Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Top 10 IT HEROES[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

တကယ်တော့ လောကမှာ
သူရဲကောင်း
(heroes) တွေဆိုတာ လုပ်ငန်းတိုင်း၊
နယ်ပယ်တိုင်းမှာ ရှိတတ်ကြပါ တယ်။ အဲ့သလိုပါပဲ၊ လူကြမ်း (Villain) ဆိုတာတွေက
လည်း ရှိတတ်ကြစမြဲပါ။ ဒါပေမယ့် လူကြမ်း (Villain) တွေရှိမှ သူရဲကောင်း
(heroes) ဆိုတာ ပေါ်လာကြရ တာမို့လား။ စဉ်းစားစရာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့
ကျွန်တော်တို့အနေနဲ့ အိုင်တီ လောကရဲ့ သူရဲကောင်း (IT heroes)
တွေကို ရွေးထုတ် ထားပါတယ်။ အဲ့ဒီထဲမှာ ကြီးကျယ်ထင်ရှားတဲ့ ပရိုဂရမ် မာတွေ၊
ကွန်ပျူတာနဲ့ အိုင်တီလောကကို ပိုမိုလွယ်ကူလာ အောင်၊ လူတွေနဲ့
ပိုရင်းနှီးလာအောင် ပိုပြီး ထိထိရောက် အသုံးချလာနိုင်အောင်
အားထုတ်ခဲ့ကြတဲ့ ကျွမ်းကျင် ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူ (entrepreneurs)
တွေ ပါဝင်ပါတယ်။


တကယ်တော့ heroe ဆိုတဲ့ စကားလုံးဟာ ဂရိတ်
တွေအတွက်ပဲရှိတာမဟုတ်ပါဘူး။ ဒါ့အပြင် တကယ့် ကြီးကျယ်အံ့သြဖွယ်ကောင်းတဲ့
တီထွင်မှုကြီးတွေကို ဖန်တီးနိုင်မှ Heroe လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး။
အများအကျိုးအတွက် လူသားတွေအတွက် ရေရှည် အကျိုးရှိစေနိုင်မယ့်၊
ကိုယ်ကျိုးမဖက်တဲ့ တီထွင်မှုတွေ၊ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ရင်လည်း
ကျွန်တော် တို့က Heroe လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့
ကျွန်တော်တို့ရဲ့ ဒီ Top 10 IT heroes list ထဲမှာ ဘီလ် ဂိတ်
(Bill Gates) တို့၊ စတိဗ်ဂျော့ (Steve Jobs) တို့ကို ရှာမကြည့်ပါနဲ့။
တွေ့ရမှာ မဟုတ်ပါဘူး။ IT လောက အတွက်၊ သူတို့ဟာ အဓိက ကဏ္ဍကနေ လုပ်ခဲ့တယ်
ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမယ့် သူတို့ ကို
ကျွန်တော်တို့ရဲ့ Heroes List ထဲကို မထည့်နိုင်ပါဘူး။ ကိုင်း
... ဒီလိုဆိုရင် ဘယ်လိုလူမျိုးတွေကို ကျွန်တော် တို့က IT heroes တွေလို့
သတ်မှတ်ကြပါမလဲ။


ဥပမာ ဘီလ်ကလင်တန် (Bill Clinton) လို ပုဂ္ဂိုလ်မျိုး ပါ။ ဒါပေမယ့်
ဒီနေရာမှာ အမေရိကန်သမ္မတွေကို ဖော်ပြ ရတာဟာ ကျွန်တော်တို့အတွက်
ဘောလုံးပွဲမှာ Foul Ball ကန်သလိုပါပဲ။ ပြီးခဲ့တဲ့အတိတ်ကာလတွေတုန်းကတော့
အိမ်ဖြူတော်ရဲ့ အခန်းကဏ္ဍဟာ နည်းပညာနဲ့ ပတ်သက် လာရင် တော်တော့်ကို
ရှုပ်ထွေးပွေလီခဲ့ပါတယ်။ အမေရိ ကန်အစိုးရရဲ့
ထိပ်ပိုင်းခေါင်းဆောင်တော်တော်များများ ဟာ အဲ့ဒီအခြေအနေတုန်းက သူတို့ လုံးဝ
ထိန်းချုပ်လို့ မရတဲ့ ကိစ္စတွေကလွဲလို့ နည်းပညာနဲ့ ပတ်သက်လို့
ပြောင်းလဲမှုတွေ သိပ်မလုပ်ချင်ပါဘူး။


