Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

bluehack

bluehack
Moderator



Moderator
စာဖတ်သူများကြုံမကြုံတော့ကျွန်တော်မပြောတတ်ဘူးဗျာ။ အခုတလောတော့ ကျွန်တော်တို့ရုံးမှာတော့ မကွေးFC
တော်တော်လေးကိုသောင်းကျန်းနေတယ်။ ကျွန်တော် အရင်တစ်ခေါက်တုန်းကတော့ မကြုံလိုက်ရဘူး။
ဒီတစ်ခေါက်တော့ ကျွန်တော်ကိုယ်တိုင်ကြုံဖြစ်တော့တယ်။ အရင်တုန်းက မကွေးကို သတ်ဖို့အတွက် Removal တွေနဲ့ တစ်ခါတည်းသတ်လိုက်လို့ရတယ်လို့ပြောပါတယ်။ အခုကျွန်တော်ကြုံရတာကတော့
Removal နဲ့ သတ်လိုက်ပေမယ့် သူကမသေဘူးဗျ တစ်ခါ သတ်လိုက်ပြီးရင်(၃-၅)မိနစ်လောက်ဆိုရင်
ပြန်တက်လာတယ်။ အရင်တုန်းကတော့ မတက်ဘူးလို့တချို့ကတော့ပြောကြပါတယ်။ အခုကျွန်တော်သတ်
ဖြစ်တဲ့နည်းလမ်းလေးကို ပြန်ပြီးအားလုံးနဲ့ဆွေးနွေးကြည့်ချင်ပါတယ်။ ကျွန်တော်က မကွေးဖြစ်နေတဲ့စက်ကို
ဒီဆိုဒ်ထဲကပဲရတဲ့ Script ရယ်၊ မကွေး Removal နှစ်မျိုးရယ်နဲ့ပေါင်းပြီးသတ်ပါတယ်။ ပထဆုံးအနေနဲ့
သူကဖွင့်ခွင့်ပေးထားတဲ့ gpedit.msc ထဲက User Configuration အောက်က Windows Setting
ထဲက Script(Logon/Logoff) ကိုသုံးပါတယ်။ Script Logon ထဲမှာ ကျွန်တော်က ဒီဆိုက်ထဲက ရတဲ့
Shell Script ရယ်၊ mgyVirusRemoval.exe ရယ်ကို ထည့်ထားပေးလိုက်ပြီးတော့ စက်ကို Restart
ပြန်လုပ်လိုက်ပါတယ်။ စက်ပြန်တက်လာတော့ သူတို့တွေRun တယ်ပေါ့ဗျာ။

ပြီးသွားတော့မှ MgyVirusCleaner.exe ကို run လိုက်ပါတယ်။ အဲဒါတွေပြီးသွားတဲ့ အချိန်မှာမှ ကျွန်တော်
Restart ပြန်ချပြီးတော့ Safe Mode ထဲကိုဝင်ပါတယ်။ အဲဒီကမှ မကွေးကြောင့်ပွားသွားတဲ့ exe.exe.exe
လေးတွေကို Search လုပ်ပြီး ဖျက်ပါတယ်။ အဲဒါတွေအားလုံးပြီးသွားတဲ့အချိန်မှာ Registry ထဲမှာmgy.exe
နဲ့ပက်သက်တာကိုရှာပြီးဖျက်ပါတယ်။ ဖျက်ပြီးသွားတဲ့အချိန်မှာ ကျွန်တော် Icon များ နဂိုပုံမှန်ပြန်ဖြစ်အောင်
SXELL32.dll ဆိုပြီးသူပြောင်းသွားခဲ့တဲ့ အရာတွေကို ရှာပြီးတော့ Windows Default ဖြစ်တဲ့ shell32.dll
ဆိုတဲ့ ဖိုင်နဲ့ အစားပြန်လိုက်ထိုးလိုက်ပါတယ်။

