Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1greetings from Min Htun Zaw Empty greetings from Min Htun Zaw 24th January 2010, 6:30 pm

Min Htun Zaw

Min Htun Zaw
MITR New User



MITR အသင်းသားများအားလုံး မင်္ဂလာပါ။ ကျွန်တော်က မင်းထွန်းဇော်ပါ။
ဒီနေ့နေ့လည်ကပဲ ဘားကမ့်မှာ attacker နဲ့ $ƴǩǾ တို့ ပြောသွားတာကို နားထောင်ခဲ့ရပါတယ်။ Myanmar IT Resources ဆိုတဲ့ နာမည် အတိုင်းပဲ IT resource တွေကို တော်တော်လေး စုံစုံလင်လင် ကြိုးစားပေးထားတာတွေ့ရတာ အင်မတန်မှ ကျေးဇူးတင်မိပါတယ်။ မြန်မာတွေအားလုံးကိုယ်စားလည်း ၀မ်းသာမိပါတယ်။ ကျွန်တော်လည်း MITR မှာ active member တစ်ယောက်အနေနဲ့ contribute လုပ်သွားချင်ပါတယ်။ အခုလောလောဆယ်တော့ member ၀င်ပြီးသွားပါပြီ။

ကျွန်တော့် အကြောင်း နည်းနည်းမိတ်ဆက်ချင်ပါတယ်။ ကျွန်တော် အရင်က networking လေ့လာပါတယ်။ construction company တစ်ခုမှာ network admin အနေနဲ့ တစ်နှစ်လောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။ MCSE ယူဖို့ အစီအစဉ်ရှိခဲ့ပေမယ့် MCP ပဲဖြေဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ programming လည်း စိတ်ဝင်စားမိတာနဲ့ သင်တန်းတစ်ခုနှစ်ခု တက်ပြီး နည်းနည်းလေ့လာဖူးပါတယ်။ အခုတော့ programming နဲ့ပဲ career ကို ဆက်ဖို့ ဆုံးဖြတ်လိုက်လို့ junior programmer တစ်ယောက်အနေနဲ့ အလုပ်စ၀င်တာ သုံးလလောက်ရှိပါပြီ။ programming စိတ်ဝင်စားလို့ ၀င်လုပ်တာမှန်ပေမယ့် programming ကို ရေရေလည်လည် မကျွမ်းကျင်သေးပါဘူး။ ဖြည့်စရာတွေက အတော်များနေတော့ အလုပ်မှာလည်း တစ်ခါတစ်ခါ အဆင်မပြေတာလေးတွေရှိလာတော့ စိတ်ဓာတ်ကျရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် "keep smiling no matter what" လို့ ကိုယ့်ကိုကိုယ် အားပေးပြီးခရီးဆက်နေပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ် adventure မှာ MITR က အထောက်အကူအများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှကိုလည်း MITR အသင်းသားအားလုံးအတွက် ပြန်လည် contribute လည်းလုပ်သွားမှာပါ။

That's all for now, everybody. It's really nice to be a part of MITR. :cheer

2greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 24th January 2010, 6:58 pm

C0D3R

C0D3R
MITR Master



MITR Master
ok ကြိုက်သွားပြီဗျာ

ကျွန်တော်လည်း programming ပိုင်းကိုစိတ်ဝင်စားတယ် ဒါပေမယ့်ဆရာလိုနေတယ်ဗျာ

ဖြစ်နိုင်ရင် ကျွန်တော်ဆရာလုပ်ပါလား ဟီး

မြန်မာအိုင်တီ Resources မှနွေးထွေးစွာကြိုဆိုပါ၏ လာပါ အမြဲတမ်း Welcome :cheer :attention

http://www.myanmaritresource.info

3greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 24th January 2010, 7:13 pm

Min Htun Zaw

Min Htun Zaw
MITR New User



Hacker-Fighter ရဲ့ g-talk account ပေးပါလား။ နောက်တွေ့ဖြစ်ရင် ပြောလို့ရအောင်ပါ။ ခုတော့ မိုးချုပ်နေလို့ အိမ်ပြန်ရဦးမယ်။
goodbye and goodnight Smile

4greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 24th January 2010, 7:23 pm