ဒါပေမယ့် ကလင်တန်ကတော့ နည်းပညာတိုး တက်ရေးနဲ့ ပတ်သက်လို့ မျှမျှတတ
ဆောင်ရွက်နိုင်ခဲ့ တာကြောင့် ၁၉၉၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းမှာ ... ယနေ့
အင်တာနက်ခေတ်ရဲ့ ကနဦးအစကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။
ကလင်တန်ရဲ့ စွမ်းဆောင်မှုကြောင့် အင် တာနက်ရဲ့ စွမ်းရည်နဲ့
လုပ်ဆောင်နိုင်စွမ်း (ability) တွေ ဟာ များစွာ တိုးတက်လာခဲ့ပြီး အစိုရရဲ့
လုပ်ငန်းဆောင် တာ တော်တော်များများကို on-line ပေါ်မှာ ဆောင်ရွက်
လာနိုင်ခဲ့ပါတယ်။ ဒါအပြင် သာမန်ပြည်သူလူထုတွေ အနေနဲ့လည်း အင်တာနက်ကို
သုံးစွဲလာနိုင်ခဲ့ပါတယ်။ ကလင်တန်ရဲ့ IT နဲ့ ပတ်သက်လို့ ကြိုးပမ်းမှုတွေထဲက
အကောင်းဆုံးပြယုဂ်တစ်ခုကတော့ ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အစိုးရတွေ
သုံးစွဲနေတဲ့ E-Government Project ပါပဲ။ ဒါ့အပြင် သူက E-commerce
ဖွံ့ဖြိုးတိုး တက်မှုနဲ့ ပတ်သက်လို့လဲ ... ပြည်ထောင်စုအစိုးရကို Internet
sales တွေနဲ့ ပတ်သက်တဲ့ အခွန်အခ ကိစ္စကို အလွန်အကျွံ
မတိုးမြှင့်ဖို့။ ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ ပါသေးတယ်။ ယနေ့
ကျွန်တော်တို့ခံစားနေရတဲ့ Internet Service တွေ၊ E-commerce Service
တွေဟာ သူ့ရဲ့ ကြိုးပမ်းမှုတွေပါလို့ပြောရင် ခင်ဗျား
ငြင်းနိုင်ပါဦးမလား။


ဒုတိယ - ဥပမာပေးစရာ ပုဂ္ဂိုလ်ကတော့ အမေရိ ကန်သမ္မတ ရော်နယ်ရီဂင်
(Ronald Regan) ပါ။ သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ သမိုင်းမှာ
ကောင်းတဲ့ အချက်တွေရော၊ ဆိုးတဲ့အချက်တွေရော ရှုပ်ထွေးနေပေမယ့် IT နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့
သူ့ကို အမှတ်ပြည့်ပေးကြရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။

၁၉၈၃ ခုနှစ်၊
စစ်အေးတိုက်ပွဲ အထွတ်အထိပ် ရောက်ချိန်ကာလမှာ ကိုရီယန် အဲယားလိုင်းရဲ့
Flight 007 လေယာဉ်ဟာ Achorage ကနေ Seoul ကို ပျံသန်းလာ တုန်း
ပျောက်ဆုံးသွားပါတယ်။ မေးခွန်းတွေ တော်တော် များများ ထွက်ပေါ်လာပြီးတဲ့နောက်
ဆိုဗီယက်ရုရှားက စပိုင်လေယာဉ်လို့ ယူဆရတဲ့အတွက် အဲ့ဒီလေယာဉ်ကို သူတို့
ပစ်ချခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ အပစ်မဲ့တဲ့ ခရီး သည် ၂၉၆ ယောက်နဲ့
လေယာဉ်မောင်၊ လေယာဉ်မယ်၊ လေယာဉ်မှူးတွေဟာ ရိုးရှင်းလှတဲ့ လေကြောင်းလမ်းညွှန်
မှု (navigation) အမှားလေးတစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ ကြရပါတယ်။


သမ္မတရီဂင်ဟာ
ဒီသတင်းကိုကြားကြားချင်း များ စွာ စိတ်ထိခိုက်သွားပါတယ်။ အဲ့ဒီနောက်မှာတော့
သူဟာ အနာဂတ်မှာ အဲ့သလိုမျိုး အဖြစ်ဆိုးတွေ မကြုံရအောင် အမေရိကန်စစ်တပ်မှသာ
အသုံးပြုနေတဲ့ Global Positioning System (GPS) ကို အရပ်ဘက်အရပ်သားတွေကို
ပေးသုံးဖို့ ချက်ချင်းပဲ အမိန့်ပေးခဲ့ပါတယ်။ ဒါကြာင့်မို့
ဒီကနေ့မှာ ကျွန်တော်တို့ ပစ္စည်း တစ်စုံတစ်ရာ ပျောက် သွားတိုင်း
သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်နေကြ ရတုန်းပါပဲ။ ကဲ ဒီလောက်ဆိုရင်
ခင်ဗျားတို့လည်း အိုင်တီ ဟီရိုးတွေအတွက် ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်း
(Criteria) တွေကို သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ ကဲ ကျွန်တော်တို့ရဲ့
ဟီးရိုးတွေကို လေ့လာကြည့်ရအောင်။



၁၀။ Sir Clive Sinclair

William Gibson က သူ့ရဲ့
ဝတ္ထုရှည်တစ်ပုဒ်ထဲမှာ ဗြိတိန် အနေနဲ့ Programmer တွေ ကြီးထွားလာမယ်လို့
အကြံပေး ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၈၀ လောက်ကဆိုရင် Nitendo ဟာ
ထင်ရှားမှု မရှိသေးပဲ၊ လူငယ်တွေဟာ ready-built game ထက် ကိုယ်ပိုင်စက်မှာ
ဘယ်လို ပရိုဂရမ် လုပ်ရမလဲ ဆိုတာကိုပဲ ပိုပြီး အရေးပါနေလို့ပါပဲ။