အဲ နောက်တစ်ခုကျန်သေးတယ်ဗျ။ msconfig ထဲက Startup မှာ Desktop ဆိုတဲ့နာမည်နဲ့ Run တာတစ်
ခုရှိပါတယ် အဲဒါကိုလဲ အမှန်ခြစ်ကလေးဖြုတ်ပေးရပါတယ်။
ကျွန်တော် ဒီလိုနည်းနဲ့ မကွေးကို သတ်ပါတယ်ဗျာ [You must be registered and logged in to see this image.] ။ ယခု ဒီစာကိုဖတ်တဲ့စာဖတ်သူအနေနဲ့ ကျွန်တော်ရဲ့
Virus ရှင်းလင်းနည်းကို ဘယ်လိုများမြင်ပါသလဲခင်ဗျ။ ဝိုင်းဆွေးနွေးပေးကြပါဦး။ [You must be registered and logged in to see this image.]

တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ Working File လေးကို ဒီVirus ကြောင့်ပြန်သုံးလို့ရချင်
မှရနိုင်ပါလိမ့်။

solakoko

solakoko
Moderator



Moderator
ဟိုမှာလဲ မကွေး.ဒီမှာလဲ မဂွေး နဲ့ ပါပဲ။
မကွေး FC ကို နာမည်ကြီးစေချင်တာလား နာမည်ဖျက်ချင်တာလား သေချာမသိပါ။
သေချာတာကတော့ တော်တော်သောင်းကြမ်းနေတယ် ဆိုတာပါပဲ..။
ကျနော့စက်တွေတော့ မ၀င်သေးပါဘူး။
ဒါပေမဲ.
ဘယ်အချိန် ရောက်လာမလဲ မသိ
ရောက်လာရင်လဲ ဘယ်လိုလုပ်ရမလဲ မသိ
တတ်သလောက် မှတ်သလောက်လေးနဲ့ တော့ virus အလွယ်တကူ မကိုက်နိုင်အောင် လုပ်ထားတာပဲ။

ထားပါ..။ ။

တစ်လက်စတည်းဗျာ
ကျနော်တို့  MITR ၀ိုင်းတော်သားများ စုပေါင်းပြီး
Mgy အကိုက်ခံရတဲ့ ညီငယ် ညီမငယ်တို့ အတွက် mgy ၀င်ရောက်ခဲ့ပါက ဘယ်လို သတ်ရမယ် ဆိုတာနဲ့ 
Mgy အကိုက် မခံရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ တတ်သလောက် မှတ်သလောက်လေး ၀ိုင်းဆွေးနွေးပေးကြဖို့  တောင်းဆိုအပ်ပါတယ် ခင်ဗျ။

ကိုအသဲကွဲကြီး ရဲ့ Mgy သတ်နည်းကို ဘယ်လိုမှမမြင်ပါဘူးခင်ဗျ
သိချင်တာက အဲဒီနည်းနဲ့ သတ်တာ အဆင်ပြေလား မပြေဘူးလား..ဆိုတာလေးပဲ သိချင်ပါတယ်။
ဒါမှ ဗိုင်းရပ်စ် ၀င်လာခဲ့ရင် ဘယ်လိုနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့ စဉ်းစားလို့ ရမှာမို့ ပါ။
အဆင်ပြေတယ်ဆိုရင်တော့ ကိုအသဲကွဲ နည်းအတိုင်း လုပ်လိုက်ယုံပဲလေ။


