Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Mg Ko Ko

Mg Ko Ko
MITR New User



CD ခွေထဲမှာထည့်ထားတဲ့ဖိုင်တွေထဲက
ကြိုက်တဲ့ဖိုင်ကို ရွေးဖျက်လို့ရတယ်ဆိုတာ စာဖတ်သူ ယုံပါ့မလား။ အဲဒါတင်
မကပါဘူး။ စီဒီခွေကူးတဲ့အချိန်ဆိုတာ မရှိတော့ဘဲနဲ့ စီဒီခွေကို Memory Stick
သုံးသလို သုံးလို့ရသွားပြီ ဆိုရင်ကော။

အဲဒီအကြောင်းလေး မဟသေးခင် UDF File System ဆိုတာကို အရင်ပြောချင်ပါတယ်။
အရင်တုန်းက CD ခွေ တွေမှာ သုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။ အခုတော့
အဲဒီ CDFS အစား UDF ကို အသုံးများလာပါပြီ။ CDFS နဲ့ UDF ဘာကွာသလဲဆိုတော့
CDFS ဟာ ခွေကူးချိန်ဆိုတာ သက်သက်ပေးရပါတယ်။ ကူးမဲ့ဖိုင်တွေ ရွေးရမယ်။
ပြီးတော့ အကုန်လုံးကို တပြိုင်နက် ကူးရပါတယ်။

UDF ကတော့ အဲဒီလိုမဟုတ်ပါဘူး။
ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင်ချင်းစီ ထည့်လို့ရမယ်။ ထည့်ထည့်ချင်း
Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ်။ အဆုံးသတ်ကျမှ
Session ကို ပိတ်ပေးရပါတယ်။

ကဲ Windows 7 ပေါ်မှာ UDF ကို အသုံးပြုပြီး ခွေကူးကြည့်ရအောင်။

၁။ ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။
၂။ ပြီးရင် ခွေထဲကို ထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို ကော်ပီကူးပါ။ Computer ထဲက ကိုယ့် Drive ကို ဖွင့်ပြီး Paste လုပ်ပါ။
၃။ အဲဒီအခါ အောက်မှာပြထားသလို Box တစ်ခုပေါ်လာပါလိမ့်မယ်။ Use a USB Flash Drive ကို ရွေးပြီး OK နှိပ်လိုက်ပါ။

<img border="0">
၄။ အဲဒီအခါမှာ Windows 7 ဟာ ခွေလွတ်ကို UDF File System အနေနဲ့ Format ချပါလိမ့်မယ်။

<img border="0">
၅။ Format
ရိုက်ပြီးသွားရင် အစောက ကော်ပီကူးခဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။ Windows
7 က အဲဒီဖိုင်ကို ခွေလွတ်ထဲ ချက်ချင်းထည့်ပေးပါလိမ့်မယ်။
၆။ နောက်ထပ် ဖိုင်တွေကိုလည်း Copy/Paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။
၇။
ပြီးသွားရင် Drive က Eject ခလုတ်ကို နှိပ်ပြီး ခွေကို ထုတ်လိုက်ပါ။ ခွေက
ချက်ချင်းထွက်လာဦးမှာ မဟုတ်ပါဘူး။ Windows 7 က ခွေကို Session
ပိတ်ပါလိမ့်မယ်။ အဲဒါလေးကို ခဏစောင့်လိုက်ပါ။
၈။ ဟော ပြီးသွားပါပြီ။

ဖျက်နည်း
၁။
အဲဒီခွေကိုပဲ Drive ထဲ ပြန်ထည့်ပါ။ ခွေထဲက ကြိုက်တဲ့ဖိုင်ကို ရွေးပြီး
ဖျက်လိုက်ပါ။ ပျက်သွားပါလိမ့်မယ်။ ကဲ RW ခွေ တွေ သုံးစရာမလိုတော့ဘူးနော်။

Credit to Myanmaritmen



Last edited by Fox on 3rd August 2011, 9:10 pm; edited 3 times in total (Reason for editing : Give Credit)

ko htet

ko htet
MITR Reader



MITR Reader
Nero startmart မှာတော့ UDF ကိုတွေ့ဘူးတယ်..
အဲဒါနဲ့ကောရမလားမသိဘူး...

http://deviljim.multiply.com

water

water
MITR Reader



MITR Reader
ကျနော် XP မှာတော့ စမ်းကြည့်တယ်.... Multi session ကို အမှန်ခြစ်လေးလုပ်ပေးမှ ဖျက်လို့ရတာ..ဒါပေမဲ့ ဖျက်တာ မဟုတ်ဘူးခင်ဗျ.... cd ပေါ်မှာ data ရှိတဲ့ session အလုပ်မလုပ်အောင် ပိတ်လိုက်တာနဲ့တူတယ်... ပြီးတော့မှ free ဖြစ်တဲ့ session မှာ ကူးတာပါ...

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com