ဒီအခြေအနေမှာ Sir Clive
Sindair က ထူးခြားမှု တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
တကယ်တော့ ၁၉၈၀ ကတည်းက UK မှာ Program က ရေးသားနိုင်တဲ့ ကွန်ပျူ တာတွေ
ခေတ်စားသုံးစွဲနေခဲ့တာပါ။ ဒါပေမယ့် Sinclair နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့
Marketing အားထုတ်မှု ကြောင့် အမေရိကန်က ကလေးတွေဟာ ကွန်ပျူတာကို
အသုံးပြုပြီး Game တွေ ကစားလာနိုင်ပါတယ်။ တကယ့် ကို ပြောင်းလဲမှုကြီးပါပဲ။


၁၉၇၉ ခုနှစ်မှာ Apple က
အိမ်သုံးကွန်ပျူတာ ပြောင်းလဲမှုကြီးကို သူ့ရဲ့ စွမ်းဆောင်ရည် ထိရောက်လှတဲ့
Apple II နဲ့ စတင်ခဲ့ပါတယ်။ ဒါပမယ့် တခြားတဖက်မှာ လည်း Clive
Sinclair က သူ့ရဲ့ အသင့်ဆင်ပြီးသား အိမ် သုံးကွန်ပျူတာ ZX80 ကို ပေါင် ၁၀၀
လောက်နဲ့ ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ အမှန်တော့ အဲ့ဒီခေတ်က
အဲဒီဈေးနှုန်း နဲ့ဆို ဒါဟာ ကျွန်တော်တို့အတွက်
ပိုပြီးထိရောက်တဲ့ စွမ်းဆောင်မှုလို့ ဆိုရပါမယ်။

Apple တို့လိုမျိုး
ကုမ္ပဏီနာမည်တွေဟာ ဈေးကွက် ကို လွှမ်းမိုးချုပ်ကိုင် (Overshadowed)
လုပ်နိုင်ကြစမြဲ ဆိုရင် Sinclair ကတော့ အဲ့သလို မလုပ်ခဲ့ပါဘူး။ နောက်
ပိုင်းမှာ သူဟာ လျှပ်စစ်ကားတွေအကြောင်း သုတေသန လုပ်တာတွေ၊
green transportation (လောင်စာချွေတာ သွားလာရေး)အတွက် အကြံပေးလုပ်တာတွေ၊
တခြား ပညာရေးပရိုဂရမ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီကနေ့
ကျွန်တော်တို့တစ်တွေရဲ့ စားပွဲတစ်ခုချင်း၊ တစ်ခုချင်းစီပေါ်မှာ PC
တွေရှိနေတာဟာ Apple ကြောင့် Microsoft ကြောင့်လို့ဆိုရင် အဲဒါတွေဟာ Sir
Clive Sinclair ရဲ့ ကျေးဇူးလည်း မကင်းဘူးလို့ ကျွန်တော်တို့က ဆိုချင်
ပါတယ်။


၉။ Adblock
တကယ်လို့ အင်တာနက်ပေါ်မှာ
ကြော်ငြာတို့၊ Advertising Mail တို့သာ မရှိဘူးဆိုရင် အဲ့ဒါတွေကရတဲ့ Free
Services များစွာကိုလည်း ကျွန်တော်တို့ ဆုံးရှုံးမှာ အမှန်ပါပဲ။
ဒီအကြောင်းပြချက်နဲ့ပဲ။ Adblock Software တွေကို သုံးစွဲဖို့။
အချိန်တော်တော်များများ ကျွန်တော်တို့ ငြင်းပယ်ခဲ့ကြတာဖြစ်ပါတယ်။


ဒါပေမယ့်
ကျွန်တော်တို့ရဲ့ နေ့စဉ်အလုပ်ခွင်မှာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ကြော်ငြာတွေ၊
Spam-mail တွေရဲ့ အနှောက်အယှက်က တစ်နေ့တစ်ခြား ဆိုးရွားလာ ပါတယ်။
ကျွန်တော်တို့ Internet ပေါ်က Web-page တစ်ခုကို ဖွင့်ဖွင့်လိုက်ချင်းမှာပဲ။
ကျွန်တော်တို့ မနှစ်သက် တဲ့ သီချင်းတွေ၊ အသံတွေက စတင် နှောက်ယှက်တော့
တာပါပဲ။ အထူးသဖြင့် အလုပ်လုပ်နေစဉ်မှာ headphones တပ်ထားတတ်တဲ့သူတွေ
အတွက်တော့ ဒါဟာ တော်တော့်ကို အနှောက်အယှက်ဖြစ်စေပါတယ်။

ဒါပေမယ့် Adblock ကို
install လုပ်ပြီးတဲ့အခါမှာ တော့ အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ကျွန်တော်တို့
အတွက် Web-site တွေ ကြည့်ရတာပိုပြီး ရှင်းလင်း (clear) လာသလို။ Loading
လုပ်ရတဲ့ Time ကလည်း ပို ပြီး မြန်ဆန်လာပါတယ်။ ဒါဟာ Michael McDonald's ရဲ့
အံ့သြဖွယ် စွမ်းဆောင်ချက်ပါပဲ။ တကယ်လို့ ကြော်ငြာ ရှင်တွေကသာ
on-line user တွေကို လေးစားမှု (Respect) ရှိကြမယ်ဆိုရင်။ Adblock တို့လို
Software တွေ ဟာ ကျွန်တော်တို့အကြားမှာ ရေပန်းစားလာစရာ အကြောင်း မရှိပါဘူး။
ဒါပေမယ့် တကယ့်လက်တွေ့မှာ တော့ ဒါနဲ့ ဆန့်ကျင်စွာပဲ။ online ကြော်ငြာတွေဟာ
User တွေရဲ့ စိတ်ဝင်စားခံရဖို့ကိုသာ အာရုံစိုက်နေကြပြီး၊
တကယ့်တကယ် အဲ့ဒီအာရုံစိုက်မှုတွေက User တွေ အတွက် ကောင်းသလား။
ဆိုးသလားဆိုတာကိုတောင် မဆန်းစစ်နိုင်ကြတော့ပါဘူး။