OK Virus Cleaner CD ရဲ့ Mgy update အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Magway FC ( MGY ) Virus သည် July ၁ရက်နေ့ခန့်မှ စပြီး ယခင် ပျံနှံ့
ဖျက်ဆီးပုံထက် ပိုမိုဆိုးရွားစွာ
ပျံနှံဖျက်ဆီးလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခင်က MGY ၀င်သောစက်များတွင်
စက်တွင်း ၀င်ရောက်နေသော virus file များဖြစ်သည့်
System32\{271287-000021-100287-705016} Folder အတွင်းမှ mgy.exe,
smss.exe, csrss.exe, lsass.exe, icserv.exe တို့အနက်မှ mgy.exe,
smss.exe, csrss.exe file များသာ Process အနေဖြင့် အလုပ်လုပ်ပြီး
ထင်ရှားသည့် effect အနေဖြင့်လည်း Magwy FC logo မှာ taskbar
ညာဘက်ထောင့်နားတွင် တစ်ခါတစ်ရံမှသာ ပေါ်လာသော်လည်း၊ July 1 ရက်နေ့ (Virus
အား Timer ဖြင့် ပြုလုပ်ထားမည့်ရက်ဟု ယူဆပါသည်) နောက်ပိုင်းတွင်
ကျန်ရှိနေသော lsass.exe, icserv.exe file များလည်း အလုပ်လုပ်လာပြီး
ဆိုးကျိုးနှင့် effect များ အလွန်အန္တရာယ် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
Magway FC Virus ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးနှင့် Virus effect များမှာ
- Task manager, command, search, registry, folder option များ
ပိတ်သွားခြင်း - Start Menu သည် MaGway FC ဟု ပြောင်းသွားခြင်း - Desktop
ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway FC Logo တစ်ခု မကြာခဏ
တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကြားရခြင်း
- Desktop ပေါ်ရှိ Shortcut နှင့် File ပျောက်သွားခြင်း၊
- MyComputer, MyDocument များအပါအ၀င် File Icon များ ဘောလုံးပုံစံပါ Logo များအဖြစ်ပြောင်းသွားခြင်း
- HardDisk Partation များတွင် Folder များသာကျန်ရှိပြီး အတွင်းမှ file များ ပျောက်သွားခြင်း
- HardDisk Partation တိုင်းတွင် 15MB (16033KB) Virus File များကို Diskspace မကျန်အောင် ပွားများစေခြင်း
- နောက်ဆုံးတွင် အဆုံးရွားဆုံးအနေဖြင့် Data များ သိမ်းဆည်းထားသော
HardDisk Partation (e.g. D:, E:) များအတွင်းရှိ User Data File များသည်
(16033KB) အရွယ် File size ပြောင်းလဲသွားပြီး၊ ၎င်း file name များဖြင့် .exe
extenstion များ ဖြင့် အဆင့်ဆင့်ပွားများသွားခြင်း (e.g. file name =
photo.jpg ဆိုလျှင် photo.jpg.exe, photo.jpg.exe.exe,
photo.jpg.exe.exe.exe, photo.jpg.exe.exe.exe.exe စသည်ဖြင့် ) Harddisk
နေရာအလွတ် Diskspace ရှိသလောက် ပွားများပြီး၊ သိမ်းထားသော Data
အားလုံးပျက်စီးစေနိုင်ပါတယ်။
Magway FC Virus (mgy) Virus ၀င်ရောက်ခြင်းခံရပါက ပြုလုပ်ရန်
- Magway FC Virus ကို ယခင် နည်းလမ်းများ ဖြင့်ရှင်းလင်းပါက Virus File
အချို့ကိုရှင်းလင်းနိုင်သော်လည်း၊ ပွားများနေသော Virus File များ၊ Virus
ကြောင့်ဖြစ်ပေါ်လာသော Effect များကျန်ရှိခြင်းနှင့် Data File
များပျက်စီးခြင်း စသည့်ပြဿနာများရှိနိုင်ပါသည် - Magway FC Virus သည်
Desktop ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway FC Logo တစ်ခု
မကြာခဏ တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကို ကြားနေရချိန်တွင်
အထက်ဖော်ပြပါဆိုးကျိုးနှင့် Virus Effect များပြုလုပ်ခြင်း၊ File များကို
ဖျက်စီးခြင်းတို့ကို တစ်ဆင့်ခြင်းပြုလုပ်ပါသည်၊ Virus
ဝင်ရောက်ခြင်းခံရသည်နှင့် ချက်ခြင်းဖြစ်ပေါ်ပျက်စီးခြင်း ဖြစ်သည်မဟုတ်ပါ။
သို့ပါသော်ကြောင့် Virus ၀င်ရောက်ပါက အချိန်မဆွဲပဲ
အမြန်ဆုံးရှင်းလင်းခြင်း၊ ကိုယ်တိုင် မပြုလုပ်တက်ပါက Technician များ
နှင့် ပြသခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ virus
ရှင်းလင်းခြင်းမပြုလုပ်ရသေးခင် ၀င်ရောက်ခံရသော ကွန်ပျူတာကို
ဖွင့်မထားသင့်ပါ၊ ကွန်ပျူတာဖွင့်ထားသည့် အချိန်ကြာလာသည်နှင့်အမျှ system
နှင့် File များ ပျက်စီးမှုပိုများနိုင်တယ်။ လက်ရှိအနေဖြင့် virus နှင့်
virus effect များကိုရှင်းလင်းနိုင်သော်လည်း ပျက်စီးသွားသော file များ
ပြန်လည်ရယူရန် မလွယ်ကူပါ။ ထို့ကြောင့်အထူးဂရုပြုသင့်ပါတယ်။

