Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးသို့ မြန်မာ့ဆက်သွယ်ရေးမှ ငှားရမ်း အသုံးပြုခွင့် ပြု ထားသည့် ကျပ် ၅ သိန်းတန် CDMA 800 MHz WLL ဖုန်းများ၏ ငှားရမ်းအသုံးပြုခွင့် သက် တမ်းမှာ ၁၀နှစ်သာ ဖြစ်ကြောင်း ၁၀နှစ်ပြည့်ပါက ငှားရမ်းခထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ရာ အဆိုပါ သတင်းများမှားယွင်းကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငြင်းဆိုခဲ့သည်။
ကျပ် ၅သိန်းတန် CDMA 800 MHz WLL ဖုန်းများနှင့် ပတ်သက် ၍ ထွက်ပေါ်ခဲ့သည့် သတင်းမှာ ကျပ် ၅သိန်းတန်ဖုန်းများ၏ အလိုအလျောက်ဖြေကြားသည့် စနစ်မှ ကြိုတင်ငွေချေကဒ် (Prepaid Tip Up Card)၏ သက်တမ်း ကာလကို ပြန်လည်ဖြေ ကြားခြင်းကို သုံးစွဲသူမှ နားလည် သဘောပေါက်မှု လွဲမှားကာ ဖုန်းသက်တမ်း ၁၀ နှစ်သာရှိ သည်ဟု ထင်မြင်ရာမှ သက်တမ်း ၁၀နှစ်ကုန်ဆုံးပါက ငွေ ၅ သိန်း ထပ်မံပေးသွင်းရမည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။ “ကြိုတင် ငွေချေကဒ်တွေရဲ့ သက်တမ်းက သုံး လပါ။ ကဒ်သက်တမ်းရဲ့ နောက်ဆုံးနေ့ကိုကဒ်မှာ ဖော်ပြထားပါတယ်။ ဒါက ဖုန်းထဲကို မ ထည့်ဘဲ အပြင်မှာထားရင် သက်တမ်းကုန်မှာ။ ဖုန်းထဲကို ထည့်သွင်းထားရင်တော့ ၁၀ နှစ် ကြာ သက်တမ်းရှိပါတယ်။ ဥပမာ ကျပ် ၁ သောင်းတန် ကြိုတင် ငွေချေကဒ်ဝယ်ပြီး ဖုန်းထဲ ထည့်၊ အ၀င်သာလက်ခံ၊ ၁၀ နှစ်ကြာတဲ့အထိ ကဒ်ထဲကငွေ မလျှော့ပါဘူး။ ဒါပေမယ့် ကဒ် သက်တမ်းက ၁၀နှစ်ဘဲဆိုတော့ ကြိုတင်ငွေချေကဒ် ထပ်ဝယ်ပြီး ငွေပြန်ဖြည့်ရမှာပေါ့။ ဖုန်း ခေါ်ဆိုခက တစ်မိနစ် ၅၀ဆိုတော့ အထွက် ခေါ်ဆိုတဲ့သူတွေအတွက် ကြိုတင် ငွေချေကဒ် သက်တမ်းက ပြောသလောက် ကုန်မှာပါ” ဟု တာဝန်ရှိသူမှဆက်လက်ရှင်းပြခဲ့သည်။ ကျပ် ၅သိန်းတန် CDMA 800 MHz WLL ဖုန်းများကို ရန်ကုန်မြို့တွင် မြို့နယ်ကန့်သတ်ချက်ဖြင့် သုံးစွဲခွင့်ပြုသည့် စနစ်ဖြင့် ဇန်န၀ါရီလဆန်းပိုင်းမှစ၍သုံးစွဲခွင့်လျှောက်ထားသူများကိုချထား ပေးခဲ့ပြီး ရန်ကုန်မြို့တွင် ဖုန်းလုံးရေ တစ်သိန်းကျော် အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါ သည်။


Ref: ခေတ်လူငယ်

http://sidnaing.co.cc/

ITCHILD

ITCHILD
MITR Reader



MITR Reader
Ko Mars,
Post about Networking Seminars in MICT Park. I
f possible, two or three days in advance.
I want to attend this Networking Seminars.
Thank You!


:doit :doit :doit :doit :doit :doit :doit :doit :doit

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com