ဒါကြောင့်ပဲ
Web-Advertisement တွေဟာ User တွေအတွက် တဖြည်းဖြည်း ပိုမိုကျယ်လောင်တဲ့
ပိုမို ရှုပ် ထွေးတဲ့ အနှောက်အယှက်တွေဖြစ်လာခဲ့တာပါပဲ။ ဘာပဲ ဖြစ်ဖြစ်
ဒီနေ့မှာတော့ အဲ့ဒီပြဿနာကို Adblock က အောင်အောင်မြင်မြင်
ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီ တစ်ခုတည်းသော အကြောင်းအရာကပဲ
Adblock ကို ကျွန်တော်တို့ရဲ့ Heroe List ထဲကို ၀င်စေခဲ့တာ
ဖြစ်ပါတယ်။


၈။ Jack Goldman, Dr.George Pake

and BobTaylor
လူတော်တော်များများကတော့
သူတို့ သုံးယောက် နာမည်ကို သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် သူတို့
သုံးယောက် ဆောင်ရွက်ခဲ့တဲ့ Xerox Palo Alto Research Facility Project
ကတော့ မသိတဲ့သူ မရှိသလောက်ပါပဲ။ Goldman ကတော့ ဒီ Project တစ်ခုလုံးရဲ့
Idea ကို ပထမဆုံး စရခဲ့တဲ့သူပါ။ ဒါနဲ့သူက Dr.George Pake ကို။
ဒီ Project ကို ဦးဆောင်ဖို့ ငှားရမ်းခဲ့ပါတယ်။ Taylor က တော့ သူတို့
Computer Lab ရဲ့ တာဝန်ခံပေါ့။


သူတို့သုံးယောက် ကြိုးပမ်းခဲ့တဲ့ PARC ရဲ့ Result ကတော့
သုတေသနလုပ်ငန်း (Research & Development) တော်တော်များများကို
ပညာရှင်တွေအနေနဲ့ အသေးစိတ်၊ စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခဲ့တာပါပဲ။
လေဆာပရင်တာတွေကနေ Graphical User Interface (GUI) အထိ သုတေသန
လုပ်ငန်းမျိုးစုံကို PARC က အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါအပြင်။ PARC က ဆီလီကွန်တောင်ကြား (Silicon Valley) မှာရှိတဲ့ ဒိတ်ဒိတ်ကြဲ
ကုမ္ပဏီကြီးတော်တော်များများနဲ့လည်း
သုတေသနလုပ်ငန်းများစွာကို စိတ်တူကိုယ်တူ လွတ်လွတ် လပ်လပ်
ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါဟာ ကျွန်တော်တို့ ခေတ် Research &
Development ကဏ္ဍရဲ့ ကနဦးအစ ပါပဲ။ ဒီကနေ့မှာတော့ ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီး
အားလုံးမှာ Research & Development Department ဆိုတာ ရှိနေကြပါပြီ။
ဒါဟာ PARC ရဲ့ ကျေးဇူးတွေပါပဲ။ PARC ကအစ ပြုခဲ့တဲ့
တီထွင်ဆန်းသစ်မှုတွေကလည်း များစွာ များစွာပါပဲ။ အထူးသဖြင့် Apple
ကုမ္ပဏီကြီးဟာ PARC က များစွာ အကျိုးကျေးဇူးရရှိခဲ့ပါတယ်။ ကဲ သူတို့
သုံးယောက်ဟာ Heroes တွေဆိုတာ ယုံပြီ မဟုတ်လား။


၇။ Mitch Kapor
ပထမတုန်းကတော့ Mitch ကို
Lotus 123 အတွက် ဒီ Heroes Lists မှာ ထည့်သွင်းဖို့။ ကျွန်တော်တို့တစ်တွေ
ဇဝေဇ၀ါ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ကို ဘာဖြစ်လို့ ကျွန်တော်တို့
ဒီ List ထဲကို ထည့်ခဲ့ပါသလဲ။


အဲဒီ Lotus 123 ပြီးမှ ဒီ စွမ်းဆောင်မှုကို သူ ပြုလုပ် ခဲ့တာပါ။
များသောအားဖြင့်တော့ Software သူဌေးကြီး တွေ တော်တော်များများဟာ သူတို့ရဲ့
ငွေတွေကို နောက် ထပ်တီထွင်မှုတစ်ခုအတွက် သုံးရင်သုံးမယ်။ ဒါမှမဟုတ် ကုမ္ပဏီသစ်တွေ
တည်ထောင်မယ်။ ဒါတွေပဲ လုပ်လေ့ရှိပါ တယ်။ ဒါပေမယ့် Mitch ကတော့ အဲ့သလို
မလုပ်ခဲ့ပါဘူး။


