Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
အင်တာနက်၊ အီးမေးလ် သုံးစွဲမှု မြင့်မားလာသည့် မြန်မာနိုင်ငံတွင် Gmail ကဲ့သို့ အခမဲ့သုံးစွဲနိုင်သည့် Ymail ဝန်ဆောင်မှုတစ်ရပ်အား အောက်တိုဘာ ၁၇ ရက်တွင် လွှင့်တင်မည့် ရတနာပုံနေရှင်နယ် ဝက်ဘ်ပေါ်တယ် ဝက်ဘ်ဆိုက်တွင် စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

"Gmail မှာဆိုရင် Google အကောင့်ရှိသူတွေအချင်းချင်းပဲ ချက်တာ၊ မေးလ်ပို့တာတွေပဲ ပြုလုပ်နိုင်ပါတယ်။ ရတနာပုံမှာ အသင်းဝင်ထားမယ် ဆိုရင် Ymail အသုံးပြုနိုင်တဲ့အပြင် Ymail to MSN, Ymail to Yahoo, Ymail to Gtalk စတဲ့ ကြိုက်ရာ အကောင့်တွေနဲ့ပါ တွဲဖက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်" ဟု ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း အင်တာနက် အီးမေးလ် အသုံးပြုသူ များပြားလာသည့်အတွက် ယခုကဲ့သို့ Ymail အခမဲ့ ဝန်ဆောင်မှုကို ပြုလုပ်သွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ အီးမေးလ် သုံးစွဲသူ အများစုသည် အသုံးပြုရလွယ်ကူသည့် Gmail ဝန်ဆောင်မှုကိုသာ အသိများပြီး တခြားအသုံးပြုနိုင်သေးသည့် Instant Messaging များကိုမူ လူသိနည်းသေးကြောင်း ယင်းက ဆက်လက်ပြောသည်။ ယင်းဝန်ဆောင်မှုကို နိုင်ငံတကာ အဆင့်မီစေရန်အတွက် ပြည်ပပညာရှင်များနှင့် ပြည်တွင်းရှိ နည်းပညာ company များသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်စေပြီး Ymail ဝန်ဆောင်မှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်၊ အီးမေးလ်သုံးစွဲသူ ရာခိုင်နှုန်း ၈၀ ကျော်သည် Gmail ကိုသာ အဓိကထားသုံးစွဲနေပြီး Facebook ကဲ့သို့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီ ဖြစ်သည်။

အဆိုပါ ရတနာပုံ ဝက်ဘ်ပေါ်တယ် ဝက်ဘ်ဆိုက် www.yatanarpon.com.mm တွင် Ymail သာမက တခြားသတင်းအချက်အလက်နှင့် နည်းပညာရပ်များအား စုံစုံလင်လင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ref:The Flower News

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com