Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

အိုင်စီတီ အခွင့်အလမ်းများ[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

ယနေ့ခေတ်
ကျွန်တော်တို့လူငယ်တွေကြားမှာ ကွန်ပျူတာ၊ အိုင်တီ၊ အင်တာနက်
ဆိုတဲ့ဝေါဟာရတွေက ပလူပျံအောင်ကြား နေရပါတယ်။ များပြားလှတဲ့ ကွန်ပျူ
တာသင်တန်း ပေါင်းစုံ လက်မှတ်ပေါင်းစုံ နောက်မှလူငယ် တွေခမျာ
ငွေထုပ်ပိုက်ပြီး တကောက်ကောက်လိုက်တက် နေကြရပေမယ့် တကယ်တမ်း သင်တန်းတွေပြီး
လက် မှတ်တွေရကြတဲ့အခါ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတတ်ကြပါတယ်။
တစ်ချို့ကတော့ နိုင်ငံခြား ထွက် အလုပ်လုပ်ဖြစ်ကြပေမယ့်
ICT
ဆိုတာပြည်တွင်းမှာ အသုံး ချလို့မရတဲ့ ပညာရပ်တစ်ခုလိုဖြစ်နေပါတယ်။


တစ်ကယ်တော့ ကျွန်တော်တို့
လူငယ်တွေ အတွက်
ICT နည်းပညာ ကိုအသုံးချပြီး ပြည်တွင်းမှာ
တစ်ပိုင်းတစ်နိုင်လုပ်ကိုင်နိုင်တဲ့ SME (Small and Medium Sized
Enterprise)လုပ်ငန်းလေးတွေ များစွာရှိပါတယ်။ တစ်ချို့လူငယ်တွေက
အသက်အရွယ်ငယ်သေးလို့ စီးပွား ရေးလုပ်လို့ဖြစ်ပါ့မလားလို့ စိုးရိမ်ကြတာ
ရှိပါတယ်။ ဒါနဲ့ ပါတ်သတ်လို့ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ် ထရန့်
(Donald Trump) ပြောဖူးတာလေး ရှိပါတယ်။

`ကိုယ်က
ငယ်လေးလို့၊ အတွေ့အကြုံနည်း သေးလို့ စီးပွားရှာဖို့
အရည်အချင်းမပြည့်သေးဘူးလို့ ဘယ်တော့မှမတွက်ပါနဲ့။ ကျွန်တော်အကောင်းဆုံး
အကြံ ဉာဏ်တွေထုတ်သုံးခဲ့တုန်းက အသက်နှစ်ဆယ်ပဲရှိသေး
တယ်။ဒါ့ကြောင့်ငယ်သေးလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်
မှုအားမနည်းပါစေနဲ့။တစ်ခါတစ်လေမှာ လူငယ်တွေဟာ ပိုပြီးထက်မြက်တဲ့
စီးပွားရေးပညာရှင်တွေ ဖြစ်လာတတ် ပါတယ်တဲ့။´

ကဲ...ကျွန်တော်တို့ မြန်မာလူငယ်တွေလဲ ICT
ကိုသုံးပြီး ထက်မြက်တဲ့ စီးပွားရေးပညာရှင်တွေ ဖြစ် အောင်
ဘာတွေလုပ်နိုင်ကြပါသလဲ။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်
တစ်ဖက်တစ်လမ်းက ဘယ်လိုပါ ၀င်ဆောင်ရွက်နိုင်ကြပါသလဲ။ ကြည့်လိုက်ကြရအောင်။




အခွင့်အလမ်း (၁)


ဒါကတော့ သမားရိုးကျနည်းလမ်းဖြစ်တဲ့ ၀န်ထမ်း
အလုပ်ပါ။လူငယ်တွေအနေနဲ့ ပြည်တွင်းမှာပဲ သင်ကြားလို့ ရတဲ့နိုင်ငံတကာ
အသိအမှတ်ပြု ဒီပလိုမာတွေဖြစ်တဲ့ IDCS တို့ IADCS တို့၊ University of
Greenwich ကပေးအပ်ချီး မြှင့်တဲ့ BIT ဘွဲ့တို့ကို ရရှိပြီးရင် ဒေသတွင်း
အိုင်စီတီဖွံ့ ဖြိုးတဲ့ စင်္ကာပူတို့လိုနိုင်ငံမျိုးတွေမှာသွားရောက် အလုပ်
လုပ်ကိုင်နိုင်ကြပါတယ်။ များသောအားဖြင့် စင်္ကာပူမှာဆို ရင် Programmer,
System Analyst, Network Engineer, Project Manager စတဲ့ရာထူးတွေမှာ
မြန်မာတွေလုပ်ကိုင် ကြတာများပြီး လစာကတော့ အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်ကနေ
၅၀၀၀လောက်အထိရတတ်ကြပါတယ်။ အဲ့ Project Manager (PM) လို
ရာထူးမျိုးဆိုရင်တော့ MBA ဘွဲ့လိုမျိုးပါတွဲရထားရင် အမေရိကန်ဒေါ်လာ တစ်
သောင်းလောက်အထိ ရတတ်တယ်လို့ဆိုပါတယ်။

