Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Thin Client Empty Thin Client 24th March 2009, 4:08 pm

ζ. ζ. †

ζ. ζ. †
MITR Reader



MITR Reader
thin client ဆိုတာ က hard disk မပါတဲ့ PC တွေကို ခေါ်တာ ပါ။ hard disk မပါတော့ operating system တွေ application software တွေ အားလုံးကို server တစ်ခုမှာပဲ install လုပ်ထားပြီးတော့ client တွေ boot တက်တာကအစ application တွေ run တာအဆုံး အားလုံးကို server ကနေတစ်ဆင့် run ရတယ်။ thin client ကို အများအားဖြင့် အနောက်နိုင်ငံတွေက ပိုသုံးကြတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ဆီမှာ software ၀ယ်ရင် license နဲ့ ၀ယ်ရတော့ ဈေးကြီးတယ်လေ။ thin client ကိုသုံးရင် software တွေအားလုံးကို တစ်ခုစီပဲဝယ်ရတော့ ဈေးသက်သာတာပေါ့ဗျာ။ ဆိုလိုတာကဗျာ ရိုးရိုး network တွေဆိုရင် client ငါးခုရှိလို့ software ငါးခွေ ၀ယ်ရမယ်ဆိုရင် thin client မှာက server အတွက် တစ်ခါပဲဝယ်ရတယ်။ နောက် thin client network ရဲ့ client တစ်ခုချင်းစီမှာ hard disk ထည့်စရာမလိုတော့ အကုန်အကျသက်သာတာပေါ့။ ပြီးတော့ ပါဝါအစားသက်သာတယ်။ ပြီးတော့ server တစ်ခုတည်းကထိန်းချုပ်တာဆိုတော့ data security ပိုရှိတယ်။

thin client မှာတစ်ခုဆိုးတာက အပိုပစ္စည်းရှားတယ်ဗျ။ ပြန်ရောင်းချင်ရင်လည်းဝယ်မယ့်လူ သိပ်မရှိဘူး ။ ပြီးတော့တပ်ဆင်ပေးနိုင်တဲ့ technician တော်တော်လေးရှားတယ်။ နောက် thin client မှာသုံးရတဲ့ network card နဲ့ cable တွေက ရိုးရိုး network တွေမှာ သုံးရတဲ့ card တွေ cable တွေနဲ့ မတူဘူး ။ boot တက်နိုင်တဲ့ cable နဲ့ card တွေဖြစ်ရမယ်။ ပြီးတော့ thin client မှာ server ကအသားကုန် run ရတော့ heat ပိုတက်တယ်။ ပြီးတော့ boot တက်တာက အစ application တွေ run တာအဆုံး server ကို ပဲ မှီခိုနေရတာဆိုတော့ client အရေအတွက်များလေ speed နှေးလေပဲ။ ပြီးတော့ thin client တွေက multimedia နဲ့ ပက်သက်လာရင် မနိုင်တော့ဘူး။ နောက် application software တော်တော် များများ နဲ့ compatible မဖြစ်သေးဘူး။ နောက်ဆုံးတစ်ချက်ကတော့ အကယ်၍ server သာ down သွားမယ်ဆိုရင် client တွေက boot မတက်နိုင်ရုံတင်မကဘဲ data တွေပါပျက်သွားလိမ့်မယ်။


ဒီနိုင်ငံမှာတော့ thin client တွေဖွံဖြိုးဖို့ အတွက်တော်တော် အချိန်ယူရဦးမယ်။ ဘာလို့လဲဆိုတော့ thin client ရဲ့ အဓိက အားသာချက်က software အတွက် သိပ်ပိုက်ဆံမသုံးရတာပဲ ရှိတာလေ။ ဒီမှာ က software တစ်ခွေကို အများဆုံးရှိမှ ၁၀၀၀ ပဲလေ။ ဒါပေမဲ့ အကယ်၍သာ copy right law တွေသာ လွှမ်းမိုးလာခဲ့ရင် တော့ တော်တော်လေး သုံးလာကြမှာပါ။ အဲဒီအချိန်ကျရင် အဆင်သင့်ပြင်နိုင်အောင်လို့ ကျွန်တော်တင်ပြလိုက်တာပါ။

2Thin Client Empty Re: Thin Client 6th November 2009, 8:03 pm

htikethegreat

htikethegreat
MITR New User



Can I get the information about Thin client suitable for Internet cafe. Thanks you.

