Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
မိုက္ကရိုဆော့ဖ်ရဲ့ Operating System အသစ်ဖြစ်တဲ့ Windows 7 ရဲ့ Final Version ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ မိုက္ကရိုဆော့ဖ်က ထုတ်ပေးလိုက်ပါပြီ။ Download လုပ်ယူသူတွေများပြားခဲ့သလို စောင့်ကြည့်လေ့လာသူတွေလည်း တစ်ပုံတစ်ပင်ပါ။ Operation System အသစ်တစ်ခုကို ပြောင်းသုံးတဲ့ကိစ္စဟာ စီးပွားရေးလုပ်ငန်းတွေမှာတော့ သိပ်မလွယ်ကူပါဘူး။ အတော်စဉ်းစားပြီးမှ ကူးပြောင်းကြရတာပါ။ ဘာကြောင့်လည်းဆိုတော့ ထွက်ပေါ်ကာစ Operating System တွေဟာ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေ အခြားထုတ်ကုန်တွေဖြစ်တဲ့ Third Party ဆော့်ဖ်ဝဲနဲ့မကိုက်ညီတာတွေ စသည်ဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့်ပါ။ OS ထွက်ပြီးအနည်းဆုံးတစ်နှစ်ကြာမှ ပြောင်းသုံးကျတာများပါတယ်။


အခြားတစ်ဖက်ကကြည့်လျှင်တော့ Operating System အသစ်ကို စမ်းသပ်သုံးစွဲရန်အတွက် အချိန်ကိုဖဲ့ပေးလိုက်ရလို့ အလုပ်လုပ်ချိန် နှောင့်နှေးမှုဖြစ်ပေါ်နိုင်ခြင်း OS အတွက်လိုအပ်တဲ့ Hardware တွေ ထပ်မံတိုးမြှင့်ရမှုကြောင့် ငွေကုန်ကြေးကျများခြင်းနှင့် ကျွမ်း ကျင်ပညာရှင်တွေကို ၄င်း OS နှင့်ပတ်သက်၍ ကျွမ်းကျင်လာအောင် သုံးစွဲသူတွေကို ကူညီနိုင်အောင် စီမံပေးရခြင်းတို့ကြောင့် ရုတ်တရက် မပြောင်းကြတာဖြစ်ပါတယ်။
Windows7 ကို ပြောင်းသုံးတော့မယ်ဆိုရင်တော့ အောက်မှာဖေါ်ပြတဲ့ အချက်တွေကို အရင်ဆုံး သိထားဖို့လိုပါလိမ့်မယ်။


၁- Windows 7 ဟာပိုမြန်တယ်။


Windows 7 ဟာ Windows XP SP3 တို့ထက် ပိုမိုပြီးမြန်ဆန်ပါတယ်။ သို့ပေမဲ့ Windows 7 ကို 64-bit သုံးမှ ဒီလိုမျိုးဖြစ်လာမှာပါ။ Windows ကို သုံးဖို့အတွက် Hardware ကတော့ Windows XP ထက်ပိုမိုများပြားတာ ဖြစ်လို့ Hardware အသစ်တွေ ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။


၂- Windows7 ကိုတင်မည်ဆိုလျှင် ပညာရှင်ကိုအရင်လေ့လာပါစေ


''မပျက်လျှင်မပြင်ပါနဲ့'' ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ Windows XP ဟာလည်း လက်ရှိစီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေနဲ့ ကိုက် ညီနေလို့သုံးစွဲလို့ရပါတယ်။ သို့မဟုတ် အလုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုလျှင်တော့ လူ တွေဟာ အသစ်အသစ်တွေကို ကြိုက်ကြတဲ့အတွက် Operating System အသစ်ကို နှစ်သက်ကြမှာပါ။ ဒါကြောင့် Window 7 ကို ကျွမ်းကျင်စွာ သုံးစွဲတတ်စေရန် မိမိဌာနမှာရှိတဲ့ ကွန်ပျူတာပညာရှင်တွေကို သုံးစွဲစေပြီးမှ Windows 7 သုံးနိုင်တဲ့ကွန်ပျူတာတွေကို ဒီ OS အသစ်တင်ပေးပါ။ ဒီလို လုပ်ခဲ့လျှင် သုံးစွဲသူတွေကို အချိန်ကုန်သက်သာစွာနဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။


၃- Windows XP နဲ့ Windows 7 ကိုနှစ်ခုတွဲပြီးမသုံးနိုင်ပါ။


Windows XP နဲ့ Windows 7 တို့ကို ကွန်ပျူတာတစ်ခုထဲမှာထားပြီး သုံးချင်ကောင်း သုံးချင်ပါလိမ့်မယ်။ သို့ပေမဲ့ Microsoft ကတော့ ဒီလိုလုပ်ဖို့အတွက် ထောက်ခံမှုမပေးထားပါဘူး။ ရှိသမျှကို ဖြုတ်ပယ်ပြီးမှသာ Windows 7 ကို Install လုပ်ဖို့သာပြောဆိုပါတယ်။
Windows XP ကနေ Windows 7 ကို Upgrade လုပ်လို့ရပါတယ်။ သို့ပေမဲ့ ဒီလိုလုပ်ခဲ့လျှင် Registry Setting ပြောင်းသွားမှာ ဖြစ်တာကြောင့် Application အများအပြားကို မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ် နိုင်ဖွယ်ရှိတယ်လို့ Microsoft ကပြောဆိုထားပါတယ်။


