Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

ကွန်ပျူတာကို မွေးဖွားခြင်း[Article]

View previous topic View next topic Go down  Message [Page 1 of 1]

mars


Moderator



Moderator
ကွန်ပျူတာကို မွေးဖွားခြင်း

ပထမဦးဆုံးသော ကွန်ပျူတာများ (computers) သည် လူသားများပင်ဖြစ်သည်။ ၁၉၂၀ ခုနှစ်မတိုင်မီ က တွက်ချက်မှု (computation) များကို လုပ်ကိုင်ကြသော စာရေးစာချီများကို တွက်ချက်သူများ (computer) များဟု ခေါ်ဆိုကြပေသည်။ မူလအစအားဖြင့် ကွန်ပျူတာ ဟူသော အသုံးအနှုန်းသည် အလုပ်၏ခေါင်းစဉ်အမည် ပင်ဖြစ်ပြီး၊ ရေကြောင်းသွားလာမှုစာရင်းဇယားများ၊ ဒီရေ အတက်အကျနှင့်နက္ခတ်တာရာပြက္ခဒိန်များအတွက် နက္ခတ်တာရာ အနေအထားများ စသည်တို့အတွက် အဖြေရလာဒ်များ ရရှိရန်လိုအပ်သော တွက်ချက်မှုများ အား လုပ်ကိုင်ဆောင်ရွက်ရသောသူများကို ဖော်ပြညွှန်းဆို ရန် အသုံးပြုခဲ့ကြခြင်းပင် ဖြစ်သည်။ ထိုကွန်ပျူတာ အများစုသည် အတွက်အချက်ကျွမ်းကျင်သော အမျိုး သမီးများပင် ဖြစ်ကြကာ၊ ရူပဗေဒပညာရှင်၏ ဦးဆောင်မှု အောက်တွင် အလုပ်လုပ်ကြလေ့ ရှိသည်။ ထို့ပြင် ထောင် ပေါင်းများစွာသော လူသားကွန်ပျူတာများသည် ကူးသန်း ရောင်းဝယ်ရေး၊ အုပ်ချုပ်ရေးနှင့် သုတေသနများတွင် ပါဝင်လုပ်ဆောင်ကြပါသည်။

လူသားများအနေဖြင့် အလုပ်တစ်ခုတည်းကို မ ပြောင်းမလဲဘဲ အချိန်တိုင်းလုပ်ဆောင်နေရလျင် ငြီးငွေ့ မှုသဘောဝင်ရောက်လာမည်ဖြစ်ကာ ချွတ်ချော်တိမ်း စောင်းမှုများဖြစ်လာနိုင်ပြီး၊ ထိုမှတဆင့် မှားယွင်းမှုများပေါ် ပေါက်လာနိုင်သည်။ အရွှင်လန်းဆုံးနေ့မှာပင် အမြန်ဆုံး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူသားများ နေရာတွင် ၀င်ရောက်၍တွက်ချက်မှုများ လုပ်ဆောင်နိုင် သောနည်းလမ်းကို တီထွင်သူများ (Inventors) က နှစ် ပေါင်းများစွာ ရှာဖွေခဲ့ကြရာမှ တွက်ချက်မှုကိုလုပ်ဆောင် သောစက် (Computing Machine) များ ပေါ်ပေါက်လာ သည်။သို့ဖြင့် ကွန်ပျူတာဟူသော အမည်နာမဘွဲ့ကို ယခင်လူသားများထံမှ တွက်ချက်မှုစက်များထံသို့ လွှဲ ပြောင်းပေးအပ်ခဲ့ရာမှစ၍ စက်မှုကွန်ပျူတာ (Mechanical Computer)၊ ထို့နောက် အီလက်ထရောနစ်ကွန်ပျူတာ (Electronic Computer) ဟု ပေါ်ထွန်းလာခဲ့သည်။



တွက်ချက်မှုများ၏ အစမူလ



ဂဏာန်းသင်္ချာဆိုင်ရာ တွက်ချက်မှုအတွက် အ ထောက်အကူပြုသော ပထမဦးဆုံးစက်ပစ္စည်းမှာ အဘာ ကပ်စ် (abacus) ပင်ဖြစ်သည်။ ၄င်းသည်တွက်ချက်မှုကို လုပ်ဆောင်နေသော လူသား၏မှတ်ဉာဏ်ကို အထောက် အကူပြုပေးသည်။ ဘီစီ (၃၀၀) ကတည်းက ဘေဘီလွန် လူမျိုးများအသုံးပြုခဲ့သော `abacus´ ကို ယနေ့ထိတိုင် အသုံးပြုနေကြဆဲဖြစ်ရာ အထူးသဖြင့် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် အသုံးပြုနေကြဆဲပင်ဖြစ်သည်။ ရှေးခေတ် အဘာကပ်စ်သည် ကျောက်စရစ်ခဲများကို ရေတွက်မှု အဖြစ် အသုံးပြုခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းပင်ဖြစ်ပြီး၊ ယနေ့ခေတ်မီ အဘာကပ်စ် (modem abacus) များတွင် တုတ်ချောင်းများပေါ်၌ ရွေ့လျားနိုင်သော ကွင်းများပါရှိ လာပါသည်။

၁၆၁၇ ခုနှစ်တွင် စကော့လူမျိုး ဂျွန်နပ်ပီယာ (John Napier) သည် အပေါင်းမှတဆင့်ဆပွားလုပ်ဆောင် သော မြှောက်ခြင်းနည်းပညာဖြစ်သည့် လော့ဂရမ်သမ် (Logarithms) ကို တီထွင်ခဲ့သည်။ ဂျွန်နပ်ပီယာ တီထွင် လိုက်သော လော့ဂရမ်သမ်ဇယားသည် ဆင်စွယ်ချောင်း များပေါ်တွင် လော့ဂရမ်သမ်တန်ဖိုးများကို ထွင်ထားခြင်း ဖြစ်ပြီး၊ ၄င်းကို ယနေ့တွင် 'Napier's Bones' ဟု ခေါ်ဆိုကြ ပါသည်။ နပ်ပီယာလော့ ဂရမ်သမ်မှတဆင့် တိုင်းတာ သည့် ကရိယာ (Slide rule) ပေါ်ထွက်လာသည်။ ၁၆၃၂ ခုနှစ်တွင် ပထမဦးဆုံးသော Slide rule ကို အင်္ဂလန်တွင် ထုတ်လုပ်ခဲ့ပြီး၊ လပေါ်သို့ လူသားဆင်းသက်ခဲ့သည့် အပိုလိုခရီးစဉ်မှာ Slide rule ကို အသုံးပြုခဲ့ကြပါသည်။

