Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ogre

ogre
Moderator



Moderator
File and
File Extension တွေအကြောင်းသိကောင်းစရာ



ကွန်ပြူတာသုံးစွဲပြီး
စာတစ်ကြောင်း၊ ပုံတစ်ပုံ၊ စာရင်းဇယား တစ်ခုခုကို လုပ်ကိုင် ဆောင်ရွက်ပြီးလို့
ကွန်ပြူတာမှာ သိမ်းလိုက်ပြီဆိုရင် ကွန်ပြူတာရဲ့



hard
drive ထဲမှာ ဖိုင်တစ်ခု အနေနဲ့ သိမ်းပေးထားပါလိမ့်မယ်။ ကိုယ်ဖန်တီးရေးသားထားတဲ့
ဖိုင်ရဲ့အမည်ကို ကိုယ်ဖာသာ စိတ်ကြိုက်ပေးခွင့်ရပေမယ့်



file အမျိုးအစားသတ်မှတ်ပေးထားတဲ့ နောက်က
extension ကိုတော့ ကိုယ်ပေးချင်တိုင်း ပေးလို့မရဘဲ သူ့ဘာသာသူ
သတ်မှတ်ပေးထားလေ့ရှိပါတယ်။



ဥပမာပြောရရင်
Microsoft ရဲ့ Woeds Program ထဲမှာ အစီရင်ခံစာတစ်ခုကို
ရိုက်နှိပ်သိမ်းဆည်းမယ်ဆိုရင် xxxx.doc လို့ သိမ်းထားတာတွေ့ရပါလိမ့်မယ်။



အဲဒါကို
Report လို့ ဖိုင်အမည်ပေးခဲ့ရင် report.doc., ဒီဇင်ဘာလ အစီရင်ခံစာဖြစ်လို့
December report လို့ပေးခဲ့ရင် december report.doc လို့တွေ့ရပါမယ်။



အဲဒီဖိုင်ကိုပဲ
Pagemaker ထဲမှာ ရိုက်နှိပ်ဖန်တီးထားခဲ့ရင်တော့ December report.pmd ဆိုပြီး
သိမ်းထားပေးပါလိမ့်မယ်။ အရင်က ဖိုင်နာမည်ပေးရာမှာ အက္ခရာ



(၈)လုံးထက်ပိုပြီး
မပေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် 8.3 format ပုံစံအတိုင်း လိုက်နာထည့်သွင်းပေး
ခဲ့ရပါတယ်။ Windows 95.05 ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့



longfile
name ဖိုင်နာမည် တွေကို အရှည်ပေးနိုင်တဲ့ long file name ပုံစံကြောင့်
ဖိုင်နာမည်တွေကို စိတ်ကြိုက်သတ်မှတ်ပေး ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်အမျိုးအစား



သတ်မှတ်တဲ့
ပုံစံကတော့ မပြောင်းလဲပဲ .3 ပုံစံအတိုင်း ရှိနေပါတယ်။ တချို့ဖိုင် extension
တွေကတော့ အက္ခရာ (၄)လုံးနဲ့ သတ်မှတ်ထားပါတယ်။






Folder
ဆိုတာကတော့ ဖိုင်တွေကို စုစည်းပေးထားတဲ့ အံဆွဲနဲ့တူပါတယ်။ ဥပမာပြောရရင် Dec
report, Jan report, Feb report စတာတွေကို monthly report ဆိုတဲ့



folder
ထဲမှာ သိမ်းထားခဲ့ရင် ရှာရပိုလွယ်ကူတဲ့ သဘောဖြစ်ပါတယ်။ Folder တွေကိုတော့ စိတ်ကြိုက်နာမည်ပေးနိုင်သလို၊
အမျိုးအစားမတူတဲ့ ဖိုင်တွေကိုလည်း တွဲဖက်



သိမ်းဆည်းထား
နိုင်စေပါသည်။






အခုဖိုင်
extension တွေထဲက အသုံးများတဲ့ extensions တချို့ကိုဖော်ပြပေး လိုက်ပါတယ်။






.all,
.aif, .aiff



အဲဒီ
extension တွေအားလုံးဟာ အသံဖိုင်တွေဖြစ်ပြီး အသုံးများတဲ့ audio ဒါမှမဟုတ် media
player တွေဖြစ်တဲ့ Real Audio တို့လို windows media player



