Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

DMan

DMan
MITR New User



MITR ခင်ဗျာ. ကျွန်တော်သိသလောက်ဝင်ရောက်ဆွေးနွေးပြီခင်ဗျာ..့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ..
ကျွန်တော် ဒီကဏ္ဍလေးမှာ Photoshop နဲ့ပါတ်သတ်ပြီး သိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်…ယနေ့စာစောင်တွေ နံရံကပ်ပိုစတောတွေ ထုတ်ဝေတဲ့ နေရာမှာ ခောတ်အစားဆုံး ကွန်ပျူတာဂရပ်ဖစ် Software ကတော့ Adobe photoshop ပါပဲ…ဓါတ်ပုံအားလုံးကို
Photoshop နဲ့ တစ်မူထူးခြားအောင်ပြုပြင်ပြောင်းလဲဖန်တီးလို့
ရပါတယ်…Photoshop ဟာလေ့လာလို့ရန်
လုံးဝမခက်ခဲပါဘူး…စိတ်ဝင်တစားလုပ်ရင်အဆင်ပြေပါတယ်…အဲ
ပိုပြီးအဆင်ပြေချင်တယ်ဆိုရင် စိတ်ဝင်စားမှု နဲ့ စိတ်ကူးစိတ်သန်းကောင်း
ဖို့ပါပဲ…. စာဆိုလေးတောင်ရှိပါတယ် ..တစ်နေ့တစ်လံ ပုဂံမရွေ့
ရွေ့သွားတယ်ဆိုလည်း အခုခောတ်ပေါ် Speed ကောင်းတာနဲ့လိုက်လို့ရပါတယ်..အဲဒါဆို အခုကျွန်တော်တို့စပြီး ပေါက်ကရဆွေးနွေးကြရအောင် .. လိုအပ်ချက်ရှိရင်လဲ ဝေဖန်မှုပေးစေချင်ပါတယ်…..
[You must be registered and logged in to see this image.]
photoshop basic … အခြေခံကိုစပြောပါမယ်…ပထမဆုံး Toolbox အကြောင်းပြောပြပါမယ်… Toolbox မှာ အသုံးပြုတဲ့ function တွေပါဝင်ပါတယ်…
(၁) Marquee Tool ပုံအစိတ်အပိုင်းရွေးချယ်။
(၂) Move Tool ရွေးချယ်ထားတဲ့အပိုင်းကို ရွှေ့။
(၃) Lasso Tool ပုံအစိတ်အပိုင်းအလိုက် ပုံစံအလိုက်ရွေးချယ်။
(၄) Magic Wand Tool အရောင်တန်ဖိုးတူညီတဲ့နေရာကို ရွေးချယ်။
(၅) Crop Tool အလိုရှိသောအစိတ်အပိုင်းကိုသာဖြတ်တောက်။
(၆) Healing Brush Tool လိုအပ်နေသောနေရာ ပျက်ဆီးနေသောနေရာကို ဖြည့်ရန်။
(၇) Clone Stamp Tool Image Flie တစ်ခုထဲတွင်ဖြစ်စေ အခြားဖိုင်တွင်ဖြစ်စေ နမူနာယူထားသည့်ပုံအတိုင်း ပုံတူပွား။
(၈) Patch Tool ရွေးချယ်ထားသော နေရာအားအခြားအစိတ်အပိုင်း(သို့) ps တွင်ပေးထားသော pattern ပုံအစားထိုး။
(၉) Magic Eraser Tool အရောင်တန်ဖိုးတူညီစွာရှိသောနေရာတွင် ကလစ်တစ်ချက်ပေးရုံဖြင့် မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်သွားစေ။
(၁၀) Background Eraser Tool Mouse နဲ့Drag ဆွဲယုံဖြင့်မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်စေ။
(၁၁) Gradient Tool အရောင်အနုအရင့်များ ရောစပ်သည့် အရောင်ပြေးပုံစံရေးခြယ်။
(၁၂) Blur Tool ပြတ်သားထင်ရှားသောနေရာကို မှုန်ဝါး။
(၁၃) Sharpen Tool မှုန်ဝါးသောနေရာကို ထင်ရှား။
(၁၄) Smudge Tool မူရင်းပုံပျက်ပြီး Mouse ဆွဲသည့်နေရာများသို့ဆေးပြန့်။
(၁၅) Dodge Tool အရောင် ဖျော့။
(၁၆) Burn Tool အရောင် ရင့်။
(၁၇) Sponge Tool အရောင်စိုပြေ။
(၁၈) Eyedropper Tool အလိုရှိသည့် အရောင်နမူနာယူ။

ကျွန်တော့ Blog လေးမှလည်း ပြန်လည်ဖိတ်ခေါ်ခဲ့ပါရစေ..
Code:
[You must be registered and logged in to see this link.]

sHa92

sHa92
Founder



Founder
မင်္ဂလာပါ အစ်ကို DMan...

