Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ogre

ogre
Moderator



Moderator
DVD
Disc-burn လုပ်ရာမှာ ကြံုတွေ့ရတတ်တဲ့အမှားတွေက



CD, DVD
Recorder and Media player တွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားကို ကျွမ်းကျင်ကျင်
ဆောင်ရွက်ပေးနိုင်ကြသလို stable ဖြစ်တဲ့ထုတ်ကုန်တွေလည်းဖြစ်ပါတယ်။



ဒါပေမယ့် အသုံးပြုတဲ့သူတွေက သတိလက်လွတ်
လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် burn လုပ်ရာ မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အခု
Brun လုပ်ရာမှာ အဖြစ်များတတ်တဲ့



အမှား
ငါးခုနဲ့ဘယ်လိုရှောင်းရှားနိုင်လဲဆိုတာကိုဖော်ပြသွားပါမယ်။






၁။
Verify မလုပ်မိခြင်း



Disc တွေ
Burn လုပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် အဲဒါဟာ “Verify လုပ်ပါ”
ဆိုတာပဲ ဖြစ်ပါလိမ့်မည်။ Burning software ရဲ့ verify (ဒါမှမဟုတ် validate)



function
ကိုအသုံးပြုပြီး ဘာတွေဖတ်သွားတယ်၊ ရေးသွားတယ်ဆိုတာ နှိုင်းယှဉ်ကြည့် သင့်ပါတယ်။
Verify function ဟာ disc တစ်ချပ် အောင်အောင်မြင်မြင် burn လုပ်နိုင်တဲ့



အခွင့်အရေးထက်
ပိုပြီး ကောင်းမလာနိုင်ပေမယ့် နောက် disc တစ်ချပ်ကို burn လုပ်တဲ့အခါ ပြဿနာကို
အချိန်မီ ကြိုတင်သိထားနိုင်မှာ ဖြစ်ပါတယ်။ Successful burn လို့ဆိုပေမယ့်



Play
လုပ်ကြည့်မှသာ ကောင်းမကောင်းသိနိုင်ပါတယ်။ Disc ပျက်စီးသွားတာမျိုး၊ disc
ကိုဖတ်ကြည့်လို့ မရအောင် burn လုပ်မိတာမျိုးဖြစ်ပေါ်နိုင်ပါတယ်။






၂။ Media
ရွေးချယ်မှု မှားယွင်းခြင်း



DVD
တွေအတွက်ဆိုရင် DVD+R/RW, DVD-R/RW ၊ ဒါမှမဟုတ် DVD-RAM စတဲ့ ကိုယ့် Player က
support လုပ်နိုင်တဲ့ media အမျိုးအစားကို ရွေးချယ်အသုံးပြုရပါမယ်။



တကယ်လို့
စျေးပေါပေါနဲ့အမှတ်တံဆိပ်မရှိတဲ့ blank media ( CD or DVD) တွေကို ၀ယ်ယူ
အသုံးပြုမယ်ဆိုရင် verify လုပ်ဖို့ မမေးသင့်သလို ရံဖန်ရံခါ အရည်အသွေးမကောင်းတဲ့



disc တွေ
ပါရှိလာမှာကိုလည်း သတိပြုသင့်ပါတယ်။ နောက်ပြီး DVD media တွေဟာ CD media တွေထက်
reliable ပိုဖြစ်တာကိုလည်းတွေ့ရပါတယ်။






၃။
မြန်နှုန်းမြင့်ရေးမိခြင်း



Disc
တစ်ချပ် burn လုပ်ဖို့ အချိန်အကြာကြီး စောင့်နေရတာကိုဘယ်သူမှ နှစ်သက်မှာမဟုတ်သလို
မြန်နိုင်သမျှမြန်အောင် burn လုပ်တာဟာလည်း အကောင်းဆုံးနည်း တစ်ခု



မဟုတ်ပါဘူး။
Rewritable CD and DVD တွေမှာ burning ပြဿနာ ကြံုတွေ့ရတာနည်း ပေမယ့် တစ်ခါတစ်လေ
တချို့ CD-R and DVD-R တွေကို အမြင့်ဆုံး အမြန်နှုန်းနဲ့



ရေးသားတဲ့
အခါ ပြဿနာတွေ့ကြံုရတတ်ပါတယ်။ နောက်ပြီး အမြန်နှုန်းတစ်ခုနဲ့တစ်ခုကြား burn လုပ်တဲ့
အချိန်ဟာ သိသိသာသာ ကွာခြားမှုမရှိတဲ့အတွက် ဖြစ်နိုင်ရင် အမြန်နှုန်းကို



လျှော့ချပြီး
burn လုပ်သင့်ပါတယ်။






၄။
Software တွေ up-to-date မဖြစ်ခြင်း



ပြိုင်ဆိုင်နေကျတဲ့
စျေးကွက်အတွင်းမှာ burner ကိုဝယ်ယူစဉ်ကပါရှိလာတဲ့ firmware၊ ဒါမှမဟုတ် Software ဟာ
ပြည့်စုံတိကျမှု ရှိချင်မှ ရှိပါလိမ့်မည်။ Burner ရဲ့စွမ်းဆောင်ရည်နဲ့



ပတ်သက်ပြီး
စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ထုတ်လုပ်ရောင်းချသူရဲ့ Website မှာ Update ဖြစ်မယ့်
Software တွေရှာဖွေအဆင့်မြှင့်ပေးရပါမယ်။ တကယ်လို့ disc တွေကို burn



လုပ်ရာမှာ
ပြဿနာမရှိဘဲ ကောင်းမွန်နေတယ်ဆိုရင်တော့ update လုပ်စရာ မလိုပါဘူး။ တကယ်လို့ disc
အမှတ်တံဆိပ်အသစ်တစ်ခုပြောင်းလဲအသုံးပြုလိုက်လို့ drive မှာ



ပြဿနာ
ဖြစ်နေတယ်ဆိုရင် firmware၊ ဒါမှမဟုတ် Software update တစ်ခုနဲ့ update လုပ်တာဟာ
အကောင်းဆုံးဖြစ်ပါတယ်။






၅။
Application အများအပြား run နေစဉ် burn လုပ်ခြင်း



ဒီနေ့ခေတ်မှာ
အသုံးပြုနေကြတဲ့ PC တွေဟာ disc တွေ burn လုပ်နေချိန်မှာ တခြားလုပ်ငန်းတွေ
တစ်ပြိုင်တည်း ဆောင်ရွက်နိုင်အောင် လိုအပ်တဲ့ အမြန်နှုန်းထက် ပိုပြီး



ပါ၀ါရှိကြပါတယ်။
ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်လုပ်နေတဲ့ application တွေကို တတ်နိုင်သလောက်
လျှော့ချထားမယ်ဆိုရင် disc တွေ အောင်မြင်စွာ burn လုပ်နိုင်မယ့်



အခွင့်အလမ်းတွေ
တိုးတက်လာမှာဖြစ်ပါတယ်။ Multitasking၊ ဒါမှမဟုတ် background မှာ burn လုပ်တာကို ရှောင်သင့်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ burn လုပ်နေတဲ့အချိန်မှာ



တခြား
application တွေ run မလုပ်တာဟာ အကောင်းဆုံးပါ။

http://www.myanmarhelper.co.cc

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com