Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
အိတ်ဆောင်တိပိဋကကို ရဟန်းသံဃာတော်များနှင့် ပညာရှင်အသီးသီးမှ စုပေါင်းလုပ်ကိုင် 34xoubs

Myanmar ICT Award တွင် Mobile Application အဖြစ်ဆုရရှိခဲ့သော ဒီဂျစ်တယ်အိတ်ဆောင်တိ ပိဋကအဘိဓာန်ကို ရဟန်း၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အသီးသီးမှ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဂျစ်တယ်အိတ်ဆောင် တိပိဋကအဖြစ် ပြောင်းလဲပေးခဲ့သည့် မန္တလေး ALPHA ကုမ္ပဏီမှ တာဝန်ရှိသူဦးရဲမြတ်သူက တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
“ဒီဆုရရှိခဲ့တာ ကျွန်တော်တစ်ယောက်ထဲကြောင့် ရခဲ့တာမဟုတ်ပါဘူး။ မူရင်းစာအုပ်များကို နှစ်ခြောက်ဆယ်ကျော် ပြုစုခဲ့တော်မူသော မြန်မာနိုင်ငံအ၀ှမ်းရှိ ကျောင်းတိုက်ကြီးများမှသံဃာတော်တွေ၊ ခေတ်အဆက်ဆက်မှကျမ်းပြုခဲ့ကြတဲ့ ရဟန်းသံဃာတွေ၊ Mobile Application Program ရေးသားပေးပြီး Data များ ထည့်သွင်းစစ်ဆေးပေးတဲ့ ဦးသာသန၀ရဦးဆောင်သော ဗုဒ္ဓစေတမန်အဖွဲ့နဲ့ အလှူရှင်များကြောင့် ရခဲ့တာပါ။ အခုရရှိတဲ့ဆုဟာ ဒီဂျစ်တယ်အိတ်ဆောင် ပိဋိကအဘိဓာန်နဲ့ပတ်သက်ပြီး လုပ်ခဲ့တဲ့ရဟန်းတွေ၊ လူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ သာသနာတော်အတွက် ၀င်ရောက်လုပ်ကိုင်ပေးတာဖြစ်ပါတယ်။ ဒီထဲကကျွန်တော်လည်း ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ သာသနာတော်အတွက် ၀င်ရောက်လုပ်ကိုင်ပေးတာဖြစ်ပါတယ်” ဟု Myanmar ICT Awards တွင် Mobile Application ဖြင့်ဆုရရှိခဲ့သော ဦးရဲမြတ်သူက အင်တာနက်ဂျာနယ်သို့ပြောသည်။
ဒီဂျစ်တယ်အိတ်ဆောင် တိပိဋကအဘိဓာန်ဖြစ်ပေါ်လာခြင်းသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ကျမ်းပြုခဲ့သော ရဟန်းသံဃာတော်များ၊ ဦးသာသန၀ရဦးဆောင်သော Data နှင့် Application Program များကို ရေးသားပြုစုခဲ့သည့် ဗုဒ္ဓစေ
တမန်အဖွဲ့နှင့် အလှူရှင်များအပြင် အခြားသောလူပုဂ္ဂိုလ်ပေါင်းများစွာ၏ အကူအညီဖြင့် ပေါ်ထွက်လာခဲ့သည့်အတွက် အဆိုပါလုပ်ငန်းတွင် ပါဝင်ကူညီခဲ့ကြသောသူများအားလုံးသည် ယခုရရှိသည့်ဆုနှင့် သက်ဆိုင်ကြောင်း၊ ထို့ပြင် ပါဋိတော်များကို စစ်ဆေးအကြံပေးကြသော ရဟန်းနဲ့ လူပညာရှင်များကို ကျေးဇူးတင်ကြောင်း၊ အဆိုပါ ဒီဂျစ်တယ်အိတ်ဆောင်တိပိဋကအဘိဓာန်ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရန် ကြိုးစားနေကြောင်းသိရသည်။ အဆိုပါ ဒီဂျစ်တယ်အိတ်ဆောင်တိပိဋကအဘိဓာန်၏ Feature အသစ်များကိုလည်း နောက်ပိုင်းတွင် Update လုပ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းနေပြီး၊ သံဃာတော်များကို လှူဒါန်းနိုင်ရန်အတွက် အလှူရှင်များအဆင်ပြေအောင် ဈေးနှုန်းသက်သာစေရန် လုပ်နေကြောင်းသိရသည်။


Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com