Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

အိုင်တီလူငယ်များအတွက် C#.net မိတ်ဆက်[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

နည်းပညာတွေ တိုးတက်နေတဲ့ ယနေ့ခေတ်မှာ လူငယ်တွေတော်တော်များများက IT ကို စိတ်ဝင်စားလာ ကြပါတယ်။ Technology မသိရင်လည်း ခေတ်တစ်ခုမှာ ကျန်ခဲ့နိုင်ပါတယ်။

ဖြစ်ချင်တာတွေများလွန်းရင်လဲ အလုပ်မဖြစ်တတ် ပါဘူး။ IT Professional တစ်ယောက်ဖြစ်ချင်တဲ့ လူငယ် တစ်ယောက်ဟာ ဘာမှမစုံစမ်းပဲနဲ့ ဟိုသင်တန်းကောင်း တယ်ဆိုပြေးတက်၊ ဒီသင်တန်းကောင်းတယ်ဆို ပြေးတတ် လုပ်နေရင် အချိန်ကုန်ရုံပါပဲ။ ဘာမှ ထိထိရောက်ရောက် ရှိမှာမဟုတ်ပါဘူး။ နည်းပညာနဲ့ ပတ်သက်လို့ လိုင်းတွေ အများကြီးရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းဟာ ရေရှည်မှာ Trend ရှိတဲ့ ဟာကိုပဲ ရွေးချယ်သင့်ပါတယ်။

IT နဲ့ပတ်သက်လို့ လိုင်းတွေအများကြီးရှိတဲ့အထဲ မှာ (၃) ခုကို ပြောပြပါမယ်။

(၁) Programmer လိုင်း။ ဒီလိုင်းကို ရွေးချယ်မယ် ဆိုရင် လေ့လာရမယ့်၊ သင်ယူတတ်မြောက်ရမယ့် ဘာသာ ရပ်တွေကတော့ အကြမ်းဖျဉ်းအားဖြင့်

- Microsoft.net

- Sun Java

- Open Source (php)

အဲဒီအထဲက တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ထားရပါမယ်။

(၂) Network Engineer လိုင်း။ ဒီလိုင်းကို ရွေးချယ်မယ်ဆိုရင် လေ့လာရမယ့် အပိုင်းကတော့

- MS Windows

- CIL

- Linux

အဲဒီသုံးမျိုးထဲက တစ်ခုခုကို Professional ဖြစ်အောင် လေ့လာရပါမယ်။

(၃) Database Adminstrator လိုင်း။ ဒီလိုင်းကို ရွေးချယ်မယ်ဆိုရင်တော့

- Oracle

- SQL

- mySQL

စတဲ့ ဘာသာရပ်တွေထဲကနေ တစ်ခုကို ရွေး ချယ်ပြီး ကျွမ်းကျင်အောင် လုပ်ထားရပါမယ်။ဒါတွေ ကတော့ အခု top ဖြစ်နေတာတွေပါ။ ဘယ်လိုင်းကိုပဲ ရွေးရွေး ဆုံးခန်းတိုင်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့အထိ လုပ်ဆောင်ထားရင် Professional မဖြစ်တောင်၊ နေရာ တစ်ခုတော့ ရနိုင်ပါတယ်။ (ဥပမာ - Programmer လုပ် မလား၊ Network Engineer လုပ်မလား၊ Database Administrator လုပ်မလား)

Programmer လုပ်မယ်ဆိုရင်လည်း Microsoft .net လိုင်းကို ရွေးမလား၊ ဒါမှမဟုတ် Sun ရဲ့ Java ကို ရွေးမလား စသဖြင့်ပေါ့။ တစ်ခုခုကို ထဲထဲဝင်ဝင်သိအောင် ပိုင်နိုင်အောင် လုပ်မှ Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ Programming အကုန်လုံးကို ဟိုနည်း နည်း ဒီနည်းနည်း သိနေရုံနဲ့ ဘာမှဖြစ်မလားနိုင်ဘူး။ တစ်ခု ကျွမ်းကျင်သွားရင် ကျန်တာတွေ နားလည်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Microsoft.net ကနေထုတ်တဲ့ C# နဲ့ asp.net အကြောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။



