Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
စင်္ကာပူနိုင်ငံ Ascensia Academy နှင့် CROWN Education တိုပူးပေါင်း ၍
အမေရိကန်၊ အင်္ဂလန် ၊ကနေဒါ၊ သြစတြေးလျ၊ မက္ကဆီကို မလေးရှား၊ အင်ဒိုနီးရှား
အပါဝင် နိုင်ငံတကာတက္ကသိုလ်ပေါင်း (၁၀၀)ကျော်သို့ စိတ် ကြိုက်ရွေးချယ် တက်
ရောက် နိုင်မည့် Global Assessment Certificate (GAC) ပရိုဂရမ် နှင့်
ဝင်ခွင့်လျှောက်ထားခြင်းများကို ဇူလိုင်လ ၂၄ရက်(စနေနေ့) နံနက် (၁၀)နာရီမှ
(၁၂)နာရီအထိ Summit Parkview Hotel တွင်ကျင်းပပြုလုပ်
မည်ဖြစ်ကြောင်းသိရသည်၊၊

GAC (Global Assessment Certificate) ပရိုဂရမ်သည် ကမ္ဘာ့ တက္ကသိုလ်များ၏
အသိအမှတ်ပြု Foundation ပရိုဂရမ် တစ်ခုဖြစ်ပြီး၊
ကျောင်းသူကျောင်းသားများ တက္ကသိုလ်များသို့ မတက်ရောက်မှီ လိုအပ်သော
ပြင်ဆင်မှု့ များကို ပြည့်စုံအောင်ပြင်ဆင်ပေးမည့် တက္ကသိုလ်အကြို
သင်တန်းတစ်ခုဖြစ်သည်ဟုသိရသည်၊၊

အဆိုပါပရိုဂရပ်တွင် အဆင့်သုံးဆင့်ရှိပြီး၊ ပထမအဆင့်အနေဖြင့်
ကျောင်းသူကျောင်းသားများကို အင်္ဂလိပ်စာ၊ သင်္ချာ၊ Information and
Technology, စီပွားရေးနှင့် သိပံ္ဖဘာသာရပ်များကို သင်ကြားပို
့ချမည်ဖြစ်ပြီး၊ ရွေးချယ်စရာအဖြစ် မိမိတို့ နှစ်သက်ရာ IELTS/TOEFL
ပြင်ဆင်ခြင်းကို ရွေးချယ် နိုင်သည်ဟုသိရသည်၊၊ အဆင့် ၂ နှင့် ၃ တွင်
စုစုပေါင်းဘာသာရပ် (၅)ခု အနက်မှ (၄) ခုရွေးချယ် တက်ရောက်
နိုင်သည်ဟုသိရသည်၊၊ အမေရိကန်ကျောင်းများကို လျှောက်ထားရာတွင် GAC
တင်ပြနိင်ပါ က SAT အမှတ်များသီးသန့် တင်ပြရန်မလိုအပ်ပဲ
လျှောက်ထားနိုင်သည်၊၊

သင်တန်းကာလ အားဖြင့် (၉)လမှ တစ်နှစ်အထိကြာမြင့်နိုင်ပြီး၊
လျှောက်ထားသူများ IELTS/TOEFL အမှတ်များ ရှိထားရန်မလိုအပ်ပဲ၊
၎င်းပရိုဂရမ်၏ သင်ကြားမှု့ တစ်စိတ်တစ်ပိုင်းအဖြစ် IELTS/TOEFL တို့ ကို
ထည့်သွင်း သင်ကြားမည်ဖြစ်သဖြင့်၊ မိမိတို့ 
သွားရောက်ပညာသင်ကြားလိုသည့်နိုင်ငံအလိုက် IELTS သို့ မဟုတ် TOEFL
ကိုရွေးချယ် သင်ယူနိုင်ပြီး၊ GAC သင်ကြားပို့ ခြမည့် Ascensia Academy
သည် GAC သင်ယူခွင့်ရှိသော စင်္ကာပူနိုင်ငံ၏ တစ်ခုတည်းသော EduTurst
လက်မှတ်ရကျောင်းဖြစ်သည်ဟုလည်းသိရသည်၊၊

GAC (Global Assessment Certificate) ကို နိင်ငံတကာပညာရေးအဖွဲ
့အစည်းများဖြစ်ကြသည့်၊
(1) American Council of Education (အမေရိကန်ပညာရေးကောင်စီ),
(2) National Academic Recognition Information Centre of United Kingdom
(UK NARIC),
(3) The New South Wales Vocational Education and Training
Accreditation Board (UK NARIC) စသည့်အဖွဲ့ အစည်းများမှ
အသိအမှတ်ပြုသည်ဟုသိရသည်၊၊

GAC ကိုထူးချွန်စွာဖြေဆိုအောင်မြင်သူများအနေဖြင့် သက်ဆိုင်ရာ
တက္ကသိုလ်များမှ ပညာသင်ထောက်ပံ့ကြေးများ လည်းရရှိနိုင်ကြောင်းသိရသည်၊၊

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com