Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

kolynn

kolynn
MITR New User



ကျွန်တော် အခုပြောမဲ့အကြောင်းလေးကတော့ Mediafire ကို Access Denied ဖြစ်နေသော (ကျွန်တော်လိုလူများ) အတွက် Mediafire မှဖိုင်များကို Download ချနည်းဖြစ်ပါတယ်... သိပြီးသားလူများကတော့ သိချင်သိမှာပါ.. မသိသေးသော ညီအစ်ကိုများအတွက်ရည်ရွယ်ပါသည်။
Ifile ထက်စာလျှင် ကျွန်တော်ကတော့ Mediafire မှ ဒေါင်းလော့ဆွဲရတာ ပိုမိုက်သည် ဟု ထင်ပါသည် .. ကျွန်တော့်လို IP Star User အတွက် ကော်နက်ရှင်တော်တော်ဆိုးဝါးနေတဲ့ အချိန်မှာ Download ဆွဲနေစဉ် Transfer Rate 12 - 18 Kbp လောက် ထွက်ရင် ထီပေါက်သလောက် ၀မ်းသာရပါသည်။
အဲဒီ Speed ကလည်း Mediafire မှ ဖိုင်များ ဆွဲရာတွင်သာ ရဖူးပါသည်။ ထို့ကြောင့် တတ်နိုင်သမျှတော့ လိုချင်သော Software များ ရှိလျှင် Mediafire လင့်ကိုသာ ရှာပါသည်။ အများအားဖြင့်
Code:
http://www.searchshared.com/mediafire.com
တွင် ရှာလိုက်ပါသည်။ ဒါမှမဟုတ်လည်း ကျေးဇူးရှင်ကြီး Google ကနေ Application Name "mediafire.com" ဆိုပြီး ရှာပါသည်။
ဘန်းကျော် Software တစ်ခုခုတော့ လိုပါသည်။ Freedom (သို့) ပေါ့ပေါ့ပါးပါး Ultrasurf လိုမျိုးပေါ့။ Internet Download Manager သုံးသူများအနေဖြင့် Mediafire မှ လင့်များကို Normal Proxy ဖြင့် ဒေါင်းလို့ရမည် မဟုတ်ပါ။ ထို့အတူ Freedom Proxy ဖြင့်ကျပြန်တော့လည်း Connection က မငြိမ်သဖြင့် တစ်ပိုင်း တစ်စဖြင့်ပင် ရပ်သွားသည်က များပါသည်။ ကျွန်တော်ကတော့ IE (or) Flock တွင် By Pass Proxy ထည့်ပြီး Mozia Firefox တွင် Normal Proxy ကို သုံးပါသည်။ IDM ကိုတော့ Normal Proxy ဖြင့်ပင် ထားလိုက်ပါသည်။
ပထမဆုံး လိုချင်သော ဆော့ဝဲလ် (သို့) တစ်ဖိုင် ဖိုင် ၏ Mediafire လင့်ကို အရင်ရှာပါ။ ပြီးလျှင် By Pass Software တစ်ခုခုကို Run ပြီး တက်လာပြီဆိုပါက By Pass Proxy ထည့်ထားသော Web Browser တစ်ခုခု၏ Address Bar တွင် Mediafire လင့်ကို ရိုက်ပါ.. နောက်ထပ် ဒေါင်းရမဲ့ လင့်တစ်ခု ကျလာပါလိမ့်မည်။
[You must be registered and logged in to see this image.]
Click here to start download.. ဆိုသော နေရာမှ လင့်ကို Right Click ထောက်ပြီး Copy Link Location လုပ်ပြီး Notepad ဖွင့်၍ ခုန မှတ်ထားသေး လင့်ကို Paste လုပ်ပါ.
ထိုအခါ Notepad ပေါ်တွင် ဥပမာ -
Code:
http://download809.mediafire.com/xxahlqj9hyeg/mgndooxwzmn/Freegate+6.82+Professional+Edition.rar
ဟူပြီး တွေ့ရပါမည်။
ထို့နောက် အခြား Manual Proxy သုံးထားသော Browser တစ်ခုတွင် Hostname မှ IP Address သို့ပြောင်းပေးသော ဆိုက်
Code:
http://www.hcidata.info/host2ip.cgi
ကိုဖွင့်လိုက်ပါ
တက်လာလျှင် Notepad တွင်မှတ်ထားသော Address မှ ရှေ့ပိုင်းဖြစ်သော Hostname
Code:
download809.mediafire.com
ကိုသာ ကူးပြီး Host Name ဟူသော အကွက်တွင် ထည့်ကာ Find IP Address ကို နှိပ်လိုက်ပါ။
[You must be registered and logged in to see this image.]
ထို့နောက် Hostname မှ IP သို့ပြောင်းပေးထားသေး အိုင်ပီ ကိုကူးပြီး ခုန Notepad ထဲမှ
Code:
download809.mediafire.com
ဆိုသော နေရာတွင် အစားထိုးပါ။ ဒီလိုဖြစ်သွားပါလိမ့်မည်။
Code:
http://205.196.121.4/xxahlqj9hyeg/mgndooxwzmn/Freegate+6.82+Professional+Edition.rar
အဲဒီတစ်ကြောင်းလုံးကိုမှ ကော်ပီလုပ်ပြီး Internet Download Manager ၏ Add URL ဆိုတာကို နှိပ်ပြီး ပေါ်လာသော Address ဆိုသော နေရာတွင် Paste လုပ်ကာ OK ကို နှိပ်လိုက်ပါ..
[You must be registered and logged in to see this image.]
ခဏစောင့်ပြီး အကြာတွင် သက်ဆိုင်ရာ ဖိုင်၏ Size ထွက်လာပြီဆိုပါက Start Download ကို နှိပ်ပြီး ဒေါင်းနိုင်ပါပြီခင်ဗျာ...
[You must be registered and logged in to see this image.]
ဘန်းကျော်သားများ စမ်းကြည့်ကြပါဦး... တတ်နိုင်သမျှတော့ အရှင်းဆုံးရေးပေးထားပါသည်။ အဆင်ပြေကြမည်ဟု ထင်ပါသည်...
ကျေးဇူးတင်ပါသည် ခင်ဗျာ.....

