Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
11.4.2010 နေ့တွင်ပြီးစီးခဲ့သော ဖိုရမ်၏တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲလေးအကြောင်းကို တတ်ရောက်ခဲ့သော တာဝန်ရှိသူများမှ အနည်းငယ် ရေးသားပြေစေလိုပါကြောင်း မေတ္တာရပ်ခံပါတယ်ဗျာ... အစီအစဉ်များနှင့်တကွ ဖြစ်ပျက်ခဲ့သော အမှတ်တရတစ်ချို့ကို သိချင်ပါတယ်....

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
အော်။ တောင်းတဲ့သူကတော့ တောင်းနေပြီ။
မနေ့ကပေါ့နော်။ အွန်း။

ကျွန်တော် မပြောခင် ၊ Member တွေဘာလို့မလာကြလဲဆိုတာတော့ သိချင်တယ်ဗျာ.

ကျွန်တော်တို့က အများကြီးလုပ်လာတာ ၊ စားစရာတွေ ၊ လက်ဆောင်ပစ္စည်းတွေကောပေါ့။ အားလုံးကိုပျော်စေချင်လို့ ကစားနည်းတွေလည်းလုပ်လာတယ်။
ဒါပေမယ့် လာတော့ လူက နည်းနည်းလေး ၊ ကျွန်တော်တို့ အက်မင်တင်း က လူတွေ နဲ့ မင်ဘာ ၅ ယောက်လောက်ဘဲရှိတယ်။

ကျွန်တော်တို့ Anniversary လုပ်ပေးတယ်ဆိုတာ Member အခြေပြုလုပ်ပေးတာလေ။ Member တွေကို ပျော်စေချင်လို့ ၊ Member တွေအချင်းချင်းရင်းနှီးစေချင်လို့လုပ်ပေးတာပါ.
အခုတော့ Member တွေက မလာဘူးဆိုတော့ ဘာလုပ်တော့မလဲ။

လာတဲ့သူတွေကိုလည်း အားနာပါရဲ့ ၊ စီစဉ်ထားတဲ့အတိုင်း သေချာမလုပ်ပေးဖြစ်လိုက်တာ.

ဒါပေမယ့် လာတဲ့သူတွေအားလုံး ၀ိုင်းထိုင်ပြီး Open Discussion အနေနဲ့ဆွေးနွေးကြတာတော့ နည်းနည်းအောင်မြင်လိုက်တယ်ဆိုရမယ်။ (ဒါလည်း ကျွန်တော် နဲ့ ကို z3r0c00l ကဒိုင်ခံမေး ၊ ကို brb က ဒိုင်ခံပြောနေရတာ။ Very Happy)

ကျွန်တော်တို့ဆီမှာ ဖိုရမ်ပေါ်မှာပေါ့ Member participation နည်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အပြင်မှာလုပ်ရင်တော့ လာကြမှာပါလို့ထင်ထားတာ။ အပြင်မှာပါ Participation မ၇ှိဘူးဆိုတော့ ၊ MITR ရှေ့ရေးက ကျွန်တော် ဘယ်လိုကောင်းအောင်လုပ်လုပ် ၊ နောက်က ပါမလာတော့ ဘယ်လိုမှကောင်းလာမှာမဟုတ်ဘူးဘဲ။

မှန်တာပြောရရင် ကျွန်တော်လည်း စိတ်ဓါတ်ကျနေပြီ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူများအတွက်လုပ်ပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်လုပ်ပေးနေတာတွေက အကျိုးမရှိဘူးလို့ ကျွန်တော်ယူဆမိလာရင်တော့ ရပ်မိတော့မယ် ၊ ဘာလို့ဆို ကို စေတန် တို့လို ထိထိရောက်ရောက်လုပ်နိုင်တဲ့သူတွေလည်းရှိပြီးသားလေ။ ကျွန်တော်ဆို ပညာလည်းနုသေးတယ်။ လေ့လာစရာတွေ အများကြီးကျန်သေးတယ်။ ကိုယ့်အတွက် ချိန်ချန်ရဦးမယ်

