Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
နည်းပညာဆိုင်ရာဆွေးနွေးချက်တွေနဲ့ ဒီဖိုရမ်ကို မန်ဘာတိုင်းလိုလိုပါဝင်လာအောင်လုပ်ဆောင်မယ်ဆိုတာ $ƴǩǾ ပြောသွားပြီးပါပြီ…. အဲဒိအတွက် ကျနော်တို့တွေဘာတွေ ဘယ်လိုပြင်ဆင်ပြီး အသင့်အနေအထားနဲ့ ဖိုရမ်ရဲ့ ရေစီးကြောင်းနောက်ကို ပါအောင် လိုက်ကြမလဲဆိုတာက အဓိကစဉ်းစားစရာဖြစ်လာပြီ… ဘာလို့လဲဆိုတော့ အထူးသဖြင့် ကျနော်ပေါ့ဗျာ ကွန်ပြူတာကို ပညာရှင်ပိုင်းအထိလေ့လာပြီး အဲဒိကွန်ပြူတာပညာနဲ့ pro လုပ်မယ့်သူမဟုတ်တော့ လေ့လာတဲ့အပိုင်းမှာ တခြားလေ့လာသူတွေလိုတော့ကျယ်ပြန့်တဲ့အမြင်တွေနဲ့ ပါဝင်လာနိုင်မှာမဟုတ်တာအသေအချာပါ… အဲဒိတော့ ကျနော်ကဘယ်အပိုင်းတွေမှာပါဝင်နိုင်မလဲဆိုတာကို
စဉ်းစားကြည့်တယ်… အဖြေကတိတိကျကျမထွက်လာဘူး… ကွန်ပြူတာကို အလုပ်နဲ့ပတ်သတ်သလောက်ပဲသိတယ်… တခြားကိုယ်လုပ်ချင်တာ လေးတွေအတွက် နည်းနည်းပါးပါး ဟိုဟာလေးစမ်း ဒီဟာလေးစမ်းတဲ့အဆင့်ပဲရှိပါတယ်… အဲဒိတော့ ဖိုရမ်အတွက် ထိရောက်တဲ့အကျိုးပြုမှုတွေ မပေးနိုင်မှာကို အားနာပါတယ်… အခုငါ့ညီတို့ ပြောင်းလဲမယ့်ပုံစံနဲ့ပတ်သတ်ပြီး အကိုပြောစရာတွေနည်းနည်းရှိလာတယ်… အဲလိုပြောဖို့အတွက်လည်း သေချာစဉ်းစားထားပြီးပြောပြတာပါ… (အဲဒိအထဲမှာ ချို့ယွင်းချက်တွေလည်းရှိနေမှာပါ… အဲဒါကိုနားလည်ပေးပါ.. no one is perfect ..) အခုကျနော့်အမြင်တွေကိုစပြောမယ်ဗျာ….


ဘယ်လိုဖိုရမ်မျိုးလဲ ???


