Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

C0D3R

C0D3R
MITR Master



MITR Master
မင်္ဂလာပါလို့အရင်မိတ်ဆက်ပါရစေ
ကျွန်တော်အုပ်စုတစ်ခုလောက်လုပ်ချင်ပါတယ်
ဘာလုပ်ဖို့လဲလို့မေးမယ်ဆိုရင်တော့
သူများဆီကနေကျွန်တော်တို့အုပ်စုကအခွင့်အရေးတွေယူတာမျိုးပေါ့
မကောင်းတဲပအလုပ်တော့မဟုတ်ပါဘူး
ကျွန်တော်တို့အုပ်စုကသူတို့ဖြစ်ချင်တာကိုလုပ်ပေးပြီး
ကျွန်တော်တို့ရဲ့လိုအပ်မှူတွေကို သူတို့ဆီကနေပြန်ယူဖို့ပါပဲ့

ကျွန်တော်ကအုပ်စုမှာ လူတစ်ဆယ်လောက်လိုချင်ပါတယ်
ယုံကြည်မှူလည်းလိုအပ်ပါတယ်
အကယ်ရှ်များစိတ်ဝင်စားမယ်ဆိုရင်
အောက်ပါအချက်လက်များကိုပြောပြပေးပါ
1 သင့်ရဲ့ online nick name တစ်ခု
2 မိမိဖြစ်ချင်တဲ့ရည်မှန်းချက်
3 Online ပေါ်မှာအကျွမ်းကျင်ဆုံးအလုပ်
4 ၀ါသနာ
5 ယခုလေ့လာနေသောအရာ
6 သင်ရဲ့ အင်တာနက်အသုံးပြုမှု

လုပ်မယ်ဆိုရင်တော့ ဒီ post အောက်မှာဆက်ရေးနော်
နားမလည်ဘူးဆိုရင်ပွင့်ပွင့်လင်းလင်းမေးနိုင်ပါတယ် [You must be registered and logged in to see this image.]

http://www.myanmaritresource.info

water

water
MITR Reader



MITR Reader
စိတ်ဝင်စားပါတယ်......
ဒါပေမဲ့ အကိုရေ
ရည်ရွယ်ချက်ကို မရှင်းလင်းဘူး...
ကျွန်တော်တို့အုပ်စုကသူတို့ဖြစ်ချင်တာကိုလုပ်ပေးပြီး
ကျွန်တော်တို့ရဲ့လိုအပ်မှူတွေကို
သူတို့ဆီကနေပြန်ယူဖို့ပါပဲ့
ဆိုတာ ဘာကို ဆိုလိုတာလဲ မသိဘူးနော်..... [You must be registered and logged in to see this image.]
ပြီးတော့ အကို ရေရှည် တာဝန်ယူနိုင်မလား....
ကျနော် ဆိုလိုတာ က security team လို ဖြစ်မှာစိုးလို့... အခု ထိ ကို အကောင်အထည် မပေါ်သေးဘူး....အဖြစ်သဘောနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး...
ကျနော်ပြောတာ မှားရင် လည်း စိတ်မရှိပါနဲ့... သိချင်လို့ မေးလိုက်တာပဲရှိတာပါ

၁။ ကျနော် nick က water ပါ
၂။ ရည်မှန်းချက်ကတော့ network security officer တစ်ယောက်ဖြစ်ချင်တယ် [You must be registered and logged in to see this image.]
၃။ အွန်လိုင်းပေါ်မှာ တော့ google ကို သုံးရတာ အကျွမ်းဆုံးပဲ [You must be registered and logged in to see this image.]
၎။ ၀ါသနာကတော့ ဟို ကလိ ဒီ ကလိ ရတာ
၅။ လေ့လာ နေတာက ms ရဲ့ တိုးတက်လာမှု
၆။ အင်တာနက်ကိုတော့ တစ်ရက် ကို ၁:၃၀ လောက်ပဲ သုံးဖြစ်တယ်