ပထမဦးဆုံး ဂီယာဖြင့်မောင်းနှင်သော တွက် ချက်မှုစက်ကို ဂျာမန်သိပ္ပံပညာရှင် Wilhelm Schikard က ၁၆၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။ ၄င်းစက်သည် လော့ ဂရမ်သမ်အကူအညီဖြင့် ပေါင်း၊ နုတ်၊ မြှောက်၊ စား ပြု လုပ်နိုင်သော်လည်း ၄င်းသိပ္ပံပညာရှင်ကွယ်လွန်သွား သဖြင့် သူ့၏တီထွင်မှုကို လူသိမများခဲ့ပါ။

၁၆၄၂ ခုနှစ်တွင် အသက် (၁၉) နှစ်သာရှိသည့် ဘလိစ်ပါစကယ် (Blaise pascal) သည် အခွန်ကောက်ခံ သူအဖေကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ဂီယာဖြင့်မောင်း နှင်ရန်တွက်ချက်သော ဂဏာန်းတွက်စက် (pascaline) ကို တီထွင်နိုင်ခဲ့ပြီး၊ စက်ပေါင်းအလုံး (၅၀) ကျော်ကို တည်ဆောက်နိုင်ခဲ့သည်။ ကျယ်ပြန့်မှုတော့မရှိခဲ့ပါ။ ယနေ့ မော်တော်ကားများ၏ ခရီးသွားနှုန်းပြဒိုင်ခွက်မီတာများ သည် pascaline ဂဏာန်းတွက်စက်၏လုပ်ဆောင်မှုကို အသုံးပြုထားခြင်းပင်ဖြစ်သည်။

ပါစကယ်တီထွင်ခဲ့သော စက်ပေါ်မူတည်၍ လုပ်ဆောင်မှုလေးမျိုး(ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း နှင့် စားခြင်း)တို့ကို လုပ်ဆောင်နိုင်သော တွက်ချက်မှု ကရိယာ 'Stepped reckoner' ကို ဂျာမန်သင်္ချာပညာရှင် Gottfried Leibring က ထပ်မံဒီဇိုင်းထွင်ခဲ့ပါသည်။ Stepped reckoner သည် ဒသမကိန်းစနစ်ကို လုပ် ဆောင်ထားသောကြောင့် Leibrig ကို ခေတ်သစ်ကွန်ပျူ တာ၏ အခြေခံစနစ်ဖြစ်သော ဒွိစုံဂဏာန်းစနစ် အသုံးပြုမှု ၏ ရှေ့ပြေးအဖြစ် မှတ်ယူကြသည်။



မန်မိုရီနှင့် စီပီယူတို့၏ရှေ့ပြေး



ပြင်သစ်လူမျိုး ဂျိုဆက်မာရီဂျာကွဒ်သည် တွက် ချက်မှု၏အထူးလုပ်ဆောင်ချက်တစ်ခုဖြစ်သော အပေါက် ဖောက်ထားသည့်ကဒ် (Punches card) ကိုဖော်ထုတ်ခဲ့ သည်။ ၄င်း punched card ကို ယက်ကန်းစင်တွင် အ၀တ် အထည်ယက်လုပ်မှုဒီဇိုင်းဆင်ရာ၌ အသုံးပြုခဲ့သည်။ ဂျာကွဒ်၏နည်းပညာသည် စက်ရုံပိုင်ရှင်များအတွက် များ စွာ အဆင်ပြေစေသော်လည်း၊ ယက်ကန်းယက်သမား များအတွက် အလုပ်ရှားပါးမှုဖြစ်ပေါ်စေခဲ့ကာ၊ ဂျာကွဒ်၏ punched card တပ်ဆင်ထားသော ယက်ကန်းစင်များ သည် အလုပ်သမားများ၏ ဒေါသအမျက်အောက်တွင် ပျက်စီးခဲ့ရသည်။

အစောဆုံးစက်မှုကွန်ပျူတာ (early mechanical computer) ဖြစ်သော ' Difference Engine' ကို အင်္ဂ လိပ်လူမျိုးသင်္ချာပညာရှင် ချားလ်ဘက်ဘေ့ခ်ျ (Charles Babbage) က ၁၈၂၂ ခုနှစ်တွင် ဒီဇိုင်းဆင်ဖော်ထုတ်ခဲ့ သည်။ ၄င်းအင်ဂျင်သည်သင်္ချာဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်သော ဒဿမကိန်း (၂၀) အထိပါဝင်သည့် တွက်ချက်မှုစက်အဖြစ်ရည်ရွယ်ထားသော ကွန်ပျူတာပင် ဖြစ်ပြီး၊ အစိုးရ၏ထောက်ပံ့မှုကိုရရှိခဲ့သော်လည်း အောင် မြင်စွာဖြင့် အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ပါ။ လွယ် လွယ်ဖြင့် လက်မလျော့တတ်သော ဘက်ဘေ့ဂ်ျသည် 'Analytical Engine' ဟု ခေါ်ဆိုသော နောက်ထပ်စက်တစ် မျိုးကို ထပ်မံကြိုးစားခဲ့ပါသည်။ ဂျာကွန်၏ အပေါက် ဖောက်ထားသည့်ကဒ်နည်းပညာ (punched card technology) ပေါ်မူတည်၍ အစီအစဉ်ရေးဆွဲနည်းများလုပ် ဆောင်နိုင်သောကြောင့် ဘက်ဘေ့ခ်ျ၏ 'Analytical Engine' သည် တွက်ချက်မှုကို စွမ်းအားပြည့်လုပ်ဆောင် နိုင်သောစက်အဖြစ် ဒီဇိုင်းပေါ်ထွက်လာပါသည်။ ထို့ပြင် ဘက်ကေ့ခ်ျသည် အပေါက်ဖောက်ထားသည့် စက္ကူကဒ် ပြားအား ညွှန်ကြားချက်အစီအစဉ်များ သိုလှောင်ထားနိုင် သည့် စက်ကိရိယာ (storage mechanism) အဖြစ်အသုံး ပြုနိုင်ကြောင်းကို သိမြင်ခဲ့သည်။ ၄င်း Analgtical Engine ၏ အဓိကအစိတ်အပိုင်းနှစ်ခုကို ယက်ကန်းစက်ရုံများ၏ အသုံးအနှုန်းများဖြစ်သော 'store' နှင့် 'Mill' ဟု ဘက် ဘေ့ခ်ျက ခေါ်ဆိုခဲ့သည်။ Store သည် ကိန်းဂဏန်းများ ကို သိမ်းဆည်းထားသောနေရာပင် ဖြစ်ပြီး၊ Mill သည် ရလာဒ်အသစ်တစ်ခုကို ယက်လုပ်ပေးသော နေရာပင် ဖြစ်ပေသည်။ ယနေ့ခေတ်သစ် ကွန်ပျူတာများတွင် အလားတူအစိတ် အပိုင်းများကို ခေါ်ဆိုကြရာတွင် 'store' ကို မန်မိုရီယူနစ် (Memory Unit) ဟု ခေါ်ဆိုကြပြီး၊ Mill ကိုမူ စီပီယူ (central processing Unit- CPU) ဟု ခေါ်ဆို ကြပါသည်။