အခု Member တွေ မလာနိုင်တာလည်း အပြစ်ပြောတာတော့မဟုတ်ပါဘူး။ သူတို့လည်း ကိစ္စရှိကြလို့နေမှာပေါ့။
ဒါပေမယ့် အဲလိုမလာနိုင်မှာစိုးလို့ ၊ ကျွန်တော်တို့ စာရင်းကြိုကောက်ခဲ့တာပေါ့.
စာရင်းပေးထားပြီးတဲ့သူကတော့ လာသင့်ပါတယ်လေ။ မလာနိုင်တော့လည်း စာရင်းပြန်ဖျက်ခိုင်းတာမျိုးလုပ်သင့်ပါတယ်။

အခုတော့ လှူထားသမျှငွေလည်း ၂၀၀၀ လောက်ဘဲကျန်တယ်။ ဘာမှလည်း အကျိုးမရှိဘူး။ ရသမျှငွေ ဘုရားလှူလိုက်တောင်မှ ကုသိုလ်ရဦးမယ်။ (စာရင်းရှင်းတမ်းကို အမြန်ထုတ်ပေးပါမယ်။)

နောက်ကို ပိုက်ဆံထပ်လှူချင်လည်း ရတဲ့ပိုက်ဆံကို အလှူအတန်းကိစ္စတွေအတွက်ဘဲသုံးမယ်။ မနေ့ကလို အမှားမျိုးမဖြစ်စေရတော့ဘူး။

ကို mars ရဲ့ ညီလည်းပြောပြပါလိမ့်မယ်။ လူနည်းပေမယ့် ပျော်ဖို့တော့ကောင်းခဲ့ပါတယ်။

http://www.myanmaritresource.info

mars

mars
Moderator



Moderator
အင်း... အဲဒါမျိုးအခြေအနေနဲ့ဆိုရင် အကိုဆိုလည်း စိတ်ဓာတ်ကျမိမယ်ထင်တယ်... အခုတောင် နည်းနည်းစိတ်က တစ်မျိုးလေးဖြစ်သွားတယ်... အကိုလည်း ထင်ထားတာ လူစုံလိမ့်မယ်လို့ထင်တာ... အခုလိုဖြစ်ရတဲ့ အကြောင်းက သေချာပြန်စဉ်းစားကြည့်ရင် အကိုတစ်ခါပြောခဲ့သလို ဒီဖိုရမ်အပေါ်မှာတကယ်တမ်း လှုပ်ရှားသွားလာပြီး ဖိုရမ်ကို ရင်းနှီးကျွမ်းဝင်သူ မရှိသလောက်နည်းတယ်ဆိုတာကို ပြနေတယ်... အဲဒိတော့ ရှေ့ဆက်လျှောက်ရမယ့် ငါ့ညီတို့လိုလူတွေအတွက် အားတတ်စရာတစ်ခုဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး... ငါ့ညီရပ်ပြစ်ချင်ပြီလား... ဒီအလုပ်ကို .... သေချာစဉ်းစားပြီးပြီလား... ဒါမျိုးအလုပ်က ပညာရပ်တွေတော်တိုင်းသိတိုင်းလဲ လုပ်လို့မရပါဘူး... စိတ်ပါဦးမှပါ... နောက်ပြီး ဒီမှာက မန်ဘာဦးရေသာ 1868 ယောက်ဖြစ်လာတာ တကယ်တမ်း ဖိုရမ်မှာသွားလာနေတဲ့သူတွေက 50 နဲ့ 100 ကြားလောက်ပဲရှိမယ်ထင်တယ်... အကိုကခန့်မှန်းပြောတာပါ... ကျန်တဲ့မန်ဘာတွေကတော့ မေ့လောက်မှ တစ်ခါလာကျတာလေ... အဲဒိတော့ ငါ့ညီအနေနဲ့ ဖိုရမ်ကမန်ဘာတွေရဲ့စိတ်ထဲမှာ ဒီဖိုရမ်ကို အကိုတို့ ငါ့ညီတို့လို စိတ်ထဲမှာ လေးစားမှု၊ တန်ဖိုးထားမှု ဆိုတဲ့စိတ်လေးတွေရှိလာအောင် ဘယ်လိုလုပ်မလဲ ??? လုပ်လို့ရတဲ့ နည်းလမ်းကိုစဉ်းစားကြည့်ပါ ??? ရလာတဲ့အတိုင်း တစ်ကြိမ်လောက် အတတ်နိုင်ဆုံးလေး ကြိုးစားကြည့်ပါဦး... အင်း အဲဒါမှမထူးခြားဘူးဆိုရင် ရပ်လိုက်ကြတာပေါ့... ထူးခြားမှုကိုဘယ်လိုတိုင်းမလဲဆိုတော့ အခုလို ကိစ္စမျိုးနဲ့ ပြန်ပြီး မှတ်ကျောက်တင်ကြည့်ရမှာပဲလေ... ဒီအတောအတွင်းမှာတော့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်တော့ ဖြစ်တဲ့နည်းလမ်းပေါင်းစုံကို သုံးကြည့်ရမှာပဲ... အဲဒါတွေကို အကိုတို့ ဒီရက်ပိုင်းလောက်ကို သေချာအားလုံးအသေးစိတ်တိုင်ပင်ချင်တယ်... ရောက်တတ်ရာရာတွေမဟုတ်ပဲ သူ့ကဏ္ဍအပိုင်းအလိုက်ကို အသေးစိတ်တိုင်ပင်ကြရင်ပိုကောင်းမယ်ထင်တယ်... အကို့အမြင်သက်သက်ပါ... အကိုက ငါ့ညီတို့ ဆွေးနွေးပွဲတွေကိုလည်း တတ်ဖူးတာမဟုတ်ဘူးလေ.. အဲဒိတော့ ဘယ်လိုဘယ်ပုံဆိုတာ မသိဘူး... အခုက အကို လုပ်သင့်တယ်ထင်တဲ့အကြံတစ်ခုပေးရုံပါ... တစ်ကြိမ်လောက်ထပ် မှတ်ကျောက်တင်ခံကြည့်ရအောင်လို့...

