Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1PCI to USb [Problem] Empty PCI to USb [Problem] 19th April 2010, 6:18 pm

bigaimboy

bigaimboy
MITR New User



ကျွန်တော် PCI ကနေ USb port ကိုပြောင်းတဲ့ PCI ကတ်ကိုဝယ်ပြီးတော့ အိမ်က စက်မှာ စိုက်လိုက်ပါတယ်
ပြီးတော့ အဲ့PCI ကတ်မှာ ပါတဲ့ USb အပေါက်တွေမှာ memory stick ကိုထိုးကြည့်ပါတယ်
usb does not reconigzied ချည်းပဲပြနေပါတယ်

အဲ့ PCI to USb ကတ်မှာ USb port အားလုံးပေါင်း 4 ခုပါရှိပါတယ်
4ခုလုံး ထိုးလိုက်တိုင်း usb does not reconigzied အဲ့လိုချည်းပဲ ပြပြီး ဘာမှ ဆက်တက်မလာတော့ပါဘူး
ဆိုင်ကပြောတာတော့ driver မလိုပါဘူးတဲ့ plug and play အမျိုးအစားဖြစ်ပါတယ်တဲ့
အဲဒါနဲ့ သူတို့ဆိုင်မှာ ပြန်စမ်းခိုင်းကြည့်တော့ အဆင်ပြေတယ်ခင်ဗျာ့
အိမ်မှာ ပြန်စမ်းတော့ usb does not reconigzied ပဲပေါ်တယ်ခင်ဗျာ
အဲဒါ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲမသိဘူးခင်ဗျာ
သိတဲ့ သူများရှိရင် ကူညီကြပါအုံး

ကျွန်တော်စက်ကတော့ P3 လေးပါ
CPU 1.2Ghz
memory 256
O.s xp(service park 2)

2PCI to USb [Problem] Empty Re: PCI to USb [Problem] 19th April 2010, 7:07 pm

solakoko

solakoko
Moderator



Moderator
Driver မလိုဘူးဟုတ်လို ့လား
ကျနော့အထင်တော့ လိုမလားလို ့ပါ
PCI ကို Window က နားမလည်လို ့ဖြစ်မယ်ထင်တယ်နော်
ဒီလိုစမ်းကြည့်ပါဦး

Start>run>devmgmt.msc ကိုသွားပါ
Action menu မှာ Scan for hardware changes ကိုနှိပ်ပြီး စမ်းကြည့်ပါ
အဲဒီနည်းနဲ ့ ၀င်းဒိုးက နားမလည်သေးရင်

Start>run>devmgmt.msc ကိုသွားပါ
Universal serial bus controllers ကို Double Click နဲ ့သွားပါ
အောက်က
Standard enhanced PCI to USB Host Controller တွေမှာ R-click နှိပ်ပြီး
Scan for hardware changes တွေလုပ်ကြည့်ပါ
ပြီးရင်
USB Root Hub တွေမှာလဲ R-click>Properties>Power Management မှာ Allow the computer to turn of this device to save power က check box မှာ အမှန်ခြစ်ထားတာ ပြန်ဖြုတ်ကြည့်ပါ
ပြီးရင်
Action menu မှာ Scan for hardware changes ကိုနှိပ်ပြီး စမ်းကြည့်ပါ
ပြီးရင်
Restart ပေါ့

အဆင်ပြေလိုပြေငြား ၀င်ပွါးကြည့်တာ
အဆင်မပြေရင် ပြန်ပြောပါ
သိတဲ့သူတွေ ၀င်ရှင်းပြပေးပါလိမ့်မယ်

3PCI to USb [Problem] Empty Re: PCI to USb [Problem] 19th April 2010, 8:12 pm

bigaimboy

bigaimboy
MITR New User



ကျွန်တော်က device manager ထဲကို ၀င်ကြည့်တော့ အောက်မှာဖော်ပြပေးထားတဲ့အတိုင်း တွေ့ရပါတယ်
အထက်ပါပုံအတိုင်းဆိုရင်တော့ driver သိနေပြီထင်ပါတယ်
ဘယ်လိုကြောင့်များ မရတာလဲဆိုတာတော့ ၀ုိင်းပြီး စဉ်းစားပေးကြပါအုံး

4PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 10:55 am

pooqee

pooqee
MITR Reader



MITR Reader
တစ်ခုတော့ ပြောကြည့်မယ်နော် အဲ့ဒီ PCI ကဒ် က USB ကို version ကို ဘယ် လောက်သိလဲ ဥပမာ 2.0 ကို မသိရင် အခုသုံးနေတဲ့ strick တွေကို မသိဘူး ဖြစ်တက်လို့ပါ အဲ့ဒါ ကို အရင်ကြည့်လိုက်ပါအုံး

http://www.myanmarspace.com

5PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 4:49 pm

bigaimboy

bigaimboy
MITR New User



[You must be registered and logged in to see this link.][You must be registered and logged in to see this link.]
detial tab မှာတင် ပြီးသွားတယ်
အဲဒါ ဘယ်လိုဆက်လုပ်ရင် အဆင်ပြေမလဲဆိုတာ ပြောပြပေးပါအုံး
အစ်ကို [You must be registered and logged in to see this link.] က ပြောသလိုဆိုရင် အညွှန်းမှာတော့ usb 2.0 ကို support လုပ်တယ်ပြောတယ်ခင်ဗျာ
အောက်မှာ
Features: တွေကို ဖော်ပြပေးလိုက်ပါတယ်

