Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

New Technologies for Electricity [Article]

Go down  Message [Page 1 of 1]

Slip

Slip
MITR New User




Idea №.1.


[You must be registered and logged in to see this link.]


ယနေ့ ကမ္ဘာကြီးရဲ့ သိပ္ပံပညာသည် စက္ကန့်နဲ့အမျှ တိုးတက်လျှက်ရှိရာ တိုးတက်လာသည်နှင့် အမျှ အသုံးအဆာင် ပစ္စည်းအမျိုးမျိုး၊ ယာဉ်အမျိုးမျိုးတို့အတွက် စွမ်းအင်များစွာ လိုအပ်လာသည်။ ကမ္ဘာကြီးတွင် ရှိရှိသမျှ သယံဇာတ ပေါင်းစုံကို ပုံစံအမျိုးမျိုးပြောင်းလဲပြီး လိုအပ်သော စွမ်းအင်ရအောင် သိပ္ပံပညာရှင်တို့ နေ့စဉ်နဲ့အမျှ ကြိုးစားခဲ့ကြသည်မှာ ယနေ့ထိဖြစ်သည်။ စွမ်းအင် ပေါင်းများစွာထဲတွင်မှ အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံး စွမ်းအင်မှာ လျှပ်စစ်စွမ်းအင် (Electrical Energy) ဖြစ်ပြီး လှုပ်ရှားသွားလာနေသော ယာဉ်များမှလွဲ၍ ကျန်သည့် နေရာအားလုံးတွင် လျှပ်စစ်စွမ်းကိုသာ အဓိက သုံးစွဲကြရသည်။ လျှပ်စစ်စွမ်းအားသုံးသော ယာဉ်များကိုလည်း တဖြည်းဖြည်း အစားထိုး တီထွင်လျှက် ရှိနေကြပြီဖြစ်သည်။ အချို့ကားများ၊ သင်္ဘောများနှင့် လေယာဉ်ပျံများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့သွယ်တန်းဖို့ မဖြစ်နိုင်သေးသဖြင့် လောင်စာကိုသာ အားကိုးနေရခြင်းဖြစ်သည်။ ကျန်သည့် နယ်ပယ်အသီးသီးအတွက် လျှပ်စစ်စွမ်းအင် တစ်ခုရှိရုံနှင့် ပြည့်စုံလုံလောက်သည်။


လျှပ်စစ်ဓတ်အား (Electricity) သည် လူတို့အတွက် မရှိမဖြစ် အရေးပါလာသည်နှင့် အမျှ လျှပ်စစ်စွမ်းအားကို နည်းမျိုးစုံနှင့် ထုတ်ယူဖို့ သိပ္ပံပညာရှင်တို့ ကြိုးစားလာကြသည်။ ရေအား (Hydropower)၊ လေအား (Wind Power)၊ လောင်စာ (Fuel)၊ အပူနှင့် နေရောင်ခြည် စွမ်းအင် (Solar Energy)၊ ဓာတ်ငွေ့ (Gas)၊ စွန့်ပစ်ပစ္စည်း နှင့် မစင် (Core-Generating)၊ နူကလီးယား (Nuclear Power) စသည့် စွမ်းအင်များမှ လျှပ်စစ်စွမ်းအင်ကို နည်းပညာအမျိုးမျိုးဖြင့် စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့ကြပြီးဖြစ်သည်။ သို့သော် လုံလောက်မှု မရှိသေးသဖြင့်ယနေ့ချိန်ထိ နည်းပညာအသစ်အသစ်များကို ထပ်မံရှာဖွေနေရသလို လက်ရှိ အသုံးပြုနေသော အရင်း အမြစ် (Sources of Energy) များ ကုန်ဆုံးသွားမည်ကိုလည်း စိုးရိမ်နေကြရသည်။