http://www.rhythmlessworld.co.cc

solakoko

solakoko
Moderator



Moderator
မှတ်ထားလိုက်ပြီဗျာ
သဘောကတော့ ကျော်လို့ ရတဲ့ software တစ်ခုခုနဲ့  DL link ကိုယူ
ပြီးတော့ Host name ကနေ Ip ကိုပြောင်းပြီ DL link ကိုပြင်
ပြီးမှ ဒေါင်းပေတော့..အဲလိုမှတ်လား..
တခြား RS တို့  Ifile တို့ ကိုကောရမယ်ထင်တယ်နော့
Thank you ပါဗျာ

kolynn

kolynn
MITR New User



ဟုတ်ကဲ့ solakoko ခင်ဗျ ...
အဓိက ကတော့ Mediafire အမည်နဲ့ ဘန်းထားတာကို မသိအောင် အိုင်ပီနဲ့ ထွက်လိုက်တဲ့သဘောပါပဲ
RS တို့ Ifile တို့တော့ မရနိုင်ဘူး... RS ကျတော့လည်း Count ကြီးနဲ့ဆိုတော့ မဖြစ်နိုင်သလို Ifile ကျတော့လည်း မဒေါင်းခင် Code က ရိုက်ရသေးတယ်...
Mediafire ကျတော့ အချိန်လည်းစောင့်စရာမလိုဘူး..တန်းဒေါင်းလို့ ရတာကိုးနော...
အာမယ်.. ဒီနည်းလေးက ဆိုးဘူးဗျ.. တစ်ချို့ ရောင်းတဲ့ Hosting က မဟုတ်ပဲ ကိုယ်ပိုင် ဆာဗာနဲ့တင်ထားတဲ့ . ဘန်းထားတဲ့ ဆိုက်တစ်ချို့တစ်လေတောင် ထွက်လာတတ်တယ်... [You must be registered and logged in to see this image.]