C0D3R

C0D3R
MITR Master



MITR Master
Hacker-Fighter ရဲ့ g-talk account ပေးပါလား။ နောက်တွေ့ဖြစ်ရင် ပြောလို့ရအောင်ပါ။ ခုတော့ မိုးချုပ်နေလို့ အိမ်ပြန်ရဦးမယ်။
goodbye and goodnight Smile
pm ပို့ထားလိုက်ပြီ

http://www.myanmaritresource.info

5greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 24th January 2010, 7:52 pm

alt.332

alt.332
Administrator



Administrator
အခုလိုမျိုး Contribute လုပ်ပေးမယ်လို့ သိရတဲ့အတွက် နောနော်လိုပြောရင် အတိုင်းထက်အလွန် ၀မ်းသာမိပြီးတော့ Rကြီးလိုမျိုး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ဗျာ Very Happy

http://www.myanmaritresource.info

6greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 24th January 2010, 8:11 pm

bluehack

bluehack
Moderator



Moderator
Min Htun Zaw wrote:MITR အသင်းသားများအားလုံး မင်္ဂလာပါ။ ကျွန်တော်က မင်းထွန်းဇော်ပါ။
ဒီနေ့နေ့လည်ကပဲ ဘားကမ့်မှာ attacker နဲ့ $ƴǩǾ တို့ ပြောသွားတာကို နားထောင်ခဲ့ရပါတယ်။ Myanmar IT Resources ဆိုတဲ့ နာမည် အတိုင်းပဲ IT resource တွေကို တော်တော်လေး စုံစုံလင်လင် ကြိုးစားပေးထားတာတွေ့ရတာ အင်မတန်မှ ကျေးဇူးတင်မိပါတယ်။ မြန်မာတွေအားလုံးကိုယ်စားလည်း ၀မ်းသာမိပါတယ်။ ကျွန်တော်လည်း MITR မှာ active member တစ်ယောက်အနေနဲ့ contribute လုပ်သွားချင်ပါတယ်။ အခုလောလောဆယ်တော့ member ၀င်ပြီးသွားပါပြီ။

ကျွန်တော့် အကြောင်း နည်းနည်းမိတ်ဆက်ချင်ပါတယ်။ ကျွန်တော် အရင်က networking လေ့လာပါတယ်။ construction company တစ်ခုမှာ network admin အနေနဲ့ တစ်နှစ်လောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။ MCSE ယူဖို့ အစီအစဉ်ရှိခဲ့ပေမယ့် MCP ပဲဖြေဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ programming လည်း စိတ်ဝင်စားမိတာနဲ့ သင်တန်းတစ်ခုနှစ်ခု တက်ပြီး နည်းနည်းလေ့လာဖူးပါတယ်။ အခုတော့ programming နဲ့ပဲ career ကို ဆက်ဖို့ ဆုံးဖြတ်လိုက်လို့ junior programmer တစ်ယောက်အနေနဲ့ အလုပ်စ၀င်တာ သုံးလလောက်ရှိပါပြီ။ programming စိတ်ဝင်စားလို့ ၀င်လုပ်တာမှန်ပေမယ့် programming ကို ရေရေလည်လည် မကျွမ်းကျင်သေးပါဘူး။ ဖြည့်စရာတွေက အတော်များနေတော့ အလုပ်မှာလည်း တစ်ခါတစ်ခါ အဆင်မပြေတာလေးတွေရှိလာတော့ စိတ်ဓာတ်ကျရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် "keep smiling no matter what" လို့ ကိုယ့်ကိုကိုယ် အားပေးပြီးခရီးဆက်နေပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ် adventure မှာ MITR က အထောက်အကူအများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှကိုလည်း MITR အသင်းသားအားလုံးအတွက် ပြန်လည် contribute လည်းလုပ်သွားမှာပါ။

