Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1ဖြတ်စာ Empty ဖြတ်စာ 22nd January 2010, 4:15 pm

SkipSoft

SkipSoft
MITR New User



This is my first Myanmar language post:

မင်းကို ငါတကယ် စိတ်ကုန်သွားပြီ အမြဲတမ်း ပြဿနာ တစ်ခုပြီး တစ်ခုရှာတယ်။ ဘယ်လို နည်းနဲ့ ဖြေရှင်း ဖြေရှင်း ဒီပုံစံအတိုင်းပဲ အခု ငါ့အလိုလိုက်တဲ့သူ နဲ့ ငါရှေ့ဆက်သွားဖို့ ဆုံးဖြတ် လိုက်ပြီ။ ငါတို့ နှစ်ယောက် ကြားမှာ ပြဿဆိုတာ မရှိသလောက်ပဲ။ မင်းကို ငါလိုချင်တဲ့ ပိုစံသွင်းခဲ့တယ်။ အပေါ်ယံ ကလွဲပြီး ဘာမှ မပြောင်းလဲဘူး။ အခု ငါ့အနားမှာ ရှိနေတဲ့ သူက ငါ့စိတ်ကြိုက်း ပုံစံ သွင်းတာကို လက်ခံ နိုင်တယ်။ ငါမင်းကို တကယ် စိတ်ကုန်သွားပြီ။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကောင်းလာပါတော့မယ် ပြဿနာ မရှာတော့ ပါဘူးဆိုပြီး မင်းပဲ အကြိမ်ကြိမ် ကတိတွေ ပေးခဲ့တယ်။ ညံ့လွန်းလှတဲ့ ငါကလဲ အခါခါ ယုံကြည်ခဲ့တယ်။ ခုတော့ အားလုံးကို ငါနားလည်သွားပြီ။ မင်းနဲ့ ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး။ ငါမင်းနဲ့ လမ်းခွဲဖို့ လုံးဝ ဆုံးဖြတ်ချက် ချလိုက်ပြီ။ မင်းနဲ့ငါနဲ့ လက်တွဲလာတာ ကြာခဲ့ပြီ မင်းအကြောင်းကို ငါတတ်နိုင်သလောက် နားလည်အောင် လုပ်ခဲ့တယ်။ မင်းငါ့အတွက် တစ်ချက်မှ မကြည့်ခဲ့ဘူး။ မင်းထက်စောပြီး သူနဲ့ လက်တွဲဖြစ်ခဲ့ရင် အရာရာ အားလုံး အဆင်ပြေနေပြီ။ သူက မင်းလိုလဲ တောင်းဆိုမှုတွေ မများဘူး။ မင်းကတော့ တောင်းဆိုမှုတွေ များလွန်းပြီး မင်းတောင်းဆိုတဲ့ အတိုင်း ပေးဆပ်တော့လဲ ဘာမှ မထူးလာခဲ့ပါဘူး။ သူကတော့ မင်းနဲ့ ဘာမှ မဆိုင်ဘူးကွ။ ငါတို့ လမ်းခွဲတာ အကောင်း ဆုံးပါပဲကွာ။ ငါ့ကို အသစ်သစ်သော လှည့်ကွက်တွေနဲ့ မညာပါနဲ့တော့ ငါ့စိတ်ကို ခိုင်ခိုင် ထားလိုက်ပြီ မင်းနဲ့ လမ်းခွဲမယ်။ မင်းကို မြင်ရင် စိတ်ကတော့ ယိုင်ချင် ယိုင်နေဦးမယ် မင်းကိုတော့ လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး။ မင်းက တကယ်တမ်း ငါနဲ့ လက်တွဲပြီး အရေးကြီးတဲ့ အချိန်ကောင်းရောက်ရင် ပြဿနာက ထထရှာသေးတယ်။ ငါ့မှာ အမြဲတမ်း တို့လို့ တန်းလန်း ကျန်ခဲ့ရတယ်။ မင်းငါ့ကို ဘယ်လိုမှ လာပြီး မမြူဆွဲပါနဲ့တော့ မင်းရဲ့ နောက်ဆုံးလှည့်ကွက်လဲ ငါ့မှာ ပေးဆပ်မှုတွေ အများကြီးနဲ့ ရင်နင့်အောင် ခံစားလိုက်ရတယ်။ အခုလဲ နောက်လှည့်ကွက် အသစ် မင်းကြံနေတာ ငါသိတယ်။ ငါ့မှာ ခံနိုင်ရည် မရှိတော့ဘူး မင်းနဲ့ လမ်းခွဲတာ အကောင်းဆုံးပါကွာ။ မင်းနဲ့ အဆင်ပြေတဲ့သူကို ရှာပြီး မင်းနေလိုက်ပါတော့။ ငါကတော့ ဘယ်တော့မှ စိတ်ပြန် လည်လာတော့မှာ မဟုတ် တော့ဘူး ဆိုတာ မင်းမှတ်ထားလိုက်ပါ။
Note: Windows ကို စိတ်ကုန်၍ Linux ကူးရန် စိတ်ကူးရ၍ ရေးသားထားခြင်း ဖြစ်သည်။

2ဖြတ်စာ Empty Re: ဖြတ်စာ 25th January 2010, 9:45 pm

SkipSoft

SkipSoft
MITR New User



မူရင်းရေးသားသူက ဇော်လေး လေ သိတယ်မလား....

3ဖြတ်စာ Empty Re: ဖြတ်စာ 1st April 2010, 3:41 pm

Nyein Chan Su HLaing

Nyein Chan Su HLaing
MITR New User



don't know. :sry


တစ်ကြောင်းပိုစ် ရေးသားခြင်း ခွင့်မပြုပါ

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com