Mitch က Lotus 123 ကြောင့် သူ မြတ်ခဲ့တဲ့ အမြတ် ငွေတွေကို သုံးပြီး
John Perry Barlow, John Gilmore တို့နဲ့ ပေါင်းပြီး Electronic Frontier
Foundation (EFF) ကို တည်ထောင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ EFF ဟာ ကျွန်တော်တို့ရဲ့
Online မူပိုင်ခွင့်၊ ရပိုင်ခွင့် (Rights) တော် တော်များများကို
စောင့်ကြည့်ပေးနေတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေပါပြီ။ အဲ့ဒီအတွက် EFF ကို
များစွာ ကျေးဇူးတင်ကြ ရပါမယ်။


နောက်တစ်ခါ Mitch က သူ့ရဲ့ ပိုက်ဆံတွေကို Mozilla Foundation မှာ
ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲ့ဒီ Foundation ကပဲ ယနေ့ နာမည်ကြီး Open
Source browser ဖြစ်တဲ့ Firefox browser ကို
မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ Mitch ရဲ့ဘ၀မှာ သူ့ရဲ့ငွေတွေ
ရင်းနှီးမြှုပ်နှံ ပေးခဲ့တဲ့ non-profit projects တွေ များစွာရှိပါသေးတယ်။
ဒါပေမယ့် EFF နဲ့ Mozilla Project နှစ်ခုနဲ့ပဲ Mitch ဟာ ကျွန်တော်တို့ရဲ့
Hero List ထဲကို ၀င်ရောက်သွားပါတယ်။ ကဲ နောက်ထပ် သူရဲကောင်းတစ်ယောက်ကို
ကြည့်ကြရ အောင်။



၆။ John George Kemeny and

Thomas Eugene Kurtz

တကယ်တော့ ၁၉၆၀ ဟာ
ပြဿနာပေါင်းစုံ စဉ်းစားစရာပေါင်းစုံ နဲ့ ရှုပ်ထွေးခဲ့တဲ့ ကာလတစ်ခုဖြစ်ပါ
တယ်။ အဲ့ဒီကာလမှာပဲ Kemeny နဲ့ Kurtz တို့ရဲ့ စွမ်းဆောင်မှုဟာ ကွန်
ပျူတာလုပ်ငန်းတွေ (Computing Industry) အပေါ်ကို များစွာ သက်
ရောက်ခဲ့ပါတယ်။


၁၉၆၄ ခုနှစ်မှာ Professor နှစ်ယောက်ဟာ အသုံးပြု နေတဲ့
ကွန်ပျူတာတွေအတွက် အဆင့်မြင့်သင်္ချာနဲ့ သိပံ္ပ ပညာတွေ များစွာ မလိုအပ်ကြောင်း
တွေ့ရှိခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ရဲ့ သူမတူတဲ့ Idea ကတော့ သာမန်
သူလိုငါလို လူတွေအနေနဲ့လည်း ကွန်ပျူတာတွေကို သုံးနိုင်ရမယ်ဆိုတာပါပဲ။ ဒါဟာ
ကျွန်တော်တို့တစ်တွေ အတွက် တကယ့်ကို အလှည့်အပြောင်းကြီးတစ်ခု ဖြစ်စေ
ခဲ့ပါတယ်။

သာမန်လူတွေအတွက်
ကွန်ပျူတာတွေကို အဆင် ပြေပြေသုံးနိုင်ဖို့ဆိုရင် Kemeny နဲ့ Kurtz
တို့အတွက် နည်းပညာတစ်ခုကတာ့ အမှန်တကယ်လိုအပ်လာမှာ ဖြစ်ပါတယ်။
အဲ့ဒါရဲ့အဖြေကတော့ Basic ဆိုတဲ့ Programming Language အသစ်ပါပဲ။ Basic ရဲ့
အရှည်ကတော့ ''Beginner's All-purpose Symbolic Instruction Code'
ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး
ကွန်ပျူတာတွေဟာ သိပံ္ပဓာတ်ခွဲ ခန်းတွေ၊ စမ်းသပ်ခန်းတွေကနေ၊ ရုံးခန်းတွေ၊
အိမ်ခန်း တွေကို ရွှေ့ပြောင်းရောက်ရှိလာကြတာပါပဲ။ တကယ်လို့
ကျွန်တော်တို့တစ်တွေ လွန်ခဲ့တဲ့နှစ်လေးဆယ်လောက် တုန်းကသာ Programming ကို
လေ့လာခဲ့မယ်ဆိုရင် ဒီ Basic ဆိုတဲ့ Programming Language ကို လေ့လာကြရ
မှဖြစ်ပါတယ်။ Java တို့ C++ တို့က
အဝေးကြီးမှာပါ။ ကာလတော်တော်လေးကြာတဲ့အထိပဲ။ ကျွန်တော်တို့ အတွက် Basic ဟာ
ပေါ်ပြူလာဖြစ်ခဲ့ပါသေးတယ်။



၅။ Shawn Fanning
လွန်ခဲ့တဲ့ ၁၉၉၀ လောက်
တုန်းကတော့ Shawn Fanning ဟာ ပြဿနာတွေများစွာနဲ့ သာမန်
ကျောင်းသားလေးတစ်ယောက်ပါပဲ။ အဲ့ဒီကာလတုန်းက Online ပေါ် ကနေ သီချင်းတစ်ပုဒ်
ရှာဖွေနားဆင်ဖို့ဆိုတာ တော် တော့်ကို ရှုပ်ထွေးခက်ခဲပြီး
ကိုယ်နားထောင်လိုတဲ့ သီချင်း ကိုလည်း အလွယ်တကူ နားဆင်ဖို့ မလွယ်ပါဘူး။