That's all for now, everybody. It's really nice to be a part of MITR. :cheer

နွေးတွေးစွာဖြင့်ကြိုဆိုပါတယ်ခင်ဗျာ။
JP ဖြစ်နေလို့ဘာမှအားမငယ်ပါနဲ့။အခုကျော်ကြားနေပါတယ်ဆိုတဲ့ Software Developer တွေအားလုံးကအဲဒိအဆင့်ကိုဖြတ်ကျော်ခဲ့ရတဲ့သူတွေပါ။
ကျွန်တော်တို့ဆီမှာက အသက်နည်းနည်းကြီးလာမှ ကွန်ပျူတာနဲ့ထိတွေ့ခွင့်ရတာဆိုတော့အားငယ်စရာလိုမျိုးဖြစ်နေပါတယ်။ဒါပေမယ့်အားမလျှော့လိုက်
ပါနဲ့။အရာအရာအားလုံးဟာ အစပိုင်းမှာအဆင်မပြေဖြစ်တတ်ပါတယ်။နောက်ပြီးတော့ Programmer ကိုလုပ်ကြည့်လိုက်ပါစိတ်ဝင်စားစရာတွေအများကြိး
တွေ့လာပါလိမ့်မယ်။စက်ကိုလူလိုနားလည်နိုင်အောင် ထိန်းကျောင်းမောင်းနှင်ရမှာလေ။ပျော်စရာတွေဖြစ်လာပါလိမ့်မယ်။သက်ရှိနဲ့ သက်မဲ့ကွာသွားတာလေး
တစ်ခုပါ။သူ့ကိုသာသေချာချုပ်ကိုင်နိုင်ရင် ဟင်း ဟင်း ဟင်း............

(ဂျပန်မှာစက်ရုပ်မိန်းမတောင်ပေါ်လာနေပြီဗျ)

7greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 25th January 2010, 8:51 am

ET

ET
Moderator



Moderator
မင်မင်တွေ မော်မော်တွေ အားလုံးနှုတ်ဆက်ကြပြီးပြီဆိုတော့

ကျနော် လည်းနောက်ကျလို့လည်းမဖြစ်ဘူးလေ

ကိုမင်းထွန်းဇော်ရေ
ကျနော်လည်းလာရောက်နှုတ်ဆက်ပါတယ်
နောက်လည်း Programming နဲ့ပတ်သက်လို့ မသိတာတွေရှိရင်မေးမယ်နော်
:cheer

http://alinkarnya.blogspot.com/

8greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 25th January 2010, 2:34 pm

sHa92

sHa92
Founder



Founder
Min Htun Zaw wrote:နောက်ပိုင်းမှာ programming လည်း စိတ်ဝင်စားမိတာနဲ့ သင်တန်းတစ်ခုနှစ်ခု တက်ပြီး နည်းနည်းလေ့လာဖူးပါတယ်။ အခုတော့ programming နဲ့ပဲ career ကို ဆက်ဖို့ ဆုံးဖြတ်လိုက်လို့ junior programmer တစ်ယောက်အနေနဲ့ အလုပ်စ၀င်တာ သုံးလလောက်ရှိပါပြီ။ programming စိတ်ဝင်စားလို့ ၀င်လုပ်တာမှန်ပေမယ့် programming ကို ရေရေလည်လည် မကျွမ်းကျင်သေးပါဘူး။ ဖြည့်စရာတွေက အတော်များနေတော့ အလုပ်မှာလည်း တစ်ခါတစ်ခါ အဆင်မပြေတာလေးတွေရှိလာတော့ စိတ်ဓာတ်ကျရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် "keep smiling no matter what" လို့ ကိုယ့်ကိုကိုယ် အားပေးပြီးခရီးဆက်နေပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ် adventure မှာ MITR က အထောက်အကူအများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှကိုလည်း MITR အသင်းသားအားလုံးအတွက် ပြန်လည် contribute လည်းလုပ်သွားမှာပါ။
That's all for now, everybody. It's really nice to be a part of MITR. :cheer

ဟင့် JP တောင်ဖြစ်နေပြီဘဲ။ ဘာတွေ အားငယ်နေမှာလဲ။ ဆက်လက်ကြိုးစားတက်လှမ်းသွားရင် အိုကေမှာ စိုပြေနေပါပြီ။
ကျွန်တော်တောင် ဘာမှ မဖြစ်သေးလို့ Sad

ကူညီမယ်ကြားသိရတဲ့ အတွက် ၀မ်းသာစွာ ကြိုဆိုနေပါတယ်ဗျာ။

ပြောမယ့်သာပြောရတယ် ၊ ကျွန်တော်တို့က အများနဲ့ တစ်ယောက်ဆိုတော့ ဘယ်သူ့ဘယ်သူမှ မှတ်မိဘူးရယ်။ ဘယ်နားထိုင်တယ် ၊ ဘာလာပြောတယ်လေး ပြောမှ မှတ်မိမှာ။ Smile

ဘာဘဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ Career Life ကလည်း Programming or something နဲ့ဘဲ ဆိုတော့ ကျွန်တော်တို့ ရှေ့လျှောက်ဆက်သွယ်စရာတွေ အများကြီးရှိမှာပါ။ Smile ကျွန်တော်လည်း ခင်တတ်ပါတယ်။ Smile

http://www.myanmaritresource.info

9greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 25th January 2010, 8:08 pm

N@Y Y!N3

N@Y Y!N3
Moderator



Moderator
မင်္ဂလာပါဗျာ .. ကျနော်လည်း လာရောက်ကြိုဆိုပါတယ်ဗျာ ..