လျှောက်လွှာ တင်လိုက်ပြီနော် [You must be registered and logged in to see this image.]

yarzarmin

yarzarmin
MITR New User



ကျွန်တော်လဲစိတ်ဝင်စားပါတယ်။
1။ nick က yarzarmin ပါ။
2။ စက်တွေနဲကွန်ပျူတာ ပေါင်းစပ်တဲ လုပ်ငန်း ကျွမ်းကျင်ချင်ပါတယ်။( Artificial Intelligence )
3။ google

4။ အထက်ပါ လုပ်ငန်းကိုလေ့လာနေပါတယ်။
5။ အင်တာနက်ကို ညနေ7-00 မှ10-00 ထိသုံးပါတယ်။
မှားနေရင်လဲခွင့်လွတ်နော် အကူအညီပေးနိုင်မယ်ထင်လို့ ပါ။

C0D3R

C0D3R
MITR Master



MITR Master
စိတ်ဝင်စားတဲ့လူနှစ်ယောက်ရပြီဆိုတော့ကျွန်တော်အားရှိသွားပြီ

ဒါကအခုလက်ရှိ security ပိုင်းမဟုတ်ဘူးဆိုပေမယ့်လည်း နောက်ပိုင်းဆိုရင်တော့ဖြစ်လာမှာပါ

ကျွန်တော်ဆိုလိုတာက

နိုင်ငံခြားဆိုက်တွေမှာ သူတိုက Rule တွေထုတ်လေ့ရှိပါတယ်
အဲဒါကိုကျွန်တော်တို့လိုက်ရှာပြီး သူတို့ annocement အတိုင်းလိုက်လုပ်ပေးရုံပါပဲ့
ဒါဆိုရင် ကျွန်တော်တို့မှာ money တွေရလာမယ် ပြီးတော့အဲဒီဆိုက်မှာ ကျွန်တော်တို့အုပ်စုထဲကတစ်ယောက်က vip ဖြစ်လာမယ် ဒါဆိုရင် သူတို့ဆီက အခွင့်ရေးတွေရလာမယ်
ဥပမာ rapidshare account, စာအုပ် , Tutorial

ဒါတွေကိုသူတို့ကရောင်းတာနော်
အကယ်ရှ် ကျွန်တော်တို့အုပ်စုထဲကတစ်ယောက်က vip ဖြစ်သွားပြီး ဒါမမဟုတ်တစ်ခုခုဖြစ်သွားပြီဆိုရင်တော့ဒါတွေကိုရမှာပဲ့

နောက်တစ်ခုက money
ဥပမာ post ဘယ်လောက်တင်ပေးရင် ဘယ်လောက်ပေးမယ်ဆိုတာမျိုးပေါ့
ဒါဆိုရင်ကျွန်တော်တို့အုပ်စုက လူခွဲပြီးတော့ဝိုင်းတင်မယ်လေ ဒါဆို သူသတ်မှတ်တဲ့ အဖြေရောက်ရင်
ပိုက်ဆံရပြီ
အဲဒီရတဲ့ပိုက်ဆံကိုကျွန်တော်တို့က ဘာဆက်လုပ်မလဲ ။
neobux လိုမျိုးမှာရင်းနှီးမှာလား ဒါမဟုတ် ကျွန်တော်တို့အုပ်စုတွေဖြစ်ချင်တဲ့ ရည်မှန်းချက်စာအုပ်တွေဝယ်မှာလား Tutorial Cd တွေဝယ်မှာလား အကုန်ဖြစ်နိုင်မယ်ထင်ပါတယ်

အဓိကကတော့လူညီဖို့ပဲ့လိုတယ်ထင်တယ် အဲဒါတွေကိုလေ့လာရင်းနဲ့ကျွန်တော်တို့အချင်းချင်းနောက်ပိုင်းပိုရင်းနှီးလာပြီးမှ ၀ါသနာတူသူအချင်းချင်း အုပ်စုဖွဲပြီးဆက်လေ့လာကြတာပေါ့

