Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Chrome ကတော့ သူ့ရဲ့ နောက်ဆုံး version မှာထဲက sync နည်းပညာကို ထည့်ပေးလိုက်တယ်။
သတင်းကိုတော့ ကျွန်တော် တင်ပေးခဲ့ဖူးပါတယ်... ပြန်ဖတ်ချင်ရင်..
Code:
http://www.myanmaritresource.info/article-news-f197/chrome-beta-catches-up-to-developer-s-build-global-news-t3175.htm

အဲဒီ့တုန်းက Chrome ကို သဘောကျပြီး ၊ အမြဲလိုလိုသုံးဖြစ်ခဲ့တယ်။ ခုလည်း သုံးနေတုန်းဘဲ။
ဒါပေမယ့် ကျွန်တော်တို့ သုံးခဲ့တာက Firefox လေ။ ခုထိလည်း သူ့ကို လက်လွှတ်လို့မရသေးတော့ ၊ သူ့ဆီမှာလည်း sync Feature လေး ပါလာခဲ့ရင် ကောင်းမယ်လို့ တောင့်တမိခဲ့တယ်။
ဒီနေ့တော့ မျက်စိလည်ပြီး Mozilla Labs ကို ခဏရောက်သွားတာ Home Page မှာတင် sync ဆိုတဲ့စာလေးတွေ့တာနဲ့ အမြန်သွားဖတ်လိုက်တယ်။
တော်တော်ဝမ်းသာသွားတယ်ဗျို့။ ကျွန်တော် တောင့်တခဲ့တာလေး ခုတော့ ပြည့်ပြီလေ။ Smile
ခုဆိုရင် Laptop ကို Hibernate ချည်းလုပ်နေစရာမလိုတော့ဘူး ၊ shutdown ချလို့ရပီ။ Very Happy

သူ့အကြောင်းကလည်း ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူ့ဆီက စာသားကိုဘဲ Quote လိုက်တော့မယ်..

Doing online research from the office, only to see itʼs time to head home? Now you can go back to your opened tabs and search history in an instant from any PC. And your information is encrypted so only you can access it when you enter a Secret Phrase. Firefox puts security as a top priority and syncing is no exception.

အားလုံးထဲက အကြိုက်ဆုံးကတော့ Opened Tabs တွေကို ပြန်ဖွင့်လို့ရတာဘဲ။ Very Happy

addon လေးကိုတော့ အောက်က လင်ခ့်မှာ ယူနိုင်ပါတယ်။
Code:
https://addons.mozilla.org/en-US/firefox/addon/10868/

Install လုပ်တာလည်း လွယ်ပါတယ်။ Install လုပ်ပြီးလို့ရှိရင် setting ကိုလည်း ကိုယ့်စိတ်ကြိုက်ပြင်လို့ရတယ်။ Passwords တွေကိုပါ sync လုပ်ဖို့ ကြောက်ကြရင်လည်း အဲဒါကို မလုပ်ဖို့ သတ်မှတ်လို့ရတယ်။

သုံးကြည့်ကြပါ။ ခုဆိုရင် Mozilla ကော ၊ Chrome ကော ၊ sync တွေ ရပြီဆိုတော့ bookmark site တွေတောင် မလိုတော့ဘူး။

2010 is the World of Sync; I love Sync; Razz

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com