ကျေးဇူးတင်ပါတယ်

mars

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့အစ်ကို

Office ထဲမှာဖြစ်ဖြစ် အစ်ကိုလည်း အကြံလေးဘာလေးပေးပါဦး
ကျွန်တော်တို့ တိုင်ပင်ကြတာပေါ့။

ကျွန်တော် ရပ်ပစ်ချင်တယ်ဆိုတာ တကယ်တော့ စိတ်ဓါတ်ကျလာလို့ပါ ဒါပေမယ့် ရပ်လို့လုံးဝမရပါဘူး။ ဘယ်လိုမှရပ်လို့မရတာ။
ကျွန်တော် ဒီဖိုရမ်မှာ သံယောဇဉ် တအားတွယ်မိနေတယ်။ ကိုယ်လုပ်ထားတာမို့မဟုတ်ဘူး ၊ အရင်ကလည်း ning network တစ်ခုလုပ်ဖူးတယ်။ ဒါပေမယ့် တိကနဲ ဖျက်နိုင်တယ်။ ဒိမှာတော့ အဲလိုမလုပ်ရက်ဘူး။ ဘယ်လိုမှလည်း လုပ်လို့မရဘူး။

တစ်ခုဘဲရှိတယ် ၊ Post or Tutorial တွေတော့ သိပ်မရေးပေးချင်တော့ဘူး။ ဘာလို့လဲ? ဘာလို့လဲဆိုတော့ ကိုယ်ရေးလည်း ဆွေးနွေးမယ့်သူက ရှိမှာလား။ Tutorial ရေးတော့ကော ၊ တကယ်ဖတ် ၊ တကယ်လိုက်လုပ်ပြီး နားလည်သွားမယ့်သူ ရှိမှာလား။ အဲဒါတွေစဉ်းစားမိရင်ရေးကို မရေးချင်တာပါ.
အစကတော့ ငါ စာမေးပွဲပြီးရင် ရေးမယ်ဆိုပြီး စဉ်းစားထားတဲ့ ဆောင်းပါးလေးတွေ အများကြီး၇ှိတယ်ဗျာ။
ဒါပေမယ့် စာမေးပွဲပြီးလို့ပြန်လာတော့ ဖိုရမ်အခြေအနေကို ကြည့်လိုက်တာ လုံးဝ စိတ်ညစ်သွားတယ်။