ကျွန်တော် nick က နာမည်များပါတယ် Bluehacker,C0D3R,minkoko
ကျွန်တော်ဖြစ်ချင်တာကတော့ Google ရဲ့ email ကိုဖောက်ပြပြီး Google ကနေကျွန်တော်ကိုလိုအပ်တဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ်
ကျွန်တော်ကျွမ်းကျင်တာတော့(html) Coding တွေကိုပြန်ပြင်တာပါပဲ့ ဒါက web page တွေကိုပါ
အခုလက်ရှိလေ့လာနေတာကတော့ Javascript language
အင်တာနက်ကိုတော့ကျွန်တော်လည်းတစ်နေ့ကိုတစ်နာရီခွဲလောက်တော့သုံးဖြစ်ပါတယ်
ညဖက်ပဲသုံးတာများပါတယ်

စိတ်ဝင်စားသူများကိုမျှော်လင့်ပါတယ်

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
“မပြောမပြီး ၊ မတီးမမြည်” ဆိုတဲ့ စကားလေးရှိပါတယ်။
ကို C0D3R က တီးနေတော့ ၊ မြည်လာပါတယ်။
အဲဒီ့တော့ ကျွန်တော့်ဘက်ကလည်း မပြောရင် မပြီးလေတော့ ပြောစရာရှိတာကို ပြောရပါဦးမယ်။

ဒီ Community ပေါ်မှာ ဟိုဟာမရေးရ ၊ ဒါမရေးရ မကန့်သတ်ထားလေတော့ ၊ ရေးပါ။ ရပါတယ်။ အခုအဖွဲ့လည်း ဖွဲ့ချင်လို့ လူစုတယ်။ ရပါတယ်။ စုပါ။
ဒါပေမယ့် တစ်ခုတော့ရှိပါတယ်... ဘယ်သူဘဲ ဘယ်အဖွဲ့အစည်းကို ဖွဲ့ဖွဲ့ ၊ ကျွန်တော်တို့ Community နဲ့ မပတ်သတ်ပါစေနဲ့။

ကျွန်တော်တို့ Community ကနေပြီးတော့ အားလုံးစုပေါင်းပြီး Myanmar IT Resource ကိုယ်စားပြု အနေနဲ့ မဆောင်ရွက်သမျှကာလပတ်လုံး ၊ Community ပေါ်မှ ကျန်တဲ့ အဖွဲ့များအားလုံးရဲ့ လုပ်ဆောင်ချက်တွေဟာ Community နဲ့ ပတ်သက်မှု မရှိစေရန် ၊ မည်သည့် ကောင်းကျိုး/ဆိုးကျိုး မဆို ဤ Community တွင် လာရောက်ထင်ဟပ်မှုမရှိစေရန် သတိပြုပေးပါ

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
နောက်တစ်ခုအနေနဲ့ကတော့ ကျွန်တော့် အမြင်အရ ဝေဖန်ပါမယ်။

လုပ်နေတဲ့အရာတွေဟာ ၊ ကိုယ်တိုင်အတွက်ကော ၊ အများအတွက်ပါ သင့်လျော်ရဲ့လား ၊ ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားပါ။
ဖြစ်သင့်တယ်ထားဦးတော့ ၊ ဖြစ်နိုင်ရဲ့လားဆိုတဲ့အခြေအနေကို ထပ်မံစဉ်းစားပါ။

