Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
ဒီနေ့ 
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ
ဆိုတဲ့ခေါင်စဉ်နဲ့  သတင်းတစ်ပုဒ်ဖတ်ရပါတယ်။
အဆိုပါသတင်းထဲမှ သတင်းစာသားအချို့ ကိုသာ MITR Member များသို့ ဖော်ပြပေးလိုက်ပါတယ်။
အောက်တွင်ကြည့်ပါ။

ထိုင်း နိုင်ငံချင်းမိုင် မြို့ တွင် အခြေစိုက်သော မြန်မာ သတင်းဌာန တစ်ခုဖြစ်သည့် ဧရာဝတီ သတင်းဌာန နှင့် နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ သတင်းဌာန အင်တာနက်စာမျက်နှာများမှာDDoS စနစ်ဖြင့် တိုက်ခိုက်မှု ခံရသည် ဟု သတင်းရရှိသည်။

ထိုသို့ တိုက်ခိုက်ခံရမှု များကြောင့် ဧရာဝတီ သတင်းဌာန ၏ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် သတင်းတင်ဆက်ထားသည့် စာမျက်နှာများမှာကြည့်ရှု ၍ မရဖြစ်ခဲ့သည်။ ယခု တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာန ၏ တည်ထောင်သူ နှင့် အယ်ဒီတာချုပ် ဖြစ်သူဦးအောင်ဇော်က ယခုတိုက်ခိုက်ခံရမှု မှာ ၂၀၀၈ ခုနှစ်နောက် ပိုင်းတွင် ဒုတိယမြောက် အကြီးမားဆုံးဖြစ်ပြီး ပို၍ လည်းစွမ်းအား ပြင်းထန် လာသည် ဟု Freedom News Group သို့ ပြောသည်။

မဇ္ဈိမ သတင်းဌာန ၏ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် သတင်းတင်ဆက်ထားသည့် စာမျက်နှာများမှာလည်း ယမန် နေ့ ကတည်းက ကြည့်ရှုမရ ဖြစ်နေသည်။

တိုက်ခိုက်မှု အသေးများမှာ မရေမတွက်
နိုင်အောင် ရှိသည်ပြီးလွန်ခဲ့သည့် သတင်း ပတ်များ အတွင်း Burmese Hackers အမည်ဖြင့် ဧရာဝတီ ၏ အွန်လိုင်း ရင်းမြစ် တစ်ခု သို့ ဝင်ရောက် ကာ သတိပေး အမှာစကားထားခဲ့သည် ဟု ဦးအောင်ဇော်က ပြောသည်။
တိုက်ခိုက်မှုများ အား ကျွမ်းကျင် သူများ နှင့် စစ်ဆေးနေပြီး မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်
ကို ဧရာဝတီ သတင်းဌာန ၏ မိတ်ဆွေများ က စုံစမ်းနေသည် ဟု သိရသည်


သတင်းထဲမှ တိုက်ခိုက်ခံရမှုစာရင်းထဲမှာ မပါသော
အခြားဝဘ်ဆိုဒ်များလဲ ရှိပါတယ်။အဲဒါတော့...ပြောတော့ဘူး..။ကိုယ်ဝင်ကြည့်လိုက်လို့ 

Network Error (tcp_error)
A communication error occurred: "Connection refused"
The Web Server may be down, too busy, or experiencing other problems preventing it from responding to requests. You may wish to try again at a later time.
For assistance, contact your network support team.


ဆိုပြီးပေါ်လာခဲ့ရင် သေချာပါပြီ
သူလဲ DDOS စာရင်းထဲပါသွားပါပြီလို့ မှတ်ပေတော့။
အဆင်ပြေကြပါစေ။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com