ကျွန်တော် စာမရေးဘူး ၊ ဒါပေမယ့် ပြင်စရာရှိတာ ပြင်ပေးမယ်။ အဲလိုဘဲ လုပ်ဖြစ်တော့မယ်ထင်တယ်။
Design ပိုင်းလည်း ကျွန်တော်သေချာပြင်ပေးမယ်။ လိုအပ်တာရှိလည်း ထပ်ထည့်မယ်။(Attach file တောင်ခုနက ထည့်ပေးထားပြီ။) အဲလိုဘဲလုပ်ဖြစ်တော့မယ်။ အဲဒါက ကျွန်တော့်ကိုလည်း အထောက်အကူပြုတယ်လေ.

ဒါကတော့ လတ်တလော ကျွန်တော်စဉ်းစားထားတဲ့ ၊ ကျွန်တော့်စိတ်ထဲမှာဖြစ်လာတဲ့ပုံစံဘဲဗျာ။

Member တွေလည်း ၀င်ပြောကြပါဦး။ (ပြောမယ်တော့မထင်။Sad)

http://www.myanmaritresource.info

mars

mars
Moderator



Moderator
အင်း အကိုလည်း အတတ်နိုင်ဆုံး ထိရောက်တဲ့အကြံလေးဘာလေးပေးဖို့ အတွက် သေချာစဉ်းစားလိုက်ပါဦးမယ်... နောက်ပြီးကျန်တဲ့သူများလည်း ၀ိုင်းဝန်းပြီးဖိုရမ်အတွက် တစ်ခုခုလောက် Feedback လေးတွေပေးနိုင်ရင် သိပ်ကောင်းမှာပဲ... ကျနော်တို့ ဒီမှာက မော်မော်တွေ မင်မင်တွေဆိုပြီး သီးသန့်ခွဲခြားဆက်ဆံတာမရှိပါဘူးဗျာ... ဒီမှာကတော့ မသိရင်မသိသလို မေးကြတာပါပဲ.... အားလုံးဝိုင်းဝန်းကြရင် အရမ်းကောင်းမယ်ဗျာ...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
Member တွေ အနေနဲ့ ပါဝင်ဆွေးနွေးမှုနည်းပါးရင် ဖိုရမ်ဆိုတာ ဘာမှမဟုတ်ပါဘူး။

တကယ်တော့ မြန်မာနိုင်ငံမှာ HR တော်တော်ရှားနေတာဘဲ။

ပြီးတော့ အင်တာနက် အသုံးပြုသူဦးရေ က နည်းနည်း ၊ ဖိုရမ်ကများများဆိုတော့ လူတွေပြန့်ကျဲနေတဲ့သဘော သက်ရောက်နေတယ်။

