Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
3D မျက်မှန်တပ်ဆင်ရန်မလိုသည့် 3D စကရင်များထွက်ပေါ် 2qmqayp

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ Cebit IT ပြပွဲအတွင်း အင်ဂျင်နီယာများဟာ 3D ပုံရိပ်များ ပြသပေးနိုင်သော စကရင်အသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ထိုစကရင်ဟာ ကြည့်ရှုသူအား 3D ပုံရိပ်များ ထုတ်လုပ်ပြသပေးမည်ဖြစ်ပြီး ထိုအတွက် မျက်မှန်တပ်ဆင်ရန်မလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ မျက်မှန်တပ်ဆင်၍ 3D ပုံရိပ်များကြည့်ရှုရာတွင် မျက်လုံးတစ်လုံးစီအတွက် ပုံရိပ်တစ်မျိုးစီ ထုတ်လုပ်ပေးခြင်းဖြစ်ပြီး ညာဘက်မျက်လုံးအတွက်ကတော့ အရောင်များဖြည့်စွက်ပေးရန်အတွက် ဖြစ်ပါတယ်။ ယခု 3D display ဟာ 3D မျက်မှန်ကဲ့သို့ပင် ပုံရိပ်များခွဲခြားထားပြီး စကရင်၏အရှေ့၌ မှန်ဘီလူးအသေးများ ထည့်သွင်းကာ ပုံဖော်ပေးခြင်းဖြစ်ပါတယ်။ စကရင်၏အရှေ့မှ ကြည့်ရှုရာတွင် 3D ပုံရိပ်များ ပြသပေးနိုင်ပေမယ့် အခြားနေရာသို့ ရွှေ့ပြောင်းလိုက်သောအခါ ထိုပုံရိပ်ဟာေ၀၀ါးသွားကြောင်း သိရှိရပါတယ်။ Sunny Ocean Studios မှတီထွင်ထားတဲ့ display ကတော့ တည်နေရာ (position) ၆၄ နေရာမှပုံရိပ်များကို ကြည်လင်စွာကြည့်ရှုနိုင်ပါတယ်။ ထို့ကြောင့် အကောင်းဆုံး 3D display များကိုပြုလုပ်ရာတွင် အရွယ်အစားကြီးမားရန်လိုအပ်ပြီး Sunny Ocean မှ display ပြုလုပ်သူများထံသို့ ရောင်းချရန်စီစဉ်နေကြောင်း သိရှိရပါတယ်။

Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com