ထိုအထဲမှာမှ မကုန်ဆုံးနိုင်တဲ့ အရင်းမြစ်ရှိပြီး သိပ္ပံပညာရှင်တို့ လျှပ်စစ်ဓာတ်အားထုတ်ဖို့ စမ်းသပ်လို့ မအောင်မြင်သေးသော စွမ်းအင်တစ်ခုရှိသည်။ ၎င်းမှာ ကမ္ဘာ့ဆွဲအား (Gravitational Force) ပင်ဖြစ်သည်။ Gravitational Constant = 6.674×10−11 N m2 kg−2 ပြီး ကမ္ဘာပေါ်ရှိ အရာဝတ္တုအားလုံးပေါ်တွင် Gravitational Constant သက်ရောက်လျှက် ရှိသည်ကို စာဖတ်သူများအားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အာကာသတွင်းရှိ ဂြိုဟ်တုများ (Satellites) မှ လွဲပြီး ကျန်သည့် အရာအားလုံးမှာ ကမ္ဘာ့ဆွဲအားထဲ၌သာ ရှိကြတယ်။ သို့ဖြစ်ပါ၍ ကမ္ဘာ့ဆွဲအားမှ လျှပ်စစ်ထုတ်ပေးနိုင်သည့် ကိရိယာ၊ (သို့မဟုတ်) နည်းပညာတစ်ခု ထုတ်နိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်အကူဖြစ်မှာ သေချာပေသည်။ မည်သည့်အခါမှ မကုန်ဆုံးနိုင်သလို လှုပ်ရှားသွားလာနေသော ယာဉ်တွေအားလုံးလဲ လှုပ်ရှားနေရင်းဖြင့် စွမ်းအင်ကို သုံးပြီး ဆက်လက်ရွေ့လျှားနိုင်ကြလိမ့်မည်ဖြစ်သည်။ အခြားသော လျှပ်စစ်ထုတ်သည့် နည်းပညာအားလုံး၏ အားနည်ချက်များကိုလည်း ဖြေရှင်းနိုင်သလိုသဘာဝ ပက်ဝန်းကျင်ညစ်ညမ်းမှု၊ လောင်စာစက်ရုံများ နှင့် အခြားလျှပ်စစ်စက်ရုံများ (Generating Station, Power Plant, or Powerhouse)များ ၏ ပေါက်ကွဲမှုများကို လည်း ကာကွယ်ပြီးသားဖြစ်လိမ့်မည်။


Idea №.2.

[You must be registered and logged in to see this link.]
[You must be registered and logged in to see this link.]

မနှစ်ကမှ စမ်းသပ် အောင်မြင်ခဲ့သည့် စနစ်တစ်ခုကို ပြောပြပါမည်။ ၄င်းမှာ ကြိုးမဲ့ လျှပ်စစ် ပို့သည့်စနစ် (Wireless Electricity) ဖြစ်သည်။ အခန်းထဲတွင် ယင်း စနစ်ကို သုံးပြီး လျှပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ အောင်မြင်ခဲ့ပြီးဖြစ်သည်။ ကြိုးတန်းလန်းများ၊ ရှုတ်ရှုတ်ရှက်ရှက်များ၊ ဓာတ်ခဲ (အစို၊ အခြောက်) များနှင့် သုံးစရာမလိုတော့ပေ။ သို့သော် ထိုစနစ်ကို အခန်းတွင်း၌သာ သက်သေပြနိုင်၊ တီထွင်နိုင်သေးရာ အခန်းပြင်မှာ လုပ်နိုင်အောင် တီထွင် သက်သေပြနိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်ကူဖြစ်ပေလိမ့်မည်။ မြို့တစ်မြို့ကနေ တစ်မြို့ သို့ ကြိုးမဲ့စနစ်နဲ့ လျှပ်စစ်ပို့ခြင်း၊ အဆောက်အအုံး တစ်ခုမှ နောက်တစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် လျှပ်စစ်ပို့နိုင်မည်။ ဤသို့ဆိုလျှင် သွားလာဖို့ မည်မျှ ခက်ခဲသည့် ဒေသပင်ဖြစ်စေ၊ မည်မျှ ဝေးကွာသည့်ဒေသပင်ဖြစ်စေ လွယ်လွယ်ကူကူဖြင့် Antenna ထောင်ပြီး လျှပ်စစ်သုံးနိုင်လိမ့်မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများစွာရှိသည့် နိုင်ငံတို့အတွက် ဓတ်တိုင်များ၊ ဓတ်ကြိုးများ မလိုပဲ နယ်စွန်နယ်ဖျား ဒေသများထိ လျှပ်စစ်ဓတ် ဖြန့်ဝေနိုင်မည်။ ရာသီဥတုနှင့် သဘာဝ ဘေးအန္ဒရာယ်များ၊ ဓာတ်လိုက်ခြင်းများ (Electric Shock)၊ ဝါယာ ရှော့ (Wire Shock) ဖြစ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက်ခြင်းများနှင့် အခြား အားနည်းချက်ပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်လိမ့်မည်။





Idea №.3.
[You must be registered and logged in to see this link.]

