Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

naungnaung

naungnaung
MITR New User

အစ်ကိုတို့ရေ programming language မှာ concepts တို့ technique တို့ way of thinking တို့ဆိုတာဘာလဲခင်ဗျာ။
ှရှင်းပြပေးပါခင်ဗျာ။

Opera

Opera
MITR Reader

MITR Reader
Language is Language
Thinking is Thinking
Concept is Concept
Technique is Technique
Skill is Skill

ohh, I am telling you the greatest things thats nobody told you.

Thanks,
Opera who loves Operands

Last edited by SYKO on 4th June 2010, 12:32 am; edited 2 times in total (Reason for editing : edited by Admin for some reasons. I was PM to you bro.)

Law Shay

Law Shay
VIP Member

VIP Member
naungnaung wrote:အစ်ကိုတို့ရေ programming language မှာ concepts တို့ technique တို့ way of thinking တို့ဆိုတာဘာလဲခင်ဗျာ။
ှရှင်းပြပေးပါခင်ဗျာ။

မင်း ထမင်းစားပြီးပြီလား

အဲဒါ မြန်မာလိုပြောတာ။

Have you had your lunch ?

အဲဒါက အင်္ဂလိပ်လို။

အဲဒါကို ဘာသာစကား language လို့ခေါ်တယ်။

ထမင်းလို့ ငါပြောရင် မင်းဘာလဲ သိတယ်မလား။ စားလို့ ကြားရင် ဘာ အလုပ်လုပ်တာ ဆိုတာ သိတယ်မလား။ အဲဒါကို Concept လို့ခေါ်တယ်။ ထို့နည်းလည်းကောင်း lunch လို့ပြောရင် (ကြားရင်) ဘာဆိုတာ သိတယ်မလား။ အဲဒီ အသိကို concept လို့ ခေါ်တယ်။

ဘာသာစကားမတူတော့ သုံးတဲ့ စာလုံး၊ ကြားရတဲ့ အသံ၊ ပြောတဲ့ အသံ မတူဘူး။ ဒါပေမဲ့ ထမင်းပြောပြော၊ lunch ပြောပြော ဘာကိုဆိုလိုတယ်ဆိုတာ သိသွားတယ်ဆိုတာ နားလည်ရင် concept တစ်ခုတည်းကို language အမျိုးမျိုးမှာ ပြောလို့ရတာ သဘောပေါက်လောက်ပါပြီ။

way of thinking ဆိုတာကတော့ စဉ်းစားပုံ စဉ်းစားနည်း။ မိတ်ဆွေတစ်ယောက်တွေ့တယ်။ သူက ကိုယ့်ထက် အသက်ကြီးတယ်။ ဒါဆို မတွေ့ရတာကြာပြီနော်၊ နေကောင်းလားဗျ လို့ နှုတ်ဆက်မယ်။ ကိုယ့်ထက် ငယ်တဲ့ မိတ်ဆွေကျတော့ ဟေ့ကောင်၊ ဘာတွေလုပ်၊ ထမင်းစားပြီးပြီလား။ နှုတ်ဆက်တဲ့ concept မတူဘူးနော်။ အသက်ကြီးသူကျတော့ နေကောင်း၊ မကောင်း ကျန်းမာရေး မေးတယ်။ ငယ်တဲ့ သူကျတော့ စားပြီးပြီလား၊ အစားအသောက်နဲ့ ပတ်သက်တာမေးတယ်။ ဘယ်သူ့ကို ဘာမေးမယ်။ ဘယ်လိုဆက်ဆံမယ်။ ဘယ် concept ကို ပြောမယ်ဆိုတာကို way of thinking ခေါ်ပါတယ်။

programming တတ်ချင်ရင် ရေကန်ထဲ ခုန်ချလိုက်ပါ။ လိုက်မမေးနဲ့။ မေးလဲ နားလည်မှာမဟုတ်ဘူး။ ရေကန်ထဲ ခုန်ချလိုက်။ စိတ်ချ၊ အသက်အန္တရာယ်မဖြစ်စေရဘူး။ မင်းစက်လဲ မပျက်ပါဘူး။ လိုတာရှိရင် မေးပါ။ အကုန်ဖြေနိုင်ရင် ဖြေပါမယ်။

Htet Naing

Htet Naing
Moderator

Moderator
Law Shay wrote:

အရမ်းကောင်းတဲ့ ဥပမာလေးပါပဲဗျာ။

pooqee

pooqee
MITR Reader

MITR Reader
အခုလိုပြောပြ တော့ လည်း ဟုတ်နေတာပဲ ကျွန်တော်လည် တစ်ချိန်တုန်းက software ကို အရူးအမူး လေ့လာ မိတယ်ဗျ အခု တော့ ဘာမှ ကိုမသိတော့ဘူး ပြန်ပြီးတော့ လေ့လာ ချင်တာ အခုလို ရှင်းပြပေးမယ်လူရှိတော့ ပြန်လုပ်တော့မယ် ဗျာ ကိုလောရှည် ရေ ကျွန်တော် ကို ကူညီအုံးနော်

http://www.myanmarspace.com

Opera

Opera
MITR Reader

MITR Reader
Law Shay wrote:
မင်း ထမင်းစားပြီးပြီလား

အဲဒါ မြန်မာလိုပြောတာ။

Have you had your lunch ?

အဲဒါက အင်္ဂလိပ်လို။

အဲဒါကို ဘာသာစကား language လို့ခေါ်တယ်။

ထမင်းလို့ ငါပြောရင် မင်းဘာလဲ သိတယ်မလား။ စားလို့ ကြားရင် ဘာ အလုပ်လုပ်တာ ဆိုတာ သိတယ်မလား။ အဲဒါကို Concept လို့ခေါ်တယ်။ ထို့နည်းလည်းကောင်း lunch လို့ပြောရင် (ကြားရင်) ဘာဆိုတာ သိတယ်မလား။ အဲဒီ အသိကို concept လို့ ခေါ်တယ်။

ဘာသာစကားမတူတော့ သုံးတဲ့ စာလုံး၊ ကြားရတဲ့ အသံ၊ ပြောတဲ့ အသံ မတူဘူး။ ဒါပေမဲ့ ထမင်းပြောပြော၊ lunch ပြောပြော ဘာကိုဆိုလိုတယ်ဆိုတာ သိသွားတယ်ဆိုတာ နားလည်ရင် concept တစ်ခုတည်းကို language အမျိုးမျိုးမှာ ပြောလို့ရတာ သဘောပေါက်လောက်ပါပြီ။

way of thinking ဆိုတာကတော့ စဉ်းစားပုံ စဉ်းစားနည်း။ မိတ်ဆွေတစ်ယောက်တွေ့တယ်။ သူက ကိုယ့်ထက် အသက်ကြီးတယ်။ ဒါဆို မတွေ့ရတာကြာပြီနော်၊ နေကောင်းလားဗျ လို့ နှုတ်ဆက်မယ်။ ကိုယ့်ထက် ငယ်တဲ့ မိတ်ဆွေကျတော့ ဟေ့ကောင်၊ ဘာတွေလုပ်၊ ထမင်းစားပြီးပြီလား။ နှုတ်ဆက်တဲ့ concept မတူဘူးနော်။ အသက်ကြီးသူကျတော့ နေကောင်း၊ မကောင်း ကျန်းမာရေး မေးတယ်။ ငယ်တဲ့ သူကျတော့ စားပြီးပြီလား၊ အစားအသောက်နဲ့ ပတ်သက်တာမေးတယ်။ ဘယ်သူ့ကို ဘာမေးမယ်။ ဘယ်လိုဆက်ဆံမယ်။ ဘယ် concept ကို ပြောမယ်ဆိုတာကို way of thinking ခေါ်ပါတယ်။

programming တတ်ချင်ရင် ရေကန်ထဲ ခုန်ချလိုက်ပါ။ လိုက်မမေးနဲ့။ မေးလဲ နားလည်မှာမဟုတ်ဘူး။ ရေကန်ထဲ ခုန်ချလိုက်။ စိတ်ချ၊ အသက်အန္တရာယ်မဖြစ်စေရဘူး။ မင်းစက်လဲ မပျက်ပါဘူး။ လိုတာရှိရင် မေးပါ။ အကုန်ဖြေနိုင်ရင် ဖြေပါမယ်။

wow! nice shot.
thanks for da example. Smile

naungnaung

naungnaung
MITR New User

ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ခုလိုနည်းလည်အောင်ရှင်းပြပေးတဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ်။

Sponsored content

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com