ဒါကြောင့်မလို့ Shown
Fanning က Napster ကို တီထွင်ခဲ့ပါတယ်။ အဲဒီနည်းပညာအသစ်က အင်တာနက်
သုံးစွဲသူ Peer-to-peer အချင်းချင်း အင်တာနက်ပေါ်က နေ အလွယ်တကူ
ဖိုင်တွေဖလှယ် (File Sharing) လုပ်နိုင် အောင် စွမ်းဆောင်ပေးပါတယ်။ ဒါဟာ
ဒီနေ့ MP3 သီချင်း တွေရဲ့ ဈေးကွက်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ပါပဲ။


အဲ့ဒီအချိန်မှာ CD
ကုမ္ပဏီကြီးတွေ တေးသံသွင်း ကုမ္ပဏီကြီးတွေရဲ့ အခြေအနေကလည်း တော်တော့်ကို
ယိမ်းယိုင်နေခဲ့ပါတယ်။ ထုတ်လုပ်မှုစရိတ်တွေက အဆ မတန် မြင့်တက်လာတဲ့အပြင် CD
ခွေတစ်ခွေ မှာလည်း သီချင်းကောင်းတွေက တစ်ပုဒ်နှစ်ပုဒ်လောက်သာ ပါလာ
တတ်ကြတာမို့။ ပရိသတ်တွေကလည်း CD တွေကို တော် တော်လေး စိတ်ပျက်လာကြပါတယ်။


အဲ့ဒါကို Napster က
အကြီးအကျယ် ပြောင်းလဲ စေခဲ့ပါတယ်။ Napster ရဲ့ အကူအညီကြောင့် User တွေ ဟာ
Album တွေရဲ့ သီချင်းအမြည်းတွေကို အလွယ် တကူ နားဆင်နိုင်ပြီး
ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာ ကိုပါ Online ပေါ်မှာ အလွယ်တကူ
ကြည့်ရှုလာနိုင်ပါ တယ်။ အဲ ပြီးမှ ကြိုက်လို့ ၀ယ်ချင်တယ်ဆိုရင်တော့
သက်ဆိုင်ရာ Recording Companies တွေကနေ အလွယ် တကူ ၀ယ်ယူလိုက်ရုံပါပဲ။



၎။ Dr Alan Solomon
၁၉၈၈ ခုနှစ်တုန်းက Dr
Alan Solomon ဟာ သူ့ ဘာသာသူ ကွန်ပျူတာပေါ်က Virus တွေကို Manually ဖယ်ရှားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီထက် ပိုပြီး လွယ်ကူ ဖို့ဆိုရင်တော့ Virus တွေကို
ဖယ်ရှားဖို့ Series of tools ဆော့ဖ်ဝဲတွေ တီထွင်ရမယ်လို့ သူက
ဆုံးဖြတ်ခဲ့ပါတယ်။


သူက သူ့ရဲ့ ဆော့ဖ်ဝဲအသစ်ကို 'Dr.Solomon's Antivirus' လို့
ခေါင်းစဉ်တပ်ပြီး CD အခွေပေါင်း ရာဂဏန်း လောက်
ရောင်းချခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တစ် တွေအတွက် Anti-Virus Industry
ကြီး တစ်ခုလုံးကို မွေးဖွားစေခဲ့တာပါပဲ။ တကယ့်ကို အံ့ဖွယ် စွမ်းဆောင်မှု
ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့တစ်တွေမှာ Antivirus
ဆော့ဖ်ဝဲတစ်ခုမရှိရင်၊ အင်တာနက်ပေါ်ကို တက်ဖို့ဆိုတာ တော်တော့်ကို
စွန့်စားရမယ့်ကိစ္စတစ်ခု ပါပဲ။ Solomon's ရဲ့ ကုမ္ပဏီဟာ
ကာလရှည်ကြာစွာ ကျွန်တော်တို့ ယနေ့သုံးစွဲနေတဲ့ Anti-Virus Package
တော်တော်များများကို တစ်ဦးတည်း ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါတယ်။


ဒါ့အပြင် Dr.Solomon ဟာ Computer Virus တွေနဲ့ ပတ်သက်တဲ့
စာအုပ်တစ်အုပ်ကိုလဲ ရေးသားခဲ့ပြီး Computer Antivirus Research
Organization နဲ့ European Institute for Computer Anitvirus Research
တို့ကိုလည်း ဦးဆောင်ခဲ့ပါသေးတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်မှု
ကတော့ သူတီထွင်ခဲ့တဲ့ Antivirus Code တွေကို ကမ္ဘာ တ၀ှန်းကို
မျှဝေပေးနိုင်ခဲ့ပြီး Antivirus နည်းပညာကို အဆင့်ဆင့်
ဖွံ့ဖြိုးတိုးတက်စေခဲ့တာပဲ ဖြစ်ပါတယ်။