http://www.myanmaritresource.info

luyo

luyo
MITR New User



ဟာ ညီလေး [You must be registered and logged in to see this link.][You must be registered and logged in to see this link.] ) မလုပ်ပါနဲ့ tutorials တွေရှိရင်ရေးပါ အကိုတို့က အဝေးမှာမို့လို့
ပါ မြန်မာပြည်မှာများရှိ ခဲ့ရင်တော့ သေချာပေါက်လာဖြစ်မှာပါ
စိတ်ဓာတ်မကျပါနဲ့ ညီလေးပြောသလိုပဲ ညီလေးတို့အတွက် အချိန်ပေးရအုံးမယ်ဆိုတာမှန်ပါတယ် ဒါပေမယ့် တချို့ ညီတို့သိခဲ့သမျှ က အကိုတို့အတွက် အသစ်တွေဖြစ်နေခဲ့ရင် ညီလေးလဲ ပြန်နွေးပြီးသားဖြစ်လောက်တယ်လေ
အကိုဘက်က ကြည့်ပြီးပြောကြည့်တာပါ ညီလေးလဲ ကိုယ့်အခက်ခဲနဲ့ကို တော့ရှိချင်ရှိမှာပေါ့
ဒီလောက်အထိလုပ်ခဲ့ပြီးမှ ဆက်လုပ်ပါ အကိုထင်တာလေးတခုပြောကြည့်မယ်လေနော်
အလုပ်တခုမှာ ကိုယ်ဘယ်လောက်အထိ အကောာင်းဆုံးပေးဆပ်ခဲ့တယ်ဆိုတာက အဓိက လို့ အကိုမြင်တယ်လေ result က အဓိက မဟုတ်ဘူးလို့လေ ညီလေးတို့လို ဖိုရမ် ကြီးထောင်ထားတဲ့သူတွေကတော့ ဒီစိတ်ကိုပဲ အခြေခံပြီးထောင်တယ်ဆိုတာ အကိုသိပြီးသားပါ အဲလိုမျိုး ချီးကျူးဖို့ကောင်းတဲ့စိတ်တွေ ပျက်သုဉ်း သွားမှာစိုးလို့ အကိုဝင်ပြောမိတာနော်
အမှားပါရင် ခွင့်လွတ်ပါ ညီလေး

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့ဗျ
ကျွန်တော်လည်း Tutorial or Article ရေးချင်ပါတယ်။ ဖတ်မယ့်သူ မရှိမှာရယ် ၊ ပြန်လည် Discuss လုပ်မယ့်သူမရှိတာရယ် က မရေးဖြစ်စေတဲ့ ဒုတိယအကြောင်း ။ ပထမအကြောင်းက ကျွန်တော်လည်း အချိန်ရှိတုန်း လေ့လာစရာ ဆက်လေ့လာဖို့။
အခု ကျွန်တော် Web ပိုင်းကို ရွှေ့နေတဲ့ အချိန်မှာ အစဘဲရှိသေးတုန်းဆိုတော့ လေ့လာစရာတွေက ရှေ့မှာဆက်တိုက်ဘဲ။ လုပ်ချင်တာတွေကလည်း အများကြီးရှိတော့ စာရေးဖို့ထက် ၊ အစ်ကိုတို့ ဆွေးနွေးချင်တာလေးတွေ ကို ဆွေးနွေးပေးဖို့ကဘဲ အားသန်တော့မယ်ထင်တယ်ဗျ။

http://www.myanmaritresource.info

luyo

luyo
MITR New User



ဒီမှာလဲ http:။။။//syko92.wordpress.com အကိုလေ့လာအားပေးနေပါတယ် ကျေးဇူးတင်ပါတယ်ညီလေး
အကိုတို့ လဲ ဆွေးနွေးနိုင်ဖို့အတွက်ကို တော်တော်လေး ကြိုးစားရအုံးမှာပါ
ကြိုးစားနေဆဲပေါ့ ဟဲဟဲ
ညီလေး ဖိုရမ်ကို အသက်ဝင်အောင်လုပ်တာကိုပဲ ကျေးဇူးတင်လှပါတယ်ညီ

sHa92

sHa92
Founder



Founder
ဟိ. အဲ Blog က ဘာမှတောင် Active မဖြစ်နိုင်တော့ပါဘူး။
အဲဒီ့တုန်းက ဖို၇မ် ဘန်းခံထိထားလို့ တင်ချင်တဲ့ Post လေးတွေကို ခဏမှတ်ထားတာပါ. Very Happy
အော် ၊ အဲဒီ့မှာလည်း အားပေးတဲ့သူရှိတယ်လား။ ဟီး ကျေးဇူး ၊ ကျေးဇူး။

http://www.myanmaritresource.info

satsoepiang

satsoepiang
MITR Reader



MITR Reader
အဲ့လိုတော့ ဖိုရမ်ကို ရပ်မပြစ်ပါနဲ့ဗျာ။ မလာကြဘူးဆိုတာ နယ်က ဒါမှမပာုတ် မအားလပ်လို့ဖြစ်ပါလိမ့်မယ်ဗျ။ တစ်ယောက်စကား တစ်ယောက်နားနဲ့ တစ်နေ့တော့ အောင်မြင်မှာပါဗျာ။
အကိုတို့ အခုလုပ်နေတာက အရမ်းကုသိုလ်ရပါတယ်ဗျာ။ ကျွန်တော်တောင် နယ်မှာနေရလို့။ မပာုတ်ရင်
နွေရာသီမှာ ပညာဒါန အနေနဲ့ သင်တန်းတွေဘယ်တွေတောင်ဖွင့်ချင်တာဗျ။