အခု ကို C0D3R ပြောသွားတဲ့ Procedure ကို နားလည်ပါတယ်။ Online ပါးမ၀သေးဘူးဆိုတာရယ် ၊ စာဖတ်အားအရမ်းနည်းနေသေးတယ် ဆိုတာရယ်ပါ တွေ့ရပါတယ်။
ပြည်ပက Online Community တစ်ခုခုမှာ vip ဖြစ်ဖို့ လွယ်သလား ၊ မလွယ်သလားဆိုတာကိုတော့ ကျွန်တော် ကိုယ်တိုင်လည်း တစ်ခါမှမဖြစ်ဖူးသလို ၊ ဖြစ်ဖို့လည်းစိတ်ကူးမရှိတာကြောင့် မသိပေမယ့် ၊ သေချာတာကတော့ ကိုယ့်ဘက်က ပေးဆပ်ရမှာ အများကြီးရှိပါတယ်။
နောက်တစ်ခု နိုင်ငံတကာမှာ Community တွေနဲ့အတူတွဲပြီးတော့ ပိုက်ဆံရှာနေကြတာပါ။ vip access ရဖို့အတွက် အနည်းဆုံးတော့ 10$/Month ပေးရနိုင်ပါတယ်။
ဒါကလည်း ရောက်ဖူးတဲ့နေရာတွေမှာ လေ့လာမိသလောက်ပါ။

အခု vip access ရပြီထားပါ။ သူတို့ဆီက resource တွေ ယူမယ်။ Resource ယူပြီး လေ့လာကြမယ်။ အဲဒါဆို ပြင်ပက Free or Copy တွေက တန်ဖိုးမရှိတော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ပိုက်ဆံပေးရတာ ၊ အထူးအခွင့်အရေးကနေ ရတာတွေမှ တန်ဖိုးရှိတာမဟုတ်ဘူးဆိုတာ ကို C0D3R အနေနဲ့ နားလည်လိမ့်မယ်လို့ ထင်မိပါတယ်။
အဲဒီ့အတွက် vip access ရရန် ကြိုးပမ်းမည်ဟု ဗန်းပြကြွးကြော်ကာ လူစုခြင်းအား ရှုံ့ချပါတယ်။

နိုင်ငံတကာမှာ Article တစ်ခုရေးပေးရင် ၊ ပိုက်ဆံပြန်ပေးတဲ့ ပုံစံခေတ်စားနေတာ မှန်ပါတယ်။ ဥပမာ - tutsplus လို Network မျိုးမှာဆိုရင် $100 လောက်ထိ ရနိုင်ပါတယ်။
ဒါကလည်း သူတို့ ရွေးဦးမှ ၊ ကြိုက်ဦးမှပါ။ အဲဒီ့တော့ Pay Per Post သဘောမျိုးရချင်ရင် ကိုယ့်ရဲ့ English ဘယ်လောက်ထိ ကောင်းရမယ် ၊ ကိုယ့်ရဲ့ ပညာရည် အဆင့်အတန်း ဘယ်လောက်ထိ မြင့်ရမယ်ဆိုတာ မြင်သာပါတယ်။
အလကားရတဲ့ (သို့) ၀ယ်ရတဲ့ Software/Ebooks တွေ တင်ပေးတာကို ပိုက်ဆံပေးတဲ့ နေရာရှိမယ်ဆိုရင်လည်း ၊ နိုင်ငံတကာရဲ့ Software Update များကို ထိုင်စောင့်ပြီးနေမယ့် နိုင်ငံခြားသား တွေရှိပြီးသားဖြစ်ပါလိမ့်မယ်။

Google ရဲ့ Gmail ၀န်ဆောင်မှုကို ဖောက်ထွင်းမယ်ဆိုတာကတော့ လူရီချင်စရာကြီးပါ...
Account တစ်ခုလောက်ကို user fault ကြောင့်ရရင်ရနိုင်မယ်။ Account ပေါင်း သန်းချီကိုတော့ user fault ကြောင့်မရနိုင်ပါ။
မြန်မာနိုင်ငံရဲ့ Connection အခြေအနေနဲ့ Video တစ်ခုကိုဘဲ အထစ်အငေါ့မရှိ အရင်ကြည့်ကြည့်ပါဦး..