solakoko

solakoko
Moderator



Moderator
ဆက်ပြီးတော့ mgy နဲ့ ပတ်သတ်ပြီး IT Men ဆီမှ ဖတ်ခဲ့ရတဲ့ mgy ရှင်းနည်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျ

အရင်ဆုံး MGY Virus ၀င်ရင် ဘယ်လိုလက္ခဏာဝင်လဲဆိုတာကိုတော့ အသိတော့ အသိသာကြီးပါ။ ထုံးစံအတိုင်း Task Manager, Folder Option ပိတ်သွားတယ်။ Start Menu က Start နေရာမှာ MagwayFC ဆိုပြီး ပြောင်းသွားတယ်။ Start Menu ထဲက My Computer Link တွေ Control Panel Link တွေရဲ့ icon က မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ txt, bat, com ဖိုင်တွေရဲ့ icon တွေလည်း မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ ပြီးတော့ Welcome to Magway FC ဆိုပြီး အနီရောင်နောက်ခံနဲ့ box လေးက Taskbar ရဲ့ ညာဘက်မှာ အမြဲတမ်း ပေါ်လာပါတယ်။ Folder တွေ တစ်ခုမှ ဖွင့်မရတော့ဘူး။ ဘယ် Software မှ တင်လို့ မရတော့ဘူး။ နောက်ပြီး Start>All Programs ထဲက Program တွေလည်း တစ်ခုမှ မရှိတော့ဘူး။ Program တွေကို ဖျက်လိုက်တာမဟုတ်ပါဘူး။ .lnk တွေကို hidden လုပ်လိုက်တာပါ။

အဲဒီလိုတွေ အရမ်းများတာမို့ ဗိုင်းရပ်စ်သတ်ပြီးရင် Windows ပြန်တင်လိုက်တာက အမြန်ဆုံးနည်းပါ။ တစ်ခု ရှိတာက မကွေးကို မသတ်ပဲနဲ့ Windows ပြန်တင်လည်း ခဏပါပဲ။ မကွေးက ပြန်ဝင်မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက D: တွေ E: တွေထဲမှာပါ ၀င်ကုန်တာကိုး။ ဒါကြောင့် သတ်ပြီးမှ တင်ပါ။
ဒါပေမဲ့ လိုင်စင် Windows ကြီးဆိုရင်တော့ အောက်မှာ ရေးထားသလို အသေးစိတ်သတ်ပြီး ပြင်ပေးမှ ရပါမယ်။ မဟုတ်ဘဲနဲ့ လိုင်စင် Windows ကြီး ဖျက်ပြီး ခိုးကူး Windows ကြီး ပြန်တင်ပေးရင်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် လိုင်စင် Windows ဆိုရင်တော့ ထစ်ခနဲရှိ Windows ပြန်တင်ရတာမျိုးတော့ လုပ်မရတော့ဘူးပေါ့။ မသကာ Recovery လုပ်တာက အလွန်ဆုံးပဲ။