Photoshop ကို အခုလို Tools တွေကအစ ဘယ်လိုအဓိပ္ပါယ်ဆိုတာ ရှင်းပြပေးထားလို့ ကျေးဇူးတင်ပါတယ်ဗျာ။

ဆက်ရေးပေးပါဦး...

အားပေးနေပါတယ်ခင်ဗျာ.

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ကျွန်တော်လည်းအခုလေ့လာနေတာ

အတော်ပဲ့ဗျာ

ဆက်ရေးနော်

http://www.myanmaritresource.info

chitthaeoo

chitthaeoo
MITR New User



ကျွန်တော်ကတော့ မောင်သဲဦးပါ
ဓါက်ပုံ ပိုင်းဆိုင်ရာတွေကို လေ့လာချင်တဲ့သူတစ်ဦးပါ
ဆက်ပြီးတော့ရေးပေးပါဗျာ

waiwainwe

waiwainwe
MITR New User



Photoshop Tool လေးတွေ ရှင်းပြပေးထားလို့ ကျေးဇူးတင်ပါတယ်
နောက်လည်း Photoshop အခြေခံ ပတ်သက်တာတွေ ဆက်လက်တင်ပေးပါဦးနော်
ကျေးဇူးတင်ပါတယ်

DMan

DMan
MITR New User



အခုလိုအားပေးတာတွေ့ရတော့ ကျွန်တော် ကျေးဇူးတင်ပါတယ်.. ကျွန်တော် အခြေခံပြုလုပ်ပုံလေးတွေတင်ပေးထားပါတယ် ခင်ဗျာ.. Tutorials သဘောပေါ့.. ၂ ခုလောက်ဘဲတင်ပေးနိုင်ပါသေးတယ်ခင်ဗျာ..
အကို Admin များခင်ဗျာ.. ကျွန်တော်ကရေးတာရေးတာ. နေရာလေးမှားနေရင် နေရာလေးပြောပေးပါလား ခင်ဗျာ. ရေးရမယ့်နေရာလေးပေါ့.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..

K0ht3t

K0ht3t
Moderator



Moderator
DMan wrote:အခုလိုအားပေးတာတွေ့ရတော့ ကျွန်တော် ကျေးဇူးတင်ပါတယ်.. ကျွန်တော် အခြေခံပြုလုပ်ပုံလေးတွေတင်ပေးထားပါတယ် ခင်ဗျာ.. Tutorials သဘောပေါ့.. ၂ ခုလောက်ဘဲတင်ပေးနိုင်ပါသေးတယ်ခင်ဗျာ..
အကို Admin များခင်ဗျာ.. ကျွန်တော်ကရေးတာရေးတာ. နေရာလေးမှားနေရင် နေရာလေးပြောပေးပါလား ခင်ဗျာ. ရေးရမယ့်နေရာလေးပေါ့.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..


ကို D Man ရေ .. ဒါကလေးကို Photoshop ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပဲ ထားတာပိုကောင်းမယ် ထင်တယ်နော် .. ဒါမှ စပြီးတော့ လေ့ လာတဲ့ လူတွေ အတွက်ကို ဒီမှာ Photoshop ကို အစက နေသင်နေပါ့လား ဆိုတာကို တစ်ခါတည်း တွေ့ ရအောင်ပေါ့ ဗျာ .. ဒီနေရာမှာတော့ ကို D Man ရဲ့ ခပ်လန်းလန်း Tutorial ကလေးတွေဆိုရင် ပို ပြီး ကောင်းတာပေါ့ ဗျာ Very Happy Very Happy နောက်လည်း Turorial အလန်းတွေ တင်ဦးနော် .. ကျွန်တော် လည်း သင်နေတယ် ဗျ... Smile

နောင်လတ်(မန်း)

နောင်လတ်(မန်း)
MITR New User



ကျေးဇူးတင်ပါတယ်ဗျာ...
ဆက်လက်အားပေးနေပါမယ်။

http://tutamyotaw.ning.com

zinmin456

zinmin456
MITR New User



ကျေးဇူးတင်ပါတယ်...........ဗျာ ♦️

alt.332

alt.332
Administrator



Administrator
အားတက်သွားပြီ.... ကို DMan ရေ ဆက်ရေးပေးပါ.... နောက်ပိုင်း TUT ဘက်တွေရောက်လာရင် ကျွန်တော်လဲ တင်ပေးပါမယ်.... Smile

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ကဲ့ကျွန်တော်လည်းအားပေးပါတယ် အခုမှ photoshop ကိုလေ့လာမလိုပါ Razz

http://www.myanmaritresource.info

ET

ET
Moderator



Moderator
လေ့လာမယ်ဗျို့
ကျနော်ဆို Photoshop ဆို ဘာမှနားလည်တာမဟုတ်ဘူး
အခု မှ အခြေခံကနေပြီး သင်ရပြီဗျို့
ကျေးဖူး DMan ရေ
ဆက်တင်ပါဗျို့

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com