Google မှ အလုပ်ခန့်စေချင်ရင် လွယ်ပါတယ်.. မှန်ကန်တဲ့ လမ်းတွေ အများကြီးရှိပါသည်။ ကြိုးစားကြည့်ပါ...
ပညာအဆင့်အတန်း မရွေး ၊ အသက်အရွယ်မရွေး ၊ Talent ရှိလျှင် Google မှ အလုပ်ခန့်သည်ဟု ကြားမိပါသည်။ Google တွင် အသက်အငယ်ဆုံးဝန်ထမ်းသည် ၁၇ ဟုလည်း ဖတ်ဖူးပါသည်။ (Talent ဘယ်လောက်လိုတယ်ဆိုတာကတော့ အထူးပြောနေဖို့ လိုမည်မထင်ပါ)

ကို C0D3R ရဲ့ ကျွမ်းကျင်ပြီးမှုကိုတော့ မဝေဖန်လိုတော့ပါ။ ပြောချင်တာ တစ်ခုကတော့ HTML ဆိုတာ Programming Language မဟုတ်တဲ့ Markup Language တစ်ခုမျှသာဖြစ်ပါတယ်။ အသက် ၇ နှစ် ၊ ၈ နှစ် အရွယ် ကလေးများပင်လျှင် marquee များဖြင့် ဆော့ရလျှင် ပြောတတ်ကြပါသေးတယ်။

ဖိုရမ်ပေါ်ရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ၊ ကောင်းတာရှိရင် Community အနေနဲ့ အားပေးသင့်သလို ၊ မကောင်းတာရှိရင်လည်း ပြစ်တင် ရှုံ့ချသင့်သည်ဟု လက်ခံထားသည့်အတွက် ပြစ်တင်ရှုံ့ချပါသည်။
ဆက်မလုပ်ရဟု ပိတ်ပင်ခြင်းမဟုတ်ပါ... ဆက်လုပ် ၊ မလုပ်သည် ပိုင်ရှင်၏ သဘောသာ ဖြစ်ပါသည်..
Community အပေါ် ဂုဏ်သိက္ခာထိပါးလာစေမယ့် ကိစ္စမျိုးရှိရင်တော့ တားဆီးရပါလိမ့်မယ်....

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ဒါကဒီဖိုရမ်နဲ့ဘာမမဆိုင်ပါဘူး
ကျွန်တော်က၀ါသနာပါလို့လုပ်တာ
စိတ်ဝင်စားသူရှိရင်တော့ကျွန်တော်ဆီ pm ပို့ထားလိုက်ပါ

http://www.myanmaritresource.info

#twotwo22#

#twotwo22#
MITR Beginner



MITR Beginner
[You must be registered and logged in to see this link.]ကို မင်းရေ အားပေးနေတယ်ဗျ
ရင် လောက်မှန်း မှ ဒူးလောက်ကျတယ် ဆိုတဲ့ အတိုင်းပဲ
မြင့်မြင့် မှန်း ကြည့်တာကောင်းပါတယ်
နောင်တစ်ချိန်ချိန် မှာ မြန်မာ hacker ကိုမင်း ဆိုတဲ့နာမည် GOOGLE ပေါ်မှာ
ပလူပျံသွားတာ တွေ့ချင်တယ်ဗျ..
( white hacker တစ်ယောက်အဖြစ်နာမည်ကြီးတာပြောတာနော် ဟဲ)
..............................................................................................
$ƴǩǾ ဝေဖန် ထား တာလည်း ဟုတ်တော့ ဟုတ် သား ..
ကျွန်တော်တော့ လိုက် လို့မမှီသေးဘူး ..
အဖွဲ့ဝင် မဖြစ်နိုင်သေးဘူးထင်တာပဲ .... Smile



