Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို သုံးစွဲနိုင်မည့်အပြင်ရုပ်မြင်သံကြားလိုင်းများကိုပါ တစ်ပါတည်းကြည့်ရှုနိုင်မည့် Fibre To The X (FTTX)အမည်ရှိအင်တာနက်ဝန်ဆောင်မှုကို ရတနာပုံတယ်လီပို့ကုမ္ပဏီက ကနဦးတပ်ဆင်ခ ကျပ် ကိုးသိန်းဖြင့် ယခုလာမည့် မတ်လ ၂၇ ရက်နေ့မှ စတင်ခါဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းထိုကုမ္ပဏီဒါရိုက်တာတစ်ဦးကမတ်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။ ထိုအင်တာနက် ဝန်ဆောင်မှုအသစ်သည် သုံးစွဲသူ၏ နေရာအ ရောက် ဖိုင်ဘာဖန်ကြိုးမျှင်များတိုက်ရိုက်သွယ်တန်းကာ ဝန်ဆောင်မှုပေးမည့်အင်တာနက်ဝန် ဆောင်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာတွင်လည်းတွင် ကျယ်စွာ သုံးစွဲနေသော စနစ်တစ်ရပ် ဖြစ် သည်။
အဆိုပါဝန်ဆောင်မှုကို ကုမ္ပဏီရုံးချုပ်တည်ရှိရာ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီးထို့နောက်တွင် မြို့ကြီး များဖြစ်သည့် မန္တလေး၊ မုံရွာနှင့် တောင် ကြီးမြို့တို့တွင်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ရန်ကုန်မြို့တွင် မူ ဇွန်လ နောက်ပိုင်းမှ စတင်ဆောင်ရွက်နိုင်ရန် ရည်မှန်းထားကြောင်း ထိုကုမ္ပဏီဒါရိုက်တာ က ဆိုသည်။ “ ရန်ကုန်မြို့မှာ ဝန်ဆောင်မှုပေးတဲ့ အခါမှာတော့ ပုဂ္ဂလိကနည်းပညာကုမ္ပဏီ တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီဝန်ဆောင်မှုမှာ အင်တာနက်အမြန်နှုန်းအလိုက် 512 KBps, 1MBps, 2MBps နဲ့ 4MBps ဆိုပြီး Planလေးမျိုးရှိမယ်။လစဉ်သုံးစွဲခက တော့ 512 KBps ဆိုရင် ကျပ် ၂၅, ၀၀၀၊ 1MBps ဆိုရင်ကျပ် ၅၀,၀၀၀၊ 2MBps ဆိုရင် ကျပ်တစ်သိန်း နဲ့ 4MBps ဆိုရင် ကျပ် တစ်သိန်း ခွဲနှုန်းထားတွေလောက် ဖြစ်မှာပါ” ဟု ၎င်းကပြောသည်။ ထိုဝန်ဆောင်မှုတွင်အင်တာနက်လိုင်းအပြင် သက်ဆိုင်ရာ ဧရိယာကုဒ် နောက်တွင် ဂဏန်း ၁၀လုံးပါဝင်မည့် ဖုန်းလိုင်းတစ်လိုင်း၊ မြဝတီရုပ်မြင်သံကြားနှင့် နိုင်ငံတကာရုပ်သံလိုင်းခုနစ် လိုင်းကို အခမဲ့ကြည့်ရှုနိုင်မည့်အင်တာနက်အခြေခံ ရုပ်မြင်သံကြားစနစ် ( Internet Prot- ocol Television) ဝန်ဆောင်မှုများလည်း ပါဝင်မည် ဖြစ်ကြောင်းဆိုသည်။ “ပါဝင်မယ့် ဖုန်း လိုင်းကတော့ လိုင်းဖုန်းပါပဲ။ ခေါ်ဆိုခကတော့ လိုင်းဖုန်းခေါ်ဆိုခတွေအတိုင်းပါပဲ” ဟု ၎င်း ကပြောသည်။ ထိုဝန်ဆောင်မှုသည်လက်ရှိပေးအပ်လျက်ရှိသည့်အခြားသောအင်တာနက် ဝန်ဆောင်မှုများထက်အမြန်နှုန်းကုန်ကျစရိတ်ပိုင်းတွင်အားသာချက်များရှိမည်ဖြစ်ကြောင်း ၂၀၁၀ခုနှစ် မတ်လ ၂၆ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

ref; mtalk

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com