ပထမဦးဆုံးပရိုဂရမ်မာနှင့်

Read/write နည်းပညာ

ဘက်ဘေ့ခ်ျ၏ မိတ်ဆွေလည်းဖြစ်၊ တပည့် လည်းဖြစ်သူ သြဂတ်စ်ကအေးဒဘိုင်ရွန် (Augusta Ada Byron) သည် ထင်ရှားသောကဗျာဆရာကြီးလော့ဒ်ဘိုင် ရွန်၏ သမီးဖြစ်ပြီး၊ ထိုအချိန်က အနည်းငယ်သော သင်္ချာ ပညာရှင်အမျိုးသမီးများအနက် တစ်ဦးပင်ဖြစ်သည်။ သူမ သည် ဘက်ဘေ့ခ်ျ၏အိုင်ဒီယာ အယူအဆများကို အထူး နှစ်သက်သဘောကျပြီး၊ ဘက်ဘေ့ခ်ျ၏ Analytical Engine ဒီဇိုင်းပုံစံအကြောင်းသေသေချာချာ လေ့လာကာ၊ ထို စက်အတွက် ပိုမိုကောင်းမွန်သော အစီအစဉ် လုပ်ဆောင် ချက်များ (programs) ကို ထပ်မံတိုးချဲ့မှုများ ပြုလုပ်နိုင်ခဲ့ သည်။ ဘက်ဘေ့ခ်ျသည် ၄င်း၏အသိပညာများကို ရေး သားထုတ်ဝေမှု မပြုလုပ်ခဲ့ပါ။ သို့သော် အေဒ(Ada)သည် Analytial Engine အတွက် သူမ၏ ပြင်ဆင်လုပ်ဆောင် ထားသော ညွှန်ကြားချက်အစီအစဉ် (sequences of instructions) များ၏မှတ်စုကို အသေးစိတ် ရေးသား ထုတ်ဝေခဲ့သဖြင့် သူမအား ပထမဦးဆုံး သော ကွန်ပျူတာပရိုဂရမ်မာ (First computer programmer) အဖြစ် ကွန်ပျူတာ သမိုင်းတွင် ထင်ရှားစေခဲ့ပါသည်။

ဂျာကွဒ်၏ ယက်ကန်း နည်း ပညာကဲ့သို့ပင် အမေရိကန်တီထွင်မှု ပညာရှင် ဟာမန်ဟိုလာရိသ် (Herman Hollerith)သည် အပေါက်ဖောက်ထား သည့် ကဒ်နှင့်ကဒ်ကို ဖတ်ရှုနိုင်သည့် ပစ္စည်းတို့ တွဲစပ်အသုံးပြုနိုင်သည့် အိုင် ဒီယာကို အသုံးပြုနိုင်ခဲ့သည်။ သို့ဖြင့် အို လာရိသ်သည် 'Hollerith desk' ကို တီထွင်နိုင်ခဲ့သည်။ ၄င်းစက်တွင် ကဒ်ပြားရှိ အပေါက်များကို သိရှိဖတ်ရှုနိုင် သော 'Card Reader' ပါရှိပြီး ၄င်းသည်ရေတွက်မှုကို ပြု လုပ်နိုင်သော ဂီယာဖြင့် မောင်းနှင်သည့် စက်ယန္တယားပင် ဖြစ်ပေသည်။ ထို့ပြင် ရေတွက်မှု၏ ရလာဒ်အဖြေကို ပြသနိုင်သော ရွေ့လျားနိုင်သည့် လက်တံဒိုင်ခွက်များ လည်း ပါဝင်သည်။ အိုလာရိသ်သည် အပေါက်ဖောက် ထားသော ကဒ်ပြား (punched card)အား ယနေ့ခေါ်ဆို နေသော Read/write နည်းပညာအဖြစ်သို့ ပြောင်းလဲနိုင် ကြောင်းကို ထိုးထွင်းသိမြင်နိုင်ခဲ့သူတစ်ဦးပင် ဖြစ်ပေ သည်။ ဟိုလာရိသ်၏ တွက်ချက်မှုစက်ဖြစ်သော Hollerith desk သည် ၁၈၉၀ ခုနှစ် အမေရိကန်သန်းခေါင် စာရင်းကောက်ယူ တွက်ချက်မှုကို အောင်မြင်စွာ လုပ် ဆောင်ပေးနိုင်ခဲ့ကာ၊ လက်ဖြင့် ရေတွက်၍ ကြာမည့် အချိန်ကို များစွာတို တောင်းသွားစေနိုင်ခဲ့သည်။ ဟို လာရိသ်သည် Tabulating Machine Company ကို ထူ ထောင်ခဲ့ပြီးနောက် မကြာမီကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းကာ Computing-Tabulating Recording ကုမ္ပဏီအဖြစ် ပြန် လည်ဖွဲ့စည်းခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဟိုလာ ရိသ်သည် ၄င်း၏ကုမ္ပဏီအမည်ကို IBM-International Business Machine အဖြစ်ပြောင်းလဲခဲ့ပါသည်။


Ref: knowledgebridge



ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
http://sidnaing.co.cc/
Share this post on: Excite BookmarksDiggRedditDel.icio.usGoogleLiveSlashdotNetscapeTechnoratiStumbleUponNewsvineFurlYahooSmarking

