Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
ဗြိတိသျှကောင်စီ၏ စာမေးပွဲများဌာနမှ IELTS စာမေးပွဲ ဖြေဆိုသူ ထူးချွန်
ကျောင်းသားများ အတွက် စာမေးပွဲကြေးငွေ ပြန်အမ်းပေးမည့် အစီအစဉ်
တစ်ရပ်ကို ၂၀၁၀ ဇူလိုင်လ IELTS စာမေးပွဲမှ စတင် မည်ဖြစ်ကြောင်း
ဝမ်းမြောက်စွာ ကြေညာအပ် ပါသည်။

IELTS စာမေးပွဲ၏ reading၊ writing၊ listening၊ speaking အပိုင်း
လေးခုစလုံးတွင် တစ်ခုချင်း band score 8.0 နှင့် အထက် ရရှိသော
ထူးချွန် ကျောင်းသားများ အားလုံးအား IELTS စာမေးပွဲကြေး ၁၄၅ ဒေါ်လာ ကို
ပြန်အမ်းပေးမည် ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်သည် IELTS ဖြေဆိုသူများအား band score ကောင်းကောင်း
ရရှိအောင် စာပိုမိုကြိုးစား စေလိုရန် နှင့် IELTS စာမေးပွဲ ကို
အမှတ်ကောင်းကောင်း ဖြင့် အောင်မြင်ခြင်းဖြင့် စာမေးပွဲကြေးကို
ဆုကြေးအဖြစ်ပြန်လည်ရရှိ စေသဖြင့် စာမေးပွဲဖြေသည့် ပုံစံထက်
ပြိုင်ပွဲဝင် သကဲ့သို့ အပြိုင်အဆိုင် ယှဉ်ပြိုင် စေလိုချင်း
ဖြစ်ပါသည်။

ဆုရရှိသူများအားလည်း ၎င်းတို့၏ ကြိုးစားမှုနှင့် အောင်မြင်မှု အတွေ့
အကြုံကို ဗြိတိသျှကောင်စီမှ အင်တာဗျူးလုပ်ပြီး Myanmar Network နှင့်
British Council website တို့မှတဆင့် ကမ္ဘာပေါ်ရှိ အခြား ထောင်ပေါင်း
များစွာသော IELTS ဖြေဆိုသူများအား မျှဝေရန် ရည်ရွယ်ထား ပါသည်။

ဤအစီအစဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ အား
Code:
[Only admins are allowed to see this link]
သို့ဆက်သွယ် မေးမြန်း
ပါရန်။


(ET)ညအလင်္ကာ
Resource
Code:
http://www.myanmar-network.net/page/ielts-ielts-for-free?page=2

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com