သတ်နည်းလေး ပြောပါဦးမယ်။ လိုအပ်တာတွေက
(၁) Hiren Boot CD
(၂) CCleaner
(၃) Tuneup Utilites
(၄) RRT, HijackThis
(၅) XYPlorer

မကွေးဝင်တာနဲ့ တပြိုင်နက် ကွန်ပျူတာကို မသုံးပါနဲ့တော့။ ချက်ချင်းပိတ်လိုက်ပါ။ ပြီးရင် Hiren နဲ့ Boot တက်ပါ။ အဲဒီထဲက Mini Windows XP နဲ့ boot တက်ပါ။ Mini Windows XP တက်လာရင် C: ထဲက mgy.exe, autorun.inf တွေကို ဖျက်ပစ်လိုက်ပါ။ ပြီးတော့ ရှိပြီးသား Folder တွေနဲ့ နာမည်တူ .exe ဖိုင်တွေ၊ .lnk.exe ဖိုင်တွေ အကုန်ဖျက်ပါ။ C:\Windows ထဲက mgy.exe ကိုလည်း ဖျက်ပါ။ System32 ထဲက 27 နဲ့ စတဲ့ Folder နဲ့ mgy.exe ကိုလည်း ဖျက်ပစ်ပါ။ C: ထဲက System Volume Information နဲ့ Recycler, Recycled တွေကိုလည်း ဖျက်ပါ။ တခြား D: တွေ E: တွေထဲက mgy.exe ကို ရှာဖျက်ပါ။ မကွေးက ပွားလိုက်တဲ့ .exe ဖိုင်တွေဟာ 15.6 MB တွေ ချည်းပဲ ဖြစ်ပါတယ်။

မကွေးနဲ့ သူ့အပေါင်းအပါတွေကို ရက်ရက်စက်စက် သတ်ပြီးသွားရင် HDD ထဲက Windows ပြန်တက်လိုက်ပါ။ RRT နဲ့ ပိတ်ထားတာတွေကို ပြန်ဖွင့်မယ်။ HijactThis နဲ့ Autorun တွေ ဖြုတ်မယ်။ Software တွေ တင်မရ အောင် လုပ်ထားတာကို Registry ထဲမှာ DisableMSI key ရှာပြီး Value ကို 0 ပေးလိုက်ပါ့မယ်။

Icon တွေကို Windows Default အတိုင်း ပြန်ဖြစ်စေဖို့အတွက် Tune up သုံးရင် ရပါတယ်။ မကွေးက shell32.dll အစား sxell32.dll အစားထိုးလိုက်တာမို့ အဲဒီလို ဖြစ်သွားတာပါ။

နောက်ပြီး မကွေးဖျောက်ထားတဲ့ ဖိုင်တွေက Super Hidden တွေဖို့ Folder Options က Show Hidden နဲ့ဆို မြင်ရမှာမဟုတ်ပါဘူး။ XYplorer နဲ့တော့ မြင်ရမယ်။ ပြီးရင် XY နဲ့ attribute တွေဖြုတ်လိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။ Start Menu ထဲက ပျောက်နေတာတွေကိုလည်း XY နဲ့ပဲ ပြန်ဖော်လို့ရပါတယ်။

Start Menu မှာ MagwayFC ဖြစ်နေတာကိုတော့ Resource hacker ကို အသုံးပြုပြီး
Code:
http://www.theeldergeek.com/change_text_on_xp_start_button.htm
မှာ ရေးထားတဲ့အတိုင်း Start ဆိုပြီး ပြန်ပြောင်းလိုက်ပါ။