အိုင်ဘီအမ်သည် ကုမ္ပဏီပိုင် စီးပွားရေးလုပ်ငန်းများသို့ ရောင်းချရန် အတွက် ငွေကြေးနှင့် ကုန်ပစ္စည်း စာရင်းဇယား များတွက်ချက်ရာတွင် လွယ်ကူစေ မည့် စက်မှုကွန်ပျူတာ များကို ပေါ်ထွက်လာရန် တီထွင်မှု များကို မနားမနေလုပ်ဆောင်ခဲ့ပါ သည်။ သို့ဖြင့် အိုင်ဘီအမ်သည် ဟားဗာ့ဒ် (Harva-rd) နှင့်ပူးပေါင်း၍ 'Harvard Mark I computer' ကို ၁၉၄၄ ခုနှစ်တွင် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ သည်။ ၄င်း Mark I ကွန်ပျူတာသည် အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်တည် ဆောက်သည့် ပထမဦးဆုံး သော ဒီဂျစ်တယ်ကွန်ပျူတာပင်ဖြစ်ပြီး၊ ပရို ဂရမ်အစီအစဉ်ဖြင့် အလုပ်လုပ် ဆောင်နိုင်ပေးသည့် Mark I ကွန် ပျူတာကို စက်ကရိယာအစိတ်အပိုင်း များ (switches, relays, clutcha, rotating shaff) မှ ကင်းလွတ်ကာ တည်ဆောက်နိုင်ခဲ့သော်လည်း ၄င်း ကို အီလက်ထရောနစ် ကွန်ပျူတာဟူ ၍ အပြည့်အ၀မခေါ်ဆိုနိုင်သေးပါ။ အလေးချိန်အားဖြင့် (၅) တန်ရှိပြီး မိုင် (၅၀၀) ရှည်သော ၀ါယာကြိုးများ ဖြင့် တပ်ဆင်ထားသော Mark I ကွန် ပျူတာသည် အမြင့် (၈) ပေရှိကာ၊ အလျားမှာ (၅၁) ပေရှိသည်။ လျှပ် စစ်မော်တာ မြင်းကောင်ရေ (၅) ကောင်အားဖြင့် လည်ပတ်ခဲ့သော ၄င်း Mark I ကွန်ပျူတာကို (၁၅) နှစ် ခန့် အလုပ်လုပ်စေနိုင်ခဲ့ကြပါသည်။

Mark I ကွန်ပျူတာသည် ကိန်း ဂဏာန်း (၂၃) ကိုသာတည်ဆောက် နိုင်ခဲ့သည်။ ၄င်းသည် တစ်စက္ကန့်၏ ၁၀ ပုံ ၃ ပုံအတွင်း အပေါင်း၊ အနုတ်ကို လုပ်ဆောင်နိုင်ပြီး၊ လေးစက္ကန့် အတွင်း မြှောက်ခြင်းကိုပြုလုပ်နိုင် ကာ၊ စားခြင်းကိုမူ ဆယ်စက္ကန့် အတွင်းတွင်သာ လုပ်ဆောင်နိုင်ခဲ့ သည်။ နောက် (၄၅) နှစ်ကြာပြီး နောက်တွင် ကွန်ပျူတာများသည် တစ်စက္ကန့်၏ သန်း ၁၀၀၀ ပုံတစ်ပုံ အတွင်း အပေါင်းကိုလုပ်ဆောင်နိုင် ကြသည်။

Mark I သည် ကိရိယာ အစိတ် အပိုင်းပေါင်း (၆) သန်းခန့် တပ်ဆင် ထားရသော်လည်း၊ ကိန်းဂဏန်း (၇၂)လုံးကိုသာ မှတ်သား သိမ်းဆည်း ထားနိုင်ခဲ့ သည်။ ယနေ့တွင်မူ အိမ် သုံးကွန်ပျူတာများတွင် ပင် RAM ၌ ကိန်းဂဏန်း သန်း(၃၀)ကို သိမ်းဆည်း ထားနိုင်ပြီး၊ ဟာ့ဒစ် (Hard disk) ပေါ်တွင်မူ ကိန်းဂဏန်း (၁၀) ဘီလီယံကို ထပ်မံ သိမ်းဆည်း ထားနိုင်လာလေသည်။ ထို့ပြင် ကိန်း ဂဏန်းတစ်ခုကို RAM မှ တစ်စက္ကန့်၏ သန်း (၁၀၀၀) အတွင်း ရယူနိုင်သလို၊ ဟာ့ဒစ်မှ လည်း တစ်စက္ကန့်၏ ထောင်ဂဏာန်း အတွင်းအကြာမှာ ရယူနိုင်လာပေ သည်။

ဤအမြန်နှုန်းများသည် လည် ပတ်နေသော မောင်းတံဖြင့် အလုပ် လုပ်နေရသော စက်ကိရိယာတစ်ခု အတွက် မဖြစ်နိုင်သော လုပ်ဆောင်မှု နှုန်းဖြစ်နေ၍ကား အီလက်ထရော နစ် ကွန်ပျူတာများသည် စက်မှု ကွန်ပျူတာနေရာသို့ အစားထိုး ၀င်ရောက်လာခြင်းပင် ဖြစ်ပါသည်။

Z3 computer

[You must be registered and logged in to see this image.]

ပထမဦးဆုံးသော ဘက်စုံသုံး ပရိုဂရမ်ဖြင့်လုပ်ဆောင်သည့် ဒီဂျစ် တယ်ကွန်ပျူတာ 'Z 3' ကို ၁၉၄၁ ခု နှစ်တွင် ဂျာမန်လူမျိုး Knorad Zuse က တီထွင်ခဲ့ခြင်းဖြစ်သည်။ Zuse သည် ပရိုဂရမ်အစီအစဉ်ဖြင့် လုပ် ဆောင်သော ဘက်ဘေ့ခ်ျ အယူအ ဆကိုထပ်မံဆန်းသစ်ခဲ့ပြီ၊ ကိန်း ဂဏာန်းများအတွက် binary စနစ်ဖြင့် လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သူဖြစ်သည်။ ၄င်းသည် Z 3 ကွန်ပျူတာမတိုင်ခင် Z 1 , Z 2 နှင့် Z 3 ကွန်ပျူတာများမှ စစ်အတွင်းဗုံးဒဏ်ထိ ပျက်စီးသွားခဲ့ ပြီး၊ Z 4 ကွန်ပျူတာမှာ ဘေးကင်း လွတ်မြောက်ခဲ့သော်လည်း၊ ၄င်းစက် များသည် ဂျာမဏီပြင်ပသို့မရောက်ရှိ ခဲ့ပါ။

သို့ရာတွင် ယနေ့ကွန်ပျူတာ များအသုံးပြုနေသော တွက်ချက်မှု လုပ်ဆောင်သော arithmetic unit၊ ကိန်းဂဏာန်းများသိမ်းဆည်းသော memory၊ လုပ်ဆောင်မှုများကို ထိန်း ချုပ်သော control system နှင့် input device များသည် 'Z computer' တည်ဆောက်ပုံများနှင့်ဆင်တူနေပါ သည်။



ABC computer

[You must be registered and logged in to see this image.]