C# မိတ်ဆက်

ဒီနေ့မှာ ရေပန်းစားနေတဲ့ programming language တွေထဲက C# ရဲ့ history လေးကတော့ စိတ်ဝင်စားစရာပါ။ အရင်တုန်းက program ရေးတော့ မယ်ဆိုရင် C, C++ တို့နဲ့ ရေးရပါတယ်။ သူ့ရဲ့ အားနည်း ချက်ကတော့ User Interface (GUI) အတွက် အခက် အခဲဖြစ်တာပါ။ ဒါကြောင့် ၁၉၉၆ မှာ Microsoft ရဲ့ VB (Visual Basic)က Design ပိုင်းမှာ ပိုလွယ်လာ တော့ လူသုံးများလာပါတယ်။ VB ဆိုတာက Microsoft က ထုတ်တဲ့ VS (Visual Studio) လို့ခေါ်တဲ့ Programming Language အများကြီးထဲက တစ်ခုပါ။ ဒါပေမယ့် Object-oriented Technology မဟုတ် တော့ Enterprise application ကြီးတွေရေးဖို့အတွက် အဆင်မပြေပါဘူး။

ဒီတော့ Microsoft က တခြား programing language တွေရဲ့ အားသာချက်တွေကို ၅နှစ်လောက် အချိန်ယူလေ့လာပြီး ၂၀၀၁၊ ၂၀၀၂ ကျမှ Visual Studio.net ဆိုတာကို ထုတ်လိုက်ပါတယ်။ Visual Studio.net မှာ အရင် VS မှာပါတဲ့ VB, C++ တို့အပြင် Visual J# နဲ့ Visual C# တို့လည်း ပါဝင်ပါတယ်။

Java သမားတွေအတွက် J# နဲ့ C သမားတွေ အတွက် C# ပေါ့။ တခြား Language အားလုံးရဲ့ အားသာချက်တွေကို ယူထားတဲ့ C# ကိုတော့ လူကြိုက် အများဆုံးပေါ့။ VB မှာလိုပဲ Design တွေ အလွယ်တကူ ရေးနိုင်သလို Java ထက်တောင် OOP ပိုစစ်တယ်လို့ ဆိုပါတယ်။



ASP.net မိတ်ဆက်

ASP.net ဆိုတာကတော့ Server Technology တစ်ခုပါ။ .net ထဲမှာပါတဲ့ Web framework ဖြစ်ပါ တယ်။ Web application တစ်ခု ရေးတော့မယ်ဆိုရင် C# language နဲ့ ASP.net ဆိုတဲ့ Server Technology (သို့မဟုတ်) VB.net language နဲ့ ASP.net ဆိုတဲ့ Server Technology တို့ကို တွဲသုံးရပါတယ်။

Visual Studio မှာပါတဲ့ language အားလုံး လိုလိုနဲ့ ASP.net ကို တွဲသုံးလို့ရပါတယ်။ Web ခေတ် မှာတော့ ASP.net ဟာ သိပ်ကို အရေးပါလှတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ASP.net = HTML + Source Code (Server Technology) လို့လည်း ပြောလို့ရပါ တယ်။

အရင်တုန်းကဆိုရင် ရှုပ်ထွေးများပြားစွာ ရေးနေ ရတဲ့ source code တွေကို ASP.net က coding reduce ဖြစ်စေတယ်တဲ့အတွက် ယခုနောက်ပိုင်း programmer တွေရဲ့ အကြိုက်ဖြစ်စေပါတယ်။


Ref: knowledgebridge.net (DaiLi)

P.S...... ကျနော် နားလည်လို့တော့ မဟုတ်ပါဘူး... ဖတ်ရင်းကနေ သိသင့်သိထိုက်တာလေးတွေကို ရေးသားပေးထားလို့ ဒီဖိုရမ်မှာ ပြန်လည်ကူးယူဖော်ပြပေးလိုက်တာပါ...

http://sidnaing.co.cc/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com