sHa92

sHa92
Founder



Founder
ကျွန်တော် အပေါ်မှာ ဝေဖန်ထားရတဲ့ အကြောင်း ၂ ချက်ရှိပါတယ်...
၁ အချက်အနေနဲ့ကတော့ “ကို မင်းကိုကို” အနေနဲ့ ထပ်ပြီးတော့ ပြဿနာ ရှုပ်လာခဲ့မယ်ဆိုရင် ဖိုရမ်နဲ့ မသက်ဆိုင်စေချင်လို့....
၂ အချက်ကတော့ မြန်မာ လူငယ် ၊ လူကြီး IT ကို လေ့လာနေပါတယ်ဆိုတဲ့ လူတိုင်း ၊ မဟုတ်တဲ့ နေရာမှာ အချိန်မပုပ်နေစေဘဲ စာဖတ်ကြစေချင်လို့...

ကျွန်တော်တို့ Community ပေါ်မှာ ရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ Post မှာ ပါနေတဲ့ လွဲနေတဲ့ အချို့သော အယူအဆလေးတွေကို ကြည့်ပြီး ၊ နောက်ထပ် ၀င်လာမယ့် သူတွေ ၊ ညီငယ် ၊ ညီမငယ်တွေအနေနဲ့ အယူလွဲကုန်ကြတာမျိုး မလိုလားပါဘူး...

ကို တူး ပြောသလိုပေါ့ဗျာ ၊ “ရည်မှန်းချက် ကြီးကြီးထားတာ ကောင်းပါတယ်” ဒါပေမယ့် “အဲဒီ့ ရည်မှန်းချက်ဆိုတဲ့ ပန်းတိုင်ကိုသွားဖို့ လမ်းကိုမသိရင်တော့ ဘယ်တော့မှ ရောက်မှ မဟုတ်ဘူးဆိုတာလည်း အားလုံး သတိချပ်စေချင်ပါတယ်”

နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ “၀ါသနာ ပါလို့ လုပ်နေတာ” နဲ့ “ပေါ်ပင်” လုပ်နေတာ လုံးဝမတူညီပါ။
ဝါသနာ ပါလို့ လုပ်နေတဲ့ အလုပ်ဟာ ၊ အကျိုးအမြတ် ရရ ၊ မရရ ၊ ဘယ်လောက်ပင်ပန်းပင်ပန်း ၊ တိုးတက်အောင် လုပ်နေနိုင်ပါတယ်....
အများယောင်လို့ လိုက်ယောင် ၊ ပေါ်ပင်လုပ်ရင်တော့ ၊ နည်းနည်းလောက် နားလည်သွားရင် (သို့) လုံးဝလိုက်မမှီရင် ၊ စိတ်ဓါတ်ကျနိုင်ပါတယ်။ ပြီးတော့ အခြားသူ ထပ်လုပ်နေတာကို တွေ့ရင် သူ့နောက် လိုက်ယောင်နေတတ်ပါတယ်။ မြန်မာစကားတစ်ခုတောင် ရှိသေး “ယောင်ခြောက်ဆယ်” တဲ့။

ကျွန်တော်လည်း အရင်က ယောင်ဖူးပါတယ်။ ဒါပေမယ့် ပေါ်ပင်ယောင်တာ မဟုတ်ဘဲ ၊ ဘာရွေးရမှန်းမသိ ၊ ဟိုဟာကောင်းနိုးနိုး ၊ ဒီဟာကောင်းနိုးနိုး ရွေးရင်း ယောင်နေမိတာပါ။ ၀ါသနာပါတာက Coding ရေးတာ။ စာဖတ်လိုက် ၊ စမ်းလိုက် ၊ ရေးလိုက် ၊ ပြင်လိုက် ၊ အဲဒါလုပ်ရရင် ကျေနပ်တယ် ၊ အဲဒီ့တော့ Language ချေးမများမိဘူး။ ဟိုဟာကောင်းမယ်ထင် လုပ်မိ။ ဒါကောင်းမယ်ထင် လုပ်မိနဲ့။
ဒါပေမယ့် ရွေးယောင် ယောင်နေမိတော့ ၊ ခုတော့ လမ်းစဆွဲမိသွားပြီဆိုပါတော့ဗျာ။ အဲလမ်းအတိုင်းဆက်သွားနိုင်အောင်ဘဲ ၊ ကိုယ့်စိတ်ကိုယ် ထိန်းရတော့မယ်။