MagicEyez

MagicEyez
MITR New User



မလုပ်လိုက်ပါနဲ့ဗျာ..... member တွေမလာဖြစ်ဘူးဆိုတာ က thingyan နီးရင် ခရီး ထွက်တဲ့ လူက တော်တော် များတယ်... ကျွန်တော် တို့ ရှိတယ် ဘာမှ အားမငယ် နဲ့ Smile

solakoko

solakoko
Moderator



Moderator
ဒီလိုမျိုး တစ်ခါမှ မသွားဖူးပါ..ခင်ဗျာ
ဒီပွဲမှာ ပါဝင်ခဲ့တယ်ဆိုတာလဲ ဘာမှမဟုတ်.
ဘယ်သူကိုမှလဲတွေ့ ချင်မြင်ဖူးချင်၍လဲမဟုတ်
တစ်ခုခုပြောချင် ဟောချင်၍လဲ မဟုတ်..
ဘာမှမဟုတ်

တစ်ခုပဲရှိတယ်
တတ်နိုင်သလောက်ကူညီချင်တယ်.
ယူထားတဲ့ တာဝန်ကျေအောင်လုပ်ပေးချင်တယ်
ဒါပဲ
ကျန်တာ Nth:


ပွဲမှာ လာပြီးကူညီ သွားကြတဲ့ ..လာပြီးအားပေးသွားကြတဲ့ ဆိုင်သူတွေကော မဆိုင်သူတွေကော အားလုံးကျေးဇူးတင်ပါတယ်။
မဆိုးပါဘူး
အဆင်ပြေပြေ၊ပျော်ပျော်ရွှင်ရွှင် နဲ့  ပြီးမြောက်ခဲ့တာပဲ ကျေးဇူးတင်တယ်။



Last edited by solakoko on 12th April 2010, 7:01 pm; edited 1 time in total

MagicEyez

MagicEyez
MITR New User



ပွဲ အတွက် လိုအပ်ချက်တွေ အများကြီးရှိခဲ့ပင်မဲ့.... ကို brb နှင့် ကို z3r0c00l တို့ အပြင် နောက်တစ်ယာက် က ကို zaw lay လား မသိဘူး.... သူတို့ရဲ့ ဆွေးနွေးချက်ကနေ ပညာတော်တော် ရခဲ့ပါတယ်..... အထူးသဖြင့် ကို brb ရဲ့ နိုင်ငံရပ်ခြားရဲ့ အတွေ့အကြုံလေးတွေ ကို ပြောသွားတာ တော်တော် ကောင်းပါတယ်.... ကျွန်တော်တို့ ငချွတ်ကလေး တွေ ဆင်ခြင်သင့်တာ ဆင်ခြင်ရတာပေါ့.....

zawmin

avatar
MITR Reader



MITR Reader
ပိတ်တော့ မပိတ်ပါနဲ့ ဗျာ...အောင်မြင်မှုဆိုတာ က လှိုင်းပေါင်းများစွာကိုခံပြီးမှ ရရင်ပိုတန်ဖိုးရှိပါတယ်ဗျာ...
နောက်ဆို post တွေ အများကြီးဆက်တင် ပေးတော့မယ်ဗျာ Sad

bluehack

bluehack
Moderator



Moderator
SYKO wrote:ဟုတ်ကဲ့အစ်ကို

Office ထဲမှာဖြစ်ဖြစ် အစ်ကိုလည်း အကြံလေးဘာလေးပေးပါဦး
ကျွန်တော်တို့ တိုင်ပင်ကြတာပေါ့။