အဲဒါက အဓိကအရေးကြီးပါတယ်… ကိုယ့်ဖိုရမ်က ဘယ်လိုဖိုရမ်လဲဆိုတာကို
အရင်ဆုံးသုံးသပ်ရပါတယ်… ဟုတ်ပြီ.. ကျနော်တို့ဖိုရမ်ကိုသုံးသပ်ကြည့်ရအောင်… ကျနော်တို့ဖို၇မ်က
နည်းပညာသီးသန့်ဖို၇မ်ပါ… အဲဒိထဲကမှ ဘယ်လိုင်းကိုအဓိကအသားပေးရပ်တည်မလဲ ဆိုတာကိုပါ အဆစ်အနေနဲ့ထည့်စဉ်းစားရမယ်…
အဲလိုမှမဟုတ်ရင် ဟိုမရောက်ဒီမရောက်ဖြစ်သွားမှာစိုးတယ်… ဘာလို့လဲဆိုတော့ ကဏ္ဍတိုင်းအတွက်
ပင်တိုင်အမာခံလူရှိတယ်ဆိုရင်တော့တစ်မျိုးပေါ့… အဲဒိတော့ ဘယ်အပိုင်းကို အဓိကထားပြီးလုပ်တဲ့ဖိုရမ်လဲဆိုတာကို
ဦးတည်ပြီး အဲဒိ Target ကို အဓိကထားပြီး ကျန်တာတွေကိုလည်း နိုင်သလောက် အရံလေးလုပ်သွားရင်
ကိုယ်အဓိကထားတဲ့ အပိုင်းနဲ့ တိုက်ဆိုင်တဲ့သူတွေက ဒီဖိုရမ်ကို လာပေါင်းရင်းနဲ့ ကြာရင်
အင်အားကြီးလာမယ်ထင်ပါတယ်… အဲဒိအတွက် ကဏ္ဍတိုင်းကတော့ အခုလောလောဆယ်မဖြစ်နိုင်သေးတော့ တစ်ခုခုကို
ဇောင်းပေးပြီးလုပ်သင့်တယ်ထင်ပါတယ်…. နို့မို့ရင် ဖိုရမ်တွေ၊ ဆိုက်တွေ များလာတဲ့ဒီခေတ်ရေဆင်းကြောင်းမှာ
အုတ်ရောရော ကျောက်ရောရောဖြစ်သွားမယ်လို့ထင်တယ်…


နည်းပညာသီးသန့်ဖိုရမ်မှာ ဘာတွေရှိသင့်သလဲ ???


အဲဒါကလည်း ကျနော်တို့စဉ်းစားရမယ်လေ… သေချာစဉ်းစားသုံးသပ်ရမယ်… အဲလိုရှိရမယ့် အမျိုးအစားတွေကို ကျနော်သိသလောက် လေးပြောကြည့်မယ်… လိုတာကိုဖြည့်စွက်ပေးကြပါဗျာ…


- နည်းပညာဆိုင်ရာလေ့လာစရာတွေ သူ့ကဏ္ဍအလိုက်ရှိနေရမယ်…


- TuT နဲ့ ဆောင်းပါးတွေလည်း ပုံမှန်ရှိနေသင့်တယ်…


- ကဏ္ဍအလိုက် ဆွေးနွေးချက်တွေ အသေးစိတ်ဆန်စွာနဲ့ အသက်ဝင်နေရမယ်…


- Software နဲ့ Ebook တွေလည်း စုံလင်ရမယ်…


- အကူညီပေးမှုမြန်ဆန်ရမယ်…


ဘယ်လို member မျိုးတွေရှိသင့်သလဲ ???


အဲဒါကတော့ရှိချင်သလိုတွေ ရှိနေမှာပဲလေ… အဲ.. ဒါပေမယ့် ဒီဖိုရမ်မှာရှိနေတဲ့ မန်ဘာတွေကလည်း သူတို့လုပ်နိုင်တဲ့အတိုင်းအတာ တစ်ခုထိပါလာမယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ… အဲဒိတော့ နည်းပညာဖိုရမ်တစ်ခုမှာ ဘယ်လိုမန်ဘာမျိုးတွေရှိနေသင့်သလဲဆိုတာကို
ကျနော်စဉ်းစားမိသလောက်လေးပဲ ချရေးကြည့်မယ်…


- ဖိုရမ်ကိစ္စရပ်တွေမှာ တတ်ကြွတဲ့ မန်ဘာ၊


- ဖိုရမ်မှာတတ်လာတဲ့ error တွေကို အကုန်နီးပါးမဟုတ်တောင် ကူညီပေးနိုင်တဲ့ မန်ဘာ၊


- နည်းပညာနဲ့ဆိုင်တဲ့ ဆွေးနွေးချက်တွေမှာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးပေးနိုင်တဲ့ မန်ဘာ၊


- ဆွေးနွေးချက်တွေကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်းမရှိပေမယ့် ၀င်ရောက်မေးမြန်းပြီး စကားဝိုင်းတွေကို မြိုင်ဆိုင်စေတဲ့မန်ဘာ၊


- ဖိုရမ်အတွက် အသစ်အသစ်သော software & ebook တွေ၊ သတင်းတွေကို တင်ပေးနိုင်တဲ့ မန်ဘာ၊