Features:
Compliant with Univerdsal Bus Specification Revision 2.0
Support high-speed(480Mb),full-speed(12Mb)and
lower-speed(1.5Mb) data transfer rate.
Compliant with OHCI SPECIFICATION FOR RSB Rev.1.0a
32-bit 33MHz host interface
Compliant to PCI Specification release 2.2
Support PCI-BUS Power Management Interface
Specification release 1.1
Support devices hot swap and wake-up
2.5V power supply with 5V tolerant inputs
Support Microsoft Windows98,Windows Me,Windows 2000 &XP.Vista

6PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 6:06 pm

solakoko

solakoko
Moderator



Moderator
ညီလေး
XP မှာ
USB Root Hub> R-click>Properties> ပြီးတော့ ညာဘက်အစွန်ဆုံး tab မှာ Power Management ဆိုတာရှိတယ်လေ

လုံးဝအဆင်မပြေသေးရင် နောက်ဆုံ ၀ယ်လာတဲ့ ကဒ်ကို လဲပြီး စမ်းကြည့်ပါဦးလား
Hardware ဆရာတို ့မပါကြဘူးလားမသိ
ကို pooqee တို ့ zawmin တို ့ကိုခေါ်ပြကြည့်
သူတို ့တွေကျွမ်း၏။

7PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 7:19 pm

bigaimboy

bigaimboy
MITR New User



ဟုတ်ကဲ့ အဲ့ Power Management ဆိုတဲ့ tab ကို မတွေ့ရဘူးခင်ဗျ
driver ဆိုတဲ့ tab မှာပဲ ဆုံးသွားတယ်ခင်ဗျ

8PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 7:38 pm

solakoko

solakoko
Moderator



Moderator
အင်း..အဲမှာစတွေ ့တာပဲ
usb ထိုးချင်ရင် ၀ယ်လာတဲ့ဆိုင်သွားထိုးရမဲ့ကိန်းပေါက်နေပြီ
Mad
ဆိုင်မှာသေချာစုံစမ်းကြည့်ပါဦးဗျာ
အဆင်မပြေတဲ့အကြောင်းပြောပြပြီးတော့လေ
ကျနော်လဲ ဘာware မှမကျွမ်းတော့ အဆင်ပြေအောင်ဘယ်လိုလုပ်ရမှန်းမသိ.

9PCI to USb [Problem] Empty Re: PCI to USb [Problem] 20th April 2010, 9:11 pm

bigaimboy

bigaimboy
MITR New User



ဟုတ်ကဲ့ အစ်ကိုရေ ကျွန်တော်လည်း ဆိုင်မှာ သွားပြန်စမ်းခိုင်းတာ 2 ခါ မကတော့ဘူး
ဒီတစ်ခေါက် သွားစမ်းခိုင်းရင် ရိုက်လွှတ်မှာစိုးလို့ မသွားတော့ဘူးဗျို့
၀င်းဒိုးလေးတော့ ပြန်တင်ကြည့်လိုက်အုံးမယ်
ရလိုရငြားပေါ့ဗျာ မရတော့လည်း “ပလုံ”သွားတာပေါ့ဗျာ

10PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 9:14 am

zawmin

avatar
MITR Reader



MITR Reader
မပလုံ ပါဘူးဗျာ...ကျွန်တော်ကိုပေးလိုက်ပေါ့ဗျာ...ဟီးဟီး
နောက်တာနော်.......
ဆိုင်က စက်မှာတော့ရတယ်....အိမ်မှာမရဘူးဆိုတော့...
motherboard နဲ ့ဆိုင်တယ်လို ့ထင်တယ်ဗျ.....motherboard မှာ PCI slots တွေက တော်တော်များများမှာ
လေးခု လောက်ပါတတ်တယ်ဗျ.....
အဲ့ဒါနေရာပြောင်းပြီးစိုက်ကြည့်လိုက်ပါ။

၀င်းဒိုးကို တော့မတင်လိုက်ပါနဲ ့ဗျာ....ခဏခဏတင်ရင် HD ကြွသွားလိမ့်မယ်ဗျ.....
ကျွန်တော်တောင်ကြွဘူးတယ်..ဟီး
၀င်းဒိုးတွေ လျှောက်သုံးတုန်းက.....