ကျွန်တော် ရပ်ပစ်ချင်တယ်ဆိုတာ တကယ်တော့ စိတ်ဓါတ်ကျလာလို့ပါ ဒါပေမယ့် ရပ်လို့လုံးဝမရပါဘူး။ ဘယ်လိုမှရပ်လို့မရတာ။
ကျွန်တော် ဒီဖိုရမ်မှာ သံယောဇဉ် တအားတွယ်မိနေတယ်။ ကိုယ်လုပ်ထားတာမို့မဟုတ်ဘူး ၊ အရင်ကလည်း ning network တစ်ခုလုပ်ဖူးတယ်။ ဒါပေမယ့် တိကနဲ ဖျက်နိုင်တယ်။ ဒိမှာတော့ အဲလိုမလုပ်ရက်ဘူး။ ဘယ်လိုမှလည်း လုပ်လို့မရဘူး။

တစ်ခုဘဲရှိတယ် ၊ Post or Tutorial တွေတော့ သိပ်မရေးပေးချင်တော့ဘူး။ ဘာလို့လဲ? ဘာလို့လဲဆိုတော့ ကိုယ်ရေးလည်း ဆွေးနွေးမယ့်သူက ရှိမှာလား။ Tutorial ရေးတော့ကော ၊ တကယ်ဖတ် ၊ တကယ်လိုက်လုပ်ပြီး နားလည်သွားမယ့်သူ ရှိမှာလား။ အဲဒါတွေစဉ်းစားမိရင်ရေးကို မရေးချင်တာပါ.
အစကတော့ ငါ စာမေးပွဲပြီးရင် ရေးမယ်ဆိုပြီး စဉ်းစားထားတဲ့ ဆောင်းပါးလေးတွေ အများကြီး၇ှိတယ်ဗျာ။
ဒါပေမယ့် စာမေးပွဲပြီးလို့ပြန်လာတော့ ဖိုရမ်အခြေအနေကို ကြည့်လိုက်တာ လုံးဝ စိတ်ညစ်သွားတယ်။

ကျွန်တော် စာမရေးဘူး ၊ ဒါပေမယ့် ပြင်စရာရှိတာ ပြင်ပေးမယ်။ အဲလိုဘဲ လုပ်ဖြစ်တော့မယ်ထင်တယ်။
Design ပိုင်းလည်း ကျွန်တော်သေချာပြင်ပေးမယ်။ လိုအပ်တာရှိလည်း ထပ်ထည့်မယ်။(Attach file တောင်ခုနက ထည့်ပေးထားပြီ။) အဲလိုဘဲလုပ်ဖြစ်တော့မယ်။ အဲဒါက ကျွန်တော့်ကိုလည်း အထောက်အကူပြုတယ်လေ.

ဒါကတော့ လတ်တလော ကျွန်တော်စဉ်းစားထားတဲ့ ၊ ကျွန်တော့်စိတ်ထဲမှာဖြစ်လာတဲ့ပုံစံဘဲဗျာ။

Member တွေလည်း ၀င်ပြောကြပါဦး။ (ပြောမယ်တော့မထင်။Sad)
ရပ်တော့မပစ်ပါနဲ့ ဆိုက်ကို ရ။ အခုတလောကမအားတဲ့သူနည်းနည်း များသို့လို့ဖြစ်နေတာပါ။နောက်ပိုင်းဆို
ရင်အဆင်ပြေလာမှာပါကွာ။စိတ်မလျှော့လိုက်ပါနဲ့။ တောင့်ထား။ ဖိုရမ်မှာလူအ၀င်များလာအောင်ဘာလိုအပ်လဲ
ဆိုတာကိုသေချာအဖြေရှာကြည့်ကြတာပေါ့ကွာ။ ရပ်တော့အပြစ်လိုက်ပါနဲ့ကွ [You must be registered and logged in to see this image.]