၁၉၃၇ ခုနှစ်တွင် အိုင်အိုဝါး ပြည်နယ်တက္ကသိုလ်မှ ရူပဗေဒနှင့် သင်္ချာပညာရှင် ပါမောက္ခဖြစ်သော J.V. Atanasoft သည် အီလက်ထ ရောနစ်စစ်စစ် (ဂီယာများ၊ ခါးပတ် ကြိုးများ၊ မောင်းတံများမပါသော) ဒီဂျစ်တယ် ကွန်ပျူတာတည်ဆောက် နိုင်ရန်ကြိုးပမ်းခဲ့သည်။ ၁၉၄၁ ခုနှစ် တွင်မူ ၄င်းသည် သူ၏တပည့်ဖြစ်သူ Clifford Berry ဖြင့်လက်တွဲ၍ ABC computer ကို အောင်မြင်စွာတည် ဆောက်နိုင်ခဲ့ကြသည်။

၎င်းစက် သည် ညီမျှခြင်း ၂၉ မျိုးကို တစ်ဆက်တည်း ဖြေရှင်းနိုင် ခဲ့ပြီး၊ အချက်အလက်များကို လျှပ် စစ်ကိရိယာတစ်ခု (a capacitor) ပေါ် တွင် သိုလှောင်ထားနိုင်ခဲ့ပေသည်။ ၄င်းမှာ ယနေ့ကွန်ပျူတာများ သတင်းအချက်အလက်များကို ၄င်း တို့၏ အဓိက မန်မိုရီ (dynamic RAM) ပေါ်တွင် သိမ်းဆည်းထားပုံမျိုးပင် ဖြစ်သည်။ ABC ကွန်ပျူတာ၏ ဒီဇိုင်း ပုံစံမှာ သင်္ချာဖြေရှင်းမှုပုံစံ တစ်မျိုး တည်းအတွက်သာ ဖြစ်သောကြောင့် ဒုတိယကမ္ဘာစစ်ပြီးသည့် နောက်ပိုင်း တွင် ထင်ရှားလာမှု မရှိခဲ့ပါ။

Mark I ကွန်ပျူတာ ပရိုဂရမ် ရေးသူများအနက်တစ်ဦးဖြစ်သော Grace Hopper သည် ရေတပ်အရာရှိ၊ သင်္ချာပညာရှင် အမျိုးသမီးတစ်ဦး ပင်ဖြစ်သည်။ သူမသည် Mark I ကွန် ပျူတာ၏စက်ပိုင်းဆိုင်ရာ (ဟာ့ဒ်ဝဲလ် ပိုင်း) ချို့ယွင်းမှုကို ရှာဖွေသိရှိနိုင်ခဲ့ သူပင်ဖြစ်သည်။ ဖြစ်ပုံမှာ ပိုးဖလံတစ် ကောင်သည် Mark I ကွန်ပျူတာထဲသို့ ရောက်ရှိသွားခဲ့ပြီး၊ ၄င်း၏အတောင် ပံသည် စက္ကူထိပ်၏အပေါက်များ ဖတ်ရှုခြင်းကို ကာကွယ်တားဆီးနေ သလိုဖြစ်ခဲ့ကာ၊ ကွန်ပျူတာစက်၏ လုပ်ဆောင်မှု ချို့ယွင်းရပ်တန့်မှုဖြစ် ပွားခြင်းပင်ဖြစ်သည်။

ဤသည်ကို ရှာဖွေတွေ့ရှိခြင်း မှစ၍ ကွန်ပျူတာပုံမှန် အလုပ်မလုပ် ဆောင်ခြင်းကို ရည်ညွှန်းသည့် 'bug' ဟူသော အသုံးအနှုန်းကို တီထွင်ခဲ့ သူအဖြစ် သူမကို ချီး ကျူးဂုဏ်ပြု ခဲ့ကြပေ သည်။ ထို့ပြင် သူမ သည် ပထမဦးဆုံး သော အဆင့်မြင့် ဘာ သာစကား (high-level language) ဖြစ်သော ''Flow-matic" ကို ၁၉၅၃ ခုနှစ်တွင် တီ ထွင်ခဲ့သည်။ high level language ဆိုသည်မှာ တွက် ချက်မှု ပြုလုပ်သော စက် (computer) မှ နားလည်သည့် စက်ဘာ သာစကား (binary language) ပုံစံမျိုး မဟုတ်ပဲ၊ လူသားများ နားလည်လွယ် သော ပုံစံဒီဇိုင်းအဖြစ် ပြုလုပ်ထား သော ဘာသာစကားပင် ဖြစ်သည်။ ၄င်း high level language ကို ကွန်ပျူ တာမှ နားလည်သော စက်ဘာသာ စကား (binary language) အဖြစ်သို့ ဘာသာပြန်ပြောင်းလဲရာတွင် 'compiler' ဟု သိရှိထားသော ပရိုဂရမ်တစ် ခုကို လိုအပ်ပေသည်။ ကမ္ဘာ့ပထမဦး ဆုံးသော'compiler'ကို တည်ဆောက် ခဲ့သူမှလည်း Grace Hopper ပင် ဖြစ်ပါသည်။



ENIAC,EDVAC နှင့် UNIVAC ကွန်ပျူတာများ

[You must be registered and logged in to see this image.]

ယနေ့ အီလက်ထရောနစ် ဒီဂျစ်တယ် ကွန်ပျူတာများ၏ ဘိုး အေဟူသောဘွဲ့ကို ပေးအပ်ခြင်းခံခဲ့ ရသည့် ကွန်ပျူတာမှာ 'ENIAC' ဟု အတိုကောက်ခေါ်ကြသော Electr-anic Numerical Integrator and computer ပင်ဖြစ်သည်။ ၄င်း ENIAC ကွန်ပျူတာကို အမေရိကန် ပါမောက္ခ နှစ်ဦးဖြစ်သည့် John Mauchly နှင့် J.presper Eckert တို့က ၁၉၄၃ ခုနှစ် နှင့် ၁၉၄၅ခုနှစ်အတွင်း ပန်ဆီးလ် ဗန်နီးယားတက္ကသိုလ်တွင် တည် ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ စစ် တပ်အတွင်းတွက်ချက်မှုကို ပြုလုပ်နေကြသော လူသားကွန်ပျူတာများ နေရာတွင် အစားထိုးရန် ရည်ရွယ် ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းကို ၁၉၄၆ ခုနှစ်တွင် လူအများဆီ သို့ မိတ်ဆက်နိုင်ခဲ့ပြီး၊ ပထမဦးဆုံး အောင်မြင်သော ဘက်စုံသုံးဒီဂျစ် တယ် ကွန်ပျူတာအဖြစ် ယူဆခဲ့ကြ သည်။ အရွယ်အစားမှာမူ ပေ ၄၀× ၂၀ အခန်းအရွယ်ရှိပြီး အလေးချိန် အားဖြင့် တန် (၃၀) မျှရှိပေသည်။ စုစုပေါင်းမီးလုံး (Vacuum tubes) ၁၈,၀၀၀ ကျော်ကို ထည့်သွင်းအသုံး ပြုရပြီး၊ လစဉ် ကွန်ပျူတာမီးလုံး (၂၀၀၀) ခန့်ကို လဲလှယ်ပေး ရပေ သည်။

