Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1ချစ်သ၀ဏ်လွှာ Empty ချစ်သ၀ဏ်လွှာ 5th April 2010, 2:32 pm

mars

mars
Moderator



Moderator
ကျနော့် Blog အတွက် ကဗျာတစ်ပုဒ်ရေးမယ်ဆိုပြီး ရေးရင်းကနေဘယ်လိုစိတ်ကူးပေါက်သွားလဲမသိဘူး အောက်ကပြောင်ချော်ချော်လေးတစ်ခုထွက်လာပါတယ်ဗျာ.... အဲဒါဘယ်သူ့ဘယ်သူကိုမှ သာတယ်နာတယ်ထားပြီးရေးထားတာမဟုတ်ပါဘူး... သူ့ဟာနဲ့သူကို ရေးဖြစ်သွားတာပါဗျာ.... ဟီး စိတ်ဆိုးရဘူးနော်.... ကဲဖတ်ကြည့်ပါဦးဗျာ...


ကြိုးမညီတဲ့ ဂစ်တာစုတ်တစ်လုံးလို
မင်းကိုတွေ့မိတိုင်း ရင်ခုန်သံတွေမမှန်တာ
အမြဲတမ်းမင်းပုံရိပ်တွေပဲ မြင်ယောင်နေတာတွေက
တကယ်တော့ ငါ မင်းစိတ်နဲ့
ဆိုက်ကို ($ƴǩǾ) ဖြစ်နေတာပါကွာ....

ဒီလိုအဖြစ်တွေဟာ
မင်းအတွက်တော့ ဟာသ (alt.332) တစ်ခုဖြစ်ချင်ဖြစ်နေပါ့မယ်
ယုံတမ်းပုံပြင်တွေဖြစ်ချင်လည်းဖြစ်နေပါ့မယ်
ဒါပေမယ့်လောကမှာ ပြောပြလို့မယုံနိုင်တဲ့
အမှန်တရားတွေရှိတာဆိုတာ
မင်းသဘောပေါက်နားလည်ပေးရင်ကောင်းမယ်......

မင်းသတင်းတွေကို ငါက infohunter လိုအနံ့ခံရှာလို့ မင်းသင်တန်းရှေ့ကိုလာပြီးစောင့်တိုင်း
မင်းအစ်ကိုဖြစ်တဲ့ မြိတ်သား က
ဘီလူး (orge) တစ်ကောင်လို
စောင့်ကြပ်နေတော့
ငါ့မှာ လ္ဘက်ရည်ဆိုင်က max သောက်ပြီးပြန်ခဲ့ရတဲ့
ရက်တွေမရေနိုင်တော့ဘူးကွာ.....

မင်းအချစ်ကိုရဖို့အတွက်
လကမ္ဘာပေါ်ကို အပိုလို-16 နဲ့တတ်ပြီးအလံလွှင့်သလို
ငါလည်း deep471 နဲ့
mars ဂြိုဟ်ပေါ်မှာ ET တွေကို
samurai လိုစိတ်ဓာတ်နဲ့ယှဉ်ပြိုင်ပြီး
ရှင်းသန့် (shin thant) နေတဲ့ မင်းပုံရိပ်ပါတဲ့ အလံတိုင်ကို
လွှင့်ထူဆိုလွှင့်ထူပေးဆိုပေးပါ့မယ်ကွာ....

အခုတော့ငါ့မှာ
ညနေ နေရိုင်း (N@Y Y!N3) ချိန်တွေဆို
ကောင်းကင်ကြီးမော့ကြည့်ပြီး
moeyake မိုးသားတွေကိုတွေ့ရင်
ကိုယ့်ကိုယ်ကိုထက် (K0ht3t) ပိုချစ်ရတဲ့မင်းကို
ဘာမှမရှိပေမယ့်အေးဆေးဖြစ်နေတဲ့
z3r0c00l ဘ၀ထဲကို မျက်စိမှိတ်ဝင်ခဲ့ပါလို့.......

မင်းအတွက်ဆိုဘာမဆိုဖြစ်စေရမယ်လို့
အာမမခံပေမယ့် တတ်နိုင်သမျှဖြည့်ဆည်းပေးဖို့
ငါအတတ်နိုင်ဆုံးကြိုးစားပါ့မယ်ချစ်သူ
ဥပမာပြောမယ်ဆိုရင်
လျှပ်စစ်မီးမရရင်တောင် ဆိုလာ (sola) မီးနဲ့
မင်းကိုထွန်းလင်းစေပါမယ်
သူ့ ထက်နိုင် ရင်လည်း နိုင်သမျှဝန်ကိုငါထမ်းပါ့မယ်
အဓိကကတော့ မင်းအတွက်ဆို
ငါက ချောမွေ့ညင်သာစွာနင်းဖြတ်သွားဖို့ (skip soft)
အသားနှလုံးကိုလမ်းခင်းပေးမယ့်
အသားကွဲလူသား တစ်ယောက်ပါကွာ........



Last edited by mars on 5th April 2010, 9:31 pm; edited 1 time in total

http://sidnaing.co.cc/

2ချစ်သ၀ဏ်လွှာ Empty Re: ချစ်သ၀ဏ်လွှာ 5th April 2010, 6:25 pm

solakoko

solakoko
Moderator



Moderator
ကို mars တစ်ယောက် Talking ကောင်းတာခုမှသိတော့တယ်။
လန်တယ် လန်တယ်။

3ချစ်သ၀ဏ်လွှာ Empty Re: ချစ်သ၀ဏ်လွှာ 5th April 2010, 6:40 pm

sHa92

sHa92
Founder



Founder
ဟုတ်ပါ့။ ကို Mars အပြောကောင်းတာ ခုမှသိတယ်။
ကို Mars ၊ မှန်မှန် ပြောနော်။ ကောင်မလေး ဘယ်နှစ်ယောက်တောင် ရှိလဲ။ Razz Razz

http://www.myanmaritresource.info

4ချစ်သ၀ဏ်လွှာ Empty Re: ချစ်သ၀ဏ်လွှာ 5th April 2010, 7:26 pm

moeyake

moeyake
Moderator



Moderator
အဲလိုတွေးပြီးရေးနိုင်တာကို တကယ်ချီးကျူးပါတယ်။
နောက်ဆုံးတစ်ကြောင်းကိုအကြိုက်ဆုံးပဲ...
ကိုMars လည်း ကိုအသဲကွဲလူသားနဲ့ ဘ၀တူတွေထင်တယ်။

5ချစ်သ၀ဏ်လွှာ Empty Re: ချစ်သ၀ဏ်လွှာ 5th April 2010, 8:27 pm

mars

mars
Moderator



Moderator
တား အဲလောက်မစွမ်းပါဘူး အကိုလေးတို့ရယ်... တားတားမှာ တစ်ယောက်တည်းရှိတာပါဂျာ... နော် ယုံပါနော်... $ƴǩǾ ကသူသိတာကိုမပြောပဲနဲ့ အချွန်နဲ့တောင်မသွားတယ်...

http://sidnaing.co.cc/

6ချစ်သ၀ဏ်လွှာ Empty Re: ချစ်သ၀ဏ်လွှာ 7th April 2010, 3:38 pm

samurai

samurai
Moderator



Moderator
လေးစားပါတယ်ဗျာ ။ ကို mars ရေးထားပါ အရမ်းကောင်းတယ်ဗျာ ။

ပညာတွေ မလျှိုပါနဲ့ဗျာ သင်ပေးပါဗျို့ ............

http://www.deltafcfans.goodoles.com

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forumotion's free forums | ©phpBB | Free forum support | Report an abuse | Forumotion.com