ဘီလူး

ဘီလူး
Reviewer



Reviewer
လာခဲ့ဖို့ လည်းအစီအစဉ်ရှိပါတယ်....ပြီးတော့..အားလုံးလည်းပြင်ဆင်ထားပြီးပါပြီ...ဒါပေမယ့် အဲ့ဒီနေ့ 
(၁၁)ရက်နေ့ မနက် ၅နာရီမှာအိမ်က ကျွန်တော့်အဖွားဆုံးသွားပါတယ်....ဒါ့ကြောင့်မလာဖြစ်တော့တာပါ.
ကျွန်တော်လည်း.... Forum ကိုမပိတ်စေချင်ပါဘူး....အားလုံးလည်းသူ့ အကြောင်းနဲ့ သူဖြစ်မှာပါ....

sHa92

sHa92
Founder



Founder
Forum က ပိတ်ပါဘူးဂျာ
ပုံစံတော့ တော်တော်များများ ပြောင်းတော့မယ်။
အခုပုံစံကို လုံးဝ မကြိုက်ဘူး။ absolute beginner Forum ဘ၀ကနေ ရုန်းထွက်ရမယ်။
ကျွန်တော် လိုချင်တဲ့ ပုံစံပြောင်းလိုက်ရင်တော့ Beginner User (not Learner) တွေအတွက် အဆင်မပြေလောက်တော့ဘူး။ အဲဒီ့ပြဿနာကိုတော့ ကျွန်တော်လည်း ဘယ်လိုရှင်းရမလဲ စဉ်းစားနေတယ်။
လောလောဆယ်တော့ အဖြေမထွက်သေးတော့ ခေါင်းထဲရှိတဲ့အတိုင်းဘဲ အကောင်အထည်ဖော်နေတယ်။
၅ လပိုင်း လောက်တော့ နောက်ဆုံးထားပြီး ဖြစ်လာအောင်လုပ်မယ် စိတ်ကူးထားတယ်။

မရပ်ပါဘူး။ ဘယ်သောအခါမှ မရပ်ဘူး။
Forum က ဘယ်လိုမှ ဆက်သွားမရလို့ ရပ်ရရင်တောင် ကျွန်တော်ကတော့ မရပ်ဘူး။ သိတာဆို ဆက်ပြောနေမယ်။ အသစ်တွေ့တာဆို ပြန်ရှဲပေးမယ်။ အများအတွက် အကျိုးရှိမယ့် Project ဆို အကောင်အထည်ဖော်မယ်။
ဘယ်တော့မှ မရပ်ပါ။ Very Happy

http://www.myanmaritresource.info

လင်းထက်

လင်းထက်
MITR Reader



MITR Reader
တောင်းပန်ပါတယ်ညီ အကိုလဲသူငယ်ချင်းတွေက မန်းရောက်နေလို့.....လူစားလာခိုင်းလို့မရတော့တာပါ။
ဒါပေမယ့်ညီ... ဒါကပထမဆုံးပွဲလေကွာ..ဖြစ်အောင်လုပ်လိုက်နိုင်တာကိုပဲ ဝမ်းသာသင့်ပါတယ်။ အကိုတို့
မန်ဘာတွေဘက်ကလဲတောင်းဆိုချင်တာက အချိန်အတိုင်းအတာတစ်ခုပေးပါကွာ .....သိပ်မဝေးတော့
သောအချိန်မှာ အကိုလဲဖိုရမ်အတွက် စိတ်ရောကိုယ်ပါ ဝင်လုပ်တော့မှာပါ......အကိုဆို ဘာblogမှလဲ မရေးထားဘူး....ဖိုရမ်ကိုပဲအာစိုက်ပြီးလုပ်မှာ......ကတိပေးတယ်......မလာဖြစ်လို့တောင်းပန်တယ်နော်.. [You must be registered and logged in to see this image.]

sHa92

sHa92
Founder



Founder
အားပေးမှုများနဲ့ ရပ်တည်မယ်
ပါဝင်ဆွေးနွေးမှုနဲ့ ရပ်တည်မယ်
တက်ကြွမှုနဲ့ ရပ်တည်မယ်
Quality Discussion တွေနဲ့ ရပ်တည်မယ်

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com