ENIACO 2


ENIAC သည် ပရိုဂရမ်ကို သိမ်းဆည်းလုပ်ဆောင်သော ကွန်ပျူ တာမဟုတ်သဖြင့် လုပ်ငန်းတစ်ခုပြီး တိုင်း ပရိုဂရမ်အသစ်တစ်ခုကို ထပ်မံ ပြောင်းလဲပြင်ဆင်ရသဖြင့် အချိန်ယူ ရခြင်းများဖြစ်စေခဲ့သည်။ သို့ဖြစ်၍ Mauchly နှင့် Eckert တို့သည် ဟန် ဂေရီ- အမေရိကန်သင်္ချာပညာရှင် John Von Neumann နှင့်လက်တွဲ၍ ပရိုဂရမ်သိမ်းဆည်းမှုကို စတင်လုပ် ဆောင်နိုင်စေသော EDVAC ကွန်ပျူ တာ (Electronic Discrete Variaffe Automatic Computer) ကို ဒီဇိုင်း ဆင်နိုင်ခဲ့ကြသည်။

၁၉၅၀ ခုနှစ်အကုန်တွင် ကွန် ပျူတာများသည် တက္ကသိုလ်နှင့်အစိုး ရသုတေသနများကသာ ပိုင်ဆိုင်ကြ သည့် စက်များမဟုတ်တော့ပါ၊ တီ ထွင်မှုအတွက် မူပိုင်ခွင့်နှင့်ပတ်သက် ၍ Eckert နှင့် Mauchly တို့သည် တက္ကသိုလ်နှင့်အငြင်းပွားမှုဖြစ်ပြီးနောက် ပိုင်းတက္ကသိုလ်မှ ထွက်ခါ၊ ကိုယ်ပိုင် ကုမ္ပဏီကို ထူထောင်ခဲ့ကြသည်။ ၄င်း တို့၏ ကုမ္ပဏီမှ ပထမဦးဆုံးထုတ် လုပ်လိုက်သည့် ကွန်ပျူတာမှာ UNIVAC (Universal Automatic computer) ပင်ဖြစ်ပြီး၊ ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ကွန်ပျူတာ အ ဖြစ် အလုံးအရင်းဖြင့် ထုတ်လုပ်ခဲ့ကြ ပါသည်။ ၁၉၅၁ ခုနှစ်တွင် အမေရိ ကန် သန်ခေါင်စာရင်းဌာနသို့ ပထမ ဦးဆုံးသော UNIVAC ကို ရောင်းချခဲ့ ပြီး၊ ၁၉၅၇ ခုနှစ်တွင်မူ UNIVAC အလုံးပေါင်း (၄၆)လုံးကို အသုံးပြု နေကြပြီဖြစ်သည်။ UNIVAC သည် သံလိုက်တိပ် (Mganetic tape) ကို အသုံးပြုသော ပထမဦးဆုံး ကွန်ပျူ တာလည်းဖြစ်ပေသည်။

[You must be registered and logged in to see this image.]

တွက်ချက်မှုကို ပြောင်းလဲစေသော ထရန်စစ်စတာနှင့်အိုင်စီ


၁၉၄၈ ခုနှစ်တွင် အမေရိကန် ရူပဗေဒပညာရှင်များ ဖြစ်သော Walter Houser Brattain, John Bar deen နှင့် William Bradford shockley တို့သည် လျှပ်စစ်ခလုပ်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်သော ကရိယာဖြစ် သည့်ထရန်စစ်စတာ (Transister) ကို တီထွင်နိုင်ခဲ့ကြသည်။ ထရန်စစ်စတာ ပေါ်ထွက်လာခြင်းသည် ကွန်ပျူတာ လောကကို အကြီးအကျယ်အကျိုး သက်ရောက်မှုဖြစ်စေခဲ့ကာ၊ တန်ဖိုး ကြီး၊ စွမ်းအင်သုံးစွဲမှုများ၍ စိတ်ချ ရမှုမရှိသော မီးလုံးများနေရာတွင် ထရန်စစ်စတာကို အစားထိုးနိုင်ခဲ့ ကြပါသည်။

၁၉၆၀ ခုနှစ်နောက်ပိုင်းတွင်မူ ကွန်ပျူတာများရှိ ထရန်စစ်စတာ တစ်ခုချင်းစီကို အစားထိုးနိုင်သော အိုင်စီ (Integrated circuit) များပေါ် ထွက်လာပါသည်။ အိုင်စီဆိုသည်မှာ စီလီကွန်ချစ်ပ်ပြားတစ်ခုပေါ်တွင် သေးငယ်သော ထရန်စစ်စတာများ နှင့်အခြားသော လျှပ်စစ်အစိတ်အ ပိုင်းပစ္စည်းများ တပ်ဆင်ထားသော ဆားကစ်ပြားတစ်ခုပင်ဖြစ်ပါသည်။ အိုင်စီများသေးငယ်လာသည်နှင့် အမျှ အစိတ်အပိုင်းအများအပြားကို တစ်ခုတည်းသော ကွန်ပျူတာဆား ကစ်အသွင်သို့ ဒီဇိုင်းဆင်တည် ဆောက်နိုင်ခဲ့ကြပါသည်။ ၁၉၇၀ ခုနှစ်တွင် အိုင်စီနည်းပညာသည် ခေတ်သစ်မိုက်ခရိုပရိုဆက်ဆာ (microprocessor) ဆီသို့ တက်လှမ်းနိုင်ခဲ့ သည်။ အိုင်စီဆားကစ်သည် ထရန် စစ်စတာ ထောင်ဂဏန်းကိုသာ တပ် ဆင်နိုင်ရာမှ မိုက်ခရိုပရိုဆက်ဆာ သည် ထရန်စစ်စတာ အလုံးပေါင်း သန်း (၄၀) ကျော်ကို တပ်ဆင်လာ နိုင်ပေသည်။