- TuT နဲ့ တွေကိုမှန်မှန်အသက်သွင်းပေးနိုင်တဲ့ မန်ဘာ၊


- ကဏ္ဍတိုင်းအလိုက် Feedback ပေးမယ့် မန်ဘာ၊ (followup လုပ်ပေးမယ့် မန်ဘာမျိုး)


အဲဒိအပေါ်က အချက်တွေက ကျနော်အခြေခံစဉ်းစားထားတဲ့အချက်တွေပါ…အဲဒိအချက် တွေနဲ့သာ ပြည့်စုံမယ်ဆိုရင် ဖိုရမ်က မျက်နှာပန်းလှလာမယ်လို့ယုံကြည်ပါတယ်… လောလောဆယ် အဲဒိအတိုင်းပြည့်စုံဖို့ကတော့ ဖြစ်နိုင် မဖြစ်နိုင်ကို အားလုံးသိမယ်ထင်ပါတယ်… ကျနော်တော့မပြောတော့ဘူး… အဲဒိတော့ဘာတွေဘယ်လိုဆက်ပြီးလုပ်ကြမလဲဆိုတာကို အဖြေထုတ်ကြည့်ပြီး တစ်ခုခုကို တိကျသေချာတဲ့ အဖြေပေးနိုင်မယ် ထင်ပါတယ်…လောလောဆယ် ကျနော်ကတော့ ဘာမှဟုတ်တိပတ်တိ မတတ်လေတော့ အားနာပါတယ်ဗျာ… ကျနော်လည်း ကိုယ်တတ်နိုင်တဲ့အပိုင်းတွေနဲ့ ကူညီရင်း ဖိုရမ်မှာဆက်ရှိနေမှာပါ… ဘယ်လိုပဲအခြေအနေတွေပြောင်းပြောင်းပေါ့… ဒီမှာရှိတဲ့ မန်ဘာဝင်များလည်း ကိုယ်နိုင်တဲ့အချက်တွေကနေ ဖိုရမ်အတွက် တစ်နိုင်တစ်ပိုင်လေးကူညီပေးနိုင်ရင် ကောင်းမယ်ဗျာ…..



ကျေးဇူးတင်ပါတယ်


mars


(ကျနော်ရေးသားချက်မှာ နားလည်မှုလွဲစရာ၊ အမြင်လွဲစရာ များပါရင် ခွင့်လွှတ်ပါခင်ဗျာ… ကျနော့် အမြင်လေးသက်သက်ပဲရေးထားတာပါ…)



Last edited by mars on 18th April 2010, 6:32 pm; edited 3 times in total

http://sidnaing.co.cc/

mars

mars
Moderator



Moderator
ဟိုဘက်ကို လမ်းတွေချော်နေလို့ ဒီဘက်ကကောင်လေးကို မေ့သွားမှာစိုးလို့ ပြန်အစဖော်လိုက်တယ်... ပို့စ်တွေက ကျနော်ကြည့်ရသလောက် portal မှာရှိနေမှ အသက်ဝင်သလိုဖြစ်ဖြစ်နေလို့ အစပြန်ဆွဲထုတ်လိုက်တာပါ... ဆွေးနွေးပေးကြပါဦးနော်... အခုက မန်ဘာအားလုံးမြင်ရပြီနဲ့တူတယ်... outsider လေးပြန်ပြောင်းပေးထားတာ...

http://sidnaing.co.cc/

zawmin

avatar
MITR Reader



MITR Reader
post မှမဟုတ်ဘူးဗျ..........
စကားတစ်ခွန်းကြောင့်လည်း ဘ၀ပျက်တတ်တယ်ဗျ...
post ကတောင် စာတွေအများကြီးပါတယ်... Very Happy
ပြီးတော့ဗျာ .......အပေါ်က ခေါင်းစဉ်တွေ ကို ဘယ်သူက ဘာတွေလုပ်ပေးတယ်ဆိုပြီးတော့
နာမည်မတတ်ပါနဲ့ ဗျာ....ရှုပ်ကုန်မှာဆိုးလို့ 

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com