ဒါဆိုရင် မကွေးလည်း သေသွားပါပြီ။ Windows လည်း ပြန်ကောင်းသွားပါပြီ။ Windows ကို ပိုသန့်သွားအောင် Command Prompt ကိုဖွင့်ပြီး sfc /scannow ပေးလိုက်ပါ။

bluehack

bluehack
Moderator



Moderator
ကျွန်တော်တို့ရုံးကစက်တွေကို ကျွန်တော်တော့ ဒီနည်းလမ်းနဲ့ပဲသတ်ဖြစ်ပါတယ်။
Folder တွေပျောက်နေတာကိုတော့ Command ထဲကနေ Attrib -A -S -H
-R /S /D ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်ပြီးတော့ ပြန်ဖေါ်ပါတယ်။ အရင်တုန်းက
အတိုင်းအကုန်ပြန်ပေါ်ပါတယ်။အားလုံးအဆင်ပြေပါတယ်။ တခြားဘာမှထပ်ဖြစ်တာ
ွမတွေ့သေးပါဘူး။ ဒီ့ထက်ကောင်းတဲ့ နည်းလမ်းများရှိရင် ကျွန်တော်သုံးကြည့်ချင်ပါ
တယ်။ အခုပျံ့ နေတဲ့အကောင်က Network ကနေဖြစ်နေတဲ့အတွက် ကျွန်တော်
အခုလာမည့် တနင်္ဂနွေနေ့မှာ စက်အားလုံးကို Network ကြိုးတွေဖြုတ်ပြီးသတ်ပါ့မယ်။
အဲဒီ့အတွက် ရုံးမှာရှိနေမယ့်သူတွေကို အကူအညီတောင်းပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။
တခြားနည်းလမ်းရှိတယ်ဆိုရင်တော့ ကျွန်တော်တို့အဲဒီ့နေမှာ ပိုပြီးထိထိရောက်ရောက်နှိမ်နှင်း
နိုင်မှာဖြစ်ပါတယ်။

မျှော်လင့်နေပါတယ်ဗျာ။ [You must be registered and logged in to see this image.]

redcrane

redcrane
MITR New User



အခု မကွေး အကောင် ကိုသတ်ရတာ အရင်လောက် မခက်ခဲတော့ ပါဘူ့း့  ဒါပေမဲ့ အကောင်ကြောင့် corrupt ဖြစ်သွားတဲ့ File တွေကို ဘယ်လို recovery ပြန်လုပ်ကြမလဲ့  နည်းလမ်းလေးတွေ မျှကြပါဦ့း့ 

bluehack

bluehack
Moderator



Moderator
Recover My File နဲ့ရောပြန်ရှာကြည့်သေးလား။
သူနဲ့ဆိုရင်တော့ပြန်ရတတ်ပါတယ်(အနည်းအကျဉ်း [You must be registered and logged in to see this image.] )
ကျွန်တော်တို့သုံးနေတဲ့ Data Back တွေဘယ်
လောက်ကောင်းကောင်း တကယ်တမ်းပြောရရင်
အားလုံးပြန်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အမှန်တကယ် ပျက်စီးသွားတဲ့ဒေတာ တွေကိုပြန်
ပြီးတော့ ရဖို့ဆိုတဲ့နေရာမှာ ကျွန်တော်ကြားဖူးတာလေးကို
ပြောပြချင်ပါတယ်။
တကယ်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
အရမ်းလဲစိတ်ဝင်စားဖို့ကောင်းသလို အရမ်းလဲသတိပြုစရာ
ကောင်းပါတယ်။ ဖြစ်ပုံက ရုံးတစ်ရုံးမှာပါ။ နှစ်ပေါင်း (၄၀)
နီးပါး ထိန်းသိမ်းလာတဲ့ Server အကြောင်းတစ်စုံတစ်ရာ
ကြောင့်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီ့အထဲက ဒေတာတွေကို
ပြန်လည်ရရှိဖို့ နိုင်ငံခြားကနာမည်ကြီးကုမ္ပဏီ တစ်ခုနဲ့ချိတ်
မိပါတယ်။ ဈေးနှုန်းက USD $ သိန်းဂဏန်းတောင်းပါတယ်။
ပျက်သွားတဲ့သူတွေကလဲပေးမယ်ပေါ့။ ဒါပေမယ့် အဲ့ဒီ့ ကုမ္ပဏီ
ကပြောတယ် ဒေတာအားလုံးပြန်ရပါမယ်လို့ အာမ မခံပါဘူးတဲ့။

