Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Htet Naing

Htet Naing
Moderator



Moderator
Software တွေကို Install လုပ်တဲ့အခါမှာ "The system administrator has set policies to prevent this installation." ဆိုပြီး Dialogue Box ကျကျလာလို ့ပါ။
လောလေဆယ်တော့ Driver တွေကိုတင်တဲ့အခါနဲ ့Need for speed တင်တဲ့အခါမှာ ဖြစ်နေတာပါ။
Windows 7 တင်ထားပါတယ်။

pooqee

pooqee
MITR Reader



MITR Reader
ကိုထက်နိုင် က windows 7 ကို ဘာဗားရှင်းတင်ထားတာ လဲ နောက်ပြီး စက် က ဘာအမျိုးအစား လည် သိလို့ ရမလာ အဲ့ဒါဆိုရင်တော့ ၀ိုင်းစဉ်းစားပေးလို့ ရနိုင်မှာပါ တစ်ချက်လောက် အဲ့ဒါလေ ပြန် တင်ပေးပါ ခင်ဗျာ

http://www.myanmarspace.com

Htet Naing

Htet Naing
Moderator



Moderator
32 bit ပါ။ License Version မဟုတ်ပါဘူး။ စက်ကတော့ Dell Inspiron 1464 ပါ။
ပြီးတော့ DVD-ROM ကနေ Install လုပ်လို ့ပဲ မရတာပါ။ Pen Drive ကနေတော့ရတယ်။
သုံးတာကတော့ Administrator အကောင့်နဲ ့ပါ။ Windows ကိုပြန်တင်ရင်တော့ ရဖို ့များပါတယ်။
ဒါပေမယ့် ပြန်မတင်ချင်လို ့ပါ။

Htet Naing

Htet Naing
Moderator



Moderator
အဲ...သားကို ကူညီကြဦးလေ။ Windows ပြန်မတင်ချင်လို ့ပါ။

ဘီလူး

ဘီလူး
Reviewer



Reviewer
ကိုထက်ရေ gpedit.msc ကိုမွှေစေချင်ပါတယ်...

C0D3R

C0D3R
MITR Master



MITR Master
1. Enter the control panel once again and open Administrative Tools.
2. Go to the Local Security Settings.
3. Click on Software Restriction Policies.
4. In the event that there are no software restrictions defined, you can right click on Restriction Policies and
5. Select New Software Restriction Policy.
6. Next, double click on the enforcement and
7. Select All users except local administrators.
8. Finally, click OK. Lastly, reboot your computer and the problem should be resolved.

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
C0D3R wrote:1. Enter the control panel once again and open Administrative Tools.
2. Go to the Local Security Settings.
3. Click on Software Restriction Policies.
4. In the event that there are no software restrictions defined, you can right click on Restriction Policies and
5. Select New Software Restriction Policy.
6. Next, double click on the enforcement and
7. Select All users except local administrators.
8. Finally, click OK. Lastly, reboot your computer and the problem should be resolved.
ပြောပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် မရသေးဘူးခင်ဗျ။

tuntin

tuntin
MITR Reader



MITR Reader
Code:
http://social.technet.microsoft.com/Forums/en/itprovistasecurity/thread/6c62e6cc-7893-421d-8b90-8e14eaa1eb48
လင့်ကိုသွားကြည့်လိုက်ပါ။

http://tuntin.webs.com/

area4

area4
MITR New User



[You must be registered and logged in to see this image.]

Windows 7 မှာတော့ မကြုံဘူးလို့ မစမ်းဖြစ်သေးပါဘူး။ Windows XP အတွက် ရှာဖွေထားတာလေးတွေကိုတော့ ပြောပြလိုပါတယ်ဗျ။

Windows XP အတွင်းသို့ Kasper's Anti-Virus Install ပြုလုပ်ခြင်း၊ Updates ပြုလုပ်ခြင်း နှင့် အခြားသော Program များကို install ပြုလုပ်ရန် ကြိုးစားစဉ် Windows က လက်မခံပဲ ယင်းကဲ့သို့ Error message box တစ်ခု တက်လာခြင်း ဖြစ်သည်။ အကယ်၍ Windows XP group policy ရဲ့ system တွင် ပိတ်ထားပါက ဖြစ်နိုင်ပါသည်။ ထို့ပြင် ကွန်ပျူတာအတွင်းရှိ viruses, spy wares များအား ရှင်းလင်းရန် ကြိုးစားစဉ် ယင်းကဲ့သို့ အယောင်ဆောင် alert များလည်း ပေးတတ်နိုင်လေသည်။ မိမိစက်တွင် ထိုကဲ့သို့ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ပါက အောက်ပါအတိုင်း ပြင်ဆင်လိုက်ခြင်းဖြင့် ပြန်လည်ကုစားပေးနိုင်ပါသည်။


(1) Start Menu မှ Run ကို ရွေးချယ် Click နှိပ်လိုက်ပါ။

(2) Run Box ထဲတွင် gpedit.msc ဟု ရိုက်ထည့်ပေးပါ။

(3) Group Policy dialog box ပေါ်လာပါမည်။ Group Policy ရဲ့ Local Computer Policy ရဲ့ အောက်ဖက် ရှိ Computer Configuration အတွင်းမှ Administrative Templates ကို ရွေးချယ်ပါ။

(4) ထို့နောက် ၎င်း Administrative Templates ရဲ့ အောက်ဖက်ရှိ Windows Components အတွင်းရှိ Windows Installer ပေါ်တွင် အဆင့်ဆင့် ရွေးချယ် click နှိပ်ပေးပါ။

(5) ထိုအခါ Group Policy ရဲ့ ညာဖက်ခြမ်းရှိ Setting အကွက်ထဲတွင် Disable Windows Installer ပေါ်တွင် Double Click နှိပ်ပေးပြီး Not Configured ကို select လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။ ဒါဆို Computer ရဲ့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်သွားပြီဖြစ်လို့ ဘယ်အစား အသောက်ကိုမဆို မငြင်းတော့ဘူးပေါ့။


(အဆင်ပြေပါစေဗျား)။

Source : [You must be registered and logged in to see this link.]

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com