မြေအောက် ရထားများ နှင့် မြေပေါ် ရထားများ (Railways and Metros) တွင် နေ့စဉ်ကြုံတွေ့နေသည့် လူသားတို့ အသက်အန္တရာယ်နှင့် ပတ်သက်သော ပြဿနာမှာ ရထားကြိတ်ခံခြင်း ပင်ဖြစ်သည်။ လူသားများ၏ အသက်အန္တရာယ်နှင့် ပါတ်သက်နေသော်လည်း ယင်းပြဿနာကို ဒီနေ့အထိ ကောင်းကောင်း မဖြေရှင်းနိုင်သေးပေ။ မြေပေါ် ရှိရထားလမ်းများတွင် လူနှင့် တိရစ္ဆာတို အသွားအလာရှိသောနေရာများတွင် ခြံစည်းရိုး ကားထားနိုင်သော်လည်း၊ ရထားဘူတာများ(မြေပေါ်ရော၊ မြေအောက်ပါ) တွင်တော့ ရထားလမ်းဘေး ၁ ပေ ခွဲ အကွာတွင် စည်းတားပြီး ရထားမရပ်ခင်ထိ စည်းထဲမဝင်ဖို့ သတိပေးထားခြင်းကိုသာ လုပ်နိုင်ကြသေးသည်။ ၊ ရထားလမ်းများကို ၅ ပေထိ နိမ့်ပြီး ဖောက်ထားခြင်း၊ Camera များနှင့် ရထားရဲ များက သေချာ စောင့်ကြည့်ပြီး ပြင်းပြင်ထန်ထန် အရေးယူမှုများကို လုပ်ကြရသည်။ သို့သော် အကောင်းဆုံးဖြေရှင်းနည်းကို မရနိုင်သေးသလို၊ ရထားကြိတ်ခံရသူတွေ၊ တံခါးညက်ပါ သူတွေက ရှိမြဲ ရှိနေစဲ ဖြစ်သည်။

လူနှင့် ရထား မတော်တဆ ဖြစ်ပွားမှုနှုံးသည် ရထားလမ်း တစ်လျှောက် မှာထက် ဘူတာများတွင်က ၉၀ ရာခိုင်နှုံးပိုများသည်။ မြေပေါ်ရော၊ မြေအောက်ပါ ဘူတာများတွင် ထိုပြဿနာကို ဖြေရှင်းဖို့ နည်းပညာတစ်ခု တစ်ခုတော့ရှိသည်။

ဘူတာရှိ ရထားလမ်းဘေးမှ တားထားသော စည်းအတွင်း၊ ရထားနှင့် ၂၀ စင်တီမီတာ အကွာအကွာအဝေး တစ်လျှောက်တွင် မှန် နံရံတစ်ခု တည်ဆောက်မည်။ ထို ရထား၏ တံခါးများ ဖွဲ့စည်းတည်ဆောက်ပုံအတိုင်း ရထားပေါ်က တံခါးများနှင့် အရွယ်အစားတူ တံခါး များကို ဆက်တိုက် အပြည့် တပ်ဆင်ထားမည်။ ခရီးသည်အားလုံးမှာ ထို မှန်တံခါး နံရံ၏ အတွင်း၌သာ ရထားကို စောင့်ကြရမည်။

ဘူတာတွင်းသို့ ရထားဝင်သည်ပြီးနောက် ရထားရပ်သွားသည်နှင့် ရထားပေါ်မှ တံခါးများ ပွင့်သွားမည်။ တချိန်ထဲမှာပင် ရထားပေါ်က တံခါးများ နှင့် ကပ်လပ်လျှက်ရှိနေသော မှန်တခါး နံရံပေါ်မှ တံခါးများ Sensor စနစ်ဖြင့် Automatic ပွင့်သွားမည်။ ထိုအချိန်တွင် ခရီးသည်များ အတက်အဆင်း လုပ်ကြမည်။ ရထားပေါ်ရှိ တခါးများ ပြန်ပိတ်ချိန်တွင် sensor စနစ်ဖြင့်ပဲ မှန်တံခါးနံရံပေါ်ရှိ ပွင့်နေသော တံခါးအားလုံး Automatic ပြန်ပိတ်သွားကြမည်။ထို့နောက် ရထားလည်း ခရီးစဉ်အတိုင်း ဆက်လက် ထွက်သွားလိမ့်မည်။