ကိုယ့်မြေပေါ်မှာပဲ
ရပ်တည်နေချင်တဲ့သူတွေ၊ နိုင်ငံခြား
သွားဖို့ဇာတာမှေးမှိန်နေသေးတဲ့သူတွေအနေနဲ့ကတာ့ ပြည်တွင်းက
အိုင်တီစီးပွားရေးလုပ်ငန်း သို့မဟုတ် NGO တွေမှာ
ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ စစခြင်းမှာတော့ ကိုယ့်မျှော်မှန်းထားသလို
ဝင်ငွေ၊ အခြေအနေတွေကို ရ နိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ တန်းဘိုးဖြတ်လို့မရတဲ့
ငွေပေး ၀ယ်လို့မရတဲ့ အတွေ့အကြုံ (experience) ကိုတော့ ရရှိ မှာဖြစ်ပါတယ်။
အတွေ့အကြုံတွေကို စုဆောင်းပြီး ကိုယ့်
လိုအပ်ချက်တွေကို ထပ်ဖြည့်ရင်းနဲ့ ကိုယ်မျှော်မှန်းထားတဲ့ အခြေအနေကို
တစ်ထစ်ခြင်းတက်လှမ်း ဖန်တီးနိုင်ပါ တယ်။


ဒီခေတ်မှာ သတိပြုရမဲ့အချက်တစ်ချက်ကတော့ ဘယ် Professional လိုင်းကို
လိုက်တဲ့သူပဲ ဖြစ်ဖြစ် တစ် လိုင်းတည်း တစ်မျိုးတည်း ရပ်တည်လို့
မရတော့ပါဘူး။ ယနေ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းအများစုဟာ T Person
ပုဂ္ဂိုလ်တွေကို သာလိုလားပြီး အလုပ်ခန့်လေ့ရှိ ကြပါ တယ်။ T Person
ပုဂ္ဂိုလ်ဆိုတာက အင်္ဂလိပ်အက္ခရာ T ကို ဇောက်ထိုးထားတဲ့ ပုံစံပါ။


ကျယ်ပြန့်တဲ့အသိပညာ (Wide knowledge) ပေါ် မှာ အခြေခံပြီး ကိုယ့်ရဲ့
Professional Skill ကို တည် ဆောက်ယူရတဲ့ သဘောပါ။ ဒါကြောင့် လူငယ်တွေအ
နေနဲ့လည်း ICT ကို လေ့လာပြီးတဲ့အပြင် MBA တို့လို
စီးပွားရေးစီမံခန့်ခွဲမှုလိုင်းတွေကို တွဲဖက်လေ့လာထား ခြင်းအားဖြင့်
အလုပ်အကိုင်ဈေးကွက် (Labour- Market) မှာ ကိုယ့်ကိုယ်ကိုယ်
ဈေးကောင်းကောင်း (Skimming Price)နဲ့ အစွံထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။




အခွင့်အလမ်း (၂)


အင်တာနက်ကဖီးတွေကို နေရာအနှံ့တွေ့မြင်လာရ
ပါတယ်။ တိုးတက်လာတဲ့ ဆက်သွယ်ရေးရေစီးတွေပေါ် မှာ အရင်က လက်ဖက်ရည်ဆိုင်ပေါ်က
လူငယ်တွေ လည်း အင်တာနက်ကဖီးတွေပေါ်ကို ရောက်ကုန်ကြပါ တယ်။ ဒါဟာ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အ ပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်လို့
ကြိုဆိုကြရမှာပါ။