3Thin Client Empty Re: Thin Client 7th November 2009, 2:26 pm

solakoko

solakoko
Moderator



Moderator
ကျနော်လဲသိချင်ပါတယ်ခင်ဗျာ
ဗဟုသုတ အလို့ ငှာ ပေါ့
ရန်ကုန် မှာ လဲ တစ်ချို့  cyber တွေ မှာသုံးတာ တွေ့ ဖူးတယ်လို့ တော့ပြောတယ်ဗျ
ကျနော် တော့မတွေ့ ဖူးသေးဘူး..
သူများပြောတာပဲ..
အဲလို အဖြစ်အပျက်တွေ ရှိသတဲ့ဗျား..

4Thin Client Empty Re: Thin Client 26th January 2010, 11:49 am

ko phyo

ko phyo
MITR New User



microsoft plug found မှာ အဲဒီပုံစံမျိုးရှိတယ်မဟုတ်လား.. nos (network operation system) အဲဒီဟာနဲ့ ဒီဟာနဲ့ ဘာတွေကွာလဲ နည်းနည်းလောက်ရှင်ပြပါလား.. nos မှာလဲ... thin client လိုဘဲလို့ကျွန်တော်ထင်ပါတယ်... thin client ရဲ့ အားသာချက်တွေကို တင်ပြပေးပါလား... microsoft plug found မှာ nos ကိုသုံးထားတာ windows NT နဲ့တော့ တွေ့ဘူးတယ်.. အဲဒီနှစ်ခုကွားခြားချက်တွေ ကိုရှင်ပြပေးနိုင်ရင် ကောင်းမယ်လို့ ကျွန်တော်ထင်မိပါတယ်..

5Thin Client Empty Re: Thin Client 12th July 2010, 3:29 pm

rat

rat
MITR Reader



MITR Reader
Thin Client ကိုကျွန်တော်တို့အရင်ကသုံးတာပါ အစိုးရကျောင်းတွေမှာဆင်ပေးဖူးပါတယ် Main ထဲက ULB မှာ Thin Client နဲ့ သင်ပါတယ် အခုတော့ Microsoft က Multipoint Server ဆိုပီး မိတ်ဆက်ပေးလိုက်ပါပီ. Detail ကတော့အများကြီးပဲ
Code:
http://www.microsoft.com/windows/multipoint/default.aspx
လေ့လာကြည့်ပါ ကျွန်တော်တော့်စမ်းသုံးတုံးပါ နောက်တော့ knowledge share ပေးပါ့မယ်....

6Thin Client Empty Re: Thin Client 12th July 2010, 4:34 pm

bluehack

bluehack
Moderator



Moderator
ကျွန်တော်လဲ ၀င်ဆွေးနွေးကြည့်မယ်နော်။
ကျွန်တော်လုပ်ကြည့်ခဲ့ဘူးတာကတော့ Telnet Server ပေါ့။ သူကလဲ ဘာမှမလိုဘူး။ Server
တစ်လုံးထောင်ပေးရတယ်။ နောက်ပြီး Telnet Client တွေနဲ့ Monitor, Keyboard,Mouse
စတာတွေနဲ့ ဆက်သွယ်ပေးလိုက်တာပါပဲ။ Window Server 2003့ ကိုသုံးပြီးတော့ ချိတ်ဆက်
ပေးထားပါတယ်။
အခု ALT ပြောသလိုပါပဲ ဘာမှထပ်မလိုတော့ပါဘူး။ အဲဒီမှာကို IP တွေကို Configure လုပ်ထား
ပြီးတော့ Internet သုံးတာ တွေဘာတွေကို ပိတ်ထားလို့ရပါတယ်ခင်ဗျ။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com