Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ရန်ကုန်နှင့် မန္တလေး အင်တာနက် မြန်နှုန်း မြှင့်တက်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနပိုင်

ရန်ကုန်-မန္တလေးမီးရထားလမ်းတစ်လျှောက်ရှိ ဖိုက်ဘာ ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေး

လုပ်ငန်းသို့ ငှားရမ်းအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့

မီးရထား ဒုတိယ အထွေထွေမန်နေဂျာ ဦးဘမြင့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်

သည့် Software & Exhibition 2010 ပြပွဲအခမ်းအနား၌ပြောကြားသည်။ “တစ်နှစ်စီငှားသွားမှာ

ပါ။ မြန်မာ့မီးရထားအနေနဲ့က ရန်ကုန်နဲ့မန္တလေးတစ်လျှောက်မှာရှိတဲ့ဖိုက်ဘာကေဘယ်ကိုထိန်း

သိမ်းပေးသွားရုံပါပဲ။ လိုအပ်တဲ့နည်းပညာနဲ့လိုအပ်တဲ့ပစ္စည်းပိုင်းကိုတော့မြန်မာ့ဆက်သွယ်ရေး

က လုပ်မှာပါ။ ငှားမယ့် ငွေတန်ဖိုးကတော့ လောလောဆယ် မသိရသေးပါဘူး” ဟု အထက်ပါ

ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင်ဖိုက်ဘာကေဘယ်ဆက်ကြောင်းများကို

ဝန်ကြီးဌာနများ အလိုက်ဆက်သွယ်တည်ဆောက်အသုံးပြုလျက်ရှိကြောင်း၊လတ်တလောတွင်

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အင်တာနက်အမြန်နှုန်းများ ကျဆင်းလျက်ရှိသဖြင့် အင်တာ

နက်အမြန်နှုန်းမြင့်တက်ရန် အတွက် ဖိုက်ဘာဆက်ကြောင်းများကို ဝန်ကြီးဌာနများမှတစ်ဆင့်

ငှားရမ်းအသုံးပြုရခြင်းဖြစ်ကြောင်း အိုင်တီပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ မြန်မာ

နိုင်ငံ၏အဓိက အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်း National Backbone အဖြစ်ပေါ်

ထွန်းလာမည့် အင်တာနက်ဆက်သွယ်ရေး လုပ်ငန်းကို ၂၀၀၉ ခုနှစ် အတွင်းမှ စတင်၍တည်

ဆောက်အကောင်အထည်ဖော်နေပြီဖြစ်ပြီး အဆိုပါကွန်ရက်တည်ဆောက်ပြီးစီးသွားပါက ရန်

ကုန်မြို့နှင့် မန္တလေးမြို့နှစ်မြို့စလုံးတွင် အင်တာနက် အမြန်နှုန်း 10GB အထိ လည်းကောင်း၊

ရန်ကုန်- မန္တလေး ရထားလမ်းတစ်လျှောက်ရှိ မိတ္ထီလာ၊ ကျောက်ဆည်၊ တောင်ငူ၊ပဲခူးစသည့်

မြို့ကြီးများတွင် အင်တာနက် အမြန်နှုန်း 1 GB အထိ လည်းကောင်း ရယူ အသုံးပြုနိုင်တော့

မည်ဖြစ်ကြောင်း၊ DWDM နည်းပညာကို အသုံးပြုတပ်ဆင် တည်ဆောက်ထားသည့်အဆိုပါ

အင်တာနက်ဆက်သွယ်ရေး ကွန်ရက်ကြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်- မန္တလေး ရထား

လမ်းတစ်လျှောက်မြို့ကြီးများ၊ ဘူတာများတွင် အင်တာနက်ကိုသာမကမရှိမဖြစ်လိုအပ်သည့်

တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုကို ဒေသခံပြည်သူများ ဆက်သွယ် အသုံးပြုနိုင် တော့မည်

ဖြစ်သည်။ ယခုလက်ရှိ အင်တာနက်အမြန်နှုန်းမှာ ရန်ကုန်တွင် 10 GB နှင့် မန္တလေးမြို့တွင်

512၊ 128၊ 256 MB အထိဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင်ထုတ်ပြန်

ချက်အရ သိရှိရကြောင်း ၂၀၁၀ခုနှစ်မတ်လ ၁၅ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်

ပြထားပါသည်။


Ref: ခေတ်လူငယ်

http://sidnaing.co.cc/

shinthant

shinthant
Moderator



Moderator
ကို mars ရေ ကျေးဇူးတင်ပါတယ် ခုလိုသတင်းထူးလေးတွေဖော်ပြပေးတဲ့အတွက်

အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်၊နောက်လည်းခုလို့မျိုးလေးတွေ ဖော်ပြပေးပါအုံးခင်ဗျာ

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com