မရရင်ပြန်ပြောပါအုံး...ရအောင်လုပ်ပေးပါ့မယ်။..မပူပါနဲ ့

11PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 10:15 am

samurai

samurai
Moderator



Moderator
PCI slots ချောင်နေတာနဲ့တူတယ်

တခြား boad မှာ ပြောင်းစိုက်ကြည့်လိုက်ပါလား

http://www.deltafcfans.goodoles.com

12PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 10:18 am

zawmin

avatar
MITR Reader



MITR Reader
ဟုတ်တယ်ဗျ...
အဲ့ဒါက Slots တွေနဲ ့ပဲဆိုင်တယ်လို ့ထင်တယ်....
Slots မကောင်းတာဖြစ်နိုင်တယ်.....

13PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 11:32 am

pooqee

pooqee
MITR Reader



MITR Reader
ကိုဇော်မင်းရေ သူဖြစ်နေတာက ကဒ်ကို မသိတာမဟုတ်ဘူး ကဒ်က USB strick ကို မသိတာ လေ အင်းတစ်ခုတော့ စဉ်းစားလို့ရတယ် motherboard အမျိုးအစားက ဘယ်အမျိုးအစားလဲ နောက် ပြီး သူကို ၀ယ်တုန်းက feature တွေကို ဘယ်လိုပြောလဲ တစ်ချို့ board တွေက USB 2.0 ကိို support မလုပ်ပေးနိုင်ဘူးလေ အဲ့ဒါလေ တစ်ချက် စမ်းကြည့်ပါအုံး

http://www.myanmarspace.com

14PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 4:47 pm

bigaimboy

bigaimboy
MITR New User



ဟုတ်ကဲ့ အစ်ကိုတို့ရေ slot လည်း ပြောင်းစိုက်ကြည့်ပါတယ်
မရဘူးခင်ဗျ အရင်တိုင်း ပဲဖြစ်နေတယ်
window လည်းပြန်တင်ကြည့်ပြီးပါပြီ မရဘူးခင်ဗျ
ဘယ်လိုလုပ်ရအုံးမလဲဆိုတာ ပြောကြည့်ကြပါအုံး
မားသားဘုတ်နဲ့များ ဆိုင်နေလဲမသိဘူးနော်

15PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 8:50 pm

ITCHILD

ITCHILD
MITR Reader



MITR Reader
အကိုရဲ့ motherboard brand name ပြောပါလား။ motherboard manual book လေးရှိလျှင် ပိုကောင်းပါသည်။ please read this manual book.
[You must be registered and logged in to see this image.]

16PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 8:59 pm

bigaimboy

bigaimboy
MITR New User



board ကတော့ p3 ပါ VIA chipset သုံးထားတဲ့ socket 370 ဘုတ်ပါ
manual တော့ မရှိတော့ပါဘူူး

17PCI to USb [Problem] Empty Re: PCI to USb [Problem] 21st April 2010, 9:19 pm

kyawzwathant

kyawzwathant
MITR Reader



MITR Reader
BIOS Setting မှာ ပြန်ကြည့်ပါ ဆိုင်ကစက်နဲ့ အိမ်ကစက်နဲ့ မတူတော့ ကဒ်က အလုပ်လုပ်တာလည်း မတူဘူးလေ

18PCI to USb [Problem] Empty Re: PCI to USb [Problem] 22nd April 2010, 10:58 am

pooqee

pooqee
MITR Reader



MITR Reader
ကဲ နောက်တစ်နည်းလောက်ပြောမယ်နော် အရင်ဆုံး CMOS Setup ကကို အရင် ၀င်လိုက်ပြီး အဲ့ဒီထဲမှာ USB နဲ့ ပတ်သတ်တာကို ၀င်ဖတ်ကြည့်လိုက်ပါ အဲ့ဒီထဲ မှာ တစ်ခုခု တော့ တွေ့လိမ်ံမယ်ဗျ
နောက်ဆုံးမရရင် တော့ ကဒိကို သူငယ်ချင်းတစ်ယောက်ယောက်ကို ပေးလိုက်ပေါ့

http://www.myanmarspace.com

19PCI to USb [Problem] Empty Re: PCI to USb [Problem] 18th May 2010, 10:36 am

lamin

lamin
MITR New User



အစ်ကိုရေသိသလောက်တော့ပြောမယ်နော် အမှားပါရင်ခွင်လွတ်ပါ
devmgmt.msc ထဲ့က usb drive တွေကို uninstall လုပ်လိုက်ပြီ စက်ကိုrestart ပြန်ချကြည့်လိုက်ပါ ရလိမ့်မယ်လို့ထင်ပါတယ်
စမ်းကြည့်ပါနော် ရတော့လည်း ကိုယ်အတွက်အမြက်ပေါ့

20PCI to USb [Problem] Empty Re: PCI to USb [Problem] 18th May 2010, 5:57 pm

bigaimboy

bigaimboy
MITR New User



ဟုတ်ကဲ့ အဲလိုလည်း စမ်းကြည့်ပြီးပြီဗျ
မရပါ။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forums hosting | ©phpBB | Free forum support | Report an abuse | Forumotion.com