၎- Third-Party Upgrade Tools ကိုစဉ်းစားပါ။


Third-Party Tools တွေထဲက Laplink Software ရဲ့ PC-Mover Windows 7 Upgrade Assistant လိုမျိုး Tool တွေကိုသုံးပြီး တူညီတဲ့ Hardware ကနေ XP မှ Windows 7 ကို မြှင့်တင်နိုင်ပါတယ်။ ဒါပေမဲ့ Laplink Software ကအခမဲ့မရပါဘူး။


၅- Hardware Compatibility ကိုသေချာအောင် စစ်ဆေးပါ။


Window 7 ရဲ့ Hardware လိုအပ်ချက်က Vista မှာ လိုအပ် သလောက်ပါပဲ။ Vista Driver အများစုဟာလည်း Windows 7 ကို အထောက်အပံ့ပြုပါတယ်။ 64-bit ကိုသုံးစွဲတဲ့အခါမှာ လုပ်ဆောင်ချက်က ပိုကောင်းတဲ့အတွက် သုံးစွဲတဲ့အခါ 64-bit Version ကိုသုံးစွဲပါ။
ဆော့ဖ်ဝဲနဲ့ Hardware ထုတ်လုပ်သူတွေက Windows 7 နဲ့ Compatibility ဖြစ်ကြောင်း ပြောဆိုဖော်ပြထားတတ်ပါတယ်။


၆- User Access Control ကပိုကောင်းလာတယ်။


Windows XP SP2 မှာထက် ပိုမိုပြီးထိန်းချုပ်ကိုင်တွယ်ရတာ အဆင့်မြင့်တဲ့ Vista ရဲ့ User Access Control (UAC) ထက်ပိုမိုပြီး တိုးတက်ကောင်းမွန် လာပါတယ်။
့UAC ဟာ Virus တွေနဲ့ Malware တွေရဲ့ အန္တရာယ်ကနေကင်းဝေးအောင် စီမံပေးထားတာ ဖြစ်ပါတယ်။


၇- XP ပေါ်မှာ XP ကိုသုံးနိုင်ဖို့ Virtualization ကိုသုံးကြည့်ပါ။


အကယ်၍ Windows 7 64-bit Professional Version နှင့် အထက်ဝယ်ထားမယ်ဆိုလျှင် XP ကို Windows 7 ပေါ်မှာသုံးနိုင်ဖို့ Virtual Machine ကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ CPU က V/VT-Compatible လည်းဖြစ်မယ်။ Memory ကလည်း Gigabyte အတော်များမယ်ဆိုလျှင် Virtualization နည်းပညာကို သုံးစွဲသင့်ပါတယ်။

Credit to ရတနာပုံ

http://www.myanmaritresource.info

moeset

moeset
MITR Reader



MITR Reader
Windows XP ကနေ Windows 7 ကို Upgrade လုပ်လို့ရပါတယ်
မသိလို့နော်ရလို့ လား သိတာက upgrade လုပ်ရင် vista ကနေ လုပ်လို့ရတယ် အဲ့ဒါတောင် vista က x86 64bit version မဟုတ်ရင် window 7 x86 64bit ကိုupgrade လုပ်လို့မရဘူး မလား 32 bit to 32 bit or 64 bit to 64 bit ပဲရတာမလား မှားရင် ခွင့်လွင့်ပါ

လင်းထက်

လင်းထက်
MITR Reader



MITR Reader
7က dial up ကိုတော်တော်လုပ်ယူရတာ လက်တွေ့ပါပဲ...ပြိးတော့သူက help&support ကိုခေါ်ရင်
အင်တာနက်ထဲမှာလှမ်းခေါ်တာဖြစ်လို့တော်တော်ဆိုးပါတယ်..အင်တာနက်မချိတ်ထားရင်ပေါ့....
နောက်တစ်ခု နောက်ပိုင်းဝယ်တဲ့လက်တော့ပ် တော်တော်များများမှာ vista&7ကို supportလုပ် ကြတယ်...။ ဒါပေမယ့် RAM ကို OSရဲ့ လိုအပ်ချက်အတိုင်းမထည့်ထားပါဘူး...ဥပမာ-7ဟာ RAM
2GB လိုပါတယ်...ဒါပေမယ့်တစ်ချို့စက်တွေမှာ 1gb ပဲထည့်ထားလို့ စက်ကဘာမှမလုပ်ရသေးပဲနဲ့ကို
ျRAM ကို50% အထိသုံးထားလိုက်ပါတယ်...ကျန်တာဖွင့်တော့လေးကုန်ရောပေါ့.....
ဒီလိုမျိုး အခက်အခဲတွေရှိပါတယ်.......

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forumotion's free forums | ©phpBB | Free forum support | Report an abuse | Forumotion.com