ဤနည်းပညာအတွက် အဓိက လိုအပ်သည်မှာ ယနေ့ခေတ် အဆောက်အဦ အများစု၏ အဝင်ပေါက်များတွင် အသုံးပြုနေသော Sensor System နှင့် Automatic Control System သာဖြစ်သည်။ လောလောဆယ် ဂျပန်နိုင်ငံ ဘူတာ အချို့တွင် စမ်းသပ်တည်ဆောက်ထားပြီး တကမ္ဘာလုံးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပါက ဘူတာများ၌ လူတို့ သတိကြီးစွာ ထားစရာမလိုတော့သလို ခလေးများနှင့် သက်ကြီး ရွယ်အိုများအတွက်လည်းစိတ်ချနိုင်သည်။ အသက်အန္တာရာယ်များစွာကို ကာကွယ်ပြီးဖြစ်ပြီး စိုးရိမ်မှု ကင်းစွာနှင့် လွတ်လွတ်လပ်လပ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြလိမ့်မည်ဖြစ်ပေသည်။









Idea №.4.

[You must be registered and logged in to see this link.]
[You must be registered and logged in to see this link.]

၂၀၀၇ စက်တင်ဘာလ တွင် အမေရိကန် သမတ္တ ဂျော့ရှ်ဘု က NAVSTAR GPS စနစ်ကို ၎င်းတို့ ကြိုက်တဲ့အချိန်မှာ ပိတ်ပစ်လမ့်မည်ဟု ကြေညာခဲ့သည်။ ထို အကြောင်းကို ကြိုသိနေသော နိုင်ငံများက NAVSTAR ကဲ့သို့သော GPS စနစ်များကို မိမိတို့နိုင်ငံပိုင် တည်ဆောက်ဖို့ စီမံကိန်း ချခဲ့၊ စတင်တည်ဆောက်ခဲ့ကြသည်။ ရုရှားမှ GLONASS ၊ ဥရောပ သမဂ္ဂမှ Galileo ၊ အိန္ဒိယမှ IRNSS ၊ တရုတ်မှ BEIDOU ၊ ဂျပန်မှ QZSS ဟူ၍ အကောင်ထည်ဖော်ခဲ့ကြသည်။ Satellite System, Navigation System, GNSS Technology & GPS Technology အကြောင်း မြန်မာလို ဖတ်လိုပါက [You must be registered and logged in to see this link.]
တွင် စုစည်း ရေးသား ထားပါသည်။ ကျနော်တို့နိုင်ငံအနေဖြင့် ဂြိုဟ်တု တစ်လုံးတောင် မလွှတ်နိုင်သေးသောကြောင့် GPS Satellite အနည်းဆုံး ၃ လုံး၊ အများဆုံး ၃၀ လုံးကို အသုံးပြုရသည့် နေရာပြ စနစ်ကို တည်ဆောက်နိုင်ဖို့ လက်တလော မဖြစ်နိုင်သေးပေ။ သို့သော် ဂြိုဟ်တုပေါင်းများစွာက မြန်မာနိုင်ငံပေါ်မှ ဖြတ်သန်းသွားရာ Channel အားလုံး ကို ဖမ်းမိနိုင်သော Receiver တစ်ခု တီထွင်နိုင်ပါက ပြည့်စုံပြီဖြစ်သည်။ မြေပြင် Antenna များ တည်ဆောက်ပြီး နေရာပြစနစ်အားလုံးမှ ဂြိုဟ်တုအားလုံးဆီမှ Signal များကို ဖမ်းယူနိုင်သော Receiver ဖြင့် Channel တစ်ခုချင်း ဖမ်းပြီး (တစ်ခု မရ တစ်ခု ဖမ်းပြီး) တည်နေရာကို ရှာဖွေနိုင်မည်။ NAVSTAR က ပိတ်လိုက်လျှင် GLONASS ကို ဖမ်းမည်။ GLONASS ထပ်ပိတ်လျှင် အခြား နိုင်ငံမှ စနစ် ကို ဖမ်းမည်။ ဤသို့ဖြင့် တစ်လိုင်းချင်း ဖမ်းပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ အားလုံး ပိတ်သွားရင်တော့ ကျနော် MACS ဘွဲ့အတွက် လုပ်ခဲ့သော Research အတိုင်း [You must be registered and logged in to see this link.] ကို ပြောင်းလဲ အသုံးပြုနိုင်ပေမည်။ ထို့ကြောင့် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ Channel အားလုံးကို ဖမ်းနိုင်သော (Antenna Navigation System ကိုပါဖမ်းနိုင်သော) Receiver တစ်လုံး စမ်းသပ်ထုတ်လုပ်ရန်သာဖြစ်သည်။ အောင်မြင်သွားပါက မြန်မာနိုင်ငံအနေဖြင့် ငွေကုန်ကြေးကျများစွာကို ဖြတ်ကျော်နိုင်ပြီး ပူပင်ကင်းစွာ မည်သည့်နိုင်ငံကိုမျှ ဂရုမစိုက်ပဲ စနစ်ကောင်းတစ်ခုကို သုံးစွဲနိုင်မည်ဖြစ်သည်။


