နောက်ပြီး Content မှာလည်း အဲဒီ့ အာမခံ ၂ ယောက် ဆက်ပြီးရေးနေသ၍ ၊ ရှိနေသ၍ ကျွန်တော် အားတက်သရောနဲ့ ဆောင်းပါး ၊ ဘာသာပြန် ၊ Tutorials စတာတွေရေးပေးပါမယ်...

ကျွန်တော့်အနေနဲ့ အကြံပေးလှုံ့ဆော်ပေးတဲ့ ကို YanNaing ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီလို လှုံ့ဆော်ပေးတဲ့သူရှိမှလည်း သိကြမှာကိုး...
အပေါ်မှာ ပြောသွားတာတွေကလည်း အစ်ကို့တစ်ယောက်ထဲကို ပြောတာမဟုတ်ပါ.. အခုလို လှုံ့ဆော်ပေးတာ ကျေးဇူးလည်းတင်ပါတယ် ၊ Reply ပြန်မိလို့ အားလည်းနာပါတယ်။ ဒါပေမယ့် အခုလို အခွင့်အရေးရတုန်း အားလုံးသိစေချင်လို့ Forum ကို ပြန်လာပြီးနောက်ပိုင်းမှာ ပထမဆုံး အနေနဲ့ စာအရှည်ကြီး Reply ပြန်မိပါတယ်..

အစဉ်ကျေးဇူးတင်လျက်
စွမ်းထက်အောင်

စာကြွင်း။ ။ ကျွန်တော့်ရဲ့ signature ကိုကြည့်ရင် ကျွန်တော် ဘာကြောင့် ဒီကို ပြန်လာသလဲဆိုတာ ခန့်မှန်းမိပါလိမ့်မယ်။ ဒါပေမယ့် စောင့်ကြည့်နေတုန်းပါဘဲ။ တကယ်လုပ်ဖြစ်ဖို့ကတော့ ပံ့ပိုးမှုတွေ အများကြီးလိုနေပါသေးတယ်။



Last edited by sHa92 on 29th January 2011, 12:14 am; edited 2 times in total

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
နောက်တစ်ခုက အောက်က Link မှာလည်း ကျွန်တော်တို့ စထားတာလေးတွေရှိပါတယ်...
အစ်ကိုလည်း သိပါလိမ့်မယ်..

ကျွန်တော်ကိုယ်တိုင်လည်း အဲဒါကို ပြီးပြတ်အောင် လုပ်ချင်နေပါတယ်...

Code:
http://www.myanmaritresource.info/t3114-mitr-20-step-by-step-building-announcement

ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပါဘဲ ကျွန်တော်တစ်ယောက်ထဲ အင်အားနဲ့တော့ ဘယ်လိုမှ ရွေ့လာမှာမဟုတ်ပါဘူး...

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com