Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
လူငယ် Volunteer များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် သရပါစာကြည့်တိုက်၌ TOEFL နှင့် SAT (I) စာမေးပွဲများ ဖြေဆို၍ရသည်ဟု သိရသည်။
ယင်း စာမေးပွဲများ ကို အပတ်စဉ် သောကြာနှင့် စနေနေ့ နံနက်ပိုင်းများတွင် ဖြေဆို၍ရကြောင်း သရပါ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ TOEFL ကို သံရုံးတွင် ဖြေဆိုရမည့်နေ့ အတိုင်း စနေနေ့ နံနက် ၉ နာရီမှ စတင်ကာ ဖြေဆိုရမည် ဟု သိရသည်။ စာမေးပွဲ မေးခွန်းပေါ်မူတည်၍ စာမေးပွဲဖြေဆိုချိန် သုံးနာရီမှ လေးနာရီအထိ ကြာမြင့်တတ်ကြောင်းလည်း သိရသည်။
SAT (I) စာမေးပွဲကို အပတ်စဉ် သောကြာနေ့တိုင်း နံနက် ၈နာရီမှ စတင်ကာ မွန်းလွဲ ၁ နာရီအထိ ဖြေဆိုရသည်ဟု သိရသည်။ စာမေးပွဲဖြေဆိုရာတွင်လည်း သံရုံးတွင် ငွေသွင်း၍ဖြေဆိုရမည့် စာမေးပွဲကြီး ပုံစံအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ထို TOEFL နှင့် SAT (I) စာမေးပွဲများကို သရပါစာ ကြည့်တိုက်၌ Member ဝင်ထားသူများသာ ဖြေဆို၍ရကြောင်း၊ ပြည်သူ့ဆက်ဆံရေး (Public Relation) တာဝန်ခံ ကိုဖြိုးသင်းအောင်က ပြောသည်။ Member ကြေးမှာ တစ်ဦးလျှင် တစ်နှစ်စာအတွက် တစ်သောင်းနှစ်ထောင်ကျပ် ပေးသွင်းရမည်ဟု ဆိုသည်။ စာမေးပွဲကြေးအဖြစ် တစ်ခါဖြေဆိုတိုင်း ငွေကျပ်သုံးထောင် ပေးသွင်း၍ ဖြေဆိုနိုင်ပြီး မိမိစာမေးပွဲ ဖြေဆိုလိုသည့်ရက်ကို စာကြည့်တိုက်သို့ အနည်းဆုံး ငါး ရက်ကြိုတင်၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။
“ကျွန်တော်တို့ စာကြည့်တိုက်မှာ ဒီ စာမေးပွဲတွေကို ၂၀ဝ၉ ခုနှစ် စက်တင်ဘာလ လောက်ကစပြီး စစ်ဆေးပေးနေတာပါ။ ဒီ စာမေးပွဲတွေကို ဖြေဆိုချင်တဲ့ သူတစ်ဦး၊ နှစ်ဦးတည်း စာရင်းပေးထားတယ်ဆိုရင်လည်း စစ်ပေးပါတယ်။ အများဆုံးကတော့ တစ်ပတ် ကို ၁၀ ယောက် လောက်ပဲ စာမေးပွဲ စစ်ပေးပါတယ်။ ဒီ စာမေးပွဲတွေကို များသောအားဖြင့် TOEFL, SAT (I) စာမေးပွဲကြီး နီးတဲ့ ကာလတွေမှာ ဖြေကြတာများပါတယ်။ တချို့ဆိုရင် TOEFL စာမေးပွဲဖြေဖို့ တစ်လလုံးစာ ငွေကြိုသွင်းထားပြီး အပတ်စဉ် စနေနေ့တိုင်း စာမေးပွဲ ဝင်ဖြေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ TOEFL က စာမေးပွဲ များများလေ့ကျင့် ဖြေဆိုထားလေ အမှတ်ပိုကောင်းလေ ဖြစ်လို့ပါ။ မေးခွန်းတွေကိုတော့ အင်တာနက်ကနေ ဒေါင်းလော့ဂ် လုပ်ပြီးတော့ ထုတ်ပေးပါတယ်။ စာမေးပွဲအမှတ်တွေကိုတော့ သရပါက ဆရာတစ်ယောက် နဲ့ Volunteer တွေက စစ်ဆေးပေးပြီး၊ တနင်္လာနေ့မှာ အမှတ်စာရင်းတွေ ထုတ်ပေးလေ့ ရှိပါတယ်” ဟု သရပါ စာကြည့်တိုက်မှ ကိုဖြိုးသင်းအောင်က ဆက်ပြောပြသည်။
ထို့အပြင် TOEFL, SAT စာမေးပွဲများနှင့် ပတ်သက်သည့် သံရုံးတွင် အမှန်တကယ် ဖြေဆိုရမည့် စာမေးပွဲ အချိန်ဇယားများကိုလည်း ယင်း သရပါစာကြည့်တိုက်၌ ဖော်ပြပေးထားကြောင်း သိရသည်။သရပါ စာကြည့်တိုက်သည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ၂၈လမ်း (အပေါ်ဘလောက်) တိုက်အမှတ် အေ/၁၉၆ (လေးလွှာ) တွင် တည်ရှိကြောင်း သိရသည်။


Ref: ecovisionjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com