ကွန်ပျူတာ၏ဦးနှောက် (သို့မဟုတ်) မိုက်ခရိုပရိုဆက်ဆာ


မိုက်ခရိုပရိုဆက်ဆာ (စီပီယူ) ကို တီထွင်နိုင်မှုရလာဒ်သည် ယနေ့ ခေတ်မီတစ်ကိုယ်ရည်သုံးကွန်ပျူတာ (Personal computer) ပေါ်ထွက်လာ ဖို့အတွက် တံခါးချပ်ပွင့်သွားခြင်းပင် ဖြစ်သည်။ မိုက်ခရိုပရိုဆက်ဆာ (up) ဆိုသည်မှာ အိုင်စီဆားကစ်တစ်ခု ပေါ်တွင် တည်ဆောက်ထားသော ကွန်ပျူတာတစ်လုံးပင်ဖြစ်ပါသည်။ အင်တဲလ် (Intel) သည် ၁၉၇၁ ခုနှစ် တွင် ပထမဦးဆုံးသော မိုက်ခရိုပရို ဆက်ဆာကိုအောင်မြင်စွာ တီထွင်ခဲ့ သည်။

အင်တဲလ် (Intel) သည် အီ လက်ထရောနစ်ကွန်ပျူတာကို မတီ ထွင်ခဲ့ပါ။ သို့သော် အိုင်စီချစ်ပ်ပြား (IC chip) တစ်ခုပေါ်တွင် ကွန်ပျူတာ တစ်ခုလုံးကို ထည့်သွင်းတည် ဆောက်နိုင်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ် တုန်းကလည်း အင်တဲလ်သည် semiconductor memory ကို စတင်ထုတ် လုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အင်တဲလ် ၏ DRAM နှင့် EPROMဟူသော မန်မို ရီ နည်းပညာမှာ ယနေ့တိုင် အသုံး ပြုနေရဆဲပင်ဖြစ်ပါသည်။

၁၉၆၉ ခုနှစ်တွင် ဂျပန်မှ အဆင့်မြင့်ဂဏာန်းတွက်စက်များကို ထုတ်လုပ်သူ 'Busicom' သည် အား လုံးအတွက် အဆင်ပြေစေမည့် တွက်ချက်မှု ချစ်ပ်ပြား (၁၂) ခုကို ထုတ်လုပ်ပေးရန် အင်တဲလ်သို့ကမ်း လှမ်းခဲ့သည်။

ကီးဘုတ်အတွက် ချစ်ပ်ပြား တစ်ခု၊ Display အတွက် ချစ်ပ်ပြား တစ်ခု၊ printer အတွက် တစ်ခု စသဖြင့် သီးခြားစီသော ချစ်ပ်ပြားများ ထုတ်လုပ်ပေးရန် ဖြစ်သည်။ အင် တဲလ်သည် လုပ်ငန်းအမျိုးမျိုးကို တစ်စုတစ်ပေါင်းတည်း ပရိုဂရမ်သွင်း လုပ်ဆောင်နိုင်သော ချစ်ပ်ပြားထုတ် လုပ်ရန် ကြိုးပမ်းခဲ့သည်။

၎င်းအိုင်စီ ချစ်ပ်ပြားထုတ်လုပ် မှုသည် ကုန်ကျစရိတ်ကြီးမားသည် မှာ မှန်သော်လည်း မတူညီသော ကိစ္စရပ်များအတွက် ပရိုဂရမ်လုပ် ဆောင်မှုကို တစ်ခုတည်းတွင် လုပ် ဆောင်နိုင်သည့်အတွက် ကုန်ကျ စရိတ်သည် သုံးစွဲသူအများပေါ်တွင် ခွဲဝေမျှသွားမည်ဖြစ်ပြီး၊ တစ်ဦးချင်း အသုံးပြုသူအတွက် ကုန်ကျစရိတ် သက်သာ သွားမည်ကို တွက်ဆနိုင်ခဲ့ သည်။ မန်မိုရီ(memory)တွင် သိမ်း ဆည်းထားနိုင်သော ညွှန်ကြားချက် အစီအစဉ်တစ်ခုဖြစ်သည့် ပရိုဂရမ် တစ်ခု (program)ကို ရေးသားနိုင် ခြင်းဖြင့် ဘက်စုံသုံးကွန်ပျူတာသည် ကိစ္စရပ်တစ်ခုစီအတွက် အဆင်ပြေ စွာ လုပ်ဆောင်နိုင်ခဲ့သည်။

Busicom သည် ဘက်စုံသုံး ချစ်ပ်ပြားအား ဒီဇိုင်းဆင်ထုတ်လုပ်ရန် ကုန်ကျစရိတ်အား ရင်းနှီးမြုပ်နှံ ရန်၊ အင်တဲလ်နှင့် သဘောတူညီ ထားခဲ့သော်လည်း ဖော်ဆောင်မှု လုပ်ငန်းသည် သတ်မှတ်ထားသည် ထက် အချိန်ပို ကြာရှည်ခဲ့သော ကြောင့် ရင်းနှီးမြုပ်နှံမှုကို ဆုတ် ခွာခဲ့လေသည်။ သို့ဖြင့် အင်တဲလ် သည် ဘက်စုံသုံးချစ်ပ်ပြားထုတ်လုပ် မှုကို တစ်ဦးတည်း အောင်မြင်စွာ ထုတ် လုပ်နိုင်ခဲ့သည်။

[You must be registered and logged in to see this image.]

Original IBM_PC

သို့ဖြင့် Intel 4004 သည် အင်တဲလ်၏ ပထမဦးဆုံးသော မိုက်ခရိုပရိုဆက်ဆာအဖြစ် ထွက် ပေါ်လာပါသည်။ Intel 4004 ပရို ဆက်ဆာတွင် ထရန်စစ်စတာ အလုံး ပေါင်း (၂၃၀၀) ထည့်သွင်း ထားပြီး လုပ်ဆောင်မှုအမြန်နှုန်းမှာ 108 KHz (တစ်စက္ကန့်တွင် အကြိမ်ပေါင်း 108,000) ပင်ဖြစ်သည်။ ယနေ့တွင် မူ pentium 4 ပရိုဆက်ဆာ များတွင် ထရန်စစ်စတာပေါင်း (၄၂) သန်းထိ ထည့်သွင်းထားပြီး၊ လုပ်ဆောင်မှု အမြန်နှုန်း (clock rate) မှာ 2 GHz (တစ်စက္ကန့်တွင် အကြိမ်ပေါင်း 2,000,000,000) ပင် ဖြစ်လာပါ သည်။ အင်တဲလ်၏ 4004 နောက် တွင် Intel 8008 နှင့် 8080 ပရိုဆက် ဆာများ ပေါ်ထွက်လာပါသည်။ အင်တဲလ်၏ 8080 မိုက်ခရိုပရိုဆက် ဆာသည် တန်ဘိုးအားဖြင့် ဒေါ်လာ (၃၆၀) သာရှိသဖြင့် ဒေါ်လာသန်း ပေါင်းများစွာတန်ဘိုးရှိသော IBM ၏ ထင်ရှားလှသော 360 Mainframe အတွက် အတော်စိတ်မသက်မသာ ဖြစ်ခဲ့ရပေသည်။

ကမ္ဘာ့ပထမဦးဆုံးသောပီစီ

[You must be registered and logged in to see this image.]