[You must be registered and logged in to see this link.]

Idea №.5.

[You must be registered and logged in to see this link.]


Google Map တွင် Right Click ထောက်ပြီး Direction နှစ်ခုကို စာဖတ်သူတို့ ရွေးဖူးကြလိမ့်မည်။ ထိုသို့ရွေးပါက မြေပုံပေါ်တွင် ရွေးချယ်လိုက်သော နေရာနှစ်ခုကို ကားဖြင်၊ ရထားဖြင့်၊ ခြေလျှင်ဖြင့် ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်းများကို ပြသပေးသည်။ နောက်ထပ် စနစ်တစ်ခုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်သေးသော Traffic Control System ဖြစ်သည်။ ဤစနစ်က မည်သည့်နေရာများတွင် ကားအများဆုံးကြပ်တတ်သည်၊ မည်သည့်မီးပွိင့်များက အမြဲပိတ်ဆို့တတ်သည် ကို အခြေခံပြီး Program ရေးထားခြင်းဖြစ်သည်။ ထိုစနစ်ကို အသုံးပြုပြီးမည်သည့်လမ်းကို ရွေးချယ်သွားပါက ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ကြောင်း သိရှိနိုင်ပေသည်။ ယခု ကျနော် ပြောမည့် Idea မှာ ထိုစနစ် နှစ်ခု ပေါင်းစပ်အခြေခံပြီး တည်ဆောက်ထားသည်။

Receiver တစ်ခုတီထွင် ပြုလုပ်ရမည်။ ၎င်းတွင် မြေပုံနှင့် မြို့များကို အသေးစိတ်ဖော်ပြထားပြီး ယခု မိမိရောက်ရှိနေသော တည်နေရာကိုပါ ဖော်ပြထားရမည်။ ထိုမြေပုံပေါ်သို့ မိမိသွားလိုသော နေရာကို ထောက်လိုက်သည်နှင့် သွားနိုင်သည့် ရှိရှိသမျှ လမ်းကြောင်းအားလုံး ပေါ်လာရမည်။ ထို့နောက် မည်သည့်လမ်းမှ သွားလျှင် မည်မျှ အချိန်ကြာနိုင်မည်ကို ပြသရမည်။ ထို့နောက် Traffic များနှင့် အမြဲတမ်း ယာဉ်ကြောပိတ်ဆို့တတ်သော လမ်းများနှင့် ကြာချိန်များကို Program အတိုင်းတွက်ချက်ပြီး နောက်ဆုံး အရွေးချယ်သင့်ဆုံး၊ အချိန်အတိုဆုံးဖြင့် သွားနိုင်သော လမ်းကြောင်းကို ချက်ချင်း တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

