Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

မန္တလေးမြို့တွင် လက်ရှိ ၀န်ဆောင်မှုပေးလျက်ရှိသည့် ADSL(Asymmetric Digital Subscriber Line)များကို ဖိုင်ဘာဖန်ကြိုးမျှင်သုံး အင်တာနက်ဝန်ဆောင်မှု(Fiber To The XFTTX) ဖြင့် ရတနာပုံတယ်လီပို့ကုမ္ပဏီက လဲလှယ်တပ်ဆင်ပေးရန် အစီအစဉ်ရှိကြောင်း ထိုကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက မေလ၃ရက်နေ့တွင် ပြောကြားသည်။
ထိုအင်တာနက် ၀န်ဆောင်မှုသစ်သည် သုံးစွဲသူ၏နေရာအရောက် ဖိုင်ဘာဖန်ကြိုးမျှင် တိုက်ရိုက်သွယ်တန်းကာ တပ်ဆင်ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းများကို သုံးစွဲနိုင်ရုံသာမက ရုပ်မြင်သံကြားလိုင်းများကိုလည်း ကြည့်ရှုစေနိုင်မည် ဖြစ်သည်။ ADSLလိုင်းများကို အဆိုပါဝန်ဆောင်မှုအသစ်ဖြင့် လဲလှယ်တပ်ဆင်ပေးရာတွင် ငွေကြေးတစ်စုံတစ်ရာ ထပ်မံပေးအပ်ရန် လိုအပ်မည်မဟုတ်ကြောင်း၊ လဲလှယ်တပ်ဆင်ပေးရာတွင် သတ်မှတ်ဧရိယာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဆိုသည်။ အဆိုပါဝန်ဆောင်မှုသစ်ကို ရတနာပုံတယ်လီပို့ကုမ္ပဏီက ပြီးခဲ့သည့် မတ်လ၂၇ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တွင် လိုင်းပေါင်း၅၀၀၀ တပ်ဆင်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။ “မန္တလေးမှာတော့ ဇွန်လလောက်မှာ စတင်အသုံးပြုနိုင်မှာပါ။ လက်ရှိမှာ တယ်လီဖုန်းလိုင်း ၀န်ဆောင်မှုပေးဖို့အတွက် VOIP Gateway တစ်ခု လိုနေသေးလို့ပါ။ အသံအရည်အသွေးကောင်းဖို့နဲ့ အရည်အသွေးမြင့် ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။ မန္တလေးမြို့တွင် ထိုဝန်ဆောင်မှုကိုစတင်ပြီးပါက မုံရွာ၊ မြစ်ကြီးနားနှင့် တောင်ကြီးမြို့များတွင် ဒေသဆိုင်ရာ ၀န်ဆောင်မှုပေးသူများအဖြစ် ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်မည်ဟု ဆိုသည်။ ရန်ကုန်မြို့တွင်မူ ယခုနှစ်မကုန်မီ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လိုင်းပေါင်း၁၀၀၀၀ကို တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း၊ အိမ်ရာများကို ဦးစားပေး တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုအင်တာနက်ဝန်ဆောင်မှုသစ်တွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့် ရုပ်မြင်သံကြားလိုင်းများပါဝင်ပြီး လက်ရှိတွင် မြ၀တီရုပ်မြင်သံကြား တစ်လိုင်းတည်းကိုသာ ကြည့်ရှုနိုင်သေးကြောင်း၊ အခပေးရုပ်သံလိုင်းများ အပါအ၀င် အခြားသောရုပ်မြင်သံကြားလိုင်းများပါ ပါဝင်ပြသနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ထိုတာဝန်ရှိသူက ဆိုသည်။ အဆိုပါဝန်ဆောင်မှုသစ်ကို ကနဦးတပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့် ၀န်ဆောင်မှုပေးခြင်းဖြစ်ပြီး လစဉ်ကြေးများမှာ အင်တာနက်အမြန်နှုန်းအလိုက် ကွဲပြားမှုရှိကြောင်း၊ 512Kbps နှင့် 1Mbps အမြန်နှုန်းရှိပါက လစဉ်ကြေးအဖြစ် ကျပ်၅၀၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး 1Mbps အမြန်နှုန်းရှိပါက လစဉ်ကြေးအဖြစ် ကျပ်တစ်သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com