Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ogre

ogre
Moderator



Moderator
Firefox ကိုအမြန်နှုန်းတက်အောင် လုပ်တဲ့နည်းလေးပါ....
ကျနော်ကတော့စမ်းကြည့်ပြီးပါပြီ... နှစ်ဆလောက်မြန်သွားပါတယ်....
စိတ်ပါ၀င်စားရင်တော့ မည်သူမဆို အောက်ပါနည်းအတိုင်း လုပ်ကြည့်နိုင်ပါတယ်...

စာညွန်း။ ။ A post of grr from Warez-bb.org


၁) Address Bar ထဲမှာ about:config ကိုရိုက်ထည့်ပါ။ Enter ခေါက်ပါ။

၂) filter search bar ထဲမှာ network.http.pipelining ကိုရိုက်ထည့်ပြီးရှာပါ။ Value
Field မှာ Double Click ခေါက်ပြီး true အဖြစ်ပြောင်းလဲတပ်ဆင်ပါ။

၃) Filter search bar ကိုပြန်သွားပါ။ network.http.pipelining.maxrequests ကို
ထပ်ရှာပါ။ ဒီ Option ပေါ်မှာ Double click ပေးပါ။ တန်ဖိုးကို 8 - ပြောင်းပါ။

၄)network.http.proxy.pipelining အားထပ်ရှာပါ။ Double Click ပေးပါ။ တန်ဖိုးကို
true ပြောင်းပါ။

၅)Filter Search Bar ထဲမှာ network.dns.disableIPv6 ကိုရှာဖွေပြီး Double Click
ပေးခြင်းဖြင့် value ကို true အဖြစ်ပြောင်းပါ။

၆)CONTENT INTERRUPT PARSING
ဒီနည်းလမ်းကတော့ မီးမြေခွေးကို အသုံးပြုနေရင်းနဲ့ Application တစ်ခုခုကြောင့် Page
Loading ရုတ်တစ်ရက်ရပ်တန့် ခြင်းကို တုန့်ပြန်မှုမှ ထိန်းချုပ်ရန်ဖြစ်ပါတယ်။
about:config window ရဲ့ မည်သည့်နေရာမဆို Right Click (Apple user များ -
Ctrl+Click) ပေးပါ။ New မှတစ်ဆင့် Boolean ကို ရွေးပါ။
ပြီးပါက New boolean value pop-up window ထဲမှာ content.interrupt.parsing
ကိုတည့်ပါ။ Ok ပေးပါ။ New Boolean အတွက် Value ကို True ကိုရွေးပါ။ Ok ပေးပါ။

၇) Page Loading လုပ်နေစဉ်အတွင်း ကြန့်ကြာမှုဖြစ်စေသည့် Rendering လုပ်ခြင်းအား
အချိန်အကန့်အသတ်မရှိ တုံ့ပြန်မှု မဖြစ်စေရန်အတွက်
အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါတယ်။
about:config window အတွင်းမှာပဲ Right Click ထပ်ပေးပါ။ pop-up menu မှတဆင့် New
ကိုရွေးပါ ၊ ထိုမှတဆင့် Integer ကိုရွေးပါ။
New Integer Pop up menu အတွင်း content.max.tokenizing.timeကိုရိုက်ထည့်ပါ။ Ok
ပေးပါ။ Value ကို 2250000 ထည့်ပါ။ Ok လုပ်ပါ။

၈)CONTENT NOTIFY INTERVAL
ဒါကတော့ စာမျက်နှာ တစ်ခုနှင့်တစ်ခု အကူး စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်စေဖို့
အသုံးပြုပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New ကိုရွေးပါ။
Integer ကိုရွေး Ok ပေးပါ။
content.notify.interval ကိုရိုက်ထည့်ပါ။ Ok ပေးပါ။Value ကို 750000 <ပေးပါ။ Ok
လုပ်ပါ။

၉)CONTENT NOTIFY ONTIMER မိမိအသုံးပြုပြီးသား စာမျက်နှာတစ်ခုကို ပြန်ခေါ်ရာမှာ
စောင့်ဆိုင်းချိန်နည်းပြီး ပိုမိုသွက်လက်စွာအလုပ်လုပ်စေဖို့ ဖြစ်ပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New ကိုရွေးပါ။
Boolean ကိုရွေး Ok ပေးပါ။
content.notify.ontimer ကိုရိုက်ထည့်ပါ။ Ok ပေးပါ။ Value ကို true ရွေးပြီး Ok
ပေးပါ။

၁၀)NOTIFY BACKOFFCOUNT
timer-based reflows တွေကို အမြင့်ဆုံး နံပါတ်အထိ ထိန်းချုပ်ရန်အတွက်
ဒီနည်းလမ်းကို သုံးပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New ကိုရွေးပါ။
Integer ကိုရွေး Ok ပေးပါ။
content.notify.backoffcount ကိုရိုက်ပြီး Ok ပေးပါ။ Value ကို 5 ပေးပြီး Ok
လုပ်ပါ။

၁၁)CONTENT SWITCH THRESHOLD
ဒါကတော့ ၀ဘ်စာမျက်နှာတစ်ခုကနေ ဒေတာတွေကို အလွဲအပြောင်းလုပ်ရန်အတွက်
ကြာမြင့်ချိန်ကို အနည်းဆုံးဖြစ် အောင်လျော့ချထားတာဖြစ်ပါတယ်။
about:configwindow ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New ကိုရွေးပါ။
Integer ကိုရွေး Ok ပေးပါ။
content.switch.threshold ကိုရိုက်ထည့်ပါ။ Ok လုပ်ပါ။Value ကို 750000 ထည့်ပြီး Ok
လုပ်ပါ။

၁၂)NGLAYOUT INITIALPAINT DELAY
မီးမြေခွေးနဲ့ ၀ဘ်စာမျက်နှာတွေဖွင့်တိုင်းမှာ မိမိလိုအပ်တဲ့ စာမျက်နှာမရောက်မှီ
အမှန်တစ်ကယ်မလိုအပ်တဲ့ ဒေတာတွေ အများအပြားကိုပါ မီးမြေခွေးက
ဒေါင်းလုဒ်ချလေ့ရှိပါတယ်။အဲဒီအတွက်စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်အောင်
အောက်ပါအတိုင်းလုပ်ဆောင်ထားနိုင်ပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New ကိုရွေးပါ။
Integer ကိုရွေး Ok ပေးပါ။
nglayout.initialpaint.delay ကိုရိုက်ထည့်ပြီး Ok လုပ်ပါ။ Value ကို 0 ထားပါ။ Ok
ပေးပါ။


အဲဒီ(၁၂)ဆင့်လုံး လုပ်ဆောင်ပြီးရင်တော့ Firefox ကို restart ပေးလိုက်ပါ..
ဒါဆိုရပါပြီ..

http://www.myanmarhelper.co.cc

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com