ထုတ်လုပ်သူများသည် အိုင်စီ နည်းပညာ (Integrated circuit Te chnology) ကို အသုံးပြု၍ ပိုမိုသေး ငယ်ပြီး၊ ကုန်ကျစရိတ်ပိုမိုသက်သာ စေသော ကွန်ပျူတာများကို တည် ဆောက်လာကြသည်။ ဤသို့ဖြင့် ၁၉၇၅ ခုနှစ်တွင် ကမ္ဘာပထမဦးဆုံး တစ်ကိုယ်ရည်သုံးကွန်ပျူတာ (personal computer) ဖြစ်သော 'Altair 8800' ပေါ်ထွက်လာပါသည်။ ၄င်းကို MITS (Micro Instrumentation Telemetry systems) မှ ရောင်းချခဲ့ပါ သည်။ အသုံးပြုသူကိုယ်တိုင် တပ် ဆင်တည်ဆောက်၍ရသော ကွန်ပျူ တာပေါ်ထွက်လာခြင်းဖြစ်ပါသည်။ Altair PC သည် 8 bit Intel 8080 မိုက်ခရိုပရိုဆက်ဆာကို အသုံးပြု ထားပြီး၊ RAM (Random Access memory) မှာ 256 bytes ရှိခဲ့သည်။



အဆုံးမရှိ ခရီးနှင်နေသော ပီစီများ

ဟားဗာ့ဒ် (Harvard) တက္က သိုလ်မှ ကျောင်းတ၀က်တစ်ပျက်ဖြင့် ထွက်လာသော ဘီလ်ဂိတ် (Bill Gate) သည် သူ့၏အချိန်များကို ကွန်ပျူတာ ပရိုဂရမ်ရေးသားခြင်းတွင် နှစ်မြုပ်ခဲ့ ရာ၊ မှန်ကန်သော အချိန်တွင် မှန်ကန် သောနေရာကို ရရှိပိုင်ဆိုင်ခဲ့ပေသည်။ ဘီလ်ဂိတ်လ်၏ အစောဆုံးအတွေ့ အကြုံများနှင့် ကြိုးပမ်းမှုများသည် ၁၉၈၁ ခုနှစ် IBM မှ ၄င်း၏ပီစီများ အတွက် အင်တဲလ်မိုက်ခရိုပရိုဆက် ဆာများပေါ်တွင် စံချိန်သတ်မှတ်နိုင် ရန် အချိန်အခါကောင်းနှင့်တွေ့ဆုံ နိုင်ခဲ့သည်။

ကွန်ပျူတာဆီသို့ အစီအစဉ် ညွှန်ကြားချက်ရေးသားမှု (program) များတိုးတက်လာမှုနှင့် အိုင်စီ၊ မိုက် ခရိုဆက်ဆာတိုင်း အံ့မခန်းလုပ် ဆောင်လာနိုင်မှုတို့ ပေါင်းစည်းနိုင်မှု ရလာဒ်များအဖြစ် ဗီဒီယို displays များ၊ ပိုမိုသိမ်းဆည်းနိုင်သည့် storage sevices များနှင့် ပိုမိုလျင်မြန်စွာ တွက် ချက်လုပ်ဆောင်လာနိုင်သည့် CPU များကို ပီစီများတွင် ထည့်သွင်းလုပ် ဆောင်လာနိုင်ပါသည်။ Xerox ကော် ပိုရေးရှင်းမှ GUI (Graphical User Interface) ကို ပထမဆုံး ဒီဇိုင်းဖော် ဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် Apple ကွန်ပျူတာကော်ပိုရေးရှင်းမှ အောင် မြင်စွာ အသုံးပြုနိုင်ခဲ့သည်။

ယနေ့ တွင်မူ Window, Mac OS နှင့် Linux ကဲ့သို့သော ကွန်ပျူတာ လုပ်ဆောင်မှု စနစ်များ (operating systems) ပေါ် ထွက်လာပြီး၊ အသုံး ပြုသူများအား ယခင်က မမျှော်မှန်း ထားနိုင်သော နည်းလမ်းများဖြင့် အချက်အလက်များ တွက်ချက်ခြင်း၊ ပရိုဂရမ်များလုပ် ဆောင်စေနိုင်ခြင်း တို့ကို လုပ်ဆောင်လာစေနိုင်ပါသည်။

ကွန်ပျူတာကို မည်သူက တီထွင်ခဲ့ပါသနည်းဟူသော မေးခွန်း ကို အနီးစပ်ဆုံးဖြေဆိုရလျှင် တီထွင် သူပညာရှင်အမြောက်အများသည် ကွန်ပျူတာပေါ်ထွန်းရာသမိုင်းတစ် လျှောက်တွင်ပါဝင်ခဲ့ကြပြီး၊ ကွန်ပျူ တာတွင် ပါဝင်နေသော အစိတ် အပိုင်းများသည် သီးခြားစီတီထွင်မှု များပေါ်ပေါက်လာပြီးမှ စုပေါင်း တည်ဆောက်မှုတွင် ပါဝင်ကာ ကွန် ပျူတာ၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယခင်အစအားဖြင့် တွက် ချက်မှု ပြုလုပ်နေသော လူသားများ ထံမှ `ကွန်ပျူတာ´ ဟူသော အမည် နာမဘွဲ့ကို ရယူလိုက်သော အီလက် ထရောနစ် ဒီဂျစ်တယ် ကွန်ပျူတာ သည် အခန်းတစ်ခန်းစာ အရွယ် အစားမှ အိမ်သုံးစားပွဲတင် အရွယ်သို့ ရောက်ရှိလာပြီး ထို့နောက် လက်ဖ၀ါး ပေါ်တွင် ဆုပ်ကိုင်နိုင်သော အနေ အထားသို့ အရှိန်အဟုန် ပြင်းပြင်းဖြင့် ခရီးနှင်လိုက်ရှိရာ၊ ကွန်ပျူတာ ခရီး ပန်းတိုင်ကို မည်သူပြောဆို မှန်းဆ နိုင်ပါမည်နည်း။


ref: knowledgebridge
Code:
http://www.knowledgebridge.net/index.php?option=com_content&view=article&id=327:2010-03-07-03-08-40&catid=52:articles&Itemid=118

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | © PunBB | Free forum support | Contact | Report an abuse | Free forum