Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

lwenay

lwenay
MITR New User



window server တွေ မှာအသုံးပြုနေတဲ့ active directory ဆိုတာဘာလဲ နဲ့သူ့ရဲ့ အလုပ်လုပ်ပုံလေး ရှင်းပြပေးကြပါလား ဘာကြောင့်သုံးတာလဲ
ပြောအုန်းနော် [You must be registered and logged in to see this image.]

Htet Naing

Htet Naing
Moderator



Moderator
ဘာကြောင့်သုံးတာလဲဆိုတာကတော့ Client တွေကို manage လုပ်ချင်လို ့ပါ။
window server တင်ပြီးပေမယ့် active directory(ad) မတင်ရင် Stand alone serverပဲဖြစ်ပြီး
manage လုပ်လို ့မရပါဘူး။ နောက်လည်း ဆက်ပြီးတော့ ဆွေးနွေးပေးပါမယ်။

z3r0c00l

z3r0c00l
Administrator



Administrator
ကိုယ့်စက်ကို Server တင်ထားပေမယ့် Active Directory မဆောက်ထားရင် Domain Service မရပါဘူး။ Domain နဲ့ထိန်းမယ်ဆိုရင် Active Directory ဆောက်ပေးရပါတယ်။
အဲဒါမှ Domain နဲ့ထိန်းပြီး Client တွေရဲ့ Data တွေ Feature တွေကို Domain ထဲမှာ သိမ်းလို့ရမှာပေါ့။

K0ht3t

K0ht3t
Moderator



Moderator
Active Directory ကို Server Configuration လုပ်တဲ့အခါမှာ သုံးပါတယ် ..
Network Resource ထဲမှာ File တွေ၊ Printer တွေ ၊ Application တွေကို Client တွေအနေနဲ့
အလွယ်တကူ အသုံးပြုနိုင်အောင်အတွက် သိမ်းထားပါတယ် ...
အဲဒါက Directory Services ဖြစ်ပါတယ် ...

Microsoft Windows ရဲ့ Network စနစ်မှာ Directory Services နှစ်မျိုး ပံ့ပိုးပါတယ် .. Domain နဲ့ Workgroup ပါ ..
Domain Model က Centralized ပါ ..
အချက်အလက်တွေ ကို အကုန်လုံးကို တစ်စုတစ်စည်းတည်း ထားတာ ကို Single Directory Services ဖြစ်ပါတယ် .. တနည်းအားဖြင့် Active Directory လို့လည်း ခေါ်ပါတယ် ..
Active Directory က Database ပုံစံမျိုးပါ ..
User တွေ ကို ကန့်သတ်တဲ့အခါ ..
သူတို့နဲ့ပတ်သတ်တဲ့ Logon Script တွေ Group Policy တွေကို သတ်မှတ်တဲ့အခါတွေမှာ Active Directory ကိုအသုံးပြုပါတယ် ..

ပြီးတော့ Active Directory နဲ့ Domain နဲ့ ကလည်း အပြန်ပြန် အလှန်လှန် ဆက်စပ်နေပါတယ် ..
Active Directory မရှိပဲနဲ့ Domain ဆိုတာ လည်းမရှိနိုင်သလို Domain ဆိုတာမရှိပဲနဲ့လည်း Active Directory မရှိနိုင်ပါဘူး ...

Window Server ကို သွင်းပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ Server တစ်ခု တည်ဆောက်လိုက်ပါမယ် .. အဲဒီ့ Server မှာမှ ကျွန်တော်တို့ Active Directory တည်ဆောက်လိုက်တဲ့အခါမှာ အဲဒီ့ Server က Domain ဖြစ်သွားပါတယ် ... အဲဒီ့ကနေမှ ကျွန်တော်တို့အနေဲ့ Client တွေ ကို Domain ကို လာချိတ်တာတို့ဘာတို့ လုပ်ပါတယ် ..

ဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ် ...
ဆရာဦးဇော်လင်းရဲ့ Window Server 2003 စာအုပ်ထဲကနေပြီးတော့ အဆင်ပြေသလို ပြန်တင်ပြလိုက်ပါတယ် ...

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting | ©phpBB | Free forum support | Report an abuse | Forumotion.com