တစ်ချိန်တည်းမှာပဲ
ဒီအင်တာနက်ကဖီးလုပ်ငန်း ဟာလည်း ICT ကိုအခြေပြုတဲ့ စီးပွားရေးအခွင့်အလမ်း
တစ်ရပ်တစ်ခုအနေနဲ့ဖြစ်ထွန်းလာပါတယ်။ ယေဘုယျ အားဖြင့်
အင်တာနက်ကဖီးဆိုင်တစ်ဆိုင်ဖွင့်ဖို့ အခန်းငှား ခ၊
ကွန်ပျူတာဝယ်ဖို့ကုန်ကျစရိတ်၊ အခန်းပြင်ဆင်စရိတ်၊ အင်တာနက်လိုင်း၊
အလုပ်သမားစရိတ် စုစုပေါင်းသိန်း ၁၅၀ ၀န်းကျင်လောက် ကုန်ကျနိုင်ပါတယ်။
ဒါပေမယ့် အင်တာနက်ကဖီးတစ်ဆိုင်ရဲ့ တစ်နေ့ဝင်ငွေဟာလည်း နေရာကောင်းကောင်း
(Strategic Location)၊ ပုံမှန်ဖောက် သည် (Loyal Customer) သာရှိမယ်ဆိုရင်
မသေးလှတာမို့ အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ ဆိုနိုင်ပါ
တယ်။

ဒီနေရာမှာ
လူငယ်တွေအတွက် ငွေအရင်းအနှီးက အဓိကအခက်အခဲ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဥပမာ-
ကိုယ်တစ်ယောက်တည်းမနိုင်ရင် သူငယ်ချင်းငါးယောက် လောက်ပေါင်းပြီး
တစ်ယောက်ကို သိန်း၃၀စီလောက် ထည့်ပြီးလုပ်ရင်လည်း ဖြစ်နိုင်ပါတယ်။
လူများတော့ ၀န် ထမ်းစရိတ်လည်းသက်သာသလို အားလုံးတိုင်တိုင်ပင် ပင်နဲ့
ဆောင်ရွက်လို့ရတာမို့ အောင်မြင်ဖို့ Chance လည်း ပိုများပါတယ်။
ကျွန်တော်တို့မြန်မာတွေရဲ့ နဂိုဓလေ့ကိုက ပူပေါင်းဆောင်ရွက်မှုအားနည်းတာမို့
အဲ့ဒီစိတ်ဓာတ်တွေ ကို ပြုပြင်ပြီး
အချင်းချင်းပူးပေါင်းဆောင်ရွက်ကြခြင်းအား ဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ
ပိုမိုအောင်မြင်နိုင်ကြမယ် လို့ထင်ပါတယ်။



အခွင့်အလမ်း (၃)



နောက် ICT နဲ့ဆက်စပ်နေတဲ့စီးပွားရေး အခွင့်
အလမ်းတစ်ခုကတော့ ကွန်ပျူတာပစ္စည်း Hardware ရောင်းဝယ်တဲ့လုပ်ငန်းနဲ့ Service
ပေးတဲ့လုပ်ငန်းပါ။ ဒီလုပ်ငန်းဟာ ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ICT
နဲ့ပါတ် သက်ပြီးအတွင်ကျယ်ဆုံးနဲ့ အလုပ်အဖြစ်ဆုံးလုပ်ငန်းတစ်
ခုလည်းဖြစ်ပါတယ်။ ကွန်ပျူတာ Hardware ရောင်းဝယ် ရေးအတွက်
အရင်းအနှီးငွေကြေးပမာဏကတော့ ခုနက အင်တာနက်ကဖီးထက်စာရင်
များစွာများပြားနေပေမယ့် ရရှိမယ့်အကျိုးအမြတ်ကလည်း မသေးလှပါဘူး။ ပြီး တော့
ကုမ္ပဏီကြီးတွေနဲ့ရင်းနှီးမှု၊ ယုံကြည်မှုတွေအပေါ်မူ တည်ပြီး
အြွေကးပစ္စည်းချပေးတာမျိုးတွေလည်းရှိတာမို့
ကိုယ့်ရဲ့စီမံခန့်ခွဲမှုပေါ်မူတည်ပြီး ရင်းနှီးငွေပမာဏ (Investment Amount)
ကိုလျှော့ချနိုင်ပါတယ်။ ခန့်မှန်းခြေ Hardware နဲ့ Service Center
တစ်ခုအတွက် ရင်းနှီးငွေ ကတော့ ကျပ်ငွေသိန်းငါးရာကနေ တစ်ထောင်အတွင်းမှာ
ရှိပါတယ်။ ရင်းနှီးငွေ အဆင်ပြေတဲ့လူငယ်တွေအနေနဲ့ အစုစပ်အဖြစ်
လုပ်ကိုင်သင့်ကြတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါ တယ်။