အခု Community ပေါ်မှာ ရှိတဲ့သူတွေကိုလည်း ၊ ကျွန်တော့်လိုဘဲ မယောင်နေမိစေဖို့နဲ့ ၊ အမြန်ဆုံး လမ်းမှန်ကို ရောက်သွားစေချင်မိတာ အမှန်ပါ...
ကျွန်တော့် အစ်ကိုတစ်ယောက်ရဲ့ status မှာ တင်ထားတာလေး ဝေမျှချင်သေးတယ်... “နာမည်ကြီးအောင် ၊ အောင်မြင်အောင် ၊ မလုပ်နဲ့။ အရည်အချင်းရှိအောင်သာ အစဉ်တစိုက်ကြိုးစား။ အောင်မြင်မှုဆိုတာ နောက်က အလိုလိုလိုက်လာလိမ့်မယ်” တဲ့။

အဲဒီ့တော့ နာမည်ကြီးဖို့ဆိုပြီးတော့ အများလုပ်တဲ့ ပေါ်ပင် မလုပ်ဘဲနဲ့ ကိုယ်သန်ရာသန်ရာ အမြန်ဆုံးရွေးချယ်နိုင်ကြပါစေဗျာ....
(ကျွန်တော်တို့ကတော့ တိုက်တွန်းဖို့ ၊ လမ်းပြဖို့ထိဘဲ လုပ်လို့ရမယ်။ အနီးကပ်လည်း လိုက်မသင်ပေးနိုင်ဘူး။ ဒါဘဲလုပ်ဆိုပြီးတော့လည်း အမိန့်ထုတ်လို့ရတာရယ် မဟုတ်ဘူးလေ။ ယူတတ်တဲ့သူတွေတော့ ရကုန်ကြမယ်လို့ မျှော်လင့်မိပါတယ်)

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျွန်တော် ဒီဖိုရမ်မှာ စာရေးတယ် ၊ Comment တွေ လိုက်ပေးတယ်။ အတတ်နိုင်ဆုံး ကူညီပေးတယ် ဆိုတာလည်း ၊ ၀ါသနာပါလို့ လုပ်နေမိတာပါဘဲ။

“နာမည်ကြီးချင်လို့သာလုပ်ရင် ၊ ကျွန်တော့် ဘ၀ရဲ့ အချို့သော အရေးကြီးတဲ့ အရာတွေကို ဒီ Forum အတွက် စွန့်လွှတ်ခဲ့စရာ မလိုဘူးပေါ့ဗျာ။ နာမည်ကြီးချင်လို့သာ လုပ်ခဲ့မိရင် ခုချိန် ဒီကိုလည်း ဆက်လာတော့ပါဘူး။”

ထပ်မှတ်ထားရမှာက ၊ ယခုပစ္စုပ္ပန်မှာ လုပ်နေကြတဲ့ တကယ့် နာမည်ကြီး Hacker ဆိုတာကြီးတွေကလည်း ၊ သူတို့ ၀ါသနာပါလို့ ၊ လုပ်နေကြတာချည်းဘဲ။ နာမည်ကြီးချင်ရုံနဲ့ သူတို့ အဲအခြေအနေထိမရောက်ဘူး။
မြန်မာစကားမှာ ရှိသေးတယ် “၀ါသနာ အရင်းခံ” တဲ့...
ဝါသနာ မပါဘဲ ၊ မပျော်ဘဲလုပ်နေရမယ့် ၊ အလုပ်တစ်ခုကို ဘယ်ပုဂ္ဂိုလ်မှ မလုပ်ချင်တာ လူကြီးမင်းတို့လည်း သိထားကြမှာပါ....