တို့လို
Program တွေကနေ ဖွင့်နားထောင်နိုင်စေပါသည်။






.avi


Windows
ရဲ့ video file extension ဖြစ်ပါတယ်။ အဲဒီဖိုင်တွေဟာ ဖိုင်ပမဏကြီးမားပြီး Download
အပြည့်အဝ လုပ်ဆောင်ပြီးစီးတဲ့ အချိန်မှသာဖွင့်နားထောင် ကြည့်ရှုနိုင်ပါတယ်။



Download
ရင်း တန်းလန်း နားထောင်ကြည့်ရှုလို့မရပါဘူး။






.exe


Windows
ဒါမှမဟုတ် Dos program မှာ သူ့ဖာသာသူ သက်ဝင်လုပ်ဆောင်နိုင်စေတဲ့ ဖိုင်တွေ
ဖြစ်ပါတယ်။






.gif,
.jpg, .png



အဲဒီ
extension သုံးထားတဲ့ ဖိုင်တွေအားလုံးဟာ bitmap graphic ပုံရိပ်တွေဖြစ်ပြီး
graphic program တွေ တော်တော်များများနဲ့ browser မှာဖွင့်ကြည့်နိုင်စေပါသည်။






.html,
.htm



HTML
အသုံးပြုရေးသားထားတဲ့ web document တွေဖြစ်ပြီး browser တွေမှာ
ဖွင့်ကြည့်နိုင်ပါသည်။






.hlp


Windows
help ဖိုင်တွေအတွက် သုံးစွဲထားတဲ့ extension ဖြစ်ပါတယ်။






.mpeg,
.mpg, .mpe, .miv



MPEG ရဲ့
Audio ဖိုင်တွေဖြစ်ပြီး mp3player တွေနဲ့ MP3 player program တွေဖြစ်တဲ့ Win Amp
or Sonique Program တွေ သုံးစွဲဖွင့်နားထောင်နိုင်ပါတယ်။






.mp4


Player
အသေးစားလေးတွေမှာ ဖွင့်ကြည့်နိုင်တဲ့ Video file format တစ်ခုဖြစ်ပြီး MP4 player
အသေးစားလေးတွေနဲ့ကွန်ပြူတာမှာ MP4 player ဖွင့်နိုင်တဲ့ Program



တစ်ခုခုသုံးဖွင့်
ကြည့်နိုင်ပါတယ်။ ဖိုင်ပမဏသေးအောင်လုပ်ထားတဲ့အတွက် အရည်အသွေး နိမ့်နေလေ့ရှိပါတယ်။






.ps


Postcript
document တွေလို ဖော်ပြထားတာဖြစ်ပါတယ်။ စာစီစာရိုက် Program တွေဖြစ်တဲ့ PagerMaker
and Quark Express Program တွေမှာ ဖွင့်ကြည့်နိုင်ပါတယ်။






.wav


Windows
ရဲ့ အသံဖိုင်တွေဖြစ်ပြီး Windows Media Player နဲ့အခြား media player တွေမှာ
ဖွင့်နားထောင်နိုင်ပါတယ်။






File
extenstion တွေအများကြီးရှိပါသေးတယ်။ အခုဖော်ပြထားတာတွေကတော့ အသုံးများတဲ့file
extension တွေဖြစ်ပါတယ်။ နောက်ထပ်အများကြီး ကျန်ပါသေးတယ်ခင်ဗျာ။



ပိုးကောင်လေး
သိသလောက်ကိုပြောပြပေးလိုက်ပါတယ်။ အနှောက်အယှက်လေးဖြစ်သွားတယ်ဆိုရင်တော့
တောင်းပန်ပါတယ်ခင်ဗျာ။



မသိသေးတဲ့လူတွေလည်း
ဗဟုသုတရအောင်၊ သိပြီးသားလူတွေလည်းနောက်တစ်ခေါက်ပြန်မှတ်မိအောင် ဒီPost
လေးကိုတင်လိုက်ရတာပါခင်ဗျာ။



အမှားများရှိရင်
တောင်းပန်ပါတယ်ခင်ဗျာ။

http://www.myanmarhelper.co.cc

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com