ခင်မင်နိုင်ပါတယ် :cheer

10greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 29th January 2010, 6:45 pm

Min Htun Zaw

Min Htun Zaw
MITR New User



gtalk account ကို PM ပို့ထားပေးတဲ့အတွက် ကျေးဇူးပါ Hacker-Fighter။ အလုပ်အရမ်းရှုပ်နေတာနဲ့ MITR ကို လာချင်ပေမယ့် မလာနိုင်ဘူးဖြစ်နေတာ တစ်ပတ်လောက်တောင်ရှိသွားပြီဗျ။ PM စစ်ပြီးတာနဲ့ invite လုပ်လိုက်ပါမယ်။

အခြားသူတွေလဲ gtalk account PM ပို့ပေးမယ်ဆိုရင် နောက်တွေ့ရင် စကားပြောလို့ရတာပေါ့။ အခုတလောကတော့ online တက်ဖို့ တစ်ပတ်တစ်ခါလောက်တောင် တော်တော်လေးလုပ်ယူနေရတယ်။ invite လုပ်တာ နောက်ကျသွားရင်တော့ သည်းခံပေးကြပါ။

ဒီက admin တွေကတော့ contribute လုပ်ချင်တယ်ပြောလို့ အဟုတ်မှတ်ပြီး နောနော်လိုတစ်မျိုး အာကြီးလိုတစ်ဖုံ ကြိုဆိုနေကြပါလား။ တကယ် active member တစ်ယောက်ဖြစ်ချင်တာပါ။ ဒါပေမယ့် လာမယ်ကြာမယ်ပေါ့ဗျာ။ လာဖြစ်အောင်တော့လာပါ့မယ်။ Smile နက်ဖြန် သို့မဟုတ် ဘယ်သောအခါ ပေါ့။

ဒါနဲ့ alt.332 က မှားနေတယ်နော်။ အာကြီးက မင်္ဂလာဘား လို့ နှုတ်ဆက်တာ။ သေချာပြန်နားထောင်ကြည့်ဦး။ Smile

အသဲကွဲလူသားကိုလည်း အားပေးတဲ့အတွက်ကျေးဇူးပါ။ ဒါနဲ့ ko heart-broken က professional developer လားခင်ဗျ။ (ko heart-broken လို့ ခေါ်မယ်နော် ... ဖြစ်တယ်မှတ်လား Smile။ ပြီးတော့ ဟင်း ဟင်း ဟင်း နဲ့ ဂျပန်စက်ရုပ်နဲ့ စပ်ဆက်ပုံလေးလဲ အားလုံးသိရအောင် နည်းနည်းလောက်တော့ လင်းပေးပါလား။ ကျွန်တော့်လို နည်းနည်းဝေးတဲ့သူတွေအတွက်ပေါ့။

မသိတာတွေရှိရင် မေးမယ်ဆိုတဲ့သူတွေကိုလည်း သိတာဆိုရင်ပြောပြမှာပါ။ ဒါပေမယ့် ခုတော့ မသိတာကများနေသေးတဲ့အတွက် မေးမယ့်သူတွေကို အားတော့နာတယ်ဗျာ။ Smile ကျွန်တော့်ထက် ဒီက ko heart-broken တို့က ပိုသိမယ်ထင်ပါတယ်။ သူတို့ကိုလည်း မေးကြပေါ့။

11greetings from Min Htun Zaw Empty Re: greetings from Min Htun Zaw 29th January 2010, 6:51 pm

alt.332

alt.332
Administrator



Administrator
Smile ဟုတ်မဟုတ်တော့မသိဘူးဗျ...ကျွန်တော်က နားစွန်နားဖျားကြားတာ Very Happy

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting | ©phpBB | Free forum support | Report an abuse | Forumotion.com