Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
Offline Tracking System အသုံးပြုနိုင် 2uza36b

Million Commercial Co.,Ltd မှ နောက်ဆုံးပေါ်နည်းပညာများဖြင့် ၀န်ဆောင်မှုပစ္စည်းကိရိယာများ တင်သွင်းလျက်ရှိရာ ယခင်က Real Time Tracking System တင်သွင်းခဲ့ပြီး ယခုအခါတွင် Offline Tracking System ကိုပါ ထပ်မံတင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Offline Tracking System တွင် Tracking Unit တစ်စုံ Tracking Software တို့ပါဝင်ပြီး Warranty ၁ နှစ် ပေးထားသည်။ Offline Tracking System အား ယာဉ်ပေါ်တွင် တပ်ဆင်ထားခြင်းအားဖြင့် မိမိပိုင်မော်တော်ယာဉ်၊ ကုမ္ပဏီပိုင်မော်တော်ယာဉ်များ သွားလာသမျှလမ်းကြောင်းများအား မှတ်ယူထားနိုင်မည့် Data များအဖြစ်သော်လည်းကောင်း၊ Report များအနေဖြင့်သော်လည်းကောင်း သိမ်းဆည်းအသုံးပြုနိုင်မည်ဖြစ်သည်။ Offline Tracking ကိရိယာအား တပ်ဆင်ထားခြင်းအားဖြင့် မော်တော်ယာဉ်စတင်ထွက်ခွာသည့် အချိန်နေရာမှစတင်၍ လမ်းကြောင်းတစ်လျှောက် ပြတ်တောက်သွားခြင်းမရှိဘဲ မှတ်သားထားနိုင်ပြီး နောက်ဆုံး ကားရပ်နားတဲ့အချိန်ထိကိုပါ မှတ်သားထားနိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိ၏ Outlet များအား Point များပြ၍ Tracking Software ပေါ်တွင် မှတ်သားထားနိုင်ပြီး Outlet များ၏အခြေအနေနှင့် မှတ်တမ်းများအား ထားရှိသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ မိမိမှတ်သားထားသောလမ်းကြောင်းများကို Tracking Software ပေါ်တွင် Play Back အနေဖြင့် ပြန်လည်ကြည့်ရှုနိုင်သည်။ အဆိုပါ Unit အား Myanmar ICT Exhibition တွင် ပြခန်းနံပါတ် F8 ၌ ငွေကျပ် တစ်သိန်းကိုးသောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချမည်ဖြစ်သည်။ ပြပွဲပြီးဆုံးသွားပါက ၀ယ်ယူလိုသူများအနေဖြင့် ငွေကျပ်နှစ်သိန်းဖြင့် Million Commercial Co.,Ltd ဖုန်း- ၀၉-၈၆၁၄၉၄၅၊ ၀၉-၈၀၂၂၀၂၅ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်ကြောင်း သိရသည်။


Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com