ထိုမျှမပြီးသေး။ အကယ်၍ မိမိသွားလိုသောနေရာက တည်တံ့နေသော အရာမဟုတ်ပဲ ရွေ့လျှားနိုင်သော အရာဖြစ်ပါက တစ်မျိုးတစ်ဖုံ ပြောင်းလဲ တွက်ချက်နိုင်ရမည်။ ဥပမာ - ကျနော်နှင့် ယခု စာဖတ်သူတို့ အချိန်တိုအတွင်း တွေ့ဆုံဖို့ လိုအပ်သည်ဆိုပါဆို့ ကျနော် ရောက်နေသောတည်နေရာနှင့် စာဖတ်သူရောက်နေသော တည်နေရာကို မြေပုံပေါ်တွင် ရွေးချယ်ကြမည်။ ထို့နောက် နှစ်ယောက်လုံးက တစ်ဦးဆီသို့ တစ်ဦး ဦးတည်လာရင်းအချိန်အနည်းဆုံးနှင့် နှစ်ဦးတွေ့ဆုံနိုင်သော တည်နေရာများကို လမ်းကြောင်းများပေါ်တွင် မြေပုံဖြင့် ပြသပေးမည်။ ထို့နောက် အရွေးချယ်သင့်ဆုံး လမ်းနှင့် သွားရမည့် စုံမှတ်ကို တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

နောက်တစ်မျိုးမှာ စာဖတ်သူက ယခုရောက်ရှိနေသာနေရာမှ အခြားတစ်နေရာသို့အသွားတွင် ကျနော်က စာဖတ်သူနှင့် အရေးတကြီး တို့ဖို့လိုအပ်လာချိန်၊ စာဖတ်သူအနေဖြင့်လည်း သွားနေသည့် ခရီးစဉ်ကို ဖြတ်လို့ မဖြစ်ချိန်များတွင် စာဖတ်သူသူ သွားနေရာ လမ်းကြောင်း၌ ကျနော်နှင့် အချိန်တိုအတွင်း နှစ်ဦးလုံးရွေ့လျှားရင်း တွေ့နိုင်သော တည်နေရာတစ်ခုကို ဖြေထုတ် တွက်ချက်ပေးမည့် Program ဖြစ်သည်။


ဤစနစ် အောင်မြင်သွားပါက အချိန်ကြန့်ကြာမှုများစွာကို ကျော်လွားနိုင်ပြီး အရေးကြီးသော အခွင့်အရေးများကို ရယူနိုင်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများကို အချိန်မှီ ဆောင်ရွက်နိုင်ခြင်း၊ ကာကွယ်ရေး ကိစ္စများကို အချိန်အနည်းငယ်အတွင်း ထိန်းသိမ်းနိုင်ခြင်းနှင့် အခြားသော ရွေ့လျှားနေသော အရာဝတ္ထုတိုင်း၊ ယာဉ်တိုင်းအတွက် အထောက်အကူ များစွာဖြစ်စေနိုင်ပေသည်။


[You must be registered and logged in to see this link.]

[color=#00cccc](ကျနော် Supervisor နှင့် ဆွေးနွေးရင်း၊ Internet ပေါ်မှာ Googling လုပ်ရင်း ရရှိလာတဲ့ Idea တစ်ချို့ဖြစ်သည်။ စာဖတ်သူများ နားလည်မလည်တော့ ကျနော် မသိပါ။ အတက်နိုင်ဆုံးတော့ နားလည်စေမည့် စကားလုံးများဖြင့် ရေးသားထားပါသည်။ အမှားအယွင်းများ ရှိလျှင် သည်းခံပေးရန်နှင့် ပြင်ဆင်ပေးမည့်သူများကိုလည်း ကြိုဆိုပါ၏။ Idea №5 မှာ နောက် လာမည့် Conference အတွက် ကျနော်လုပ်နေသော Research ဖြစ်သည်။ လောလောဆယ် Model အတွက် Matlab နှင့် C# နှစ်ခုသုံးထား ရာ Dynamic နဲ့ ပက်သက်ပြီး ကောင်းကောင်းရေးနိုင်သူများထံမှ အကူညီ လိုနေပါသည်။ ကူညီပေးပါက ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။ ကျေးဇူးတင်ပါသည်။)


Slip
Code:
[/color][url=http://www.myanmaritresource.info/meepyatite@gmail.com]meepyatite@gmail.com[/url]
[url=http://www.meepyatite.com/]http://www.meepyatite.com/[/url]



Last edited by ထက်နိုင် on 17th July 2010, 2:10 pm; edited 2 times in total (Reason for editing : adding title)

http://www.meepyatite.com/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com