အခွင့်အလမ်း (၄)


ဒီလုပ်ငန်းမျိုးကိုတော့ တော်တော်များများက သတိ
ထားမိကြမှာမဟုတ်ပါဘူး။ အဲ့ဒါကတော့ Website Service နဲ့ Web Ownership
လုပ်ငန်းပါ။ လက်ရှိအခြေအနေ မှာ ပြည်တွင်း ICT
လုပ်ငန်းတွေသိပ်မဖွံ့ဖြိုးလှတာမို့ အကျိုးအမြတ်မရနိုင်သေးပေမယ့်
ဒီလုပ်ငန်းကနေ မက် လောက်စရာ Income နဲ့ Profit တွေကို ကျွန်တော်တို့
လှမ်းမြင်နေရပါတယ်။ Web-site business အတွက် ရုံး ခန်းနေရာ (office space)
တွေ၊ ရင်းနှီးမြှုပ်နှံမှု(Investm-ent) တွေဘာမှ
သိပ်ကြီးကြီးမားမားမလိုပါဘူး။ အင်တာ နက် Service နဲ့
ကွန်ပျူတာတစ်လုံးရှိရင် အချိန်မရွေး နေရာမရွေး Website တစ်ခုကို Operate
လုပ်လို့ရပါ တယ်။ အဲ..ဒါပေမယ့် ကျွမ်းကျင်မှု (Skill) နဲ့အကြံဉာဏ် (Idea)
တော့လိုအပ်တာပေါ့။ ဥပမာ- ဒီကနေ့ ကမ္ဘာကျော် Google
တို့၊ e-Bay တို့ဟာ ဒီလိုနဲ့အစပြုပြီး အောင်မြင်မှု ရခဲ့ကြတာပါ။
ကျွန်တော်တို့မြန်မာလူငယ်တွေအတွက် လည်း တကယ့်ကိုကြီးကြီးမားမား
အိပ်မက်Great Dream ကြီးတွေ မက်ချင်တိုင်းမက်နိုင်တဲ့ နယ်ပယ်တစ်ခုပါပဲ။
ဖြစ် နိုင်ရင်အဘက်ဘက်က အားသွန်ခွန်စိုက် ကြိုးစားကြည့် သင့်ကြပါတယ်။
အိပ်မက်ဆိုတာ လူတိုင်းမှာမက်ခွင့်ရှိပါ တယ်။


စစခြင်းမှာတော့ လောလောလတ်လတ် ကိုယ့်ပြည် တွင်းမှာ
လုပ်လို့ကိုင်လို့အဆင်ပြေ အလုပ်ဖြစ်နိုင်မယ့် လုပ်ငန်းမျိုးလေးတွေကနေ
အစပြုလုပ်ကိုင်သင့်ပါတယ်။ ဥပမာ-Online ကနေ လက်ဆောင်ပစ္စည်းတို့ ပါဆယ်တို့
ပို့ပေးတဲ့ Service လိုဟာမျိုးလေးတွေပါ။ Idea ကောင်း ရင်ကောင်းသလောက်
အကျိုးရှိနိုင်တဲ့ လုပ်ငန်းဖြစ်ပါ တယ်။အားလုံးစဉ်းစားကြည့်ကြဖို့ပါ။




အခွင့်အလမ်း(၅)


