Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
LCCI နှင့် British Council မှကြီးမှူး၍ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကျင်းပမည်[Article] 2dhwr55

LCCI နှင့် British Council မှ ကြီးမှူးကျင်းပမည့် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့် JETSET လက်မှတ်ပေးအပ်ပွဲကို ၂၀၁၀ ခုနှစ်၊ မတ်လ ၁၃ ရက်နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ရှိ Hall (2) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ကလေးငယ်များ အင်္ဂလိပ်စာသင်ယူစွမ်းရည်တိုးတက်စေရန် အဓိကရည်ရွယ်၍ English Training Center များနှင့် ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ၎င်း အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲသို့ အသက် ၆ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကျောင်းသားကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဉာဏ်စမ်းပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူများကို အသက် ၆ နှစ်မှ ၈ နှစ်အထိလည်းကောင်း၊ အသက် ၉ နှစ်မှ ၁၂ နှစ်အထိလည်းကောင်း၊ ၁၃ နှစ်မှ ၁၆ နှစ်အထိလည်းကောင်း အုပ်စုခွဲကာယှဉ်ပြိုင်စေပြီး အုပ်စုအလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများကို LCCI စာစစ်ဌာနနှင့် စပွန်ဆာကုမ္ပဏီ၊ ကျောင်းများမှ အသီးသီးဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းနေ့၌ပင် English Training ကျောင်းများမှ ၎င်းတို့၏သင်တန်းများ၊ JETSET သင်တန်းများကို မိဘများနှင့် ကျောင်းသားကျောင်းသူများ လေ့လာစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာသင်တန်းအသီးသီးသို့ ၎င်းနေ့တွင် ကျောင်းသားကျောင်းသူများအတွက် Tuition Fees Discount ကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော ကျောင်းသားကျောင်းသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက JETSET (Junior English Test, Senior English Test) သင်ကြားပေးလျက်ရှိသော သင်တန်းကျောင်းများနှင့် CROWN Education တို့တွင် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။


Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com