၃။ Linus Torvalds
သူ့ရဲ့ နာမည်ကိုတော့
ကျွန်တော်တို့တွေ တော်တော် များများ ရင်းနှီးကြပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ Linux ဆိုတဲ့ သူ စတင်ခဲ့တဲ့ Open Source ရေစီး
ကြောင်းကြီးက ယနေ့ ကျွန်တော် တို့ရဲ့ IT ကမ္ဘာမှာ အရှိန်ပြင်းစွာ
စီးဆင်းနေလို့ပဲ ဖြစ်ပါတယ်။


ကျွန်တော် လူတော်တော်များများကို တွေ့ဖူးပါ တယ်။ သူတို့ကတော့ Linus
ဟာ အခွင့်အရေးတော်တော် များများကို လက်လွှတ်ခံခဲ့တဲ့ လူမိုက်ပါတဲ့။ ကဲ တစ်
ကယ်ရော Mr.Linus ဟာ လူမိုက်ဟုတ်ပါသလား။ တကယ် လို့ သူဟာ Open Source
အခမဲ့လမ်းကြောင်းကို မလိုက် ခဲ့ပဲ သူ့ရဲ့ OS ကိုသာ
လိုင်စင်နဲ့ ထုတ်ဝေရောင်းချခဲ့မယ် ဆိုရင် ဒေါ်လာမီလျံပေါင်းများစွာ
မြတ်နိုင်ပါသတဲ့။ ဒါဆို ရင် သူ ရူးနေပြီလား။ တကယ်တော့ သူက ဘ၀ရဲ့သိက္ခာ ကို
ငွေကြေးထက် ပိုတန်ဖိုးထားခဲ့သူ ဖြစ်ပါတယ်။

Linus လုပ်ခဲ့တဲ့
ကိစ္စတော်တော်များများကို လူ တော်တော်များများက စိတ်ကူးထဲမှာ
လုပ်ခဲ့ဖူးကြပါလိမ့် မယ်။ ဒါပေမယ့် Linus ကတော့ ဒါတွေကို အပြင်မှာ
တကယ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ရပ်တည်ချက်အတွက် အိမ်တွေ၊ ကားတွေ၊ ဇိမ်ခံပစ္စည်း
ပစ္စယတွေ မလိုအပ်ခဲ့ တာကတော့ အမှန်ပါပဲ။ ဒါဟာ ကျွန်တော်တို့ခေတ် IT လောကရဲ့
အကြီးကျယ်ဆုံး လူသားဆန်မှုလို့လည်း ကမဗည်းတပ်လို့ရပါတယ်။


၂။ Richard Stallman
ဒီ List ထဲမှာပါတဲ့
ကျွန်တော် တို့ရဲ့ heroes တွေဟာ တကယ့် ကြီးကျယ်တဲ့ Great
Coding ကြီး တွေကို ရေးရင် ရေးကြမယ်။ ဒါမှ မဟုတ်
institutions တွေတောင်ပြီး သုတေသနတွေကို လုပ်ရင်လုပ်ကြ မယ်။ ဒါမှမဟုတ် IT
industry အတွက် Idea အသစ် တွေကို ဖော်ထုတ်ရင် ဖော်ထုတ်ကြပါလိမ့်မယ်။
ဒါပေမယ့် Richard Stallman ကတော့ အဲ့ဒီ သုံးမျိုးစလုံးကို
လုပ်ဆောင်နိုင်ခဲ့ပါတယ်။


Stallman တို့ တွင်ကျယ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်ကာလ တွေတုန်းကတော့
Hacker ဆိုတဲ့ စကားလုံး ဆိုးဆိုးရွား ရွားတွေကို မအော်ဟစ်ခဲ့ကြသလို
Programmers တွေရဲ့ အကြားမှာလည်း Coding တွေကို ကျေကျေနပ်နပ် ဖလှယ်ကြ Share
လုပ်ကြပြီး အတူတကွ လုပ်ကိုင်ခဲ့ကြ တာပါပဲ။ ဒါပေမယ့် Code
တွေရဲ့အသုံးဝင်တန်ဖိုးရှိမှုနဲ့ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှု (intellectual
property) တွေကို တခြားလူတွေ အလကားသုံးလို့မရအောင် တားဆီးလာ ချင်ကြတဲ့
နောက်မှာတော့ IT လောကမှာ ဒီပြဿနာတွေ စတင်ခဲ့ပါတယ်။


ဒါကြောင့်မို့
ရှိပြီးသား Source Code တွေရဲ့ အခွင့် အရေး Copy Right ကို ကာကွယ်ဖို့အတွက်
MIT ရဲ့ Professor တစ်ဦးလည်းဖြစ်တဲ့ Stallman က GNU လို့ခေါ်တဲ့ General
Public Licence Project ကို စတင်ခဲ့ပါတယ်။ ဒါအပြင့် ဒီနေ့ Open Source
Software လောကအတွက် အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Free
Software Foundation ကိုလည်းသူက တည်ထောင်ခဲ့ပါသေးတယ်။ သူ့ရဲ့
စွမ်းဆောင်ရည်တွေကြောင့်သာ ဒီကနေ့ ကျွန်တော် တို့ရဲ့ ကွန်ပျူတာတွေပေါ်မှာ
Linux တို့လို Open Source Operating System တွေ အောင်အောင်မြင်မြင် Run
နေနိုင်တာ ဖြစ်ပါတယ်။