နောက် ICT နဲ့ပတ်သက်ပြီး လူတွေသိပ်မမြင်ကြ တဲ့
Hidden Opportunity တစ်ခုကတော့ အလွတ် Professional အဖြစ်ရပ်တည်မှု
Freelance Professionalismပါ။ ဒါကတော့ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ် Web
Design, Network တစ်ခုခုမှာ အလွတ်တမ်း Service Provider
အဖြစ်ရပ်တည်တဲ့သဘောပါ။ ရုံးနေ့တိုင်းတက်ရတာတို့၊
စည်းမျဉ်းစည်းကမ်းတွေနဲ့နေရတာတို့ကို မနှစ်သက်တဲ့ လူငယ်တွေအတွက်
အထူးသင့်တော်ပါတယ်။ တစ်ခါ တစ်ရံမှာ Designer တစ်ယောက်ဟာ ရုံးတစ်ခုခုမှာ
လုပ်နေရင်တစ်လကို လစာငွေတစ်သိန်းဝန်းကျင်လောက် ပဲရနိုင်ပေမယ့် ပြင်ပကအပ်တဲ့
ဒီဇိုင်းတွေကို တကယ် ထူးထူးချွန်ချွန် လုပ်ပေးနိုင်ရင် ပျှမ်းမျှတစ်လကို
လေးငါး ခြောက်သိန်းလောက်အထိ ၀င်ငွေရရှိနိုင်တာကို တွေ့ရပါ
တယ်။ တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာတော့
ကွန်ပျူတာနဲ့နည်းပညာ အတိုင်ပင်ခံ (ICT Counsultant)
တစ်ယောက်ရဲ့တစ်လ၀င်ငွေဟာ ဒေါ်လာသိန်းချီပြီးတော့ ရှိတယ်လို့ သိရပါတယ်။



ဒါ့အပြင် သင်ကြားရေးကိုဝါသနာပါတဲ့ လူငယ်တွေ အတွက်ကတော့
သက်ဆိုင်ရာနိုင်ငံတကာ အသိအမှတ် ပြု ဘွဲ့၊ ဒီပလိုမာတွေကို
ထူးထူးချွန်ချွန်အောင်ပြီးသွားရင် အလွတ်သဘောနဲ့ Guide
အဖြစ်သင်ကြားပြသပေးလို့ ရသလို
ကွန်ပျူတာသင်တန်းတွေမှာလည်း အချိန်ပိုင်း နည်းပြအဖြစ်
ဝင်ရောက်သင်ကြားပေးနိုင်ပါတယ်။ Guide တွေ၊ သင်တန်းနည်းပြဆရာတွေရဲ့
ဝင်ငွေကလည်း တစ် လကို လေး/ငါးသိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။



တကယ်တော့ ဒီကနေ့ခေတ်ဟာ နည်းပညာခေတ် လို့ ဆိုတာနဲ့အညီ ICT နဲ့
ဆက်စပ်ပတ်သက်နေတဲ့ အခွင့် အလမ်းတွေဟာ တခြားလုပ်ငန်းနယ်ပယ်တွေမှာထက် စာရင်
များစွာများစွာ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ Political Climate
တိုးတက်ပြောင်းလဲလာမှု၊ နည်းပညာဖွံ့ ဖြိုးတိုးတက်လာမှု၊
ဆက်သွယ်ရေးပညာ(Communication Network) များ ဖွံ့ဖြိုးတိုးတက်လာမှု၊
လျှပ်စစ်မီးပိုမိုရရှိလာ နိုင်မှုတို့ပေါ်မူတည်ပြီး ပြည်တွင်း ICT
လုပ်ငန်းများဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေတွေ များစွာရှိ
နေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ လက်ရှိအခြေအနေမှာ
မိမိတို့မှာရှိတဲ့ Capacity၊ Skill၊ Ability တွေ ကိုအခြေပြုပြီး ICT
လုပ်ငန်းများ အားကောင်း မောင်းသန် ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင်
ရွက်ကြရမှာ ဖြစ်ပါတယ်။
အရင်းအနှီး
မရှိသေးလို့၊ အခြေအနေမပေးသေး လို့၊ အတွေ့အကြုံမရှိသေးလို့
စတဲ့ဆင်ခြေအကြောင်းပြ ချက် အတားအဆီး( barriers)တွေရဲ့တားဆီးမှုကို ခံမနေ
ကြဘဲ လိုအပ်တဲ့စွမ်းရည်တွေကို ဖြည့်ဆည်းရင်း အချင်း ချင်း
ပူးပေါင်းဆောင်ရွက်ကြကာ မိမိတို့လက်တစ်ကမ်းမှာ ရှိတဲ့
အခွင့်အလမ်း(opportunities)တွေကို ဆုပ်ဖမ်းပြီး ဘ၀ရဲ့ တက်လမ်းတွေကို
လျှောက်လမ်းကြပါလို့ တိုက် တွန်း ရေးသားလိုက်ရပါတယ်။

Ref: knowledgebridge



Last edited by ထက်နိုင် on 26th April 2010, 6:30 pm; edited 1 time in total (Reason for editing : http://www.myanmaritresource.info/Topic-Title-Tag-Rule-h15.htm နှင့်အညီပြင်သည်။)

http://sidnaing.co.cc/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com