http://www.rhythmlessworld.co.cc

ko htet

ko htet
MITR Reader



MITR Reader
Mediafire အား Proxy ကျော်ခြင်း

ဒီပြဿနာက တော်တော်လေးကို ဖြစ်နေတဲ့ပြဿနာပါ..။အကျယ်ချဲ့ပြီးပြောတာတော့မဟုတ်ပါဘူး..သိပြီးသားဆိုရင်တော့ sorry ပေါ့..။
ကိုကျော်စွာငြိမ်း site မှာ Cbox မှာဝင်ရေးတော့ဒီပြဿနာကိုတွေ့တာ..ကျွန်တော်လဲကြုံခဲ့ဖူးတာနဲ့ရေးလိုက်တာပါ..။
ကျွန်တော်က ကိုကျော်စွာငြိမ်း နဲ့ ကိုသံလုံငယ် တို့ site မှာ ကိုယ့်ရဲ့ E mail ပေးထားခဲ့ရင် FeedBurner က Auto ပို့တဲ့ Activation Link မှာ Activate လုပ်ထားတယ်လေ။ ဒါမှသူတို့က post အသစ်တင်တိုင်း Gmail ထဲကို ပို့ပေးတယ်လေ..။ သူတို့ ပို့လိုက်တဲ့ အထဲကကြိုက်တာလေးရှိရင် download သွားဆွဲပါတယ်..။အဲဒီမှာပြဿနာကစတာပါ..။ ifile ကနေတင်ထားတဲ့ file ဆိုရင် ပြဿနာမရှိဘူး download ဆွဲလို့ရတယ်... mediafire ကနေဆိုရင် policy Access deny ဆိုပြီးတော့ ပြနေရော..။ ဘယ်လိုမှဆွဲလို့မရဘူး..။ website တွေကိုကျော်ကြည့်တဲ့ website ([You must be registered and logged in to see this link.] နဲ့ကျော်ကြည့်တော့ရတယ်..ဒါပေမယ့် download မပေးပြန်ဘူး...ခက်ပြီအဲဒါမှ..။ အဲဒါနဲ့သူငယ်ချင်းတယောက်က Internet browser မှာ proxy ကျော်ကြည့်ပါလားဆိုပြီး Proxy လေးတခုပေးတယ်..အဲဒါနဲ့ကျော်ပြီးဆွဲတော့မှရတော့တယ်..။

အရင်ဆုံး FireFox ကိုဖွင့်ပါ..။ပြီးရင် menu bar မှာရှိတဲ့
Tools >> Options >> Advanced >> Network ကိုရောက်အောင်သွားပါ..။
ပြီးရင် settings ကိုနှိပ်ပါ..။ connection settings box ကျလာပါလိမ့်မယ်..။
Manual proxy configuration: ကို click ပေးပါ..။
HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင် 212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင် 443 ကိုရိုက်ထည့်လိုက်ပါ။
အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
mediafire ကိုပြန်ဖွင့်ကြည့်လိုက်ပါ..ရသွားပါလိမ့်မယ်..အစဉ်ပြေကြပါစေဗျား..။

212.93.193.72 ဆိုတာအပြင်...
212.93.193.82
212.93.193.83
212.93.193.84 အစားသုံးသွားလို့ရပါတယ်။
prot ကတော့ 443 ပဲဖြစ်ပါတယ်...

http://deviljim.multiply.com

ko htet

ko htet
MITR Reader



MITR Reader
လောလောဆယ်တော့ ဒီကောင်ကိုသုံး ရတာအစဉ်ပြောနေတယ်ဗျာ
အရင်တင်ပီးသားရှိတယ်ဆိုရင်တော့ဖျက်လိုက်ပေါ့... Razz

http://deviljim.multiply.com

H3@v3n

H3@v3n
Contributor



Contributor
အခု မှတွေ.တာ နာတယ် ဗျာ။ ကျေးဇူးတင် ပါတယ်ဗျာ။

အခြား site တွေကို သိရင် ပြောပြပါအုံး ဗျာ။

[You must be registered and logged in to see this image.]

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com