အဲဒီ့တော့ ဘာလုပ်လုပ် ၊ “လုပ်သင့်တာ အရင်လုပ် ၊ လုပ်ချင်တာကို နောက်ကလုပ် ၊ မလုပ်သင့်တာ ဘေးဖယ်လိုက်” ကြပါဗျာ....

http://www.myanmaritresource.info

sp1der

sp1der
VIP Member



VIP Member
SYKO wrote:

အဲဒီ့တော့ ဘာလုပ်လုပ် ၊ “လုပ်သင့်တာ အရင်လုပ် ၊ လုပ်ချင်တာကို နောက်ကလုပ် ၊ မလုပ်သင့်တာ ဘေးဖယ်လိုက်” ကြပါဗျာ....
ကို $ƴǩǾ ပြောတာမှန်တယ်ဗျ... သဘာဝကျတယ်။
Internet ပေါ်မှာ ကိုယ် ၀ါသနာပါတဲ့အရာ... ကိုက်ညီမယ့်ဟာကို ရွေးချယ်ပြီး တစ်စိုက်မတ်မတ်လုပ်ဖို့လိုတယ်။
Internet ဆိုတာ ကျယ်ပြန့်တဲ့အတွက် ယောင်နေရင် နှစ်တွေသာ ကြာသွားမယ်.... အချိန်ကုန် လူပင်ပန်းဖြစ်လိမ့်မယ်။
ဒီအဖွဲ့လုပ်မှာကို ဆန့်ကျင်နေတာမဟုတ်ဘူးနော်။ ကျွန်တော့်အမြင်ကိုပြောတာ။ လုပ်ချင်ရင်လည်း ဆက်လုပ်ပါ။
ကျွန်တော်လည်း ဒီမှာ Security team လုပ်မယ်ပြောပြီး အခုထိ မလုပ်ဖြစ်သေးတာ အားလုံးအသိပါပဲ။
အဲဒီတော့ ကျွန်တော်ပြောချင်တာက ကိုယ်လုပ်နိုင် မလုပ်နိုင်ကိုလည်း တစ်ချက်ပြန်ကြည့်သင့်ပါတယ်။
တစ်ခါတစ်လေ စိတ်ရှိပေမယ့် အခြေအနေ မပေးရင် မဖြစ်နိုင်ဘူးဗျ။
ကျွန်တော့်လို စကားကြီး ဘဲ အဖတ်တင်နေလိမ့်မယ်။
ပြီးတော့ အခုလို online ကနေ VIP access ကိုရပါပြီတဲ့.... အဖွဲ့ထဲက လူတွေကို ဘယ်လိုမျိုး ယုံကြည်မှု့နဲ့ ပေးလို့ဖြစ်မှာလဲ..?
အဖွဲ့ထဲကလူ ဆိုတာကလည်း သူ့ဝါသနာ သူ့မေးလ် သူ့ nick လောက်ပဲသိတာလေ....
သေချာစဉ်းစားပြီးမှ လုပ်တာပိုကောင်းပါတယ်။
ရည်ရွယ်ချက် က မရေရာရင် လုပ်ဆောင်မှု့တွေလည်း ရေရာမှာ မဟုတ်ဘူးဗျ။
အဲဒီလို မရေရာတဲ့လုပ်ဆောင်ချက် တွေနဲ့ ဆိုလည်း ရေရှည်တည်တံ့မှာ မဟုတ်ဘူးဗျ။
ကျွန်တော်ပြောတာလွန်သွားရင်လည်း ခွင့်လွှတ်ပါ။ စိတ်ရှိတဲ့အတိုင်းပြောမိတာ... ဘယ်လိုသဘောမှမပါ ပါဘူး။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com