ဒါကိုကြည့်ရင် ကျွန်တော်တို့တတွေအတွက် သတိထားစရာ
တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကို Red Crane ရေ ကျွန်တော်ကတော့
အဲဒီ့အကြောင်းကြားပြီးကတည်း Format တို့ Shift+Delete
တို့ကို လုပ်ရမယ်ဆိုရင် တော်တော်လေးစဉ်းစားပြီးမှ လုပ်ဖြစ်တော့
ပါတယ်။ [You must be registered and logged in to see this image.]

bo bo

bo bo
MITR New User



မကွေး မကွေးနဲ့ ၁ကွေးထဲကွေးနေတော့တာပဲ...တော်တော်ဆိုးတဲ့အကောင်...တုပ်ကွေးတောင်မှသူ့ လောက်
ဆိုးမယ်မထင်ဘူး ဆေးသောက်ရင်ပျောက်သွားမှာ(ရောဂါကိုပြောတာနော်)...အဲဒီမကွေးကတော့တော်တော်
ဦးနှောက်စားတဲ့အကောင်...မကွေးRemover နဲ့ တောင်မသေချင်ဘူး...ကျွန်တော်ကအဲဒီ mgy.exe ကိုသတ်ရမယ်နည်းလမ်းတော့မသိဘူးဗျာ့...ဒါပေမဲ့မ၀င်အောင်တားလို့ ရတဲ့ဆော့ဖ်ဝဲတော့ရှိတယ်...
အဲဒီဆော့ဖ်ဝဲသွင်းထားလို့ ကတော့ မကွေးဆိုတဲ့အကောင်ဝင်လို့ တောင်မရဘူး တစ်ခါတည်းနဲ့ နားကားသွားမယ်
ကျွန်တော်ပြောတဲ့ဆော့ဖ်ဝဲနာမည်က Virus Effect Remover ပါ။ အဲဒီဆော့ဖ်ဝဲက တော်တော်လေး Function စုံတယ်ဗျာ့။ ဆော့ဖ်ဝဲကောင်းတယ် မကောင်းဘူးဆိုတာကိုတော့ အစ်ကိုတို့ အစ်မတို့ သုံးကြည့်ပြီးမှာ ဆုံးဖြတ်ကြည့်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီဆော့ဖ်ဝဲလေးကို ကောင်းတယ်လို့ ပြောချင်တယ်။
Code:
http://www.virussecurelab.com/Download.html
[You must be registered and logged in to see this image.]

pooqee

pooqee
MITR Reader



MITR Reader
ကျွန်တော် ကတော့ okviruscleaner က တင်ထားတဲ့ software လေး နဲ့ အဆင်ပြေသွားတယ် ဗျာ ဒီကောင်က တော်တော်လေးကို ဆိုးတာ ဗျာ မနည်း လိုက် ရှင်းရတယ် အားလုံးပဲ ကျွန်တော် လင့် ပြန်ပေးထားမယ်နော် အောက် က လင့်မှာ ဆွဲပြီး သတ်ကြည့်လိုက်ပါ အားလုံး အဆင်ပြေသွားပါမယ်
ှShort link
[You must be registered and logged in to see this link.]
Full Link
[You must be registered and logged in to see this link.]

http://www.myanmarspace.com

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com