၁။ Steve Wozniak
ကြီးကျယ်လှတဲ့ IT
မိသားစု ကြီးမှာတော့ Steve Wozniak ဟာ ကျွန်တော်တို့ အားလုံးရဲ့ ဦးလေးကြီး
သဖွယ် Uncle Figure ပါပဲ။ တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့
ကျွန်တော်တို့တစ်တွေရဲ့ လိုအင်တွေကို ဖြည့်စွမ်းပေးမယ့် ခရစ္စမတ်ဘိုးဘိုးကြီး
သဖွယ်ပါပဲ။

သူက
ကျွန်တော်တို့ သုံးစွဲနိုင်မယ့် ပထမဆုံး ကွန် ပျူတာဆိုတာကို
တီထွင်ပေးခဲ့တယ်။ Operating System နဲ့ ပတ်သက်တဲ့ ရှည်လျားများပြားလှတဲ့
အကြောင်းအရာ တွေကို ရေးသားပေးခဲ့တယ်။ Apple ကွန်ပျူတာတွေရဲ့ ပထမဆုံး Design
ကိုလည်း စတင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒါတွေကနေ
သူ့အတွက် ငွေ အမြောက်အများကိုတော့ သူ ရှာခဲ့တာပါပဲ။ အဲ့ဒီအချက် က
ကျွန်တော်တို့ heroes List အတွက် စဉ်းစားစရာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း
Steve ဟာ သူ့ဘ၀ရဲ့အချိန်၊ ငွေအမြောက်အများကို
ကလေးသူငယ်တွေကို ကွန်ပျူ တာသင်ပေးတာတွေ ပြည်သူငွေအမြောက်အများကို
ကလေးသူငယ်တွေကို ကွန်ပျူတာသင်ပေးတာတွေ ပြည်သူလူထုအတွက်
နည်းပညာထောက်ပံ့မှုပေးတာတွေ အတွက် သုံးစွဲခဲ့ပါတယ်။


သူဟာ IT လောကအတွက်
အံ့ဖွယ်ဖြစ်တဲ့ Apple I နဲ့ Apple II ကွန်ပျူတာတွေကို တီထွင်နိုင်ခဲ့ပြီး၊
နောက် ပိုင်းမှာတော့ သူ့ရဲ့ငွေတွေ၊ အချိန်တွေကို အောင်အောင် မြင် Manage
လုပ်နိုင်ခဲ့တာ စောစောစီးစီးပဲ Apple ကနေ အနားယူခဲ့ပါတယ်။

ဒါပေမယ့် သူက Apple ကနေ
အနားယူပြီးပြီးချင်း ကြီးကျယ်လှတဲ့ လုပ်ဆောင်ချက်တွေကို
လုပ်ဆောင်နိုင် ခဲ့ပါသေးတယ်။ ပထမဆုံး သူ ကျောင်းပြန်တက်ပြီး ဘွဲ့ရ အောင်
ယူတယ်။ ပြီးတာနဲ့ သူက စာသင်တော့တာပါပဲ။ ဒီနေ့ထိတိုင်အောင်မှ
Steve ဟာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ၊ ပညာရေးပရိုဂရမ်တွေမှာ ပါဝင်ဆောင်
ရွက်ပေးနေဆဲ ဖြစ်သလိုပဲ Online ကတစ်ဆင့်လည်း နည်းပညာနဲ့ပတ်သက်လို့
အခမဲ့အကြံပေး အတိုင်ပင်ခံ အဖြစ် သူ့ရဲ့ Knowledge တွေကို မျှဝေပေးနေဆဲ
ဖြစ်ပါ တယ်။ နောက်ဆုံးမှာတော့ ဒါတွေ ဒါတွေ အားလုံးဟာ သူတို့
ကျွန်တော်တို့ရဲ့ Heroes List မှာ နံပါတ် ၁ ထိပ်ဆုံး ကို ရောက်စေခဲ့တာပါပဲ။


ဒီနေ့ခေတ်ဟာ နည်းပညာခေတ်
(Technology Age) ကြီး ဖြစ်တာနဲ့အညီ အရာရာမှာ ပြိုင်ဆိုင်မှု (Hyper
Competition) တွေ ပြင်းထန်လှပါတယ်။ အဲ့သလို ပြင်းထန်လှတဲ့ကြားမှာ
ကျွန်တော်တို့လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ရှင်သန်အောင်မြင်အောင်
ကြိုး ပမ်းကြသလို ကိုယ့်လူ့အဖွဲ့အစည်း (Society) တိုးတက် ဖို့ကိုလည်း
ပူးပေါင်းပါဝင် (Contribute) လုပ်ကြဖို့ လိုပါ တယ်။ ဘာပဲဖြစ်ဖြစ်
အချိန်ကာလတစ်ခုကို ရောက်လာ ရင်တော့ လူ့အဖွဲ့အစည်းရဲ့ သူရဲကောင်းတွေကို လူ့
အဖွဲ့အစည်းကပဲ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။


Ref: knowledgebridge

လင်းသိုက်ညွန့်

(မြန်မာ့မြေ)




Last edited by ထက်နိုင် on 26th April 2010, 6:29 pm; edited 1 time in total (Reason for editing : http://www.myanmaritresource.info/Topic-Title-Tag-Rule-h15.htm နှင့်အညီပြင်သည်။)

http://sidnaing.co.cc/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create free forum | ©phpBB | Free forum support | Report an abuse | Forumotion.com