Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု
ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည်
ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ
နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင်
ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင်
ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။
ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ
ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။

ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive
ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ
သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ
အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။
အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့
ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး
ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ
ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ
အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို
ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့
အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း
ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင်
၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့
အရမ်းတုန်လှုပ်ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်။

မှတ်ချက်:အသိဆရာဝန်တစ်ယောက်ထံမှ ရရှိသော email အား ဘာသာပြန်ကာ
ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။



--
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊
ဤတရား သုံးပါးကမြတ်သောမင်္ဂလာပါ....


Fwd:mail မှပြန်တင် ပေးခြင်းသာ



Last edited by solakoko on 26th April 2010, 7:16 pm; edited 1 time in total

bluehack

bluehack
Moderator



Moderator
ကိုကို ဆိုလာရောအဲလိုမျိုးဖြစ်သွားပြီလား
ဘယ်လိုဖြစ်တာလဲဗျာ။ Aviator လေးတောင်
အားမရှိတဲ့ပုံဖြစ်နေပြီဆိုတော့ ဖြစ်တာတော်တော်လေးကြာ
နေပြီပေါ့

အားမငယ်ပါနဲ့ဗျာ။ ကျွန်တော်တို့တွေကူညီပေးပါ့မယ်။ Razz

Htet Naing

Htet Naing
Moderator



Moderator
အင်း...ဘာပဲပြောပြောသတိထားရမှာပေါ့လေ။

solakoko

solakoko
Moderator



Moderator
အသဲကွဲလူသား wrote:ကိုကို ဆိုလာရောအဲလိုမျိုးဖြစ်သွားပြီလား
ဘယ်လိုဖြစ်တာလဲဗျာ။ Avator လေးတောင်
အားမရှိတဲ့ပုံဖြစ်နေပြီဆိုတော့ ဖြစ်တာတော်တော်လေးကြာ
နေပြီပေါ့

အားမငယ်ပါနဲ့ဗျာ။ ကျွန်တော်တို့တွေကူညီပေးပါ့မယ်။ Razz
လူက နဂိုထဲက အဲလိုပုံပေါက်နေတာ
အနော့ကို အားမချိအောင်လုပ်ပါနဲ့ ဂျာ

လင်းထက်

လင်းထက်
MITR Reader



MITR Reader
တော်တော်လဲယုတ်မာနိုင်ကြပါပေတယ်ဗျာ :shout

shinthant

shinthant
Moderator



Moderator
အသဲကွဲလူသား wrote:ကိုကို ဆိုလာရောအဲလိုမျိုးဖြစ်သွားပြီလား
ဘယ်လိုဖြစ်တာလဲဗျာ။ Aviator လေးတောင်
အားမရှိတဲ့ပုံဖြစ်နေပြီဆိုတော့ ဖြစ်တာတော်တော်လေးကြာ
နေပြီပေါ့

အားမငယ်ပါနဲ့ဗျာ။ ကျွန်တော်တို့တွေကူညီပေးပါ့မယ်။ Razz

ဟုတ်တယ် ကိုကိုဆိုလာ အနော်လည်းကူညီမယ်

တော့ပစ်အသစ်ဖွင့်ပြီးတော့လေ သဘောတူရင်ပြောအုံးနော်

တော့ပစ်အသစ်ဖွင့်ပြီး အားပေးမဲ့လူတွေစုပေးမယ်

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ကိုကိုဆိုလာ ကို ကူညီဖို့ ဆိုရင် အရမ်းကောင်းတာပေါ့...... ဒီလိုဝေဒနာ ရှင်မျိုး ဆိုတာပစ်မထားကောင်း ပါဘူး နော့်..
Razz (ကိုကြီးချိုရာ တားတား စပြောတာဟုတ်ဘူးနော် :shocked )

solakoko

solakoko
Moderator



Moderator
ဟိုလူကြီး
အသဲကွဲတာ အေးဆေးမကွဲဘူး..
ခုတော့ တားကိုဝိုင်းနှိပ်ကွပ်နေကြပြီ
ဝါး..(ငိုတာ)

mars

mars
Moderator



Moderator
ကျနော်တော့ ထွေထွေထူးထူးမရှင်ပြတော့ဘူး... သိချင်ရင်ဖတ်ကြည့်ပါ... နောက်ပြီး ဆိုက်ရဲ့ လင့်လေးပါအောက်မှာတခါတည်းပေးထားလိုက်တယ်... အင်တာနက်မှာ အရာရာဟာ ယုံလွယ်စရာမဟုတ်တော့တာကို ပြသနေသလိုပါပဲ... ကျနော့်ဆီလည်းပထမမေးလာတော့ ယုံမိသေးတယ်... (ဒီပို့စ်လေးကိုမတွေ့ခင်အထိပေါ့) ... ဒီဖိုရမ်ကသူငယ်ချင်းများအတွက် ပြန်ဖြန့်လိုက်တာပါ...

HIV needle ရှင်းတမ်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မတစ်ယောက်ဆီက email တစ်ခုရလို့ ဖတ်ကြည့်လိုက်တော့ India မှာ HIV positive needle တွေ ရုပ်ရှင်ရုံတွေမှာ မြှုပ်ထားလို့ အပြစ်မဲ့ပြည်သူတွေ အပ်ဆူးကုန်ကြတဲ့ သတင်း ဖြစ်နေတယ်။ အဲဒါနဲ့ အများသိပါစေဆိုပြီး ဘာသာပြန်ပြီး public health in myanmar ရယ်၊ new world ရယ်၊ ကျွန်တော့် blog မှာရယ် တင်ပေးလိုက်တယ်။ ဒီနေ့ရောက်တော့ PHIM member တစ်ယောက် ပေးတဲ့ link ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီသတင်းက အစစ်အမှန် မဟုတ်ဘဲ အင် ကြီး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် HIV ထက်ကြောက်စရာကောင်းသောလူများ post ကို ဖယ်ရှားထားလိုက်ပါတယ်။ စာဖတ်သူအားလုံးကို စိတ်အနှောက်အယှက်ပေးမိပါက တောင်းပန်ပါကြောင်း....။

အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။

Code:
http://www.hoax-slayer.com/hiv-needle-hoax.html

Code:
http://www.cdc.gov/hiv/resources/qa/hoax1.htm

Ref: [You must be registered and logged in to see this link.]

http://sidnaing.co.cc/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting | ©phpBB | Free forum support | Report an abuse | Forumotion.com